အမေရိကန် ရော့ခ်ဂီတ အဆိုတော်ကြီး ဘွန်ဂျိုဘီ (Bon Jovi) ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက စလို့ ကြိုက်သလောက်စား နိုင် သလောက်သာ ရှင်းစရာလိုတဲ့ စားသောက်ဆိုင် ကို သူ့ရဲ့ မွေးရပ်မြေ အမေရိကန်၊ နယူးဂျာဆီ ပြည်နယ်မှာပဲ ဖွင့်လှစ်ထားပါတယ်။
ဆိုင်ကိုတော့ မရှိဆင်းရဲများ စားသောက်ရန် ရည်ရွယ်ပါတယ်။ သို့ပေမယ့် လူတန်းစား အားလုံး လာရောက်စားသောက်ရန်လည်း ဖိတ်ခေါ်ပါတယ်။ ဆိုင်နဲ့ အစားအစာများက အဆင့်အတန်းရှိပြီး ကျန်းမာရေးညီညွတ်တဲ့ ဟင်းလျာများ ဖြစ်ပါတယ်။
ဘွန်ဂျူဘီဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းထဲမှာ ပါရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး ထိပ်တန်း ပုဂ္ဂိုလ်များ စာရင်းမှာလည်း ပါရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး အဆိုတော်လို့လည်း လူသိများသူ ဖြစ် ပါတယ်။ ဒါကြောင့် အလှူအတန်းလည်း ရက်ရောပါတယ်။ ကမ္ဘာတစ်လွှား လိုအပ်တဲ့ နေရာများအားလုံးကို တတ်နိုင်သလောက် လှူဒါန်းနေပြီး ဖောင်ဒေးရှင်းပေါင်း မြောက်များစွာလည်း တည်ထောင်ပါ တယ်။
ယခု ဖွင့်တဲ့ စားသောက်ဆိုင်ကလည်း အလှူအတန်းလည်း ပြုလုပ်ရင်း ဖောင်ဒေးရှင်းအတွက်လည်း ငွေ အလှူခံရင်း ဖြစ်ပါတယ်။ Pay what you can အမည်ရ စားသောက်ဆိုင်လေးမှာ ကြိုက်သလောက်မှာစားတဲ့ အမေရိကန်ပြည်သူများဟာ ဖောင်ဒေးရှင်းအတွက် အလှူငွေပါ တတ်နိုင် သလောက် ထည့်ဝင်လှူဒါန်းကြကြောင်း သိရပါတယ်။
(ဖြည့်စွက်ချက်။ ။ Pay what you can ဆိုတာက အကျိုးအမြတ် အတွက် မရည်ရွယ်ဘဲ community restaurant style တစ်မျိုးဖြစ်ပါတယ်။ ဘွန်ဂျိုဗီ ရဲ့ Pay what you can စတိုင် စားသောက်ဆိုင်နာမည် က ပုံတဲ့မှာမြင်ရတဲ့အတိုင်း Soul Kitchen ဖြစ်ပါတယ်။)
Ref:myanmar1
No comments:
Post a Comment