Popular Posts!

Monday, February 11, 2013

အနမ်းပေး၍ အသက်ကယ်....

အနမ်းပေး၍ အသက်ကယ်....

( Snow White ) ပုံပြင်ထဲကအတိုင်း စိတ်ကူးယဉ်ဇတ်လမ်းလေးတစ်ခု အပြင်မှာတစ်ကယ် ဖြစ်ပွားခဲ့  ပါတယ်...
လျူဝန်းရှူ အမည်ရှိတဲ့ မိန်းကလေးရဲ့  အနမ်းက အသက် ၁၆ နှစ် အရွယ်ရှိကောင်လေးတစ်ယောက်ရဲ့  အသက်ကိုကယ်တင်နိုင်လိုက်ခဲ့ပါ တယ်...
လျူ ဟာ လွန်ခဲ့ သည့် ဇွန်လ ၁၁ ရက်နေ့ က ရှန်ကျန့် မြို့ လယ်မှ လူကူးတံတားတစ်စင်းပေါ်မှာ ဖြတ် နေခိုက်လူငယ်တစ်ယောက် လက်ထဲ မှာဓါးတစ်လက်ကိုင်ထားပြီး
တံတားပေါ်က ခုန်ချမလို့ ခြိမ်းခြောက်ပြောဆိုနေတာကို ရာနဲ့ ချီတဲ့ လူတွေ ၀ိုင်းအုံကြည့် နေတာကို
တွေ့ ခဲ့ ရပါတယ်...
" သူဟာ ( အဲဒီကောင်လေးဟာ ) စိတ်တွေပိုပြီးဆက်ကာဆက်ကာတစ်အားလှုပ်ရှားနေလာခဲ့ တာတွေ့ ခဲ့  ရပါတယ်... အနားတစ်ဝိုက်ကလူတွေကတော့ ရပ်ကြည့် ရုံသာရပ်ကြည့် နေကြပြီး တစ်ယောက်မျှ တက်ပြီးကူ
ညီဖို့ မကြိုးစားခဲ့ ကြပါဘူး..." ဟု အသက် ၁၉ နှစ်အရွယ်ရှိ ဟိုတယ်စားပွဲထိုးမလေးက ဆိုပါတယ်...
" သူ့ ကိုတော့ ကယ်ရမှာပါ...ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်မလည်း အယင်တုံးက အဲဒီလိုဖြစ်ခဲ့ ဖူးလို့  ဒီလို( အခြေအနေမှာ ) ဖြစ်ယင်ဘယ်လိုခံစားနေရမယ်ဆိုတာ သေသေချာချာသိပါတယ်..." လို့ ယခင်က အ
ကြိမ်တော်တော်များများ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့သည့် လျူ ကဆက်လက်ပြောကြားခဲ့ 
ပါတယ်...
လူငယ်လေးဟာ တံတားလက်ရန်းအပြင်ဘက်တွင်ရှိနေပြီး အောက်ကိုပြုတ်ကျဖို့ ခြေတစ်လှမ်းမျှသာ အလို
မှာဖြစ်နေခဲ့ ပါတယ်...ဒေသခံရဲတပ်ဖွဲ့ မှ ၎င်းအားထိုကဲ့ သို့ သတ်သေရန်ကြံစည်မှုကို တားဆီးရန်ကြိုးစား
ခဲ့ သော်လည်း မအောင်မြင်ပဲဖြစ်နေခဲ့ ပါတယ်...
သူမဟာ ထိုလူငယ်လေးရဲ့ ချစ်သူဖြစ်ပြီး ၎င်းယခုကဲ့ သို့ ခံစားဖြစ်ပျက်နေရတာဟာလည်း သူမကြောင့် ဖြစ်
ရတာပါလို့ ရဲတပ်ဖွဲ့ ကိုပြောကြားခဲ့ ပြီး လျူ ဟာ ထိုကောင်လေးအနားသို့ ရောက်အောင်သွားနိုင်ခဲ့  ပါတယ်..
" အမှန်တော့ ကျွန်မသူ့ ကိုအယင်ကတစ်ခါမှမတွေ့ ခဲ့ ဖူးပါဘူး...ဒါပေမယ့် လောလောဆယ်အဲဒီလိုပဲတွေး
မိခဲ့ တာမို့ ဒီလိုပြောလိုက်တာပါ..." လို့ သူမကပြန်ပြောပြခဲ့ ပါတယ်...
ဒေသဆိုင်ရာရုပ်သံသတင်းအရ ထိုလူငယ်လေးရဲ့ မိခင်ဖြစ်သူဟာ ကွယ်လွန်သွားခဲ့ ပြီး သူ့ ရဲ့ မိထွေးဖြစ်သူ
ကလည်း သူ့ ကိုကောင်းမွန်စွာမဆက်ဆံပဲ သူ့ ဖခင်ဖြစ်သူရဲ့ ငွေတွေအားလုံးကိုယူပြီး ထွက်ပြေးသွားခဲ့ ပါ
တယ်...
ဖခင်ဖြစ်သူနဲ့ သားဖြစ်သူတို့ ဟာ အချိန်ပိုင်းအလုပ်ဝင်လုပ်ပြီး သူတို့ ရဲ့ ဘ၀ကို တစ်ဖန်ပြန်စခဲ့  ကြရပါတယ်..
လူငယ်လေးရဲ့ အကြောင်းကြားသိရတော့ လျူ ဟာငိုကြွေးခဲ့ မိပါတော့ တယ်...
" သူ့ မှာနေစရာအိမ်လည်းမရှိတော့ ဘူး၊ တစ်ယောက်မှလည်းသူ့ ကိုဂရုမစိုက်တော့ ဘူး၊ တစ်ယောက်မှ
လည်းသူ့ ကိုမယုံကြတော့ ဘူးလို့ သူက ကျွန်မကိုပြောပါတယ်...
ကျွန်မက သူ့ ကိုဘာမှမပြောပဲ ကျွန်မရဲ့ ညာဖက်လက်ကောက်ဝတ်က ဒါဏ်ရာတွေကိုပြလိုက်ပါတယ်...
ကျွန်မက မကြာခဏကိုယ့် ကိုယ်ကို သတ်သေတတ်ပါတယ်...လက်ကောက်ဝတ်သွေးလွှတ်ကြောကိုဖြတ်
ပြီး သတ်သေဖို့ ကြိုးစားခဲ့ ဖူးတယ်...တိုက်အမြင့် ပေါ်ကခုန်ချပြီး သတ်သေဖို့ ကြိုးစားဖူးတယ်၊ တစ်ခြားနည်းတွေနဲ့ လည်းသတ်သေဖို့ ကြိုးစားခဲ့ ဖူးတယ် လို့ သူ့ ကိုပြောပြခဲ့ ပါတယ်..." လို့ လျူက ထိုလူငယ်လေးရဲ့  အသက်ကို အောင်မြင်စွာကယ်တင်ပြီးနောက် ဒေသခံရုပ်သံအစီအစဉ်တစ်ခုနှင့် တွေ့ ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ ပါတယ်...
တရုတ်နိုင်ငံ၊ အန်ဟွေပြည်နယ်တွင်မွေးဖွားခဲ့ သည့် လျူ ဟတကျက်ကျက်ရန်ဖြစ်နေသည့် မိဘနှစ်ပါးထံ
တွင် ကြီးပြင်းခဲ့ ရပြီး ဆွံ့ အ၊နားမကြားဖြစ်နေသည့် သူမရဲ့ အစ်မ ကိုလည်းကြည့် ရှုစောင့် ရှောက်ခဲ့  ရပါသေးတယ်....
ဘ၀ရဲ့ ခက်ခဲပြင်းထန်တဲ့ ဖိအားတွေကြောင့် သူမဟာ အထက်တန်းကျောင်းသူဘ၀မှာပင်ကျောင်းထွက်ခဲ့ ရ
ပြီး ဆယ်ကျော်သက်ဘ၀မှာပင် စတင်အလုပ်လုပ်ခဲ့ ရပါတယ်...
အိမ်မှာဆိုဘယ်သူမှ စိတ်မချမ်းသာကြပါဘူး...ကျွန်မရဲ့ မိဘနှစ်ပါးကလည်း တစ်ချိန်လုံး အော်ဟစ်ရန်ဖြစ်နေကြလို့ အစ်မနှင့် ကျွန်မလည်း စိတ်ညစ်နေကြရပါတယ်...
ဒီလူငယ်လေး ( ရဲ့ ဘ၀ဟာ ) ကျွန်မငယ်ငယ်ကလိုပါပဲ...( စိတ်မချမ်းသာခဲ့ ရပါဘူး ) " လို့ လျူ ကပြောကြားခဲ့ ပါတယ်...
လူငယ်လေးဟာ ပိုမိုသည်းထန်စွာငိုကြွေးနေခဲ့ တာမို့ သူ့ မှာ ခံစားနားလည်နိုင်တဲ့ စိတ်ဓါတ်ရှိတယ်ဆိုတာ
လျူ သိခဲ့ ပါတယ်...
" သူက သူ့ ဘ၀ဟာမျှော်လင့် ချက်ကင်းမဲ့ နေပြီမို့ သူ့ ကိုကယ်ဖို့ အချိန်ကုန်ခံမနေပါနဲ့ လို့ ဆိုခဲ့ ပါတယ်...
ဒါပေမယ့် ကျွန်မကသူ့ ကို ငါမင်းရဲ့ အသက်ကိုကယ်နေတာမဟုတ်ပါဘူး...မင်းအခုလိုလုပ်နေတာဟာ ဘယ်လောက်မိုက်မဲသလဲဆိုတာ မင်းကိုသိစေချင်တာပါပဲ...
ငါ့ကိုကြည့် ....ငါဟာ အယင်ကအဲဒီလို (မင်းလို)အခြေအနေမျိုးမှာရှိခဲ့ ပြီး အခုအခါမှာတော့ ဒီလိုပဲဆက်
လက်အသက်ရှင်နေထိုင်ခဲ့ တာပါပဲ..." လို့ သူမကဆိုခဲ့ ပါတယ်...
မမျှော်လင့် ပဲ လျူ က ထိုလူငယ်လေးကိုပွေ့ ဖက်လိုက်ပြီး နမ်းခဲ့ လိုက်ခြင်းဖြင့် တံတားပေါ်က သေကြောင်း
ကြံမှုကို တားမြစ်ဖို့ ဆွေးနွေးပြောဆိုမှုဟာ ကြည်နူးချမ်းမြေ့ ဖွယ်ရာ အဖြစ်အပျက်နဲ့ အဆုံးသတ်ခဲ့  ပါတယ်..
ရဲတပ်ဖွဲ့ က ထိုအခြေအနေကိုအခွင့် ကောင်းယူပြီး လူငယ်လေးရဲ့ ဓါးကို ဆွဲယူလိုက်ပြီး သူ့ ကိုလည်း တံတားလက်ရန်းအတွင်းဖက်ကို ဆွဲခေါ်နိုင်လိုက်ခဲ့ ပါတယ်....
" ကျွန်မသူ့ ကိုနမ်းလိုက်တော့ သူက သူ့ ရဲ့ ဓါးကိုင်ထားတဲ့ လက်ကို ကျွန်မရဲ့ ခါးပေါ်မှာတင်ပြီးထိန်းလိုက်ပါ
တယ်...ကျွန်မတို့ နှစ်ယောက်စလုံးဟာ နင့် နင့် သီးသီးငိုကြွေးခဲ့ ကြပါတယ်...ဒါပေမယ့် သူ့  အသက်ကိုကယ်တင်နိုင်ခဲ့ လိုက်တာမို့ ကျွန်မအနေနဲ့ ဝမ်းသာကျေနပ်မိပါတယ်...." လို့ သူမကဆိုပါတယ်...
သူမအနေနှင့် သူ့ ကိုမနမ်းလိုက်ခင်မှာ ဒီလိုလုပ်ခြင်းဖြင့် သူ့ ကိုဖြေသိမ့် နိုင်လိမ့် မယ်ဆိုတာကလွဲလို့ တစ်
ခြားဘာမှ ထွေထွေထူးထူးမတွေးမိခဲ့ ပါဘူးလို့ သူမကဆိုပါတယ်...
" သူ့ အနေနဲ့ တစ်ခြားမဖြစ်သင့် တာမလုပ်ဆောင်အောင် သူ့ ရဲ့ စိတ်ကိုတည်ငြိမ်စေဖို့ လိုတယ်လို့ ပဲ ကျွန်မရိုးရိုးကလေးတွေးလိုက်တာပါပဲ....
ရဲတွေကလည်းကျွန်မတို့ အနားမှာမို့ ကောင်လေးကျွန်မကို ဆွဲပြီး အောက်ကိုခုန်ချလိုက်မှာကို မစိုးရိမ်မိပါ
ဘူး " လို့ သူမကပြောကြားခဲ့ ပါတယ်...
လူငယ်လေးကိုကယ်တင်ပြီးနောက်မှာတော့ လျူ ဟာသူမရဲ့ ခရီးကိုဆက်လက်ထွက်ခွာခဲ့ ပါတယ်...
ကောင်လေးက သူမ၊ မရှိပဲသူ့ ရဲ့ အကြောင်းကိုပြောဆိုဖို့ ငြင်းဆန်ခဲ့ တာမို့ ရဲတပ်ဖွဲ့ အနေနှင့်  သူမကိုအလျင်အမြန်ပဲ ပြန်လည်ခေါ်ယူခဲ့ ပါတယ်...
" ကျွန်မကတော့ ပြန်မသွားခဲ့ ပေမယ့် သူနဲ့ ဖုံးပြောပြီး ကျွန်မတို့ ရဲ့ ဖုံးနံပါတ်တွေကိုယ်စီ ပေးခဲ့  ကြပါတယ်...
ကျွန်မအနေနှင့် သူ့ ကို နောက်ပိုင်းမှာ ဖုံးဆက်ပါ့ မယ်လို့ ကတိပေးခဲ့ ပြီး ဘ၀မှာ ပိုမိုတိုးတက်ကောင်းမွန်
အောင်ဆက်လက်နေထိုင်ကြိုးစားဖို့ ကြားပေးပြောကြားဦးမှာပါ..." လို့ လျူ ကဆိုခဲ့ ပါတယ်....
အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီးနောက် တွေ့ ဆုံမေးမြန်းခန်းပြုလုပ်ဖို့ သူမရဲ့ ဖုံးကိုခေါ်ဆိုမှုတွေအလွန်များ
ပြားတာမို့ သူမအနေနဲ့ စိတ်မသက်မသာဖြစ်ခဲ့ ရပါတယ်လို့ သူမရဲ့ အလုပ်ရှင်ဖြစ်သည့် ဟီပန်းတိုင်ပန်း ဟို
တယ်မှ မစ္စတာလိုင်ရှိုးယန် ကပြောကြားခဲ့ ပါတယ်...
" ပုဂ္ဂလိကအနေနဲ့ ကျွန်မကတော့ ဒီကိစ္စကြောင့် ကျွန်မရဲ့ အလုပ်နဲ့ သာမန်ဘ၀ကို အကျိုးသက်ရောက်မှု
တွေမရှိစေချင်ပါဘူး...
အဲဒီအဖြစ်အပျက်ကိုလည်း ဒီကောင်လေးကိုကူညီခဲ့ စဉ်တုံးက ထွေထွေထူးထူးမစဉ်းစားပဲလုပ်ဆောင်ခဲ့ သ
လို ဘာမှဆက်ပြီး စဉ်းစားမနေချင်ပါဘူး...
ကျွန်မအတွက်ကတော့ ကျွန်မတို့ ဟာ နေ့ စဉ်ဘ၀မှာ စိတ်ချမ်းသာ၊ ပျော်ရွှင်စွာနဲ့ နေနိုင်ဖို့ ကသာ အရေး
ကြီးပါတယ်..." လို့ လျူ ကဆိုခဲ့ပါတယ်...
 
Ref;multivitaminforall.blogspot

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!