Posted by Popular News on Jun 1st, 2011 and filed under Internal News. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry
အမျိုးသမီးများ နေထိုင် စားသောက်မှုပုံစံ စနစ်မကျ ပါက မျိုးဥအိမ်၌ အရည်အိတ် တည်သည့် ရောဂါများ ဖြစ် လာတတ်ကြောင်း သားဖွားနှင့် မီးယပ် အထူးကုဆရာ ဝန်တစ်ဦးက ဆိုသည်။ အဆိုပါ ရောဂါသည် အမျိုးသမီးများ၏ ဟိုမုန်းဓာတ် များချို့တဲ့၍ ပုံမမှန်ဖြစ်ခြင်း၊ သန္ဓေတားဆေးများကို နည်းစနစ်ကျကျ မသောက်ခြင်းနှင့် အမျိုးသမီးသုံး ကွန်ဒုံး (IUD) ထည့်မှုပုံစံ မမှန်ခြင်းတို့ကြောင့် ရောဂါအခြေအနေသို့ ဖြစ်လာ ရကြောင်း ၄င်းကဆိုသည်။
”အမျိုးသမီးတွေ အပျို ဖော်ဝင်ချိန်မှာ ဖြစ်တတ်တာ တွေ့ရတယ်။ ဓမ္မတာလာတဲ့ အချိန်မှာ အရမ်းနာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆီးခုံရဲ့ အတွင်းမှာ သူက အရည် အိတ် တည်နေတာဆိုတော့ နည်းနည်းစိုးရိမ်ရတယ်။ အရည် အိတ်ရဲ့ အနေအထားအပေါ် မူတည်ပြီး ရောဂါရဲ့ အခြေအနေကိုကြည့်ရမယ်။ အရည် အိတ်က အထဲမှာ ပေါက်သွား ရင်တော့ အတွင်းမှာ အရည် တွေ ပျံ့နှံ့သွားပြီး ဗိုက်တွေ အောင့်တယ်။ ပေါင်ခြံတွေမှာ ယားယံတာတွေ ဖြစ်လာနိုင်ပြီး ကြာလာတဲ့အခါ အသက် အန္တရာယ် ကိုပါ ထိခိုက်လာနိုင်တယ်။ အရည်အိတ် မပေါက် ခင် ခွဲပြီး ဖြုတ်ထုတ်လိုက်နိုင် ဖို့ လိုအပ်တယ်။ အရည်အိတ်က သေးနေသေးရင်တော့ ဆေးထိုး၊ ဆေးသောက်နဲ့ ပျောက်ကင်းသွားတာ ရှိပါတယ်”ဟု အထက်ပါ ဆရာဝန် က ထပ်လောင်းပြောသည်။
ပျိုဖော်ဝင်စ အမျိုးသမီးများသည် ဓမ္မတာစလာသည့် အချိန်တွင် ဟိုမုန်းဓာတ်များ ပြောင်းလဲနေပြီ ဖြစ်သည့် အတွက် အထူးဂရုစိုက်သင့်ကြောင်း၊ အသက်အရွယ် ငယ်စဉ် အိမ်ထောင်ကျသည့် အမျိုးသမီးများမှာလည်း သန္ဓေတားဆေးများ သောက် သုံးခြင်းနှင့် အမျိုးသမီး IUD ပစ္စည်းများ အသုံးပြုရာတွင် တတ်ကျွမ်းနားလည် သည့် ဆရာဝန်နှင့်တိုင်ပင်ကာ အသုံး ပြုသင့်ကြောင်းကို ၄င်းက ဆက်လက်ပြောကြားသည်။
”ကျွန်မက အရည်အိတ် ဖြစ်နေတာကို မသိဘူး။ ပုံမှန် ဓမ္မတာလာတဲ့အချိန်ဆိုရင် လာတယ်။ ဒါပေမဲ့ သူများတွေနဲ့ မတူဘူး။ ဆိုးရွားရွားကို နာတာ။ ဖြစ်တာက တော် တော် ကြာနေပြီ။ အဲဒါနဲ့ ဓမ္မတာ နဲ့ပတ်သက်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေ သောက်တာလည်း သိပ်အဆင်မပြေချင် ဘူး။ အဲဒီလို ဖြစ်တဲ့အချိန်ဆို ဂျင်းဘောင်းဘီ တောင် ဝတ်လို့မရဘူး။ ဖြစ်တဲ့ဘက် အခြမ်းက တင်းပြီး နာတာ။ ပြီးတော့ ပေါင်ခြံတွေ အမြဲ တမ်းယားတယ်။ ဆရာဝန် သွားပြတော့မှ အရည်အိတ် တည် နေတာတဲ့။ မျိုးဥအိမ် နှစ်ဖက်စလုံးမှာ အရည်အိတ် တည်နေတာ။ တစ်ဖက်က နည်းနည်း ကြီးတယ်။ တစ် ဖက်ကတော့ သေးနေသေး တယ်။ အဲဒါနဲ့ ကြီးတဲ့ဘက်က စိုးရိမ်ရလို့ သူ့ကိုအရင် ခွဲ စိတ် ဖြုတ်ထုတ်ပြီးမှ ကျန်တဲ့ တစ်ဖက်ကဟာကို ဆေးထိုး ဆေးသောက်နဲ့ ပျောက်သွား နိုင်တယ်လို့ ဆရာဝန်က ပြော တယ်”ဟု သင်္ဃန်းကျွန်း မြို့နယ် ရှိ ဝေဒနာခံစားနေရသူ အသက် ၃၃ နှစ်အရွယ် အမျိုး သမီးတစ်ဦးက ပြောသည်။
၎င်းမျိုးဥအိမ်၌ အရည် အိတ်တည်ခြင်း ရောဂါသည် ဟိုမုန်းဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်သည့်အတွက် သံဓာတ် ပြည့်ဝသည့် ဆေးဝါးပစ္စည်း များနှင့် အစားအစာ များကို စနစ်တကျ စားသောက်နေထိုင် ခြင်း၊ အမျိုးသမီးများ၌ ဓမ္မတာ ဆင်းသည့်အချိန်သည် အရေး ကြီးသည့်အတွက် အထူးဂရု စိုက် နေသင့်ကြောင်းကို မျိုး ဆက်ပွားကျန်းမာ ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
”အိမ်ထောင်ရှိတဲ့ သူတွေ က သူတို့နေထိုင်မှုပုံစံ မမှန်လို့ ဖြစ်တာ။ အခု အပျိုတွေမှာ လည်း ဖြစ်တတ်တယ်ဆိုတော့ စိုးရိမ်ရတာပေါ့။ ကျွန်မတို့က ဓမ္မတာဆင်းရင် အမှုမဲ့အမှတ်မဲ့ ပဲ၊ အစားအသောက်လည်း မရှောင်ဘူး။ ကိုယ် စားချင်တာ ကို စားတာ။ သွေးချုပ်၊ လေ ချုပ်တွေဖြစ်ပြီး ကိုက်တာခဲတာ တွေကို ဖြစ်တော့မှ ဆေး သောက်တာ။ ဆေးကသောက် တိုင်းလည်း မကောင်းဘူး။ အဲဒီလိုဖြစ်တာများလာရင် ရောဂါဖြစ်နိုင်တယ်လို့ ဆရာ ဝန်ကပြောမှ သိတာ။ ဘယ် အရာမဆို ပေါ့ပေါ့လေး မတွေးဘဲ အထူးဂရုစိုက်သင့် တယ်။ ဖြစ်ပြီးမှဆိုရင် ဘယ် သူ့အတွက်မှ မကောင်းဘူး။ သံဓာတ် အားကောင်းတဲ့ဆေး တွေလည်း သောက်သင့်တယ် လို့ ဆရာဝန်က ပြောတယ်” ဟု တာမွေမြို့နယ်ရှိ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးက သူမ၏ အမြင်ကို ပြောပြသည်။
မေသီရိ-popularmyanmarnews
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
We make tools Your make do! သူငယ်ချင်းတယောက်က သူဖုန်းလိုင်းသက်တန်းတိုး အသစ်ပြန်စာချုပ်ချုပ်ရတော့မှာမို့..... မူရင်းlock ပိတ်ထားတဲ့iphon...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment