ယနေ့ စာသင်ကျောင်းများတွင် ဖြစ်ပေါ်နေသော ပြဿနာ အမျိုးအစားများကို ခွဲခြား လေ့လာကြည့်သောအခါ ဆရာ၊ ဆရာမများဖက်က မရိုးသားမူ တစ်ပိုင်းနှင့် ကျောင်းသားမိဘများ အကဲဆတ်မူနှင့် အခြေခံ အသိစိတ်ဓာတ် နည်းပါးသော ကျောင်းသူ၊ ကျောင်းသားများ၏ အပြုအမူ ဟူသောအချက် (၃) ချက်ကိုတွေ့ရှိရ သည်။
ဆရာ၊ ဆရာမများ၏ မရိုးသားမူ ဆရာ၊ ဆရာမ၏ မရိုးသားမူကို လေ့လာ ရာတွင်
၁။ အမှန်တကယ်လစာမလုံလောက်ခြင်း။
၂။ ငွေကိုအလွန်အကြူးရှာဖွေခြင်း။
၃။ ကံစိုးလက်ဆောင်ကို အလွန်အမင်း ရှာခြင်း။
၎။ ဆရာ၊ ဆရာမအချင်းချင်းဂုဏ်တု၊ ဂုဏ်ပြိုင်ခြင်း။
၅။ အဂတိ (၄) ပါးကို အလွန်အမင်းပြု ခြင်း။
၆။ တာဝန်ခံခြင်းတာဝန်ယူခြင်းမရှိခြင်း အစရှိသော အချက်အလက်များကိုတွေ့ ရသည်။
ဆရာ/ဆရာမများ၏ လစာမလုံ လောက်ခြင်းဟူသောစကားမှာအမှန်တွင် မူ အားလုံးသော ဆရာ၊ ဆရာမများကို မဆိုလိုပါ။ ဆရာ၊ ဆရာမဟူသော ဂုဏ်ကို အမှန်တကယ်မြတ်နိုး၍သာ ဤအသက်မွေးဝမ်းကျောင်းမူကို ရွေးချယ် လုပ်ကိုင်ခြင်းဖြစ်သည်။ မည်သည့်ခေတ် အခါကမှ ဆရာ၊ ဆရာမများချမ်းသာသွား ကြလေသတည်းဟူသောစကားမရိုခဲ့ပါ။ မိဘ၏ အရှိန်အ၀ါကြောင့်လည်းကောင်း အိမ်ထောင်ဖက်၏ အရှိန်အ၀ါကြောင့် လည်းကောင်း၊ ဆွေးမျိုးသားချင်း၏ အရှိန်အ၀ါကြောင့်လည်းကောင်းပါးပြောင် ခဲ့ရသည်ချည်းဖြစ်ပါသည်။ မည်သူကမျှ ကျောင်းဆရာ၊ ဆရာမအသက်မွေးဝမ်း ကျောင်းလုပ်ငန်းဖြင့်ချမ်းသာခဲ့သည်ဟူသည် မှာမရှိချေ။ အိမ်ထောင်တစ်ခု၏ ဦးစီးဝင် ငွေမဖြစ်ခဲ့ဖူးချေ။ ဤကဲ့သို့အကြောင်း တရားများကို သိသိကြီးနဲ့ ကျောင်းဆရာ၊ ဆရာမလုပ်ငန်းကိုရွေးချယ်ခဲ့သည်မှာ မိုက်လိုက်လေခြင်းဟုဆိုရပေမည်။ ဤကဲ့သို့ မိုက်မဲခြင်းသည်ကို အများပြည် သူကဆရာဟု၎င်းဆရာမဟုလည်းကောင်း ခေါ်၍ဂုဏ်ပြုခြင်းဖြစ်သည်။
ဆရာ၊ ဆရာမလုပ်ငန်းကိုရွေးချယ် လိုက်ပြီဆိုလျှင် သေချာပေါက်ကြုံရသည် မှာ သူများအပူကိုဝယ်ယူလိုက်သည်နှင့် တူသည်။ ထိုကဲ့သို့သောအချင်းအရာ ကြောင့် လူသားတန်ဖိုးမြင့်မားနေသူများ ဟုအများက သတ်မှတ်လိုက်ခြင်းဖြစ်သည်။ အဖြူအစိမ်းဝတ်စုံကို မြင်လိုက်ရလျှင်ပင် စိတ်ထဲ၌အလိုလိုကြည်လင်လာသည်။ ခင်မင်ချင်လာသည်။ ဆရာဟူသော ဥပဟဂုတ်ပင်ဖြစ်သည်။ ထိုကြောင့် လစာမလောက်ငှလို့မရိုးသားရပါသည်ဟူ သော အကြောင်းပြချက်သည်စကားနိုင် လုသည်ဆင်ခြေသက်သက်တစ်ရပ်သာဖြစ် သည်။
သို့သော် အခြေခံပညာဌာနရှိဝန် ထမ်းများ၏ ဆင်ခြင်အားကလည်း ဆရာ ဆရာမများကို မရိုး သားစေသောစိတ်အား ပေါ်ပေါက်လာစေရန်အတွက် တွန်းအား ပေးလာသည်။ လစာ ၅သောင်းလောက် သာရှိသော ဆရာ၊ ဆရာမတစ်ဦးအား တစ်နေ့လျှင် လမ်းစရိတ် ၅၀၀ ကျော်ကုန် ကျသော အကွာအဝေး ရှိတွင် တာဝန်ချ ထားရန်မသင့်သည်ကို မူစဉ်းစားချင့်ချိန် သင့်သည်။ စာရေးသူမြင်မူးသောကျောင်း ဆရာမအချို့ဆိုလျှင်လမ်းစရိတ် ၁၀၀၀ နီးပါးကျသည်။ တစ်လလျှင် ခရီးစရိတ် သက်သက်ပင်လျှင် ၂သောင်းကျော်ကုန် ကျသော ဆရာ၊ ဆရာမတစ်ဦးကကျူရှင် ပြရသည်မှာ အပြစ်မတင်ရက်တော့ပေ။ သူ၊ သူမ၏မရိုးသားမူကို နားလည်စွာခွင့် လွှတ်ထားလိုက်ရသည်။ ဥပဒေစံနှုန်းနှင့် မညီသည့်ပညာတတ် လူမိုက်များကိုခွင့်လွှတ် ထားရသည်။ ၀မ်းစာနှင့် သိက္ခာလဲနေရ သော ပညာတတ်လူတန်းစားအချို့၏ မှောက်မှားမူကို လက်ပိုက်ကြည့်နေရ သည်။
ပညာရေးဝန်ကြီးဌာနမှ အထက် ပိုင်းအရာရှိတို့၏ အဆင်ခြင်မဲ့မူကြောင့် အောက်ခြေ၀န်ထမ်းဆရာ၊ ဆရာမများမှာ သိက္ခာမဲ့ရသောအဖြစ်ကိုရင်နာစွာနှင့် ကြည့်နေရသည်။
ဒီလိုဆိုလျှင် ၎င်းကိစ္စကို ဘယ်လို ဖြေရှင်းရမည်နည်း။ မေးခွန်းကရှိလာသည်။ ဆရာ၊ ဆရာမများကို စရိတ်များသော ကျောင်းများတွင် တာဝန်ချပေးသင့်ပါ သည်။ ၎င်းဆရာ၊ ဆရာမများ၏ ၀င်ငွေ နှင့် အချိန်ကို ကယ်ဆယ်ပေးရာရောက် မည်ဖြစ်သည်။ ကျေးလက်ဒေသများနှင့် ပြည်နယ်၊ တိုင်းများတွင် ဆရာ၊ ဆရာမ များအတွက် ယူနီဖောင်းပြည့်အခမဲ့ယာဉ် စီးနှင်းပိုင်ခွင့် (သို့) လမ်းကြုံလိုက်ခွင့်ကို ၀န်ကြီးဌာန၊ အစိုးရပိုင်းနှင့် ပြည်သူအများ ပိုင်းက ကူညီပေးလျှင်အဆင်ပြေနိုင်ကောင်း ဖွယ်ရာရှိနေသည်။ အခြေခံလစာ ၅ သောင်းမျှရှိသော ဆရာ၊ ဆရာမတစ်ဦး အတွက်လစာသည်မိသားစုဝင်ငွေအတွက် သပိတ်ဝင်အိတ်ဝင်ဖြစ်နိုင်ပါကပို၍ကောင်း မည်ဖြစ်သည်။ အစိုးရ၏ ပညာရေးအသုံး စရိတ်အားတိုးပြီး လစာတိုးပေးစရာလည်း မလို၊ ဆရာ၊ ဆရာမများအတွက် စရိတ် လည်းကျုံ့လာသဖြင့် ၀င်ငွေလျှော့ကျခြင်း မှကာကွယ်ပြီးသားလည်းဖြစ်သည်။ ယာဉ်လိုင်းများအနေဖြင့် ဒီဆရာ၊ ဆရာမ များစီးနှင်း၍ ၀င်ငွေ ထိခိုက်ရန်အကြောင်း မရှိချေ။ ထိုကြောင့် ၀င်ငွေမလုံလောက် သဖြင့် မရိုးသားရပါသည်ဟူသော အကြောင်းပြချက်ကိုအနည်းနှင့် အများ ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မည်။
မြန်မာနိုင်ငံတွင် အများပြည်သူ အကျိုးအတွက်တာဝန်ထမ်းဆောင်ပေး နေရသည့်အစိုးရ၀န်ထမ်းများအတွက်အထူး ဈေးနှုန်းဖြင့် ရောင်းချပေးရသည့်ကုန်တိုက် များမရှိခြင်း၊ ဈေးကွက်မရှိခြင်း၊ အရစ် ကျပေးသွင်းရသည့်ဈေးကွက်မရှိခြင်းက အကျင့်ပျက်ခြစားမူကိုတွန်းအားပေးနေ သကဲ့သို့ဖြစ်သည်။ အစိုးရ၀န်ထမ်းများ သည်လူသားများဖြစ်ကြသည်။ လူများ ကဲ့သို့အခွင့်အရေးခံစားလိုက်သည်။ ၎င်းအတွက်အစိုးရ၀န်ထမ်းများဘ၀အာမခံ ချက်ကို ဤကဲ့သို့သောနည်းများဖန်တီးပေး နိုင်ပါက အခြေအနေဆိုးဝါးနေသော အစိုးရ၀န်ထမ်းများ၏။ ဂုဏ်သိက္ခာကို ပြန်လှည်အဖက်ဆယ်ပေးနိုင်လိမ့်မည်ဖြစ် သည်။
သို့သော်ဤကဲ့သို့အခွင့်အလမ်းများ ကို ဖန်တီးပေးသော အခါအထူးသတိ ထားရမည့်အချက်မှာ အခွင့်ထူးခံများဖြစ် သည့်အဆင့်အတန်းရာထူးနှင့် အညီလိုက် ဖက်သည့်အခွင့်အလမ်းများရှိခြင်းအပေါ် အထူးအခွင့်အရေးလိုချင်သူများရှိလာပါ က အပြစ်ပေးရမည့်နည်းလမ်းများလည်း လိုအပ်လာသည်။ အပြစ်တွေ့ရှိပါက မည်ကဲ့သို့သော အခွင့်အလမ်းများကို နှစ်အပိုင်းအခြားနှင့် ပိတ်ဆို့ခြင်း၊ စာရိတ္တ မွမ်းမံသင်တန်းများသို့ပို့၍ သင်ကြားပို့ချ ခြင်း၊ လိုအပ်ပါကအလုပ်မှ ထုတ်ပစ်အရေး ယူခြင်း အစရှိသောကိစ္စရပ်များကို ပြုလုပ် ရန်လိုအပ်သည်။
ဒုတိယအချက်ဖြစ်သော ငွေကို အလွန်အကြူးရှာဖွေခြင်းဟူသော ခေါင်းစဉ်အောက်တွင် ယနေ့ခေတ်ဆရာ၊ ဆရာမများ ဖျားပန်ခတ်လှုပ်ရှားနေကြ သည်။ ညနေကျောင်းဆင်ချိန်တွင်ပင်ယူ နီဖောင်းအား မလဲလှယ်အားပဲကျောင်း စိမ်းဝတ်စုံနှင့် စာသင်အိမ်တိုင်များအား တစ်အိမ်ပြီး တစ်အိမ်စာလှည့်သင် နေသော ဆရာ၊ ဆရာမများအား တွေ့မြင်နေရခြင်း သည်လည်းကောင်းသောလက္ခဏာမဟုတ် ချေ။ အချို့သော ဆရာ၊ ဆရာမများသည် အငှားယာဉ်ကို ပင်စင်လုံးငှား၍ အိမ်ဝိုင်း များ စာလိုက်သင်နေကြသည်။ ရန်ကုန် မြို့ဆင်ခြင်ဖုံးတွင်ရှိသော မူလတန်းကျောင်း သား/ကျောင်းသူများ၏ အိမ်ဝိုင်းလခမှာ တစ်လလျှင် တစ်သောင်းခန့်ရှိပြီး၊ တာမွေ၊ ရန်ကင်း၊ အလုံ၊ ကြည့်မြင်တိုင် ကဲ့သို့တစ်ဆင့်ခံမြို့ပြနေရာများတွင် တစ်လ၃သောင်းဝန်းကျင်ခန့်ရှိပြီး မြို့ထဲ နှင့် ကြေးရေတက်အ၀န်းအ၀ိုင်းတို့တွင် မူလတန်းကျောင်းသားတစ်ဦး၏ ကျူရှင် လခမှာ ၅ သောင်းနှင့် သိန်းဂဏန်းအထိ ရှိနေသည်။ ဤကဲ့သို့ ကျောင်းသားမိဘ များကလစာပေးထားလျှင် အဆိုပါ ဆရာ၊ ဆရာမများသည်ကျောင်းတွင်ကို ကလေးကိုမည်သို့ဆက်ဆံမည်နည်းကိုတွေ့ ကြည့်ရုံနှင့် သိသာနိုင်သည်။ အထူးအခွင့် အရေးများပေးထားမည် ကာမြေကြီးလက် ခတ်လွဲမည်မဟုတ်ပေ။
ထိုကဲ့သို့ပြဿနာအားဖြေရှင်းရန် အတွက် အထူးနည်းလမ်းတစ်ရပ်ရှိသည်။ ဥပဒေထုတ်ပြန်၍တားဆီရန် မလိုပဲပြေလည် နိုင်မည်ဟုထင်ရသည့်နည်းလမ်းဖြစ်သည်။ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံ ပြီး စာမေးပွဲဖြေခွင့်ပေးရေးဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများစာသင် ကျောင်းသို့ပုံမှန်လာရောက်တက် ချင်သူ များ အားတက်ခွင့်ပြုပြီးမတက်ရောက်လို သော ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူ ၏ ခွင့်ပြုချက်ဖြင့် လစဉ် (သို့) ၂ လတစ်ခါစစ်ဆေးသောစာမေးပွဲ ကိုသာလာရောက်ဖြေဆိုခွင့်ပြု၍ မိဘ၊ အုတ်ထိန်းသူတို့ကြိုက်နှစ်သက်ရာဆရာဖြင့် အိမ်၌သာစာသင်ကြားစေခြင်းဖြစ်သည်။
လက်ရှိဘော်ဒါများကျင့်သုံးနေသောနည်း ဖြစ်သည်။ ကျောင်းသူ၊ ကျောင်းသားများ က မိမိသင်ကြားလိုသောဆရာများကို မိမိတို့အစီအစဉ်ဖြင့်စာပေသင်ကြားမူပြု လုပ်၍ အစိုးရကျောင်းများတွင် စာမေး ပွဲဖြေဆိုကြခြင်းဖြစ်သည်။
အကယ်၍အစိုးရစာသင်ကျောင်းတွင် တက်ရောက်သင်ကြားလိုပါက အဆိုပါ ကျောင်း၏ စည်းကမ်းအတိုင်းငွေပေးသွင်း ခြင်းကျောင်းချိန်အတိုင်းကျောင်းတက်ရခြင်း ကျောင်း၏ လှုပ်ရှားမှုများတွင်ပါဝင်စေ ခြင်းအစရှိသော ကိစ္စရပ်များကိုလိုက်နာ ရမည်ဖြစ်သည်။ ကျောင်းမှ ထုတ်ပြန်သော စည်းမျဉ်း၊ စည်းကမ်းများကိုလိုက်လံမလုပ် ဆောင်နိုင်ပါက ကျောင်းတွင် စာမေးပွဲ ၀င်ဖြေ
ရုံဖြင့် အတန်းတက်ခွင့်ပြုရမည်ဖြစ် သည်။ မိမိအစီအစဉ်ဖြင့် စာပေသင်ကြား ခွင့်ရှိခြင်းသည် ကျောင်းဆရာ၊ ဆရာမ များအားအလုပ်ရှုပ်သက်သာစေခြင်း၊ ၀န်နှင့် အားမျှတစေခြင်း၊ ကျောင်းနှင့် ကျောင်းသားဦးရေမမျှ မတဖြစ်ခြင်းအား ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
သို့သော်ကြုံတွေ့လာနိုင်စရာရှိသော အခက်အခဲမှာ ရုတ်တရက်အများပြည်သူ လက်ခံနိုင်ဖွယ်ရာမရှိခြင်း ကျောင်းအုတ် နှင့် အတန်းပိုင် (သို့) မေးခွန်းထုတ်သူ များ၏အကျင့်ပျက်ချစားမူဖြစ်ပေါ်လာ နိုင်ခြင်း၊ အသက်အရွယ်အလိုက်ကလေး သူငယ်များအပေါ်လိုက်ဖက်ညီညာသော မေးခွန်းမထုတ်နိုင်ခြင်း တွက်ချက်ဖြေကြား မည့်သင်ခန်းစာများပေါ်တွင်နည်းစနစ် အကွဲအလွဲများရှိနေခြင်း အစရှိသောကိစ္စရပ်များဖြစ်သည်။
ဤနေရာတွင် လတ်တလောဖြစ်ပေါ် နေသော အခက်အခဲပြဿနာကိုတင်ပြ လိုသည်။ အချို့သော ဆရာ၊ ဆရာမများ သည် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ခန်းများပေးလိုက်သောအခါ ကျောင်းသား၊ ကျောင်းသူများသည် အပြင်ဆရာများ၏တွက်နည်းများနှင့် တွက်ချက်လာသည့်အခါကလေးကိုဆူပူ မာန်မဲခြင်း၊ စာအုပ်များကိုလွှင့်ပစ်ခြင်း၊ ရိုက်မောင်းပုတ်မောင်းလုပ်ခြင်းအစရှိသော ရိုင်းစိုင်းသည့် အမူအယာများကိုပြကြ သည်။ ကျောင်းသား၊ ကျောင်းသူများက အဆိုပါကိစ္စကိုပြင်ပဆရာများသို့ပြန်ပြော ပြသောအခါလည်းကောင်းဆရာများ၏ အမနှာပမနာပြောကြားချက်ကြောင့် ကျောင်းဆရာ၊ ဆရာမများသိက္ခာကျဆင်း ရသည့်အဖြစ်သည်အလွန်များလှပြီဖြစ် သည်။
လက်ရှိတက္ကသိုလ်ဝင်တန်းတက် နေသောကျောင်းသား ၈၀ ရာခိုင်နှုန်း သည်ကျောင်းတွင် သင်ကြားသည့်ဆရာ၊ ဆရာမများအယုံအကြည်မရှိကြချေ။ ၉ တန်းရောက်သည်အထိအစိုးရကျောင်း ဆရာ၊ ဆရာမ၌သာ ကျူရှင်ယူလေ့ရှိပြီး ၁၀ တန်းအစိုးရစစ်သို့ရောက်ရှိသွားပါက အစိုးရကျောင်းဆရာ၊ ဆရာမများထံတွင် ကျူရှင်ယူကြလေ့မရှိခြင်းက အထက်ပါ အချက်ကို ထောက်ခံနေသကဲ့သို့ဖြစ်သည်။ သူငယ်တန်းမှ န၀မတန်းအထိကျောင်း သားမိဘများသည်ကျူရှင်ထားလိုပါက ပြင်ပဆရာများထံတွင် ၄၀ ရာခိုင်နှုန်းမျှ ထားကြပြီး အတန်းပိုင်ဆရာမများနှင့် ကျောင်းမှ ဆရာ၊ ဆရာမများထံတွင် ကျူရှင်ထားသည်က ၆၀ ရာခိုင်နှုန်းလောက် ရှိသော်လည်း ၁၀ တန်းကဲ့သို့အစိုးရစစ် အတန်းရောက်ပါက ပြင်ပဆရာများထံ တွင် ၈၀ ရာခိုင်နှုန်းသောကျောင်းသား များကျူရှင်ယူကြသည်။
ယဿ
Ref:myanamr1
No comments:
Post a Comment