Popular Posts!
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ဒါက f lash drive s တွေနှင့် Window နှင့် MAC OSတွေကို တွဲသုံးချင်သူတွေတွက်ပါ... Format မတူတာကိုပြထားတာပါ.... NTFS vs FAT vs exFAT ...
-
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် " တူနှစ်ကိုယ် ကျင့်စဉ် " နှင့်ပက်သက်ပြီး " ဒလိုင် လားမား " အပေါ် ဆန့်ကျင် ကန့်ကွက်မှုမ...
-
ဤစာမျက်နှာတွင် ရေးသားထားသော ဆေးဝါးများအကြောင်းသည်သူနာပြု၊ ဆေးမှူး၊ ဆေးခန်းလက်ထောက်၊ လူထု-ကျန်းမာရေး-လုပ်သားများ အတွက်နှင့် ဆရာဝန်မှဆေးညွှန်းလ...
-
WHY... ....????? မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ? လောကကြီးမှာ အမျိုးသားတွေချည်းပဲ ဖောက်ပြန်တတ...
-
A lover knows only humility, he has no choice. He steals into your alley at night, he has no choice. He longs to kiss every lock of your hai...
Tuesday, May 3, 2011
လည်ချောင်းကင်ဆာ ဒုတိယအဖြစ်အများဆုံးဖြစ်နေ
သဲသဲထွေး
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁)
မြန်မာနိုင်ငံတွင် အဖြစ်များသည့်ရောဂါ များတွင် လည်ချောင်းကင်ဆာသည် နံပါတ်(၂)နေရာတွင် ရောက်ရှိနေပြီး လည်ချောင်း ကင်ဆာ အဖြစ်များလာရသည့် အဓိကအကြောင်းရင်းမှာ ဆေးလိပ်နှင့် အရက်များကို သုံးစွဲကြခြင်း ကြောင့်ဖြစ်သည်ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။
အဆိုပါလည်ချောင်းကင်ဆာတွင် အသံအိုးကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ နှင့် အစာမျိုပြွန်အ၀ကင်ဆာဆိုပြီး သုံးမျိုး ပါဝင်သည်။ "ဆေးလိပ်၊ အရက်တွေကြောင့် ရောဂါတွေဖြစ်တယ်လို့ သတိပေးနေ တာ ကြာနေပြီ။ ဒါပေမယ့် ဆေးလိပ်၊ အရက်တွေရဲ့ ဆွဲဆောင်မှုအားကလည်း များတယ်ဆိုတော့ သိတာ သိတယ်လိုက်မလုပ်ကြဘူး" ဟု ၎င်းက ပြောသည်။
အသံအိုးကင်ဆာသည် အမျိုးသား များတွင် အဖြစ်များပြီး အစာမျိုပြွန်အ၀ ကင်ဆာမှာ အမျိုးသမီးများတွင် အဖြစ် များကြောင်း သိရသည်။
သို့သော်လည်း လည်ချောင်းဆရာ ၀န်များထံသို့ ရောက်လာသော လူနာ များမှာ ရောဂါဖြစ်ပြီး နောက်ကျမှသာ ရောက်လာလေ့ရှိပြီး စောလာသည့် လူနာမှာ အလွန်နည်းသည်ဟုဆိုသည်။
မည်သူမဆို အသံဝင်တာ သုံးပတ် ထက်ကြာလျှင်၊ အသက် ၄၀ အထက် အမျိုးသားများ လည်ပင်းတွင် တစ် စင်တီမီတာထက်ကြီး သည့် အကျိတ် ဖြစ်ပြီဆိုပါက နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် ကင်ဆာရှိမရှိ သေချာအောင် စစ်ဆေးရမည်ဟု ဒေါက်တာ ၀င်းထိုက်ကြည်က အကြံပြု ပြောကြားသည်။
"လည်ပင်းအကျိတ်ထွက်တဲ့အခါ တစ်စင်တီမီတာထက်ကြီးရင် စုတ်ထိုး တာ၊ အနာပေါက်ဆေးတွေ လိမ်းတာ တွေ မလုပ်ပါနဲ့။ အဲဒီလိုလုပ်တဲ့အတွက် ရိုးရိုးအနာဆိုရင်တော့ ပျောက်ရင် ပျောက်မယ်။ ကင်ဆာဆိုရင်တော့ မပျောက်ပါဘူး။ "လည်ပင်းမှာ အကျိတ်ဖြစ်ပြီဆိုရင် ရိုးရိုးအကျိတ်လား၊ ကင်ဆာလားဆို တာ ကွဲကွဲပြားပြားသိအောင် လုပ်ရ မယ်။ ရိုးရိုးအကျိတ်ဆိုရင် ကိစ္စမရှိပေ မယ့် ကင်ဆာဆိုရင်ရောဂါကို သွားဆွ သလိုဖြစ်ပြီး ပိုဆိုးသွားတတ်တယ်။ "ရောဂါဖြစ်နေတဲ့သူတွေလည်း ဆရာဝန်က လိုအပ်လို့ ခွဲမကုဘဲနဲ့ ဓာတ် ရောင်ခြည်နဲ့ကုတဲ့အခါ တခြားသူ တွေပြောတဲ့ စကားတွေကို နားမယောင် ပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာပါ"ဟု ၎င်းက ဆိုသည်။
အသံအိုးကင်ဆာဖြစ်ပြီဆိုပါက အစားအသောက်ပျက်ခြင်း၊ ဖျားနာခြင်း စသည့် သံသယဖြစ်စရာ လက္ခဏာများ ဖြစ်ပေါ်ခြင်းမရှိဘဲ အသံဝင်သည့် လက္ခဏာသာဖြစ်ပေါ်ကာ နှစ်ပတ်၊ သုံးပတ် ဆက်တိုက် အသံဝင်တတ်ပြီး ပြန်မကောင်းတော့ဟု သိရသည်။
"အသံအိုးကင်ဆာ အဆင့်နိမ့်တယ် ဆိုရင် အသံဝင်တာပဲရှိတယ်။ ရောဂါနု တုန်းမှာ ဘာလက္ခဏာမှမရှိဘူး။ အဲဒီ အချိန်မှာလာပြရင် ၁၀၀ ရာခိုင်နှုန်း နီးနီး ကုလို့ပျောက်တယ်။ ပုံမှန် အအေး မိ၊ နှာစေး၊ ချောင်းဆိုးဆိုရင် တစ်ပတ် အတွင်း ပြန်ကောင်းတယ်။ "အသံဝင်တာက လူတိုင်းဖြစ်နေကျ ဆိုတော့ ဒီလက္ခဏာတွေက ကင်ဆာ ဖြစ်ဖို့ ရောဂါလက္ခဏာဆိုတာကို လူတိုင်းသိပ်မသိကြဘူး။ အရေးကြီးဆုံး အချက်က ဘာကြောင့်ပဲအသံဝင်ဝင် နှစ်ပတ်သုံးပတ်ထက် ပိုကြာရင် ကင်ဆာဟုတ်မဟုတ် စစ်ဆေးသင့် တယ်" ဟု ဒေါက်တာဝင်း ထိုက်ကြည်က ပြောသည်။
အသံအိုးကင်ဆာ ဖြစ်ပြီဆိုပါက အသံဝင်သည့်ရက်ကြာသည်နှင့်အမျှ ကင်ဆာလုံးကကြီးကြီးလာပြီး အသက်ရှူသည့်အခါ အသက်ရှူကျပ်လာကြောင်း၊ နောက်ပိုင်းတွင် အသက်ရှူသည့်အခါ ရှူး..ရှူး ဆိုသည့်အသံများ မြည်လာသည်။
ယင်းသို့ဖြစ်ပေါ်လာပါက အသက်ရှူရန်အတွက် လည်ပင်းတွင် အပေါက်ဖောက်ရကြောင်း သိရသည်။
အဖြစ်အများဆုံးရောဂါများတွင် အဆုတ်ကင်ဆာသည် နံပါတ်(၁)နေရာတွင်ရှိပြီး နံပါတ်(၃)နေရာတွင်ရှိသည့် အစာအိမ်ကင်ဆာသည် ဆေးလိပ်ကြောင့်ဖြစ်သည့်ရောဂါဖြစ်သည်။
Ref:Myanmartimenews
Subscribe to:
Post Comments (Atom)

No comments:
Post a Comment