Popular Posts!

Wednesday, February 13, 2013

ခွေးရူးရောဂါဖြစ်ပွားလျှင် ရာနှုန်းပြည့်နီးပါးသေဆုံးနေသောကြောင့်

မြန်မာနိုင်ငံတွင်း ခွေးရူးရောဂါ ဖြစ်သူတိုင်း အသက်သေဆုံးရသော ကြောင့် ပြည်သူလူထုကို ထိရောက် သောပညာပေးမှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း သက်ဆိုင်ရာ နယ် ပယ် အသီးသီးရှိဆရာဝန်များ၏ပြော ကြားချက်အရသိရသည်။ "၂ဝ၁ဝခုနှစ် တွင် ခွေးရူးရောဂါဖြစ်ပွားသူ ၂ဝ၅ ယောက်ရှိပြီး ၂ဝ၅ ယောက်စလုံး သေဆုံးခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် ခွေးရူးရောဂါဖြစ်ပွားသူ ၂၄ဝဦးရှိပြီး ၂၄ဝဦး စလုံးသေဆုံးခဲ့ကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ သိရသည်။"
''၂ဝ၅ ဦး၊ ၂၄ဝ ဦးသေတယ် ဆိုတာကသေတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျန်မာရေး မှာဒါ Under Preporting လို့ခေါ်တယ် ခွေးရူးရောဂါကြောင့် သေမှန်းလည်း မသိဘူး။ Report လုပ်တာနည်းတာ လည်းဖြစ် နိုင်ပါတယ်။ ကျွန်တော် တို့ဆီမှာ ၂၄ဝ ဆိုတာက ကျွန်တော် တို့ရရှိတဲ့ အနည်းဆုံးစာရင်းဇယား ဖြစ်ပြီးတော့ ဒီထက် ပိုပြီးသေဆုံး နိုင်တဲ့ အနေအထားရှိပါတယ်'' ဟု အမျိုးသားလွှတ်တော်တွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။
ခွေးကိုက်ခံရရာတွင်ခွေးကိုက်ခံ ရသူအား ခွေးရူးရောဂါကာကွယ် ဆေးထိုးမှသာ စိတ်ချနိုင်ကြောင်း သိရသည်။ ခွေးရူးရောဂါ ကာကွယ် ဆေးမထိုးပါက ကိုက်သည့်ခွေး ခွေးရူးပြန်သည့်အတွက် ကမ္ဘာ ပေါ်တွင် အသက်ရှင်သူတစ်ဦးသာ ၂ဝဝ၆ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ၌ ရှိခဲ့ဖူးကြောင်း၊ ပညာရှင်များ အနေဖြင့် ငြင်းခုံဆွေးနွေးသည့် အဆင့်သာရှိနေသောကြောင့် ခွေးရူး ရောဂါကြောင့် ရာနှုန်းပြည့်သေဆုံး သည်မှာသေချာနေကြောင်းသိရသည်။
''ပြည်သူလူထုကို ခွေးရူးရောဂါ နဲ့ပတ်သက်ပြီး အသိပညာပေးသင့် ပါတယ်။ ထိရောက်တဲ့ပညာပေးမှု မျိုးပါ။ TV ကပြတာတို့၊ ဇာတ်လမ်း တိုတွေနဲ့ ပညာပေးတာတို့လုပ်ဖို့လို တယ်။ အဓိကလမ်းဘေးခွေးကနေ ခွေးရူးရောဂါဖြစ်တယ်။ အိမ်မွေးခွေး အများစုက ကာကွယ်ဆေးထိုးထား ကြတယ်။ ခွေးကိုက်လို့ ခွေးရူးကာ ကွယ်ဆေးမထိုးထားလို့ အသက်ဆုံး ရုံးရတာပါ''ဟု တိမွေးကုဆရာဝန် ဒေါက်တာဝင်းလွင်က ပြောသည်။
အရှေ့တောင်အာရှဒေသ၊ အာဖရိကဒေသ၊ အမေရိကမြောက်ပိုင်း ဒေသများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ Indeming ဒေသဟု သတ် မှတ်ထားသည့်အတွက် မည့်သည့်ခွေး ကိုက်သည်ဖြစ်စေ ကာကွယ်ဆေး ထိုးသင့်ကြောင်း သိရသည်။
''ခွေးရူးရောဂါနှင့်ပတ်သက် ပြီးပြောရတာခက်တယ်။ နှစ်ပေါင်း ၅ဝကျော် ပညာပေးလာတာ။ လူတွေ ကမလိုက်နာဘူး။ ကျွေးချင်မွေးချင် တဲ့စိတ်ရှိနေကြတယ်။ လမ်းဘေးခွေး တွေကိုပဲမွေးနေရင် ဘယ်လိုမှပညာ ပေးလို့မရဘူး။ အဓိကလမ်းဘေးခွေး တွေကဖြစ်တာပါ''ဟု ကျန်းမာရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာခင်မောင်လွင်ကပြောသည်။
စည်ပင်သာယာမှ လမ်းဘေး ခွေးများကိုသုတ်သင်ရှင်းလင်းသည့် အခါတွင် တိရစ္ဆာန်များကိုသနားကြင် နာတတ်သော ပြည်သူအချို့က ခွေး လေခွေးလွင်များကို ဖွက်ထား တတ် ကြောင်း၊ ခွေးရူးရောဂါအများဆုံး ဖြစ်ပွားနိုင်သည်မှာ ခွေးလေခွေးလွင့်များဖြစ်နေကြောင်း၊အဆိုပါခွေးများသည် စနစ်တကျကာကွယ်ဆေးထိုး ပြီး စောင့်ကြည့်မွေးမြူထားသော ခွေးများမဟုတ်သဖြင့် ခွေးရူးရောဂါ ကိုထိန်းချုပ်မှုများ ပြုလုပ်ရန်မှာလည်း ခက်ခဲနေသေးကြောင်း သိရသည်။
ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးရာတွင် ယခင်ကကဲ့သို့ ချက်ကို ပတ်၍ ဆေး၁၄ ကြိမ်ထိုးစရာမလို တော့ဘဲ တစ်ပတ်ခြားလေးကြိမ်ထိုး ပါက ခွေးရူးရောဂါကို ကာကွယ် နိုင်ကြောင်းနှင့် ထိုဆေးလေးကြိမ်အ တွက် ဈေးနှုန်းမှာကျပ် တစ်သိန်း နှစ်သောင်းနီးပါးရှိကြောင်း တိမွေးကု ဆရာဝန်တစ်ဦးက ပြောသည်။
''လူထုကိုအသိပေးချင် တာက ခွေးမကိုက်စေနဲ့၊ ခွေးကိုမစနဲ့၊ ခွေး ကိုက်တယ်ဆိုတာနဲ့ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးဖို့လိုတယ်။ ဘယ်ခွေး ကိုက်ကိုက်ပါ။ အသိလေးတော့ ရှိစေချင်တယ်။ ပညာပေးလုပ်ငန်း တော့လုပ်သင့်တယ်။ ကျွန်မတို့လည်းပညာပေးမှုတွေလုပ်နေတယ်။ နည်းမျိုးစုံနဲ့ပေါ့။ ထိရောက်တာလည်းရှိ တယ်။ မထိရောက်တာလည်းရှိ တယ်'' ဟု ဒေါက်တာမီမီကိုက ပြောသည်။
ခွေးရူးပြန်ရောဂါ လက္ခဏာ ပေါ်ပေါက်လာပါက BPI MPE က ထုတ်လုပ်သည့် ကာကွယ်ဆေးနှင့် ထိုး၍မရကြောင်း Immune Globulin ဟူသော ဆေးထိုးရကြောင်း၊ ယင်းဆေးဝါးသည် ငွေကျပ် သုံးသိန်း လေးသိန်းခန့်ကုန်ကျသော်လည်း အသက်ရှင်ရန်မှာ မသေချာကြောင်း ဒေါက်တာဖေသက်ခင်က ပြောသည်။
မြန်မာနိုင်ငံတွင်း၌ ထုတ်လုပ် နေသော ကာကွယ်ဆေးများမှာ ဦးနှောက်ကို အခြေခံပြီးထုတ်ထားသော ကာကွယ် ဆေးအမျိုးအစား ဖြစ်ပြီး၊ ယခုအချိန်တွင်ယင်းဆေးထက် ပိုမို အာနိသင်ထက်မြတ်သည့် Cell Culture Vaccine (CCV) များပေါ်နေ ပြီးဖြစ်ကြောင်း၊ သိုးဦးနှောက်ကို အ ခြေခံပြီးထုတ်လုပ်ထားကာ သိုးကိုယ် တိုင်တွင် ဦးနှောက်အာရုံကြောရောဂါ ကိုရာခိုင်နှုန်း အနည်းငယ်ခန့်ဖြစ်ပွား နိုင်သောကြောင့် တစ်ဖြည်းဖြည်းဖြင့် Phase out လုပ်သွားရန်ရှိကြောင်း၊ Cell Calture Vaccine မှာ ကြက်၊ ဘဲ သန္ဓေမှတဆင့်ထုတ်ယူခြင်းဖြစ်သောကြောင့် ယင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြောင်း သိရသည်။
''အရှေ့ဘက်ပိုင်းမှာ ကျွန်တော် တို့ နှစ်နိုင်ငံလောက်ပဲ သိုးဦးနှောက် က ထုတ်တဲ့ ကာကွယ်ဆေးကို သုံး နေတာ၊ ကျန်တဲ့နိုင်ငံတွေက Cell Cualture Vaccine ကိုပြောင်းလဲအ သုံးပြုနေကြပြီ။ မကြာခင် ကျန်းမာ ရေးဝန်ကြီးဌာနက စီမံချက်ချပြီး သိုးဦးနှောက်ကထုတ်တဲ့ဟာကို Phase out လုပ်ပြီး Cell Culture Vaccine ကို ထုတ်လုပ်ဖို့ ကြိုးပမ်းသွား မှာပါ။ ဒါကိုပြည်သူလူထုအနေနဲ့လည်း ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်''ဟု ဒေါက်တာဖေသက်ခင်ကပြောသည်။
၂ဝ၁၁ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၌ မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေကြီးတို့တွင် ခွေးရူးရောဂါအများဆုံး ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တစ်ခုတည်းသာသေဆုံးမှုမရှိခဲ့ကြောင်းသိရသည်။
 
Ref:Messenger News Journal
 
 

-လူထုကျန်းမာရေး (ခွေးရူးရောဂါအကြောင်း)-

 ခွေးရူးရောဂါသည် ကမ္ဘာ့လူသားထုတစ်ရပ်လုံးအား ခြိမ်း ခြောက် လျက်ရှိပြီးကမ္ဘာတွင် ဆယ်မိနစ်လျှင်တစ်ယောက် နှုန်း ခွေးရူးရောဂါကြောင့်သေဆုံးလျက်ရှိသည်။ တစ်နှစ်လျှင် လူ ၅၅ဝဝဝခန့်သည် ခွေးရူးရောဂါဖြစ်ပွား၍သေဆုံး လျက် ရှိပါသည်။ ခွေးရူးရောဂါဖြစ်ပွားသူများ၏၉၉ရာခိုင်နှုန်းသည် ခွေးရူးရောဂါဖြစ်ပွားနေသည့် ခွေးကိုက်ခြင်းကြောင့် သေဆုံး ရခြင်းဖြစ်ပါသည်။

**ခွေးရူးရောဂါဆိုတာဘာလဲ**
ခွေးရူးရောဂါသည် လူအပါအဝင် သွေးနွေးနို့တိုက်သတ္တဝါ များတွင် ဦးနှောက်နှင့်အာရုံကြောများကို ထိခိုက်စေသော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါဖြစ်ပွားသည့်လက္ခဏာပြပါက ကုသ၍မရတော့ဘဲ သေဆုံးနိုင်သည်။ ခွေးရူးရောဂါဘယ်လိုရနိုင်သလဲ ခွေးရူးရောဂါဖြစ်ပွားနေသောခွေး ကိုက်ခြင်းကြောင့် အများအားဖြင့် ခွေးရူးရောဂါဖြစ်ပွားပါသည်။ ခွေးရူးရောဂါ ဖြစ်ပွားသည့်ခွေး မကိုက်သော်လည်း ခွေးရူး ရောဂါဖြစ်ပွား တတ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်း မည်သည့်နေရာတွင် ခွေးကိုက်မိသည်ဖြစ်စေ ခွေးရူး ရောဂါဖြစ်ပွားမှုအန္တရာယ်ကို ဂရု စိုက်သင့်သည်။**ခွေးမကိုက်သော်လည်း ခွေးရူးရောဂါဘယ်လိုရနိုင်သလဲ**ခွေးရူးရောဂါဖြစ်ပွားနေသည့်ခွေးမှ ကျသည့်သွားရည်တွင် ခွေးရူးရောဂါဗိုင်းရပ်စ်ပိုးရှိနေသည်။ ¤င်းသွားရည်ဖြင့် ထိခိုက်၊ ရှနာများ၊ ပွန်းပဲ့နာများမှတစ်ဆင့် ခွေးရူးရောဂါဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်နိုင်သည်။ မျက်စိ၊ နှာခေါင်း၊ ပါးစပ်မှတစ်ဆင့် လည်း ခွေးရူးရောဂါကူးစက်စေနိုင်သည်။**ခွေးရူးရောဂါပိုးပျိုးချိန် လူမှာဘယ်လောက်ကြာသလဲ**ရောဂါပိုးပျိုးချိန်ဆိုသည်မှာ ရောဂါပိုးစတင်ဝင်ရောက်ချိန်မှ ရောဂါသဏ္ဌာန်လက္ခဏာပြသည်အထိ ကြာသောအချိန်ကို ခေါ်ပါသည်။ ခွေးရူးရောဂါပိုးပျိုးချိန်မှာ ပုံမှန်အားဖြင့် ရက်သတ္တ သုံးပတ်မှ ရှစ်ပတ်အထိ ကြာတတ်ပါသည်။ တစ်ခါတစ်ရံ ကိုးရက် အတွင်း ရောဂါလက္ခဏာပြတတ်ပြီး ခုနစ်နှစ်ကြာမှ လက္ခဏာ ပြတတ်သည်လည်း ရှိပါသည်။ ရောဂါပျိုးချိန်မှာ ဒဏ်ရာ၏ ပြင်းထန်မှု၊ ခွေးကိုက်ဒဏ်ရာနှင့် ခွေးကိုက်ခံရသူ၏ ရောဂါ ခံနိုင်ရည်စွမ်းအင်တို့ပေါ်တွင် မူတည်ပါသည်။**လူတွင် ခွေးရူးရောဂါဖြစ်ပွားပါက မည်သည့်လက္ခဏာများ တွေ့ ရှိရပါသလဲ**လူတွင် ခွေးရူးရောဂါဖြစ်ပွားပါက ကိုယ်အပူချိန်တက်မည်။ ဖျားမည်၊ ချောင်းဆိုးမည်၊ လည်ချောင်းနာမည်။ အချိန်ကြာလာ သည်နှင့်အမျှ ပိုမိုဆိုးရွားပြီး စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် လေသင်တုန်းဖြတ်ခြင်းကဲ့သို့ အာရုံကြောဆိုင်ရာရောဂါများ ခံစားရတတ်သည်။ ခွေးရူးအကိုက်ခံရပါက ဘာလုပ်ဖို့လိုမလဲ တိရစ္ဆာန်တစ်ကောင် အကိုက်ခံရလျှင်သော်လည်းကောင်း၊ ခွေးရူးရောဂါဖြစ်ပွားသည့် တိရစ္ဆာန်၏တံတွေး(သွားရည်)၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နှင့် ထိခိုက်ဒဏ်ရာတွင် ထိမိလျှင်သော် လည်းကောင်း၊ ¤င်းနေရာကို ဆပ်ပြာဖြင့် အမြန်ဆုံးဆေးကြော ရန်လိုသည်။ ခွေးကိုက်လျှင် ကြောက်စရာမလိုသကဲ့သို့ ဂရုမစိုက် ဘဲလည်း မနေသင့်ပါ။

အကိုက်ခံရသည့် ဒဏ်ရာအား ရေများများ အသုံးပြု၍ ဆပ်ပြာဖြင့် ဆေးကြောခြင်းဖြင့် ရောဂါဖြစ်ပွားမှု လျော့စေသည်။ ယင်းနောက် ဆရာဝန်နှင့်နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ပြသရမည်။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။ ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ခွေးရူး ရောဂါကာကွယ်ဆေးချက်ချင်းထိုးရန်လိုသည်။

**အိမ်မွေးတိရစ္ဆာန် ခွေးရူးကိုက်ခံရလျှင် ဘာလုပ်မလဲ**


တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် နီးစပ်ရာတိရစ္ဆာန်ဆေးကု ဌာနသို့ သွားရောက်ပြသရန်လိုသည်။ မူလက ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပြီးဖြစ်သော်လည်း ကာကွယ်ဆေးချက်ချင်း ထပ်မံထိုးရန်လိုသည်။ ၄၅ ရက်အနည်းဆုံး စောင့်ကြည့်စစ်ဆေး သင့်သည်။ အကယ်၍ ခွေးရူးရောဂါကာကွယ်ဆေးလုံးဝထိုးထား သည့် ခွေး၊ ကြောင်များ၊ ခွေးရူးရောဂါဖြစ်ပွားသည့် တိရစ္ဆာန်နှင့် ထိတွေ့မှုရှိပါက ခွဲခြားထားရှိပြီး ခြောက်လစောင့်ကြည့်သင့်သည်။ ခွေးရူးရောဂါဖြစ်ပွားသည့် တိရစ္ဆာန်အကိုက်ခံရပါက သက်သာ သောနည်းဖြင့် အမြန်ဆုံးသုတ်သင်ဖျက်ဆီးပစ်သင့်သည်။ အကယ်၍ ခွေးကိုက်ခံရပြီး ကိုက်သည့်ခွေးသည် ခွေးရူး ရောဂါဖြစ်ပွားမှုရှိ၊ မရှိ မသေချာပါက ယင်းခွေးကိုဖမ်းပြီး လှောင်အိမ်တွင်ထည့်၍ စောင့်ကြည့်သင့်သည်။ အကယ်၍ ဖမ်းရန်ခက်ခဲပါက ခွေး၏ အသွေးအရောင်၊ အမှတ်အသားနှင့် တည်ရှိနေသည့်နေရာကို သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့သို့ အကြောင်းကြားပြီး ဖမ်းဆီးသင့်သည်။ လိုအပ်သည့်ရောဂါ ကာကွယ်မှု သက်သာသောနည်းဖြင့် သုတ်သင်ဖျက်ဆီးရန် ဖြစ်သည်။

**ခွေးကိုက်မခံရအောင်ဘာလုပ်မလဲ**
ခွေးသည် အိမ်မွေးတိရစ္ဆာန်တွင် သစ္စာရှိသည့် သတ္တဝါ တစ်မျိုးဖြစ်သည်။ သခင်ကိုချစ်ခင်တွယ်တာရုံ သာမက အိမ်စောင့်၊ ကင်းစောင့်၊ မူးယစ်ဆေးဝါးနှင့် မိုင်းရှာအပါအဝင် ခြေရာခံ၊ ခြေရာကောက်ကိစ္စရပ်များ သင်ကြားပေးပါက လွယ်ကူစွာ တတ်မြောက်ပြီး အသုံးပြုနိုင်သည်။ သို့သော်လည်း ခွေး၏ စိတ်သဘောထားကို မသိပါက ခွေးကိုက်ခံရတတ်သည်။ သို့ဖြစ်၍ အောက်ပါအချက်များကို ဂရု စိုက်သင့်သည်။(က) ခွေးအစာစားချိန်၊ အိပ်နေချိန်နှင့် ခွေးကလေးများ ရှိသည့် ခွေးမကြီးများအား အနှောင့်အယှက် မပြုရန်၊(ခ) တုတ်၊ ခဲလုံးတို့ဖြင့် ခြောက်လှန့်ခြင်းမပြုရန်၊(ဂ) ခွေးအနီးမှ အမြန်ပြေးခြင်းမပြုရန်၊(ဃ) ခွေးကို စိုက်ကြည့်ခြင်းမပြုရန်၊(င) ပုံမှန်မဟုတ်သည့် ခွေးအနားသို့ ကပ်လာလျှင်- မြေကြီးကိုသာ စိုက်ကြည့်နေပြီး နောက်သို့ ဖြည်းညင်းစွာဆုတ်ပါ၊ လှည့်ထွက်၍ ပြေးခြင်း မပြုလုပ်ရ၊- (သို့မဟုတ်)ငြိမ်သက်စွာရပ်နေပြီး လက်နှစ်ဖက် ဘေးတွင် ကပ်ထားပါ။ လက်ကို ခွေးလာပြီး နမ်းရှုပ်ပါက ငြိမ်နေပါ။ ခွေးပြန်လည်ထွက်သွား မည်။ သို့ဖြစ်ပါ၍ ခွေးသည်လူသားတို့အတွက် အသုံးဝင်သည့်၊ မျက်မမြင်များအတွက် လမ်းပြအဖြစ် အသုံးပြုနိုင်သည့်အပြင် အဖော်အဖြစ်လည်း မွေးမြူနိုင်သည်။ သို့သော်လည်း မွေးမြူ ထားသည့် ခွေးနှင့် ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး ပုံမှန်ထိုးသင့်သည်။ ကျန်းမာရေးဂရုစိုက်သင့်သည်။ မလိုလား အပ်ဘဲ ကောင်ရေမပွားရေး တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ညှိနှိုင်း ဆောင်ရွက်သင့်သည်။ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များကို ခွေးရူး ရောဂါကာကွယ်ဆေးစနစ်တကျ ထိုးနှံခြင်းဖြင့် ပြည်သူ လူထု ခွေးရူးရောဂါဖြစ်ပွား၍ ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်သင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

**မောင်အောင်(မွေး/ကု)**


(ကြေးမုံသတင်းစာမှ ကူးယူဖော်ပြသည်)

Ref/jacbaburma.blogs

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!