Popular Posts!

Tuesday, January 8, 2019

အသားရောင်းသူ တစ်ဦးမှ ပွင့်ပွင့်လင်းလင်း ပြောဆိုဝန်ခံ ထားတာလေးပါ…


အသားရောင်းသူ တစ်ဦးမှာ ပွင့်ပွင့်လင်းလင်း ၀န်ခံပြောဆိုထားတာလေးပါ။ ဒီပုံမှာတွေ့ရတာကတော့ ၀က်သားထဲမှာ ကင်ဆာဖြစ်နေတဲ့အပိုင်းလေးပါ။ သူ အသားရောင်းခဲ့တာ နှစ်ပေါင်း ၃၀ ရှိပါပြီတဲ့… အသားထဲမှာ ဒီလို ကင်ဆာဖြစ်နေတဲ့အပိုင်းတွေ့ပေါင်းလဲ များနေပြီတဲ့…

တွေ့ရင်လဲ ကင်ဆာ ဖြစ်နေတဲ့အပိုင်းကိုဘဲ ဖြတ်ထုတ်လိုက်ပြီး ရောင်းလိုက်ပါသတဲ့… ဒီလို ဖြစ်နေတာကို မရောင်းသင့်ဘူးဆိုတဲ့ ဥပဒေတွေ ဘာမှမရှိပါဘူးတဲ့…ကျနော်လဲ စဉ်းစားမိပါတယ်… လူတွေမှာတောင် ကင်ဆာ ဖြစ်နှုန်းက ဒီလောက်ထိများနေတာ ကင်ဆာဖြစ်စေတဲ့ အစားအစာ အကုန်စားနေတဲ့…

ကျန်းမာရေးနဲ့ မညီညွတ်အောင် ကျွေးသမျှ အကုန်စားနေတဲ့… အသားတိုးဆေးတွေ ဓာတုဗေဒ ဆေးပစ္စည်းတွေ အစုံပါနေတဲ့ အစားအစာကို စားနေတဲ့ ၀က်​တွေမှာတော့ ကင်ဆာ ဖြစ်နှုန်းက လူတွေထက် ပိုများလိမ့်မယ်…

ဒီနိုင်ငံမှာဆိုလဲ အစားအသောက် စံချိန်စံညွှန်းကို ထိန်းပေးတဲ့စနစ်ကလဲ ကောင်းကောင်းမရှိတော့ ကိုယ်စားနေတဲ့ အသားတွေ အစားအသောက်တွေက အန္တရာယ်ကင်းရဲ့လားဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး… ဟိုတစ်နေ့ကလဲ တွေ့လိုက်ပါတယ်… တိရစ္ဆာန်တွေမှာ ကင်ဆာဖြစ်တာ တင်မကဘဲ တီဘီရောဂါ ဖြစ်နေတာတွေပါရှိပါတယ်…

ဒါတွေကိုလဲ ဒီလိုဘဲ ရောင်းနေကြပါသတဲ့…မြန်မာနိုင်ငံအနေနဲ့တော့ ကင်ဆာ ဖြစ်ပွားမှုအများဆုံး နိုင်ငံတွေထဲမှာ ပါနေတာလဲ မဆန်းပါဘူး… စားသောက်ဆိုင်တွေကြည့်လိုက်ပါ… အကင်ရောင်းတဲ့ဆိုင်က လူတွေ အများဆုံးပါ… မာလာဟင်းနဲ့တွဲတဲ့ တရုတ်အကင်ဆိုင်… ယိုးဒယားအကင်ဆိုင်…

ကိုးရီးယားအကင်ဆိုင်… လမ်းဘေးအကင်ဆိုင် စတာတွေ စုံစိနေပါတယ်… ကင်ဆာနဲ့ ဆက်စပ်မှုရှိနေတဲ့ အသားတွေထဲမှာ အဆိုးဆုံးက အသားအနီတွေပါ… အသားအနီတွေကတော့ နို့တိုက် သတ္တ၀ါတွေရဲ့ ကြွက်သားအနီပါဝင်တဲ့ အမဲသား၊ ၀က်သား၊ သိုးသား၊ ဆိတ်သား၊ မြင်းသား စတာတွေပါဝင်ပါတယ်…

နောက်တစ်ခုက ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေပါ… ဥပမာ ဆားနဲ့ နယ်ထားတဲ့ဝက်ပေါင်ခြောက်တွေ… မီးခိုး မှိုင်းတိုက်ထားတဲ့အသားခြောက်တွေ… ၀က်အူချောင်းတွေ… စည်သွတ်ဘူးထဲပါတဲ့အသားတွေ စတာတွေကလဲ ကင်ဆာဖြစ်ပွားမှုနှုန်းကို တိုးစေပါတယ်…

အသားတွေကို ချက်လုပ်တဲ့ ပုံစံကြောင့်လဲ ကင်ဆာ ဖြစ်စေတဲ့နှုန်းကို ပိုပြီး တိုးသွားစေပါတယ်… မီးအပူချိန်မြင့်မြင့်နဲ့ ချက်လုပ်တာတွေ ဥပမာ မီးနဲ့ တိုက်ရိုက်ကင်တာ… သံပြားပူပေါ်မှာ ကင်တာ စတာတွေဟာ Polycyclic aromatic hydrocarbons နဲ့ Heterocyclic aromatic amines ဆိုတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ပိုထွက်လာစေလို့ ကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေပါတယ်…

ဒီဟာတွေက အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေနဲ့ ဆက်စပ်မှု အများဆုံးရှိနေပါတယ်…ဒီလိုမျိုးလေ့လာတွေ့ရှိချက်တွေ ထွက်လာလို့ဘဲ တိုးတက်ပြီးတဲ့ နိုင်ငံတွေမှာတော့ အသားစားသုံးမှုတွေကို လျှော့ချပြီး သက်သတ်လွတ်စားသုံးသူတွေ ပိုမိုများလာတာတွေ့ရပါတယ်…

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ လူအများစုဟာ အစားအသောက်ရဲ့ အရသာကို ဦးစားပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုကိုတော့ သိပ်အလေးမထားကြသေးပါဘူး… အသားစားသည်ဖြစ်စေ မစားသည်ဖြစ်စေ အာဟာရဓာတ်မျှတဖို့နဲ့ ကျန်းမာတဲ့လူနေမှုပုံစံပြောင်းလဲပေးဖို့က အရေးကြီးဆုံးဖြစ်ပါတယ်…

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!