Popular Posts!

Wednesday, December 14, 2011

ပုရစ်ကြော်စားခြင်းမှတစ်ဆင့် အီကိုလိုင်းပိုး ကူးစက်နိုင်

 ပဲပင်ပေါက်သာမက ပုရစ်ကြော်စားသုံးခြင်းဖြင့်လည်း အီကိုလိုင်းပိုးကူးစက်နိုင်နိုင်ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။

"မန္တလေးမှာ ပုရစ်ကြော်တွေစားပြီး ဒီရောဂါဖြစ်ခဲ့တာ၊ စဖြစ်တုန်းက ဘာရောဂါမှန်းမသိဘူး၊ ဝမ်းအရည်တွေသွားတယ်။ ပျို့အန်တာလည်း တအားပဲ။ ဒါနဲ့ဗဟိုရ်စည်ဆေးရုံမှာ တက်ဖြစ်သွားတယ်။ ဆေးရုံမှာ ၂ ရက် ၃ ရက်လောက် အထိကိုမသက်သာဘဲဆေးတွေသွင်းခဲ့ရတယ်။ ၅ မြောက်မှာ တော်တော်ကောင်းသွားပြီး ၇ ရက်မြောက်နေ့မှာ ဆေးရုံက ဆင်းနိုင်ခဲ့တယ်" ဟု ၎င်းက အီကိုလိုင်းပိုးခံစားခဲ့ရပုံကို ပြောပြသည်။ 

၎င်းအီကိုလိုင်းပိုးသည် ယခုနှစ်မေလအတွင်း ဂျာမနီနိုင်ငံ မြောက်ပိုင်းတွင်စတင်ဖြစ်ပွားခဲ့ပြီး ၅၄ ဦးအထိ သေဆုံးကြောင်း၊ လူထုကျန်းမာရေးနှင့် ဆိုင်သည့်စုံစမ်းမှုများအရ ပဲပင်ပေါက်သည်ရောဂါဖြစ်စေသည့် အကြောင်းအရင်းဖြစ်ကြောင်း သိရသည်။

"ဒီအီကိုလိုင်းပိုးက ကျွဲ၊ နွား၊ ကုလားအုတ်၊ သိုးကောင်တွေကို စားတာကနေ တစ်ဆင့်လူဆီကိုရောက်တယ်။ မကျိုချက်ရသေးတဲ့ နွားနို့တို့၊ ကောင်းကောင်းမချက်ပြုတ်ရသေးတဲ့ အသားတို့ကနေ လူကိုကူးစက်တာပါ။ အီကိုလိုင်းပိုးမှာ ရောဂါလက္ခဏမပြသေးတဲ့ အချိန်ဆိုတာရှိပြီး အဲဒီအချိန် အတွင်းမှာ သူများကိုလည်း ကူးစက်နိုင်ပါတယ်" ဟု ရောဂါကူးစက်ပုံ အနေအထားကို ၎င်းကပြောသည်။

အဖြစ်များသော ရောဂါလက္ခဏာများမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးတွင်းပိုးဆိပ်ပျံ့နှံ့ခြင်းနှင့် ဦးနှောက်အမြှေးပါးရောင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

ရောဂါကာကွယ်ရေးအတွက် အစားအစာပြောင်းလဲမှုတစ်ခုလုံးကို ထိန်းချုပ်ရန်လိုပြီး စီးပွားဖြစ်အစားအစာထုတ်လုပ်ခြင်း၊ မိမိအိမ်တွင် အစားအစာပြင်ဆင်ခြင်းများကို ပြောင်းလဲရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ပေါ်ပြုလာ - vol 3, no 49

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!