Popular Posts!

Sunday, May 8, 2011

ငါးချဉ်'ကြောင့် အသက်အန္တရာယ်နီးနေ

အရိုးစွဲအောင်နှစ်ခြိုက်ကြသော'ငါးချဉ်'ကြောင့် အသက်အန္တရာယ်နီးနေသော ထိုင်းလယ်သမားများ

(အိုင်အိပ်ခ်ျတီ)
အောင်သာလင်း ဘာသာပြန်သည်။
      အတွဲ ၂၆ ၊  အမှတ် ၅၁၆   (၆ - ၁၂ ၊ ၅ ၊ ၂၀၁၁)
အဂ္ဂနက်ဒါဘီ
လာဝ(ထိုင်း) - စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးကြသောနွမ်းပါးသည့် ဤရွာသားများသည် သူတို့၏အစား အသောက်ကို အလွန်နှစ်ခြိုက်ကြသည်။ အထူးသဖြင့် ရိုးရာစားဖွယ်တစ်ခုဖြစ်သည့် 'ငါးချဉ်'နှင့် ပတ်သက်၍အစားဝါသနာအိုးများက အရသာ
        အလွန်ကောင်းသလောက် အနံ့အလွန်ဆိုးလှသည်ဟု ချီးမွမ်းကြသည်။
        ငါးကိုချက်ပြုတ်ပြီးမှ စားသောက်လျှင် အသည်းကပ်ပါးပိုးစွဲသည့်ရောဂါ မဖြစ်ပွားနိုင်သော်လည်း ထိုင်းနိုင်ငံတွင် ယင်းကပ်ပါးပိုး အန္တရာယ်ကို လျစ်လျူရှုထားကြသည်။ ရွာသားများ ဆွေစဉ်မျိုးဆက် ခုံမင်စွာ စားသုံးလာခဲ့ကြသော ချဉ်ပြီး ကျပ်ခိုးနံ့သင်းသည့် ငါးချဉ်ကိုအရိုးစွဲအောင် နှစ်ခြိုက်ခဲ့သောကြောင့်ပင်ဖြစ်သည်။

        သည်းခြေရည်သယ်ဆောင်သည့် ပြွန်ထဲတွင် ကင်ဆာရောဂါဖြစ်စေနိုင်သော အသည်းကပ်းပါးပိုးကို ခုံကင်တက္ကသိုလ်ရှိ အပူပိုင်း ဒေသရောဂါသုတေသနက လေ့လာနေသည်။
        အသည်းကပ်ပါးပိုးကြောင့် လူများသေဆုံးနိုင်သည်ဟု ဆေးသုတေသနပညာရှင်တို့က ဆိုသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်များရှိ လယ်ယာ စိုက်ခင်းများနှင့် စိမ့်မြေဒေသများမှ လယ်တဲများ၌ ခုံမင်စွာစားသောက်နေ ကြသော ငါးအစိမ်းတွင် လူ့အသည်း၌ ခိုအောင်း စွဲကပ်ပြီး ကင်ဆာရောဂါဖြစ် ပွားစေနိုင်သည့် ကပ်ပါးပိုးများရှိနေသည်။ သည်းခြေရည်ပြွန်ကင်ဆာသည် ကမ္ဘာ့ဒေသအများအပြားတွင် ဖြစ်ပွား လေ့မရှိသော်လည်း ထိုင်းနိုင်ငံတွင် အသည်းကင်ဆာဖြစ်နေစဉ် သေဆုံးသူပေါင်း ၇၀ တွင် အများဆုံးမှာ သည်းခြေရည်ပြွန် ကင်ဆာ ဝေဒနာရှင်များဖြစ်နေပြီဟု အပူပိုင်းဒေသရောဂါသုတေသန ဌာနကြီးမှူး ဒေါက်တာ ဘန်ချော့ပ်ရှရီပါကဆိုသည်။ ယင်းရောဂါမှာ ယင်းဒေသတွင် ကြောက်စရာအကောင်းဆုံးနှင့် ခေါင်းအမာဆုံး ကင်ဆာရောဂါဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
      အသည်းကပ်ပါးပိုးကို နှစ်ပေါင်း ၃၀ ခန့်တိုက်ဖျက်ခဲ့သော်လည်း မအောင်မြင်ခဲ့ သော ၎င်းကပင်  ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ တရုတ်နိုင်ငံ အချို့ဒေသများ၊ကိုရီးယားကျွန်းဆွယ်ဒေသနှင့် ဆိုက်ဘေးရီးယားဒေသများ၌လည်း လူမျိုးအလိုက်၊ ဒေသအလိုက် ပုံမှန်တွေ့ရှိနေရသည်ဟုဆိုသည်။
လူများလျစ်လျူရှုထားသည့်  အပူပိုင်းဒေသရောဂါ သုတေသနဌာနဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ စေတနာ အဖွဲ့အစည်းတစ်ခု လည်းဖြစ်သော ဆာပင်ကာကွယ်ဆေးထုတ်လုပ်ရေး ဌာန ဥက္ကဋ္ဌ ဒေါက်တာ ပီတာဟိုတက် ကလည်း အသည်းကပ်ပါးပိုးကို ကင်ဆာ
      ရောဂါဖြစ်စေသည့် ကြောက်စရာ အကောင်းဆုံး ကူးစက်ပိုးဖြစ်သည်ဟု ဆိုသည်။
        ထိုင်းမှ ရွာသားများကမူ ငါးစိမ်းများ စားသည့် ဓလေ့ကို မစွန့်နိုင်ဘဲဖြစ်နေ သည်ဟု ဤကျေးရွာရှိ အစိုးရကျန်းမာ ရေး ဆေးကုဌာနမှ နပ်ချရင်ယာနရန် ရှရီဆိုသူ စေတနာ့ဝန်ထမ်း အမျိုးသမီး က ပြောသည်။ သူသည် 'ငါးစိမ်းမစား ဖို့ သတိပြုစို့' ဟူသော ဆောင်ပုဒ်ကို ကိုင်စွဲလျက် ရွာရိုးလျှောက် ဆော်ဩနေ သူဖြစ်သည်။
"ကျွန်မတို့ကတော့ ရှင်တို့ငါးတွေကိုတကယ်စားချင်ရင် ရေနဲ့ပြုတ်၊ချက်ပြီးမှ စားကြပါလို့ သတိပေးပါတယ်။ သူတို့က ငါးကိုအစိမ်းစား တာ သိပ်အရသာရှိလွန်းလို့ အစိမ်းမစားဘဲ မနေနိုင်ဘူး၊ ငါးအစိမ်းလိုက်စားတာကိုပဲ ကြိုက်တယ်လို့ ပြောကြတယ်"ဟု နပ်ချရင်က သူ၏ရွာတွင်း လမ်းကြောတစ်ခုပေါ်တွင် ပြန်လည်ပြောပြသည်။
        ထိုင်းလူမျိုးများသည် ရိုးရာအစား အသောက်ကို ခုံမင်ကြသည့်အလျောက်နိုင်ငံ့လူဦးရေ ၆၅ သန်းမှာ ၎င်းတို့နေ့စဉ် လှုပ်ရှားသွားလာ ချိန်များတွင် တစ်ခုခု စားသောက်လျက်လည်းကောင်း၊ အစားအသောက်အကြောင်း ပြောဆိုလျက် လည်းကောင်း ရှိနေတတ်ကြသည် ဟုပင်ဆိုနိုင်သည်။
ထိုင်းအရှေ့မြောက်ပိုင်းဒေသတွင် လူကြိုက်များနေသည့် 'ပလာဆမ်း'ဟု ခေါ်သော
ရိုးရာအစားအစာတစ်မျိုးရှိ သည်။ 'ငါးချဉ်' ဟု ခေါ်ဆိုနိုင်ပါသည်။

ငါးအစိမ်း၊ ကြက်သွန်ဖြူ၊ ဆား၊ ထမင်း နှင့် အချိုမှုန့်အနည်းငယ်တို့ကို ရောနယ်၍ ပြုလုပ်ရသည်။ ရောနယ်ထားသည့် အစာကိုကြက်ဥ အရွယ်ခန့် အတုံးများ ဖြတ်ပိုင်း၍ ပလတ်စတစ်အိတ်များထဲသို့ ထည့်ပြီးမှ သုံးရက်နေလှန်းသည်။ နေပူကျဲကျဲတွင် သုံးရက်ထားရုံမျှ ဖြင့် ကပ်းပါးပိုးများ မသေနိုင်ပေ။ အချဉ်ဖောက်ချိန် အနည်းဆုံး ခြောက်လထားပြီးမှသာ ကပ်ပါးပိုးများ သေနိုင်ပါသည်။
        အသည်းကပ်းပါးပိုးများသည် ရေချို ၌သာ နေကြသည်ဆိုသော်လည်း ယင်းကပ်ပါးပိုးများကို ရေချိုရှိသည့် နေရာ တိုင်း၌ မတွေ့နိုင် ပေ။ အသည်းကပ်ပါး ပိုးတွေ့သည့်ဒေသမှ ကားဖြင့် ငါးနာရီအတွင်း ရောက်နိုင်သည့်ဘန်ကောက်မြို့တွင် ကပ်းပါးပိုးကူးစက်နှုန်း မရှိ
      သလောက် ဖြစ်နေသည်။
        ကျန်းမာရေးစနစ်မရှိသော ကျေး လက်ဒေသများတွင် ကပ်ပါးပိုးများ သည် ကျင်ကြီးများမှတစ်ဆင့် ပြန့်ပွား ကူးစက်ကြသည်။ ခရုများ၊ ငါးနှင့် ကြောင်များ၊ လူများတွင် အဓိက တွယ်ကပ် နေထိုင်လာကြသည်။
        ဂျပန်ရိုးရာ စားသုံးလေ့ရှိသော 'ဖူဂူ' ခေါ် ငါးပူတင်းသည်လည်း မကိုင်တတ် ပါက အဆိပ်သင့်  သေသည်အထိ အန္တရာယ်အလွန်များ လှသည်။

        ကပ်ပါးပိုးပါသည့် ငါးကို အစိမ်း လိုက်စားခြင်းကြောင့် သေဆုံးသည် အထိ အန္တရာယ်ဖြစ်စေသကဲ့သို့ တစ်သက်တာလုံး အရက်ကို အလွန် အကျွံသောက်သူများလည်း အသည်း ပျက်စီးကြရသည်။ အသည်းကပ်ပါးပိုး ရှိသူများ အရက်များများသောက်ပါက သည်းခြေရည်ပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများကြောင်း ဒေါက်တာဘရန်ချော့(ပ်)က ဆိုသည်။
ကုလသမဂ္ဂစာရင်းအရ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ၌လည်း အသည်းကင်ဆာစွဲကပ်သူဦးရေ များနေသည်။
      လာအိုနိုင်ငံတွင် လူဦးရေ ၁၀ ရာခိုင်နှုန်းခန့် အသည်းကပ်ပါးပိုးရှိနေကြောင်းလည်း ၎င်းကပြောသည်။
        ချမ်းသာသော မြို့နေလူထုအတွင်း သတိမပြုမိတတ်ကြသော သန်ကောင် များနှင့် အခြားရောဂါများကဲ့သို့ပင် အသည်းကပ်ပါးပိုး များကိုလည်း လျစ်လျူရှုထားကြသည်ဟု ဒေါက်တာဟိုတက် က ဆိုသည်။ ထိုင်းနိုင်ငံသည် အလယ် အလတ်တန်းစားနိုင်ငံဖြစ် သော်လည်း အလွန်ဆင်းရဲမွဲတေသည့် ဒေသများ လည်း ရှိနေသေးသောကြောင့် လျစ်လျူရှု လျှော့တွက်ခံရသော အပူပိုင်းဒေသ ရောဂါများ အခိုင်အမာ ကြီးထွားဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေါက်တာဟိုတက်က ဆိုသည်။
"ကျွန်တော်တို့ဆီမှာ နည်းပညာနဲ့ ကာကွယ်ဆေးတွေ ရှိနေပေမယ့် ငွေကြေးထောက်ပံ့မှုမရှိဘဲ ဖြစ်နေပါ တယ်"ဟုလည်း ဆိုသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!