Popular Posts!

Tuesday, May 17, 2011

Hypertension
or High Blood Pressure သွေးတိုးရောဂါ


သွေးတိုးရှိနေသူပေါင်း တကမ္ဘာလုံးမှာ ၁ ဘီလီယမ် လောက်တောင်မှ ရှိနိုင်တယ်။ သွေးလွှတ်ကြောထဲမှာ ဖိအားတွေ များနေတာကို
ခေါ်ပါတယ်။

သွေးဖိအား တိုင်းတဲ့ ကရိယာကို
Sphygmomanometer လို့ခေါ်တယ်။ နာမယ်က ရှည်လို့ ဆရာဝန်-ဆရာမတွေက အဲလို မခေါ်ကြဘူး။ BP
cuff (Blood Pressure cuff) လို့သာ ပြောကြတယ်။ “သွေးဖိအားတိုင်း-ကရိယာ
သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါ” ထဲမှာ (ဒစ်ဂျစ်တယ်လ်) ကရိယာအကြောင်း ရေးခဲ့တယ်။
“သမားရိုးကျ” ဆိုတာ ဒီနေရာ မှန်နေတယ်။ သမားတွေ သုံးနေကျက ပြဒါးနဲ့ ကရိယာပါ။ ဖတ်ရတဲ့
ဂဏန်းကို mmHg (မီလီမီတာ-မာကြူရီ) နဲ့ ရေးမှတ်ရတာကလဲ အထဲမှာ ပြဒါးပါလို့
ဖြစ်ပါတယ်။

ကရိယာရဲ့ လက်မောင်းပတ်၊ အထဲက ရာဘာအိတ် ပါတဲ့ အဝတ်စကို လက်မောင်း
တဖက်ဖက်မှာ သေသေ ခြာခြာပတ်ပါ၊ အဲဒီ လက်မောင်း အတွင်းဘက်က သွေးလွှတ်ကြောကို ထိထိမိမိ
ဖုံးနေစေရမယ်။ လက်ဖြန်နေရာကို နားကြပ်နှင့် နားထောင်နိုင်ဘို့ နေရာချန် ပေးထားရမယ်။
ကရိယာဟာ လူနာရဲ့ နှလုံးနေရာနဲ့ ရေပြင်ညီ တတန်းတည်း ထားပြီး တိုင်းရတယ်။ မတိုင်းခင်
လူနာကို စိတ်အေးလက်သာ ရှိစေဘို့ အာရုံပြောင်းပေးတာမျိုး လုပ်သင့်တယ်။ “စီးပွါးရေး
အဆင်ပြေလား” တော့ မမေးနဲ့ပေါ့။

သွေးဖိအားအဖြေမှာ အထက်ဂဏန်းနဲ့
အောက်ဂဏန်းဆိုပြီး ရှိတယ်။ အထက်ဂဏန်းဆိုတာ နှလုံးက သွေးတွေကို
ညှစ်ထုတ်လိုက်ချိန်မှာ ရှိနေတဲ့ သွေးလွှတ်ကြောထဲရှိတဲ့ ဖိအားဖြစ်ပြီး၊
အောက်ဂဏန်းကတော့ သာမန်အချိန်မှာ ရှိနေတဲ့ ဖိအားဖြစ်တယ်။ သွေးဖိအားကို ၅ မိနစ်ခြား ၂
ခါတိုင်းတာ ကောင်းတယ်။
• ပုံမှန် = အပေါ်ဂဏန်း ၁၂ဝ နဲ့အောက်၊ အောက်ဂဏန်း ၈ဝ
နဲ့အောက်၊
• သွေးတိုး ရှိချင်သလို အဆင့် = အပေါ်ဂဏန်း ၁၂ဝ-၁၃၉၊ အောက်ဂဏန်း
၈ဝ-၈၉၊
• သွေးတိုး အဆင့် (၁) = အပေါ်ဂဏန်း ၁၄ဝ-၁၅၉ အောက်၊ အောက်ဂဏန်း ၉ဝ-၉၉၊

သွေးတိုး အဆင့် (၂) = အပေါ်ဂဏန်း ၁၆ဝ နဲ့အထက်၊ အောက်ဂဏန်း ၁ဝဝ
နဲ့အထက်။

သွေးတိုးရောဂါ နှစ်မျိုးရှိပါတယ်။ ၉ဝ-၉၅% မှာ အကြောင်းရင်း
တိတိကျကျ မသိရဘဲ ဖြစ်တယ်။ Essential hypertension လို့ ခေါ်တယ်။ Secondary
hypertension ခေါ် အမျိုးအစားမှာတော့ ကျောက်ကပ်ရောဂါ၊ သွေးလွှတ်ကြောမကြီး ရောဂါ၊
ကျောက်ကပ် အထက်မှာရှိတဲ့ (အဒြီနယ်လ်-ဂလင်း) ရောဂါတွေကြောင့် ဖြစ်ရတယ်။ NSAIDs
အနာ-အကိုက်ပျောက်ဆေး နဲ့ Steroids စတီရွိုက်-ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။
ကိုယ်ဝန်ဆောင် ၁ဝ% မှာလဲ ဖြစ်တတ်တယ်။ Sleep apnea အအိပ်ပျက်ရင်လည်း ဖြစ်တတ်တယ်။


ရောဂါ-လက္ခဏာတွေ
ဘာလက္ခဏာမှ မပြသူက ပိုများတယ်။ ခေါင်းမူး၊ ခေါင်းကိုက်
မျက်စိဝါး၊ အန်တာ ဖြစ်နိုင်တယ်။ သွေးထဲမှာ Seruam Creatinine များနေတာကို
စမ်းတွေ့ရမယ်။ ဆီးထဲမှာလဲ Albumin (ပရိုတင်း) ပါနေနိုင်တယ်။ အသက် ၄ဝ-၇ဝ နှစ်ကြား
လူတွေ အထက်သွေး ၂ဝ တိုးတိုင်း၊ အောက်သွေး ၁ဝ တိုးတိုင်း နှလုံး-သွေးကြောရောဂါ
ဖြစ်စရာ ၂ ဆတိုးလာတယ်။

သွေးတိုးရဲ့ နောက်ဆက်တွဲ ရောဂါတွေ
• နာတာရှည်
သွေးတိုး ဖြစ်လာရင်၊ သွေးလွှတ်ကြောလေးတွေရဲ့နံရံ ထူ-မာလာမယ်၊ နှလုံးသွား Coronary
artery သွေးလွှတ်ကြော ကျဉ်းလို့ Myocardial infarction
နှလုံးသွေးကြောကျဉ်း-ပိတ်နိုင်တယ်၊ အဲလိုဖြစ်လို့ Chest pain ရင်ပတ် အလွန်နာတာကို
Heart attack ရတယ်လို့ ခေါ်တယ်။
• အလုပ်ပိုလုပ်ရလို့ နှလုံးကြီးလာမယ်။ Diastolic
dysfunction, CHF, Cardiac arrhythmias နှလုံးရောဂါ တခုခု ဖြစ်နိုင်တယ်၊ ၂၅% မှာ
ECG နဲ့ သိနိုင်တဲ့ Left ventricular hypertrophy နှလုံးဘယ်ဘက် အောက်ခန်းကြီးတာ
ဖြစ်တတ်တယ်။
• ဦးနှောက် သွေးကြောကျဉ်း-ပိတ်-သွေးယိုလို့ ဦးနှောက် အလုပ်
မလုပ်နိုင်တော့ဘဲ Paralysis လေဖြတ်တာကို Stroke ရတယ်လို့ ခေါ်တယ်။ ၈၅% က
သွေးလွှတ်ကြောလေးတွေ ကျဉ်းပြီးဖြစ်ရတယ်။ ၁၅%က သွေးယိုလို့ ဖြစ်ရတယ်။
• Cognitive
impairment and Dementia မှတ်ဥာဏ်ချို့တဲ့မှုလဲ ဖြစ်နိုင်တယ်။
• မျက်စိထဲက
အရုပ်ထင်တဲ့နေရာ Retina သွားတဲ့ သွေးလွှတ်ကြောတွေကို ထိခိုက်နိုင်တယ်။

ကျောက်ကပ်-ရောဂါ ဝင်လာနိုင်တယ်။
• ခြေဖျား-လက်ဖျား သွေးမလျှောက်လို့ Gangrene
အနာဖြစ်တတ်တယ်။

သွေးတိုး-ရောဂါကို ဘယ်လို ကုမလဲ
ဆရာဝန်တွေက
အတော်ညံ့ကြတယ်။ ပျောက်အောင် မလုပ်နိုင်သေးပါ။ သွေးတိုးရှိ-မရှိ စောစောစီးစီး သိရင်
ကောင်းတယ်။ နောက်ဆက် ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မယ်။ သွေးကျဆေး
အမျိုးမျိုးရှိတယ်။ အလွန် အရေးပါတာ အစားအစာ။ ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ ဝတာတွေက
ပိုဆိုးစေသည်။ လေ့ကျင့်ခန်း လုပ်ရင် သက်သာမယ်။

Antihypertensive သွေးကျဆေး
အမျိုးမျိုး
1. Diuretics ဆီးသွားစေတဲ့ဆေး အုပ်စု၊ Hydrochlorothiazide, Lasix,
Torsemide, Triamterene, Hydrochlorothiazide, Metolazone
2. Beta-blockers
(ဘီတာ-ဘလော့ကား) အုပ်စု၊ Atenolol, Propranolol, Metoprolol, Nadolol, Betaxolol,
Acebutolol, Pindolol, Bisoprolol
3. ACE inhibitors (အေစီအီး-အင်ဟဘစ်တာ)
အုပ်စု၊ Enalapril, Captopril, Lisinopril, Benazepril, Quinapril, Perindopril,
Ramipril, Trandolapril, Fosinopril, Moexipril
4. Angiotensin receptor blocker
(ARB) (အေအာရ်ဘီ) အုပ်စု၊ Losartan, Irbesartan, Valsartan, Candesartan,
Olmesartan, Telmisartan, Eprosartan
5. Calcium channel blockers (CCBs)
(စီစီဘီ) အုပ်စု၊ Amlodipine, Sustained release Nifedipine, Felodipine,
Nisoldipine
6. Alpha-blockers (အာလ်ဖါ-ဘလော့ကား) အုပ်စု၊ Clonidine


သွေးကျဆေး တမျိုးမက ရောပေးပါမယ်။
• နှလုံးမကောင်းရင်၊ ကျောက်ကပ်မကောင်းရင်၊
နှလုံးသွေးကြော ကျဉ်းနေရင်၊ (ACE) inhibitors or (ARB) ဆေးတွေကို သုံးသင့်တယ်။

နှလုံးခုန် မြန်နေသူများနေသူတွေကို Beta-blockers ဆေးတွေကို သုံးသင့်တယ်။

ကိုယ်ရောင်နေရင် Diuretics ဆီးသွားစေတဲ့ ဆေးတွေပါပေးရမယ်။
• ကိုယ်ဝန်
သွေးဆိပ်တက်ရောဂါ Preeclampsia (PET) or Eclampsia ဖြစ်နေရင် Beta-blockers,
Hydralazine, Labetalol, Alpha Methyldopa, Calcium Channel Blockers တွေ
ပေးနိုင်တယ်။ ACE inhibitors, ARB drugs, and Diuretics တွေကို မပေးရပါ။

သွေးတိုး များလွန်းနေရင် (ACE) inhibitors, (ARB), Beta-blockers, Diuretic,
Calcium Channel Blockers, Alpha-blockers, Clonidine, Minoxidil, Vasopeptidase
blocker တွေကို ပေးနိုင်တယ်။
• အရေးပေါ်အခြေအနေမှာ Sodium Nitroprusside နဲ့
Labetalol ထိုးဆေး ထိုးပေးနိုင်တယ်။

သွေးတိုးနဲ့ အစားအစာ
• “အစားမတော်
တလုပ်” ဆိုတာ ဒီနေရာမှာလဲ မှန်တယ်။ Dietary Approaches to Stop Hypertension (DASH)
ဆိုတဲ့နည်းကို အမေရိကားမှာ ဆရာဝန်တွေက ညွှန်းတယ်။
o
ဆန်-ဂျုံ-ပြောင်း-ပြောင်းဖူး-ဘာလီ-ရိုင်းစပါး-အုတ်စပါး စတဲ့ အနှံတွေကို
ဖွေးဖြူသွားတဲ့အထိ မဖွပ်သေးဘဲ စားသုံးတာ ပိုကောင်းတယ်။ ဒီအစေ့တွေကို ဖွပ်လိုက်ရင်
အစိတ်အပိုင်း ၂ မျိုးက မရှိတော့ဘူး၊
o Poultry ကြက်သား၊ Fish ငါး၊ နဲ့ Nuts
အစေ့အဆံတွေကို အစားခိုင်းပြီး၊
o Fats အဆီ၊ Red meats အမဲသား-ဝက်သား-ဆိတ်သား၊
Sweets အချိုတွေနဲ့ Sugared beverages သကြားပါ သောက်စရာတွေကို လျှော့စေတယ်။

လူအများစားသုံးကြတဲ့ ကြံကထုတ်တဲ့ Sucrose သကြားမျိုးက ဘာလို့လဲ မပြောနိုင်ပေမဲ့
သွေးတိုးစေတယ်။
• Fiber (ဖိုင်ဘာ) ခေါ်တဲ့ အမျှဉ်ပါတဲ့ အစာတွေကို ညွှန်းတယ်။
စာကြော်ငြာရအုံးမယ် “Nutrition အာဟာရ” ကို တွဲဖတ်ပါ။
• “ဆားမပါမပြီး” လို့
ဆိုရပေမဲ့ “ဆားစားရင် သွေးတိုးများတယ်”။ ဆား Salt ဆိုတာ Sodium (ဆိုဒီယမ်) ဖြစ်တယ်။

• ဆားစားများတဲ့ လူမျိုးတွေမှာ သွေးတိုး ပိုဖြစ်တယ်။ ဂျပန်၊ အမေရိကန်တွေမှာ
များတယ်။ တဦးချင်း စားသုံးမှု နည်းတဲ့ အာဖရိကမယ်နေတဲ့ လူမဲတွေမှာ နည်းတယ်။
အမေရိကားနေတဲ့ လူမဲတွေက အဲလိုမဟုတ်ဘူး။
• NIH ကနေ သတ်မှတ်ပေးထားတဲ့ တနေ့တာ
စားရမဲ့ ဆားပမာဏဟာ 2,400 mg ထက် မပိုသင့်ပါတဲ့။ အိမ်သုံးဆားမှာ (ဆိုဒီယမ်) ၄ဝ%
ပါတယ်။ အကြမ်းဖျင်းပြောရရင် ပါးစပ်ထဲဝင်သမျှ အစာ-အရည်တွေထဲမှာ တနေ့ကို ဆား
လက်ဖက်ရည်-ဇွန်းလေး တဇွန်းစာသာ ပါပါစေ။
• သုတေသန လုပ်တော့ တနေ့ကို ဆား 1,500 mg
သာ စားသူတွေမှာ အကျိုးရှိတာ တွေ့ရတယ်။
• Diet Therapy for Hypertension
“အစာအာဟာရနည်းနဲ့ ကုသလို့ သွေးတိုးမဖြစ်”၊ “သွေးဆိုး ရှိနေရင်လဲ သက်သာတယ်”။
o
Celery (Apium graveolens) တရုတ်နံနံ၊
o Garlic (Allium sativum) ကြက်သွန်ဖြူ၊

o Onion (Allium cepa) ကြက်သွန်နီ၊
o Tomato (Lycopersicon lycopersicum)
ခရမ်းချဉ်၊
o Broccoli (Brassica oleracea) မုံလာပွင့်စိမ်း၊
o Carrot
(Daucus carota) မုံလာဥနီ၊
o Saffron (Crocus sativus) နနွင်း၊
o Fennel
စမုန်နက်၊ Oregano တောရုံး၊ Black pepper ငရုတ်ကောင်း၊ Basil ပင်စိမ်း၊

ဝယ်စားတဲ့အစာတွေထဲမှာ ဆားဘယ်လောက် ပါတယ်ဆိုတာ သတိထား ဆင်ခြင်-ရှောင်ကြဉ်ပါ၊
အသင့်ဝယ်ရတဲ့ အစားအစာ၊ သွားရည်စာတွေ ရှောင်ပါ။
• ချက်-ပြုတ်-ကျော်-လှာ်ပြီးသာ
အစားထဲ ဆား ထပ်မထည့်ပါနဲ့။ အိန္ဒိယား၊ မီဇိုးနဲ့ ချင်းလူမျိုးတွေ ဆားပန်းကန်
တည်တဲ့အလေ့ ရှိကြတယ်။ သွေးတိုးရောဂါ ဆိုးစေနိုင်တယ်။
• ဗမာကြိုက်
ငါးပိ-ငံပြာရည်-ငါးခြောက်-ပုဇွန်ခြောက်၊ တရုတ်လက်စွဲ ပဲငံပြာရည်၊ (ဆိုယာ-ဆော့စ်)၊
ဗိုလ်သုံး (ဘာဘီကျူး-ဆော့စ်)၊ လျှော့ပါ။
• အချဉ်တည်ထားတာ မစားပါနဲ့၊
ဆားသုံး-အခြောက်လှမ်းအစာ မတည့်ပါ။
• ဟင်းချိုမှုံ့ Monosodium glutamate (MSG)
မှာ (ဆိုဒီယမ်) ပါလို့ မသင့်ပါ။
• ဆားတခုထဲ လျှော့တာနဲ့ မရသေးပါ။ (ပိုတက်ဆီယမ်)
များဘို့ လိုသေးတယ်။ Potassium acetate, Potassium bicarbonate, Potassium citrate,
Potassium chloride, Potassium gluconate နာမယ်နဲ့ ဆေး သောက်ပါ၊ ငါး၊ ပင်လယ်စာ၊
Citrus fruits ချဉ်တဲ့အသီး၊ Apples ပန်းသီး၊ Bananas ငှက်ပျောသီး တွေနဲ့ Broccoli
မုံလာပွင့်စိမ်း၊ Peas ပဲ၊ Lima beans ပဲသီး၊ Tomatoes ခရမ်းချဉ်၊ Potatoes skins
အခွံပပါအာလူး၊ Spinach ဟင်းနုနွယ်ရွက်၊ Lettuce မုံညင်းဖြူတွေမှာ များများပါတယ်။
ကလေးတွေမှာ (ပိုတက်ဆီယမ်) တနေ့ 780-1,600 mg နဲ့ လူကြီးတွေမှာ 1,600-2,000 mg
လိုတယ်။
• Omega-3 fatty acids က အကျိုးများစေတယ်။
• Calcium (800-1,200 mg)
ဒါမှမဟုတ် Magnesium (300 mg) သောက်ပါ။
• သွေးတိုး အစာအာဟာရ ဥပဒေသ
o S
သုံးလုံး-ဥပဒေသ မှတ်ပါ။ Saturated fat, Sugar and Salt တွေ နည်းရမယ်။
o
Saturated fat အဆီအမျိုးအစား များဆဲ့အစာအစာတွေ = Cream မလိုင်၊ Cheese ဒိတ်ခဲ၊
Butter ထောပတ်၊ Ghee ဂီး၊ Coconut oil စားအုံးဆီ၊ Cottonseed oil ဝါစေ့ဆီ၊
Chocolate ချော့ကလက်၊
o (ကယ်လိုရီ) + ကိုယ်အလေးချိန် + အဆီတွေဟာ သွေးတိုးအတွက်
မကောင်းပါ။
o (ဆိုဒီယမ်) များတာ လုံးဝမကောင်းပါ။
o (ပိုတက်ဆီယမ်) များတာ
ကောင်းတယ်။
o (ကယ်လ်ဆီယမ်) နည်းတာ မကောင်းပါ။

Exercise and Hypertension
သွေးတိုးသမားတွေအတွက် လေ့ကျင့်ခန်း
1. သွေးပူ-လေ့ကျင့်ခန်း ၅-၁ဝ မိနစ်
နဲ့စပါ။
2. (ယောဂ) ဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ် လုပ်ပါ။
3.
အများဆုံး-နှလုံးခုန်နှုန်း ရဲ့ ၈ဝ% ထက် မပိုသင့်ပါ။ ၂၂ဝ ထဲကနေ ကိုယ့်အသက်ကို
နုတ်ရင် MHR ရတယ်။ (MHR = 220 – Age)
4. ကိုယ့်အလေးချိန်ကနေ ဖိစီးတဲ့
လေ့ကျင့်နည်းမျိုး မလုပ်သင့်ပါ။ အများအားဖြင့် လူတွေက ဝကြလို့ပါ။
5. တခါလုပ်ရင်
၂ဝ-၃ဝ မိနစ် ကြာသင့်တယ်။ ၇ ရက်တပါတ်မှ ၄ ရက်လုပ်သင့်တယ်။ ပြီးရင် ၅-၁ဝ မိနစ်
နားလိုက်ပါ။
6. အလေးချိန်-လျှော့နည်း လုပ်နေတုံးမှာ အသက်ရှူ အောင့်ထားတာမျိုး
မလုပ်ပါနဲ့။

မနေ့က ဆေးခန်းမှာ ဆီးချိုရှိသူတွေ အမြဲလိုက်နာဘို့
ဆောင်ရန်-ရှောင်ရန်တွေ ဗမာလို တမျက်နှာရေးပြီး၊ ကော်ပီ ၅ ရွက် ယူသွားတာ တရက်ထဲ
ကုန်သွားရော။ အဲလိုစာမျိုး သွေးတိုးအတွက် ဆိုရင်တော့ ၅ ဆမက ယူသွားရမယ် ထင်တယ်။


သွေးတိုး သက်သာအောင် ငန်-ချို-ဆီ ရှောင်ပါ။

Dr. တင့်ဆွေ-medicaleducation.blogspot
၂၆-၁-၂ဝ၁၁

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!