Cost of living inYangon (Myanmar) is 17% cheaper than in Singapore (Singapore) ကြည့်လိုက်စမ်းပါအုံးဗျ...
အမိမြေက လူနေမှုစရိတ်ကုန်ဈေးနှုန်းတွေက အာရှထိပ်သီး စကာင်္ပူထက် ၁၇%ဘဲ သက်သာတယ်တဲ့နော့...
ကမ္ဘာ အဆင့် ၅နှင့် ၁၅၇ ကွာခြားနေတာတောင် လူနေမှုစရိတ်က ၁၇% ဘဲသက်သာတယ်ဆိုရင် ဘယ်သူတွေ ညံ့ဖျင်းနေလဲဗျ!
မြင့်တက်နေသည့် ကုန်ဈေးနှုန်းနှင့် အကြောင်းရင်းမှန်
နိုင်ငံ့ဝန်ထမ်း လစာတွေကို ဧပြီလကုန်မှာ တိုးမြှင့်ပေးဖို့ အတည်ပြုချက်တွေ ထွက်လာပြီးနောက်ပိုင်း အများခန့်မှန်းထားတဲ့အတိုင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာခဲ့ရပါတယ်။
သင်္ကြန်ကာလ မတိုင်မီ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားတွေ တိုးမြှင့်ဖို့ အတည်ပြုချက်များ ထွက်လာခဲ့ပြီးနောက် ယခင်အတိုင်း ကုန်ဈေးနှုန်းများ လိုက်လံမြင့်တက်လာနိုင်ကြောင်း ဝေဖန်မှုများ ရှိခဲ့သလို လက်တွေ့မှာလည်း ဈေးကွက်ထဲမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လူတိုင်း မဖြစ်မနေ ၀ယ်ယူသုံးစွဲရတဲ့ ဆန်၊ ဆီ၊ ဆား အပါအ၀င် အခြေခံစားသောက်ကုန်များ ဈေးအနည်းငယ် မြင့်တက်သွားခဲ့ရာ လစာတိုးမြင့် ရရှိမယ့်သူရော၊ လစာမတိုးတဲ့သူ အားလုံးကို သက်ရောက်မှု ရှိစေခဲ့ပါတယ်။ အသား၊ ငါး ဈေးနှုန်းများဟာ သင်္ကြန်အပြီးမှာ တက်ရိပ်ပြနေပြီး အများစုက တက်ပြီးသွားတဲ့ ဈေးနှုန်းများ ပြန်လည်မကျဆင်းမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ လက်ရှိ ကုန်စည်ဈေးနှုန်းများ မြင့်တက်နေရခြင်းဟာ သင်္ကြန်ပိတ်ရက်ကြောင့် ကုန်ကြမ်းအ၀င် နည်းနေခဲ့ခြင်းဟာလည်း ဈေးနှုန်းများ မြင့်တက်နေရခြင်းရဲ့ အကြောင်းတစ်ရပ် ဖြစ်နိုင်သော်လည်း ယခင်အတိုင်းတက်ပြီး ဈေးနှုန်းများ မူရင်းဈေးအထိ ပြန်မကျမှာကို အများက စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
ကြောင့်ကြနေကြရ
လက်ရှိမှာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်းနဲ့အတူ ယင်းတို့ကို ဆက်စပ်သုံးစွဲ ထုတ်လုပ်နေရတဲ့ အခြားကုန်စည် ဈေးနှုန်းများဟာလည်း လိုက်လံမြင့်တက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ထမင်းဆိုင်အချို့ရဲ့ ဈေးနှုန်းများ မြင့်တက်သွားခြင်း၊ မုန့်ဟင်းခါးကဲ့သို့ မုန့်ပဲသရေစာများ ဈေးနှုန်းမြင့်တက်သွားခြင်းများလည်း ရှိခဲ့ပါတယ်။ ယင်းသို့ ဈေးနှုန်းပြောင်းလဲလာမှုကြောင့် ၀ယ်ယူသုံးစွဲသူများဟာ ငွေကြေးပိုမို သုံးစွဲလာကြရပြီး ယခင်အတိုင်း နိုင်ငံ့ဝန်ထမ်း လစာတိုးပြီးနောက် ကုန်စည်ဈေးနှုန်းများ မြင့်တက်သွားတဲ့ဒဏ်ကို အများစုက တွေ့ကြုံနေကြရတာ ဖြစ်ပါတယ်။ လက်ရှိမှာ သင်္ကြန်အပြီး ရန်ကုန်ကုန်စည်ဈေးကွက်မှာ ဈေးနှုန်းများ အမြင့်ဈေးမှာသာ ရှိနေခဲ့ပြီး ပြန်မကျနိုင်သေးတဲ့ အနေအထားသာ ရှိနေတာ ဖြစ်ပါတယ်။ တက်ရိပ်ပြနေတဲ့ အချို့ကုန်စည်များရဲ့ ဈေးနှုန်းများဟာ သင်္ကြန်မတိုင်မီထက် သုံးပုံတစ်ပုံမှ လေးပုံတစ်ပုံခန့်အထိ (ငါးခူ ယခင်ဈေးနှုန်း တစ်ပိဿာကျပ် ၈၀၀၀ ခန့်မှ ကျပ် ၁၂၀၀၀ ခန့်) ရောက်ရှိနေခဲ့တာကြောင့် မြင့်တက်နေတဲ့ ကုန်စည်ဈေးနှုန်းများအပေါ် အများကြောင့်ကြနေကြရတာ ဖြစ်ပါတယ်။
ဒုံရင်းအတိုင်းသာ
ယခုလို ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခဲ့ရာမှာ နိုင်ငံ့ဝန်ထမ်း လစာတွေ တိုးမြှင့်ပေးဖို့ ကြေညာခဲ့ခြင်းကလည်း အကျိုးသက်ရောက်မှု ရှိစေတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ လစာတိုးမြှင့်လာပေမယ့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြရတဲ့ အခြေအနေရှိခဲ့ပြီး ငွေတန်ဖိုးများ ကျဆင်းသွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ လစာငွေများ တိုးမြှင့်ပေးလိုက်သော်လည်း ငွေကြေးဖောင်းပွမှုကြောင့် ငွေတန်ဖိုးဟာ ယခင်ကထက် ကျဆင်းသွားမယ်ဆိုပါက စားဝတ်နေရေးအတွက် ငွေကြေးသုံးစွဲရမှု ပိုလာပြီး ယခင်လစာ မတိုးခင်ကအတိုင်း ဒုံရင်းအတိုင်းသာ ရှိနေမှာကိုလည်း မီဒီယာတွေမှာ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ယခု တိုးမြှင့်ဖို့ ကြေညာထားတဲ့ လစာနှုန်းထားများအရ အနိမ့်ဆုံးဝန်ထမ်းမှာ အသားတင်လစာ ကျပ် ၁၅၀၀၀ သာ တိုးမှာဖြစ်ပြီး အခြားအရပ်ဘက်၊ တပ်ဘက်လစာများဟာလည်း အသီးသီး တိုးမြှင့်ခဲ့ပေမယ့် အောက်ခြေ၀န်ထမ်းများထက် အထက်အဆင့် ၀န်ထမ်းများက လစာတိုးမြှင့်မှုနှုန်းထား ပိုမြင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုလို ကုန်စည်ဈေးနှုန်းများ တက်တဲ့ဒဏ်ကို လစာတိုးဖို့ရှိနေတဲ့ အခြေခံဝန်ထမ်း အများစုကိုလည်း သက်ရောက်မှု ရှိနေမှာဖြစ်ပြီး တိုးလာမယ့် လစာနှုန်းထားနဲ့ မြင့်လာတဲ့ ကုန်စည်ဈေးနှုန်းများ နှုန်းထားများရဲ့ မျှခြေကွာဟမှုကိုလည်း ကြုံတွေ့ကြရဖို့ ရှိနေပါတယ်။
ဖြစ်နေကျ
နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က လစာတိုးမြှင့်ပေးရာမှာ လစာကွာခြားချက် ပမာဏ၊ ၀န်ထမ်းအင်အား၊ ဒေသစရိတ်၊ ပင်စင်စတဲ့ ဆက်စပ်ကိစ္စများအတွက် ထည့်သွင်းစဉ်းစားပြီး တိုးမြှင့်ပေးခဲ့ခြင်းဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အောက်ခြေ၀န်ထမ်းများ လစာနှုန်း တိုးမြှင့်တဲ့ ပမာဏ နည်းပါးရခြင်းမှာ နိုင်ငံတော်ရဲ့ အနေအထားမှာ လိုငွေပြနေခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းများ မတက်စေဖို့အတွက် ဘက်စုံမှ စဉ်းစားတွက်ချက်ခဲ့ရခြင်းကြောင့် ဖြစ်တယ်လို့ ဦးဝင်းရှိန်က ဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့တာဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း မြင့်တက်လာဖို့ရှိကြောင်း နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ တကယ်တော့ ဒီလို ၀န်ထမ်းလစာ တိုးခြင်းကဲ့သို့ အများကို သက်ရောက်မှုရှိစေနိုင်တဲ့ လုပ်ဆောင်ချက်များ ရှိလာတိုင်း ကုန်စည်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး မူရင်းဈေးကို ပြန်မရောက်တော့တာဟာ အမြဲဖြစ်နေကျ ဖြစ်စဉ်တစ်ခုလို့ ဆိုပါတယ်။ ဒီအတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာရခြင်းရဲ့ အခြေခံ အကြောင်းရင်းတွေကို ရှာဖွေဖြေရှင်းကြဖို့ လိုပါတယ်။ ဘယ်လို အကြောင်းရင်းခံတွေကြောင့် ကုန်စည်ဈေးနှုန်းတွေ တက်နေတယ်ဆိုတဲ့ အဖြေမှန်ကို ရှာကြဖို့ လိုပါတယ်။
ခါးစည်းခံခဲ့ရ
ဒီလို အကြောင်းရင်းမှန်ကို ရှာဖို့ဆိုရာမှာ အောက်ခြေအထိ ဆင်းဖို့လိုပါတယ်။ ယခင်အာဏာရှင် အစိုးရ အဆက်ဆက်မှာ ကုန်ဈေးနှုန်း ကျဆင်ရေး ကော်မတီများစွာကို နိုင်ငံတော်အဆင့်မှစပြီး နာမည်အမျိုးမျိုးတပ်ကာ ဆောင်ရွက်ခဲ့ကြပေမယ့် အောင်မြင်မှု မရရှိခဲ့ဘဲ ကုန်ဈေးနှုန်းတွေဟာ အတက်ပဲ ပြနေခဲ့တာကို သင်ခန်းစာယူ ဆောင်ရွက်သင့်ပါတယ်။ ယခင်အစိုးရ အဆက်ဆက်မှာ ကုန်ဈေးနှုန်းကျဆင်းအောင် မဆောင်ရွက်နိုင်ခဲ့ဘဲ အထူးသဖြင့် ကုန်ဈေးနှုန်းထိန်းချုပ်ရေးက ကော်မတီတွေမှာ ပါဝင်သူတွေဟာ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ ပေါင်းပြီး ကိုယ်ကျိုးစီးပွား ရှာခဲ့ကြတာကြောင့် ကုန်ဈေးနှုန်း ထိန်းချုပ်ရေး လုပ်ငန်းတွေဟာ အောင်မြင်မှု မရရှိခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာ သီအိုရီတွေကို သိမြင်အောင် မလေ့လာခြင်း၊ အောက်ခြေက ဈေးကွက်အခြေအနေကို သိမြင်အောင် မကြိုးစားခြင်းနဲ့အတူ ကိုယ်ကျိုးစီးပွား ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေရဲ့ မမှန်မကန်တဲ့ တင်ပြမှုများနဲ့အတူ လက်ဝါးရိုက် ဆောင်ရွက်မှုများကြောင့် ကုန်ဈေးနှုန်းထိန်းချုပ်ရေး လုပ်ငန်းတွေဟာ ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ရပြီး အများပြည်သူတွေဟာ အဲဒီဒဏ်တွေကို နှစ်ရှည်လများ ခါးစည်းခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီအတွက် ယနေ့မှာ မူဝါဒဆိုင်ရာ ချမှတ်ခွင့် ရှိနေသူတွေဟာ ကုန်ဈေးနှုန်းများကို သင့်တော်တဲ့ ဈေးနှုန်းများမှာ ရှိနေဖို့ ကျင့်သုံးရမယ့် စီးပွားရေးဆိုင်ရာ သီအိုရီတွေကို လေ့လာသိရှိဖို့ လိုသလို အောက်ခြေက ဈေးကွက်အမှန်အခြေအနေကို သိရှိနိုင်ဖို့ စစ်တမ်းတွေ ကောက်ယူဖို့ အစီအမံတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ပညာရှင်တွေ ထောက်ပြတဲ့ သီအိုရီတွေကိုပဲ အားကိုးလုပ်ဆောင်နေခြင်းထက် အောက်ခြေက အဖြစ်အပျက်အမှန်တွေ၊ အကြောင်းရင်းမှန်တွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ လိုပါတယ်။ သီအိုရီနဲ့ လက်တွေ့အခြေအနေ ပေါင်းစပ်မှသာ အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားအတွက် အချက်အလက်မှန်တွေ ဖုံးကွယ်ထားသူတွေရဲ့ ဘေးတီးတဲ့ စကားတွေကို ချင့်ချိန်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ တကယ်တော့ အခြေခံကုန်ဈေးနှုန်းများ အပြောင်းအလဲရှိမှုဟာ နိုင်ငံသားတိုင်းအပေါ် သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် ၀င်ငွေနည်းတဲ့ အခြေခံပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဒီအတွက် အကျိုးသက်ရောက်မှု ကြီးမားလှတဲ့ ကုန်စည်ဈေးနှုန်း ထိန်းချုပ်ရေးအတွက် အကြောင်းရင်းအမှန်တွေကို ဖော်ထုတ်အဖြေရှာဖို့ လိုအပ်ပါကြောင်း ကုန်ဈေးနှုန်းဒဏ်ခံ ပြည်သူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။
Ref;http://news-eleven.com/
Cost of living in Yangon, Myanmar
Expatistan is a collaborative effort. Comparisons improve with every new price that you enter.
Currency: Other currency MMK - Kyat (Kyat) AED - Dirham (Dirham) AFN - Afghani (Afghani) ALL - Lek (Lek) AMD - Dram (Dram) ANG - ƒ (Guilder) AOA - Kwanza (Kwanza) ARS - ARS $ (Peso) ARSX - ARS $ [BM] (Peso - black market rate) AUD - AU$ (Dollar) AWG - ƒ (Guilder) AZN - ман (Manat) BAM - KM (Marka) BBD - Bds$ (Dollar) BDT - Taka (Taka) BGN - лв (Lev) BHD - Dinar (Dinar) BIF - Franc (Franc) BMD - BD$ (Dollar) BND - B$ (Dollar) BOB - $b (Boliviano) BRL - R$ (Real) BSD - B$ (Dollar) BTN - Ngultrum (Ngultrum) BWP - P (Pula) BYR - p. (Ruble) BZD - BZ$ (Dollar) CAD - C$ (Dollar) CDF - Franc (Franc) CHF - CHF (Franc) CLP - CH$ (Peso) CNY - 元 (Yuan Renminbi) COP - COL$ (Peso) CRC - ₡ (Colon) CUC - CUC (Convertible Peso) CUP - CUP (National Peso) CVE - Escudo (Escudo) CZK - Kč (Koruna) DJF - Franc (Franc) DKK - kr (Krone) DOP - RD$ (Peso) DZD - Dinar (Dinar) EGP - E£ (Pound) EGPX - E£ [BM] (Pound - black market rate) ERN - Nakfa (Nakfa) ETB - Birr (Birr) EUR - € (Euro) FJD - FJ$ (Dollar) FKP - £ (Pound) GBP - £ (Pound) GEL - Lari (Lari) GHS - GH₵ (Cedi) GIP - £ (Pound) GMD - Dalasi (Dalasi) GNF - Franc (Franc) GTQ - Q (Quetzal) GYD - G$ (Dollar) HKD - HK$ (Dollar) HNL - L (Lempira) HRK - kn (Kuna) HTG - Gourde (Gourde) HUF - Ft (Forint) IDR - Rp (Rupiah) ILS - ₪ (Shekel) INR - ₨ (Rupee) IQD - Dinar (Dinar) IRR - ﷼ (Rial) IRRX - ﷼ [BM] (Rial - black market rate) ISK - kr (Krona) JMD - J$ (Dollar) JOD - Dinar (Dinar) JPY - ¥ (Yen) KES - Shilling (Shilling) KGS - som (Som) KHR - Riels (Riels) KMF - Franc (Franc) KPW - ₩ (Won) KPWX - ₩ [BM] (Won - black market rate) KRW - ₩ (Won) KWD - Dinar (Dinar) KYD - CI$ (Dollar) KZT - KZT (Tenge) LAK - ₭ (Kip) LBP - L£ (Pound) LKR - ₨ (Rupee) LRD - L$ (Dollar) LSL - Loti (Loti) LTL - Lt (Litas) LVL - Ls (Lat) LYD - Dinar (Dinar) MAD - Dirham (Dirham) MDL - Leu (Leu) MGA - Ariary (Ariary) MKD - ден (Denar) MNT - ₮ (Tugrik) MOP - Pataca (Pataca) MRO - Ouguiya (Ouguiya) MUR - ₨ (Rupee) MVR - Rufiyaa (Rufiyaa) MWK - Kwacha (Kwacha) MXN - Mex$ (Peso) MYR - RM (Ringgit) MZN - MT (Meticail) NAD - N$ (Dollar) NGN - ₦ (Naira) NIO - C$ (Cordoba) NOK - kr (Krone) NPR - ₨ (Rupee) NZD - NZ$ (Dollar) OMR - ﷼ (Rial) PAB - B/. (Balboa) PEN - S/. (Sol) PGK - Kina (Kina) PHP - Php (Peso) PKR - ₨ (Rupee) PLN - zł (Zloty) PYG - Gs (Guarani) QAR - ﷼ (Rial) RON - lei (Leu) RSD - Дин. (Dinar) RUB - руб (Ruble) RWF - Franc (Franc) SAR - ﷼ (Rial) SBD - SI$ (Dollar) SCR - ₨ (Rupee) SDG - Pound (Pound) SEK - kr (Krona) SGD - SGD $ (Dollar) SHP - £ (Pound) SLL - Leone (Leone) SOS - S (Shilling) SRD - SRD $ (Dollar) SSP - Pound (South Sudanese pound) STD - Dobra (Dobra) SYP - £ (Pound) SYPX - £ [BM] (Pound - black market rate) SZL - Lilangeni (Lilangeni) THB - ฿ (Baht) TJS - Somoni (Somoni) TMT - Manat (Manat) TND - Dinar (Dinar) TOP - Pa'anga (Pa'anga) TRY - TL (Lira) TTD - TT$ (Dollar) TWD - NT$ (Dollar) TZS - Shilling (Shilling) UAH - ₴ (Hryvnia) UGX - Shilling (Shilling) USD - $ (Dollar) UYU - $U (Peso) UZS - сўм (Som) VEF - Bs (Bolivar) VEFX - Bs [BM] (Bolivar - black market rate) VND - ₫ (Dong) VUV - Vatu (Vatu) WST - Tala (Tala) XAF - Franc (Franc) XCD - EC$ (Dollar) XOF - Franc (Franc) XPF - Franc (Franc) YER - ﷼ (Rial) ZAR - R (Rand) ZMW - Kwacha (Kwacha)
Food
Lunchtime menu in the business district 23,701 Kyat
Combo meal in fast food restaurant (Big Mac Meal or similar) 6,385 Kyat
1/2 Kg (1 lb.) of boneless chicken breast 737 Kyat
1 liter (1 qt.) of whole fat milk 739 Kyat
12 eggs, large 2,892 Kyat
1 kg (2 lb.) of tomatoes 900 Kyat
500 gr (16 oz.) of local cheese 15,000 Kyat
1 kg (2 lb.) of apples 3,600 Kyat
2 kg (4,5 lb.) of potatoes 1,100 Kyat
0.5 l (16 oz) domestic beer in the supermarket 677 Kyat
1 bottle of red table wine, good quality 11,813 Kyat
2 liters of Coca-Cola 2,150 Kyat
Bread for 2 people for 1 day 596 Kyat
Housing
Monthly rent for 85 m2 (900 Sqft) furnished accommodation in EXPENSIVE area 4,000,000 Kyat
Utilities 1 month (heating, electricity, gas ...) for 2 people in 85m2 flat 70,000 Kyat
Internet 8MB (1 month) 200,000 Kyat
40” flat screen TV 400,000 Kyat
Microwave, known brand, 800/900 Watt 95,000 Kyat
Laundry detergent (3 l. ~ 100 oz.) 4,000 Kyat
Hourly rate for cleaning help 10,000 Kyat
Clothes
1 pair of jeans (Levis 501 or similar) 200,000 Kyat
1 summer dress in a chain store (Zara, H&M, ...) 90,000 Kyat
1 pair of sport shoes (Nike, Adidas, or similar) 250,000 Kyat
1 pair of leather business shoes 200,000 Kyat
Transportation
Volkswagen Golf 2.0 TDI 140 CV 6 vel. (or equivalent), with no extras, new 75,000,000 Kyat
1 liter (1/4 gallon) of gas 446 Kyat
Monthly ticket public transport 8,000 Kyat
Taxi trip on a business day, basic tariff, 8 Km. (5 miles) 5,221 Kyat
Personal Care
Medicine against cold for 6 days (Frenadol, Coldrex, ...) 2,800 Kyat
1 box of 32 tampons (Tampax, OB, ...) 3,800 Kyat
Deodorant, roll-on (50ml ~ 1.5 oz.) 3,125 Kyat
Hair shampoo 2-in-1 (400 ml ~ 12 oz.) 3,667 Kyat
4 rolls of toilet paper 1,225 Kyat
Tube of toothpaste 1,833 Kyat
Standard men's haircut in expat area of the city 7,000 Kyat
Entertainment
Basic dinner out for two in neighborhood pub 18,808 Kyat
2 tickets to the movies 7,406 Kyat
2 tickets to the theater (best available seats) 15,901 Kyat
Dinner for two at an Italian restaurant including wine and dessert 50,419 Kyat
1 cocktail drink in downtown club 3,473 Kyat
Cappuccino in expat area of the city 2,413 Kyat
1 beer in neighbourhood pub (500ml or 1pt.) 1,252 Kyat
iPod nano 16GB -
1 min. of prepaid mobile tariff (no discounts or plans) 167 Kyat
1 month of gym membership in business district 150,000 Kyat
1 package of Marlboro cigarettes 1,950 Kyat
These prices are lacking data. It provides a decent estimate, but they are not yet reliable. They are based on 279 prices entered by 34 different people.
Latest price update: April 29, 2015.
Ref:http://www.expatistan.com/cost-of-living/yangon
No comments:
Post a Comment