ရန်ကုန် ၊ ဇွန် ၁၀
လွန်ခဲ့သော နှစ်ပေါင်း ၂၄၉ နှစ်က ရစ်ခ်ျတာစကေး ၇ မှ ၉ ကြားရှိ အင်အားပြင်းငလျင်ကြီး တစ်ခု လှုပ်သွားခဲ့ဖူးသော ရခိုင်ကမ်းရိုးတန်းဒေသ၌ တစ်ကျော့ပြန် ငလျင်ကြီးတစ်ခု လှုပ်ခတ်လာနိုင်သဖြင့် အသေးစိတ် လေ့လာမှုများ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။
ခရစ်သက္ကရာဇ် ၁၇၆၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က ရခိုင်ကမ်းရိုးတန်း၌ ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော အဆိုပါငလျင်ကြီးသည် ၂၀၀၄ ခုနှစ်က တိုင်းတာမှုများ အရ ၂၆၆၀ ပြည့်နှစ် ပတ်ဝန်းကျင်လောက်မှ တစ်ကျော့ပြန်ဖြစ်ဖွယ်ဟု တွက်ချက် ရရှိခဲ့သော်လည်း နှစ်ဆန်းပိုင်းက စင်ကာပူပညာရှင်များနှင့် ပူးပေါင်း၍ တိုင်းတာလေ့လာခဲ့သော သုတေသနအရ ထိုထက်ပိုစော၍ လာနိုင်ကြောင်း ခန့်မှန်းသိရှိရသဖြင့် အသေးစိတ် လေ့လာမှုများ ပြုလုပ်နေကြကြောင်း ကြားသိရသည်။
ဦးစွာ ခန့်မှန်းချက်တွင် ၁၇၆၂ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၉၀၀ ခန့်အကြာ (၂၆၆၀ ခုနှစ်ခန့်) ရောက်မှ မြေငလျင် တစ်ကျော့ပြန် လှုပ်မည်ဟု တိုင်းတာရရှိခဲ့သော်လည်း နောက်ဆုံး ကွင်းဆင်းလေ့လာချက်များ အရ အနှစ် ၃၀၀ မတိုင်ခင် တစ်ကြိမ် လှုပ်ခတ်လာနိုင်ကြောင်း အနီးစပ်ဆုံး ခန့်မှန်းရရှိခဲ့ကြောင်း သိရှိရသည်။
မြေငလျင်တစ်ခုကို လှုပ်ခတ်မည့် အချိန်အတိအကျ ခန့်မှန်းနိုင်သော နည်းပညာဟူ၍ ယနေ့ကမ္ဘာပေါ်တွင် မရှိသေးကြောင်း၊ အနီးစပ်ဆုံးသာ ခန့်မှန်းရခြင်း ဖြစ်ပြီး ပြည်သူများ အနေဖြင့် အထူး ထိတ်လန့် ကြောက်ရွံ့စရာ မလိုပါကြောင်း၊ အခြေအနေအရ လိုအပ်လာပါက အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့ အနေဖြင့် ပြည်သူများ ဘေးကင်းရန် ကြိုတင်ကာကွယ်မှု အစီအမံများ အကောင်အထည်ဖော် ပေးသွားမည် ဖြစ်ကြောင်း ပညာရှင်တစ်ဦးက ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ရခိုင်ကမ်းရိုးတန်းဒေသသည် ၂၀၀၄ ခုနှစ် က ဖြစ်ပေါ်ခဲ့သော ဆူနာမီငလျင် စတင်ဖြစ်ပေါ်ရာ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းနှင့် ယခုနှစ် မတ်လက ဂျပန်ငလျင်ကြီး ဖြစ်ပေါ်ခဲ့ရာ ဒေသများနှင့် မြေလွှာဆက်စပ်မှု ရှိခဲ့သောကြောင့် အထူးသတိပြု၍ လေ့လာကြရန် လိုအပ်ကြောင်း ၄င်းပုဂ္ဂိုလ်က ထပ်လောင်း ပြောကြားခဲ့သည်။
ရခိုင်ကမ်းရိုးတန်းဒေသသည် ၂၀၁၀ အောက်တိုဘာ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် အထိနာခဲ့ရပြီး လူမှုရေး၊ စီးပွားရေးဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ရာနှုန်းပြည့် မပြီးစီးသေးချေ။
ဂီရိမုန်တိုင်းအလွန် ဆန်ရှားပါးသွားသော အချိန်က ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ဖြင့် ရရှိသော စားနပ်ရိက္ခာများကို လာရောက်ရယူနေသော ရခိုင်ပြည်နယ်နေ ပြည်သူများကို တွေ့ရစဉ်
Popular Posts!
-
အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ... ဆရာခင်ဗျာ အမျိုးသမီးတွေမှာ လိင်အင်္ဂါ ကြွက်နို့ ရော ဂါ ဖြစ်နိုင်ပါသလား။ ဘယ်လို ပုံစံမျိုးနဲ့ ဖြ...
-
ကမ္ဘာကိုခြိမ်းခြောက်လာအုံးမယ့် တရုတ်ရဲ့ဆီလီကွန်လက်နက် December 26, 2018 ဟောင်ကောင်တွင် Asia Adult Expo (AAE) ဆိုသည့် ကုန်စည်ပြပွဲကို ယ...
-
Sunday, July 08, 2012 ဇော်အောင် (မုံရွာ) "---ပြည်ပရောက် မြန်မာအင်အားကို သုံးမယ်ပြောပြီး ပြန်လာမယ့် လူများကိုလည်း နေရာမပေးချင်၊ အထူး...
-
Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ်အရောင်းပြခန်းပေါင်း (၂၂၀)၊ မော်တော်ယာဉ်တင်သွင်းသူများ၊ ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ရောင်းဝ...
-
သည်းခြေကျောက်တည် ရောဂါသည် အမျိုသားများထက် အသက် ၄ဝ ကျော်အမျိုးသမီးများတွင် ပိုအဖြစ်များကြောင်း ဒေါက်တာခင်မောင်လွင်၏ သည်းခြေကျောက် တည်ရောဂါနှ...
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
မြန်မာ့ရုပ်ရှင် - မင်းသား သိန်း ၆၀၀၊ မင်းသမီး သိန်း ၃၀၀၊ မင်းသမီးတွေ ဘာကြောင့် အရနည်းသလဲ? နာမည်ကြီး မင်းသမီး ဝတ်မှုန်ရွေရည်က လက်ရှိ မင်းသမီးေ...
-
အဘယ်ကြောင့် မြစ်ဆုံ ( အပိုင်း ၁ မှ ၂၀ ထိ ) အစ္စရေးကတော့ ဧရာဝတီ မြစ်ကြီးကို ကြည့်ပြီး တအံ့တသြပြောလိုက်တာက “မင်းတို့ တော်တော်ချမ်းသာတာ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment