Popular Posts!

Sunday, May 8, 2011

နှစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စီးပွားရေးအချက်အချာကျသောမြေများ သိသာစွာဈေးမြင့်

အေးသီတာကျော်
      အတွဲ ၂၆ ၊  အမှတ် ၅၁၆   (၆ - ၁၂ ၊ ၅ ၊ ၂၀၁၁)

ရန်ကုန်မြို့တွင်း စီးပွားရေးအချက် အချာကျသောနေရာများ၏ တန်ဖိုး နှင့် ၀ယ်လိုအားသည် နှစ်နှစ်တာကာလအတွင်း သိသာစွာမြင့်တက်လာ ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်း အသိုင်းအ၀ိုင်းကဆိုသည်။
စီးပွားရေး အချက်အချာကျသော နေရာများဖြစ်သည့် ရန်ကုန်တိုင်းဒေသ        ကြီးအတွင်းရှိ  အဓိကလမ်းမများပေါ်ရှိ        ခြံမြေဈေးနှုန်းများမှာ ၂၀၁၀ မှ ၂၀၁၁ ခုနှစ်        တွင် အမြင့်ဆုံးတက်သွားခဲ့သည်။       
ဈေးတက်သည့် နှုန်းထားများတွင် ယေဘုယျအားဖြင့် နေရာအတော်များ များ၌ ၂၀ မှ ၄၀ ရာခိုင်နှုန်းအထိဖြစ်သော်လည်း အချို့နေရာများတွင်မူ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်ခန့်နှင့်ယှဉ်လျှင် ၈၅ ရာခိုင်နှုန်းအထိ တက်ခဲ့ ခြင်းဖြစ်ကြောင်း ယူနတီအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း၏ မန်နေဂျာ ဦးဇော်ဇော်ကပြောသည်။
ရန်ကုန်၏ အဓိကလမ်းမများ ဖြစ်သည့် ပြည်လမ်းနှင့်  ကမ္ဘာအေးဘုရား        လမ်းတို့ရှိ အိမ်ခြံမြေများမှာ မြို့တွင်းနှင့် နီးလေ ဈေးပိုပေးရလေ ဖြစ်ကြောင်း၊ ထိုနေရာများတွင် ၈၀ ရာခိုင်နှုန်းနှင့်        အထက် ဈေးသိသာစွာ မြင့်တက်လာပြီး ယခင်က တစ်ပေပတ်လည်လျှင်        ကျပ် ၂၀၀,၀၀၀ နှင့် ၂၅၀,၀၀၀ ခန့်မှ ယခု        အခါ ကျပ် ၄၀၀,၀၀၀ နှင့် ၅၀၀,၀၀၀ အထိ ဈေးတက်လာခဲ့ကြောင်း ဈေး ကွက်အတွင်းမှ သိရသည်။       
ထို့ကြောင့် ဈေးနှုန်းနှင့် ၀ယ်လိုအားမှာ လွန်ခဲ့သော လေးငါးနှစ်ခန့်နှင့်        ယှဉ်လျှင် သိသာစွာ မြင့်တက်လာကြောင်း လေ့လာတွေ့ရှိ ရသည်။
"မြေဆိုရင် စီးပွားရေးလုပ်လို့ကောင်း တဲ့ မြို့ထဲနဲ့နီးတဲ့နေရာတွေ ဈေးကောင်း လာတယ်။ မြို့သစ်ဘက်တွေတောင် ဈေးတက် သွားတယ်။ အဓိကစီးပွားရေး        အချက်အချာကျတဲ့ နေရာဆိုတာကတော့ သွားလာရလွယ်မယ်၊  မြစ်ကူးချောင်းကူးမဖြစ်တဲ့ နေရာတွေပေါ့" ဟု ဦးဇော်ဇော်ကပြောသည်။       
မလေးရှား၊ ဗီယက်နမ်စသည့် နိုင်ငံ တို့မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းမှာလည်း အိမ်ခြံမြေ ဈေးနှုန်းနှင့် ၀ယ်လို အားအပေါ် အကျိုး        သက်ရောက်မှု ရှိလာခဲ့သည်။
"ပြည်ပက ၀င်လာတဲ့ တိုက်ရိုက်ရင်း        နှီးမြှုပ်နှံမှုတွေ အပေါ်ကြိုမြင်ပြီးတော့လည်း ဈေးတက်တယ်။ ပြည်တွင်းကို        လာရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသားက မြေ၀ယ်ခွင့်မရတဲ့အတွက် မြေငှားမယ်။ ငှားဈေးတက်လာတဲ့အခါကျရင် ၀ယ် ဈေးလည်းတက်မယ်။ လူတွေကငွေတိုး နဲ့ တွက်ကြတာ ဘဏ်မှာထားတာထက် ဒီဘက်မှာ ရင်းနှီးလိုက်တာက        အကောင်းဆုံးအနေအထားပဲဆိုတာကို"ဟု ဦးဇော်ဇော် ပြောသည်။       
ယခုနှစ်များအတွင်း စီးပွားရေးလုပ် ငန်းလုပ်ရန် မြေနေရာကျယ်ကျယ်        လိုအပ်သူများက မြို့တွင်းနှင့်အနီး        တစ်ဝိုက်တွင် ၀ယ်ယူရန် ငွေကြေးမနိုင်        သောကြောင့် ဆင်ခြေဖုံးရှိမြေဧကကျယ် များကို ၀ယ်ယူလာရာ ထိုနေရာများ        သည်လည်း ဈေးကောင်းလာခဲ့သည်။       
မြို့စွန်ကျသည့် နေရာများတွင် တစ်ခု အပါအ၀င်ဖြစ်သော ပုလဲမြို့သစ်ရှိ အမှတ် ၃ လမ်းမကြီးမှာ နေပြည်တော်၊ ပဲခူးသို့သွားသော လမ်းများနှင့်တစ်ဆက်တည်းဖြစ်ပြီး ဓာတ်ဆီဆိုင်၊ ငါးကန်နှင့် ကားဝင်းအစရှိသည့် စီးပွားရေးလုပ်လို သူများက ဧကကျယ်ဝန်းသော မြေကွက် များစွာ ၀ယ်ယူလာခြင်းကြောင့် ဈေးမြင့်        တက်လာခဲ့သည်။
ထိုနေရာများတွင် ပေ ၁၀၀ နှင့် ၂၀၀        ပတ်လည် မြေကွက်တစ်ကွက်လျှင်        မူလက ကျပ်သိန်း ၁,၀၀၀ နှင့် ၂,၀၀၀        ကြားမှ သိန်း ၂,၅၀၀ နှင့် ၃,၀၀၀ အထိ        ဈေးမြင့်သွားကြောင်း အိမ်ခြံမြေအကျိုး        ဆောင်များမှ သိရသည်။
ထို့ပြင် တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံအစရှိသည့် အိမ်ရာစီမံကိန်းများ နှင့်နီးစပ်သော မြေနေရာများမှာ ယခင်ကမဖွံ့ဖြိုးသော်လည်း  စိတ်ဝင်စား သူများလာသောကြောင့် တန်ဖိုးမြင့် တက်လာကြောင်း (မြ)ပန်းသခင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးမင်းမင်းစိုးကပြောသည်။
"အိမ်ခြံမြေက ရွှေတို့ကားတို့လို ငွေ ဖော်ရမလွယ်တာတစ်ခုပဲ။ အရှုံးမရှိဘူး" ဟု သရီးဖရန့်ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာ ဦးကိုကိုလေးက ပြောသည်။
"အိမ်ခြံမြေ ဈေးတက်တယ်ဆိုတာ        တကယ်တမ်း စီးပွားရေးတက်တာ မဟုတ်ဘူး။ တခြားမှာ ရင်းနှီးမြှုပ်နှံစရာမရှိလို့        ဒီဘက်မှာ ဈေးတက်လာတာ။ အခြား        စီးပွားရေးအခွင့်အလမ်းတွေ လုပ်သာ        ကိုင်သာရှိလာမယ်ဆိုရင် အိမ်ခြံမြေဈေး        ပြန်ကျသွားနိုင်တယ်။ ဒါပေမယ့် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူတွေအဖို့ အရှုံးပေါ်တာမျိုးတော့ မရှိနိုင်ဘူး"ဟု ဦးကိုကိုလေး        က ဆက်လက်ပြောသည်။

Ref:myanamrtimenews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!