Popular Posts!

Sunday, May 8, 2011

လွတ်လပ်သောကုန်သွယ်ရေးတွင် ယှဉ်ပြိုင်နိုင်ရန် လုပ်ငန်းရှင်များ ပြင်ဆင်ထားသင့်


အေရှားဝေါ ကုန်တင်ကုန်ချဆိပ်ကမ်း၌ ပြည်ပသို့ထွက်ခွာမည့် သင်္ဘောပေါ်သို့ ကုန်သေတ္တာများကို တင်နေစဉ်။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)
 
အေးသီတာကျော်
      အတွဲ ၂၆ ၊  အမှတ် ၅၁၆   (၆ - ၁၂ ၊ ၅ ၊ ၂၀၁၁)
ဒီပုံပြင်လေးကို အင်္ဂလန်နိုင်ငံရဲ့ စီးပွားရေးသတင်းစာ အယ်ဒီတာတစ်ဦး က မြန်မာသတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောပြခဲ့ခြင်းဖြစ်ပါတယ်။
လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (အက်ဖ်တီအေ) ဘာကြောင့် ဖြစ်လာ၊  ပေါ်လာရတယ်ဆိုတဲ့ အခြေခံအချက်ကလေးကို ဥပမာ ပေးထားတာပါ။
ပုံပြင်ထဲက မာလီဆိုတဲ့ မိန်းကလေးက ဒီမြို့လေးရဲ့ သီဟိုခြံပိုင်ရှင်ပါ။
ခြံက ထွက်တဲ့ သီဟိုဠ်စေ့တွေကို အဲဒီမြို့က ဂျိုးဆိုသူရဲ့ စက်ရုံမှာ ရောင်းတယ်။
ဂျိုးက ဒါတွေကို စားသောက်ကုန်ချောအဖြစ် ထုတ်လုပ်တယ်။       
ဒီအချိန်မှာပဲ တခြားမြို့က သီဟိုဠ်စေ့ ရောင်းတဲ့သူတွေက ဂျိုးဆီမှာ သီဟိုဠ်စေ့ ရောင်းဖို့ လာစပ်ကြတယ်။
သူတို့ဆီက သီဟိုဠ်စေ့တွေကို ၀ယ်မယ်ဆိုရင် အမြတ် ပိုရမယ်ဆိုတာ ဂျိုးက သိနေတယ်။
ဘာလို့လဲဆိုတော့  တခြားမြို့က သီဟိုဠ်စေ့က အရည်အသွေး ပိုကောင်းသလို ဈေးလည်း ပိုသက်သာတယ်။
သူတို့က မာလီထက် ပိုများများထုတ်နိုင်လို့ပါ။
'ဂျိုး'စက်ရုံက တခြားမြို့က သီဟိုဠ်စေ့        တွေကိုပဲ ၀ယ်တဲ့အတွက် မာလီဆီမှာ ၀ယ်မယ့်လူ မရှိတော့ပါဘူး။ သူပိုက်ဆံမ ရတော့ဘူး။
ဒီတော့ မာလီက မြို့က အာဏာပိုင်တွေဆီမှာ သူ့ကို ကာကွယ် ပေးဖို့ ခွင့်တောင်းတယ်။ အာဏာပိုင်တွေက မာလီကို ကာကွယ်တဲ့ အနေနဲ့  တခြားမြို့ကသွင်းလာတဲ့ သီဟိုဠ်စေ့တွေ        အပေါ်မှာ အခွန်စည်းကြပ်လိုက်တယ်။       
စက်ရုံပိုင်ရှင် ဂျိုးကတော့ တခြားမြို့က သွင်းလာတာပဲ လိုချင်တယ်။
မာလီ ပစ္စည်းတွေက သူတို့လောက်မှ အရည်အသွေးမကောင်းပဲ။ ဈေးချိုချိုနဲ့အရသာ ရှိတဲ့ ကုန်ချောတွေကို ၀ယ်ယူနေတဲ့မြို့ သားတွေကလည်း အရင်ဈေးထက် ပိုမပေးချင်ကြဘူး။       
ဒါပေမယ့် နောက်ဆုံးရလဒ်က မာလီ လည်း ပိုက်ဆံများများ မရလိုက်သလို ဂျိုးစက်ရုံလည်း ပြုတ်သွားခဲ့တယ်။       
ဘာလို့လဲဆိုတော့ ကုန်ကြမ်းစားရိတ် မြင့်လာတဲ့ 'ဂျိုး'စက်ရုံ ကြာရှည် အမြတ် နဲနဲနဲ့ မလည်ပတ်နိုင်တော့လို့ပါ။ နောက် ဘယ်သူမှ မတွေးမိတဲ့အချက်က ငွေမြန် မြန်ပေါ်ချင်တဲ့ မာလီရဲ့သီဟိုဠ်စေ့တွေကိုလည်း စီးပွားရေးသမားတစ်ဦးက ၀ယ်လိုက်တယ် ဆိုတာပါပဲ။
ဒီပုဂ္ဂိုလ်က ကုန်ကြမ်းတွေကို တခြားသီဟိုဠ်စေ့ မထွက်တဲ့မြို့တွေကို ရောင်းလိုက်တယ်လေ။ ဒီဖြစ်စဉ်မှာ စီးပွားရေးသမားတစ်ဦးပဲ အမြတ်ရသွားပါတယ်။       
ဒါကြောင့် ကုန်သွယ်မှုကို ကိုင်တွယ်တဲ့နေရာမှာ  ဖြစ်စဉ်ထဲမှာ ပါဝင်နေသူတွေအဖို့ အရှုံးနဲ့အမြတ် အခြေအနေ နှစ်မျိုး ဒွန်တွဲနေတတ် တယ် ဆိုတာပါပဲ။
ဒါပေမယ့် အရှုံးအနိုင်ဆိုတာ ပြိုင်ဆိုင်မှုကြောင့်ပဲ ဖြစ်လာတဲ့အတွက် ပြိုင်ဆိုင်မှု ရှိတဲ့ဈေးကွက်ဟာ စားသုံးသူကို ရွေး ချယ်ဖို့ အခွင့်အရေးပေးပါတယ်။       
အာဆီယံ စီးပွားရေးအဖွဲ့အစည်းမှာ မြန်မာအပါအ၀င် လာအို၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ် လေးနိုင်ငံကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့အစည်းက အထူး အခွင့်အရေး ပေးထားပါတယ်။
ဒီ လေး နိုင်ငံကို ကျန်နိုင်ငံများနည်းတူ လွပ်လပ်သော ကုန်သွယ်မှုနယ်မြေအဖြစ် သတ် မှတ်နိုင်ဖို့ အခွန်ပယ်ဖျက်၊ လျှော့ချပေးရ မယ့် နောက်ဆုံးအချိန်ကို ၂၀၁၅ ခုနှစ် အထိ သတ်မှတ်ပေးထားပါတယ်။       
မြန်မာနိုင်ငံအတွက် လွတ်လပ်သော ကုန်သွယ်မှု ဖွင့်ပေးဖို့ဟာ ဒီနေ့ကနေ ၂၀၁၅ အထိဆိုရင် ရက်ပေါင်း ၁,၄၀၀ တောင် မရှိတော့ ပါဘူး။        မြန်မာနိုင်ငံမှာ အခု အထူးစီးပွားရေး ဇုန်ဥပဒေကိုလည်း ဖွင့်ပေးလိုက်တဲ့အတွက် ပြည်ပက ၀င်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှု တွေနဲ့ ကုန်သွယ်မှုအတွက် ကြိုတင်ပြင်ဆင်နေပြီလို့ ထင်ပါတယ်လို့  ဖိလစ်ပိုင်သံအမတ် မစ္စမာရီယာဟယ် လင်အမ်ဘာဗာက ပြောပါတယ်။
"တကယ်တမ်းသာ ဖွင့်လိုက်ပြီဆိုရင် အခု ပြည်တွင်းစက်မှုလုပ်ငန်းက အခွန်နဲ့ ကာကွယ်ပေးထားတာ။ အကောက်ခွန်        များများ ကောက်ခြင်းဖြင့် ယှဉ်ပြိုင်လို့        မရအောင် လုပ်ထားတာ။         အဲဒါမတိုင်ခင် လုပ်ငန်းတွေဖွံ့ဖြိုးနေ ရမယ်။ သုံးလေးနှစ်အတွင်း လုပ်ငန်းတွေ ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာပါပဲ။ ဒီအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်)၀င်ငွေတွေ ရဖို့ လိုတယ်။ အဖွဲ့အစည်းပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုတွေ၊ ဘဏ္ဍာရေးမတည် ပေးမူတွေရှိဖို့ လိုပါတယ်။  "ဒီလိုမှ မယှဉ်ပြိုင်နိုင်ရင် အားလုံးက ပြိုလဲသွားမှာပဲ။ အဲဒီအတွက်ခေါင်းခဲ နေရတယ်"လို့ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ စီးပွားရေးအသင်းအဖွဲ့မှ ပညာရှင် ဒေါက်တာမောင်အောင်က ပြောပါတယ်။
"အက်ဖ်ဒီအေဟာ အကျိုးကျေးဇူး အားဖြင့် ရှိမယ်။ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားရှိတာကို ဒီဘက်ကလူတွေ သိဖို့        လိုတယ်။ အခုချိန်ကတည်းက ကြိုတင်        ပြင်ဆင်ပြီးတော့ ပြည်ပက လာနိုင်မယ့်        အခြေအနေကို စဉ်းစားထားရမယ်။        ဒါပေမယ့် ပြည်ပက ရင်းနှီးမြှုပ်နှံလာရင် နည်းပညာအခွင့်အလမ်းတွေ ပေါများလာမယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေ ပေါများလာမယ် မျှော်လင့်ပြီး ဘာမှမပြင်ရင်တော့ ရမှာမဟုတ်ဘူး။ အရင်တုန်းက ကုန်သွယ်မှုပုံစံက ကားတစ်စီးလုံးကို ထုတ်လုပ်ပြီး တင်ပို့တယ်။ အခုက နိုင်ငံ တွေက အစိတ်အပိုင်းတွေ ခွဲလုပ်ပြီး တခြားနိုင်ငံမှာ တပ်ဆင်တယ်။ ကုန်သွယ်မှုပုံစံ ပြောင်းလာတယ်။ ဒါကို ကြိုမြင်တတ်ရမယ်"လို့ စီးပွားရေးနှင့်        ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နောက်ပြီး တင်ပို့ရာမှာလည်း ကုန်ကြမ်းထက် ကုန်ပစ္စည်းအမျိုးအစား        တစ်ခုဖြစ်အောင် တန်ဖိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်မှသာ  အားသာချက်ရမယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အားသာချက်တွေက လုပ်သားခသက်သာပြီး ကုန်ကြမ်း ပစ္စည်း ပေါများပါတယ်။ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေ ပေါ်ထွက်ပြီးနောက်ပိုင်း ပြည် တွင်းမှာ ရင်းနှီးမြှပ်နှံဖို့  ဩစတြီးယား၊ ရုရှားစတဲ့ နိုင်ငံပေါင်း ရှစ်နိုင်ငံက လာရောက်လေ့လာခဲ့ပါတယ်။

Ref:myanmartimenews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!