ကွန်ပျူတာကွန်ရက်နှင့် အွန်လိုင်းဝန်ဆောင်မှုတို့ကို တိုက်ခိုက်သော DDoS Attack များအပေါ် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများသာမက ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း အွန်လိုင်း လုံခြုံရေးအတွက် အလေးထား လုပ်ဆောင်လာကြကြောင်း သိရှိရသည်။
DDoS တိုက်ခိုက်မှုမှာ ကွန်ရက်ကို ထောက်ပံ့မှုပေးနေသော ဆာဗာနှင့် အဆက်မပြတ် ဖြတ်သန်းနေသော Backbone တို့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဆာဗာ ၏ CPU, Memory, Storage နှင့် Network Bandwidth များကိုပစ်မှတ်ထားတိုက်ခိုက်ပြီး ပုံမှန်မဟုတ်သော လည်ပတ်မှုများကြောင့် ကွန်ရက်တစ်ခုလုံး နှေးကွေးလေးလံနိုင်ကြောင်း သိရသည်။
“သတင်းအချက်အလက် လုံခြုံရေးဆိုတာ တစ်ဦးတစ်ယောက်ချင်းစီကစလို့ အဖွဲ့အစည်း၊ ကွန်ရက်၊ နိုင်ငံအဆင့်ထိ ဂရုတစိုက်ထား ရမယ့်အချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကစလို့ တန်ဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်တွေရဲ့လုံခြုံစိတ်ချရေးကို ထည့်သွင်း စဉ်းစားထားရပါမယ်။ အခွင့်မရှိဘဲ၊ မသက်ဆိုင်ဘဲ သတင်း အချက်အလက်တွေကို ဖောက်ဝင်ရယူဖို့ ကြိုးစားတာတွေ၊ ကွန်ရက်ကိုဝင်ပြီး အနှောင့်အယှက် ပေးတာတွေဟာ သတင်းအချက်အလက် လုံခြုံရေးအတွက် အရင်ဦးဆုံး ကာကွယ်ထားရမယ့် အချက်တွေဖြစ်ပါတယ်။ အသုံးပြုမှု တွင်ကျယ်လာလေ၊ ပိုပြီးကာကွယ်စောင့်ရှောက် ရလေ၊ ဂရုစိုက်ရလေ၊ ပိုပြင်ဆင်ရ လေပါပဲ”ဟု မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ဦးအောင်ဇော်မြင့် ကပြောကြားခဲ့သည်။
“နောက်ပိုင်းမှာ နိုင်ငံတစ်နိုင်ငံကိုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကိုပဲ ဖြစ်ဖြစ် ထိုးနှက်တိုက်ခိုက်ချင်ရင် ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ပြုလုပ်လာနိုင်ပါတယ်။ ကွန်ပျူတာစနစ် တွေနဲ့ အင်တာနက် အသုံးပြုမှုတွေက နယ်ပယ်တိုင်းနဲ့ မကင်းဘူးဆိုတော့ ဒါချို့ယွင်းသွားတာနဲ့ လုပ်ငန်းရဲ့ ၀န်ဆောင်မှုတွေလည်း ရပ်ဆိုင်းသွားမှာပါပဲ။ ပြည်တွင်းက ၀က်ဘ်ဆိုက်တွေ ဆိုရင်လည်း ၀င်ကြည့်လို့ မရတော့တာတွေ၊ ပြုတ်ကျသွားတာတွေနဲ့ မကြာခဏရင်ဆိုင်လာရပါပြီ။ လက် ရှိမှာ တချို့လုပ်ငန်းတွေအနေနဲ့ တိုက်ရိုက်မထိခိုက်သေးပေမယ့် အွန်လိုင်း ကို အမှီပြုရတဲ့ လုပ်ငန်းတွေကတော့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အွန်လိုင်းဘဏ် စနစ်တွေ ဖြစ်လာရင်လည်း ဆိုက်ဘာလုံခြုံရေးကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။ ပြည် တွင်းမှာရော ပြည်ပမှာပါ စောင့်ကြည့်နေတဲ့ ဟက်ကာတွေ ရှိနေပါတယ်”ဟု ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ၀က်ဘ်ဆိုက် အနေနဲ့ ၂၀၁၀ ထဲမှာ တိုက်ခိုက်မှု နှစ်ကြိမ်လောက် ကြုံခဲ့ရပါတယ်။ ပထမတစ်ခါကြုံတုန်းက ဖြေရှင်း တာ ၁၅ မိနစ်လောက်ကြာပြီးနောက် တစ်ခါကျတော့ ပြန်ပြင်ရတာ နှစ်ရက်လောက် ကြာသွားပါတယ်။ သူတို့လုပ်နေတာက ဆိုက်ဘာစစ်ပွဲပုံစံမျိုးပါ။ အခုလိုအွန်လိုင်း တိုက်ခိုက်မှုတွေက နိုင်ငံရေးနဲ့လည်း တော်တော်ဆိုင်ပါတယ်” ဟု ပြည်တွင်းရှိအွန်လိုင်း ဈေးဝယ်ဝက်ဘ်ဆိုက် တစ်ခုမှတာဝန်ရှိသူက ပြောကြားခဲ့သည်။
သတင်းအချက်အလက် ကွန်ရက်လုံခြုံရေးအတွက် စီမံရန်အချက်လေးချက်ရှိပြီး ၎င်းတို့မှာ Plan, Implement, Test/ Improve နှင့် Monitoring/ Recover တို့ ဖြစ်ကြောင်း သိရသည်။
ကြိုတင်စီမံထားရမည့်အပိုင်းတွင် ဒီဇိုင်း၊ access management များ၊ အသုံးပြုမည့် ဟာ့ဒ်ဝဲ၊ ဆော့ဖ် ၀ဲပိုင်းဆိုင်ရာများပါဝင်ကြောင်းသိရ သည်။ ထို့ပြင် ကွန်ပျူတာစနစ်နှင့် ကွန်ရက်ကို သတင်းအချက်အလက် လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစား၍ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း သိရသည်။ မိမိသတ် မှတ်ထားသော လုံခြုံရေးဆိုင်ရာ တည်ဆောက်မှုနှင့် အစီအမံများကို ပြန်လည်စစ်ဆေးခြင်း၊ ဟာကွက်ရှိပါက ဖြည့်စွက်ခြင်းနှင့် ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် အဆင့်မြှင့်တင်ခြင်းများလည်း ပြုလုပ်ရမည် ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ကွန်ရက်ကို အမြဲမပြတ်စောင့်ကြည့်ခြင်း၊ ပုံမှန်မဟုတ်သော အခြေအနေများအား ဂရုပြုခြင်း၊ တစုံတရာချို့ယွင်းခဲ့ပါက အချိန်မီ ပြင်ဆင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်ရန် နည်းလမ်းများကို ကြိုတင်ပြင်ဆင် ထားခြင်းများမှာလည်း အရေးပါကြောင်း ကျွမ်းကျင်ပညာရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။
လတ်တလောကာလ၌ပင် ဟိုတယ်လုပ်ငန်းဆိုင်ရာ၊ အွန်လိုင်း ဈေးဝယ်ခြင်းဆိုင်ရာ၊ အစိုးရ၀န်ကြီး ဌာနဆိုင်ရာ ၀က်ဘ်ဆိုက်အချို့မှာ အွန်လိုင်းတိုက်ခိုက်မှုများကို ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း သိရှိရသည်။
တိုက်ခိုက်မှုများတွင် ၀က်ဘ်ဆိုက်ကို မကြည့်ရှုနိုင်အောင် ပြုလုပ်ခြင်း အပြင် ၀က်ဘ်ဆိုက်၏ ပင်မစာမျက်နှာ အားပြောင်းလဲခြင်း၊ အချက်အလက်များ ရယူခြင်း၊ အီးမေးလ် password များ ကို ထိန်းချုပ်ခြင်း စသည်တို့ကိုလည်း ပြုလုပ်ကြကြောင်း သိရသည်။
Ref;weeklyelevennews
Popular Posts!
-
Rare Earth Elements ဆိုသည်မှာ Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စ...
-
Credit@ KoNge ဒီနှိုင်းယှဉ်ချက်ကိုကြည့်ပြီး စကာင်္ပူမှာဆက်နေသင့်လား မနေသင့်ဘူးလား! ပြည်တော်ပြန်သင့်ပြီလား? အမှန်တကယ် ရန်ကုန်မှာ ...
-
ကမ္ဘာနိုင်ငံကြီးတွေမှာ သဘာဝထုန်ကုန်တွေ ဈေးကြီးပေးဝယ်နေချိန်မှာ.... အမိနိုင်ငံကလဲ တပိုင်တနိုင်မိမိဒေသ သဘာဝထုန်ကုန်တွေ ရိုးရာ ခေတ်မှီနည်...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေ...
-
နွားကျောင်းသား (Friend Ever) ဧပြီ ၁၈၊ ၂၀၁၂ (ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားမ...
-
Sunday, March 25, 2012 Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်န...
-
ယနေ့ Park Royal ဟိုတယ်မှာ ပြသခွင့်မရခဲ့တဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များမှတ်တမ်း ( Jade and the Generals) ရဲ့ Trailer Video Files ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment