Popular Posts!

Monday, June 6, 2011

ချောင်းနေတဲ့နဂါး ပုန်းနေတဲ့ကျား

Posted by Popular News on Jun 1st, 2011 and filed under Articles. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry







နောက်ထပ် နှစ် နှစ်ဆယ် ဖြစ်တဲ့ ၂ဝ၃ဝ လောက် မှာ အမေရိကန်နဲ့ တရုတ်၊ အိန္ဒိယတို့ဆက်ဆံရေးက ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးပြန်လည် နာလန်ထူမှုနဲ့ ရေရှည်စီးပွားရေးအလား အလာတွေပေါ်မှာ မူတည်နေပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးအပေါ် တရုတ်နဲ့အိန္ဒိယက သူ့ရဲ့စီးပွားရေးကို ဘယ်လိုဟန်ချက်ညီ ပြန်ထိန်းမလဲ ဆိုတာတွေကိုလည်း ထည့် တွက်ရပါဦးမယ်။ ခုလက်ရှိ အခြေအနေကို ကြည့်ရင်တော့ တရုတ်က အတော်တည်တည်ငြိမ် ငြိမ်အနေအထားမှာ ရှိနေတယ်။ ဒါကြောင့် သူတို့သုံးနိုင်ငံဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ခရီးသည်တွေလိုပဲ အေးအေးငြိမ်း ငြိမ်း ဆက်လျှောက်လှမ်းသွားကြမယ့် သဘောရှိနေတယ်။ ၂ဝ၃ဝမှာကျ တော့ ကမ္ဘာ့စီးပွားရေးက ပုံစံပြန် ပြောင်းသွားပြီ။ ကမ္ဘာသစ်စနစ်တစ်ခုရဲ့ ကောက်ကြောင်းတွေ ပိုမြင်သာထင်သာပေါ်လာပြီ။ တရုတ်က ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှု တွေ စပြီးလုပ်ဆောင်နေတော့မယ်။ အိန္ဒိယကတော့ ပလေယာမဟုတ် တော့ပေမယ့် သူ့ပြည်တွင်းတည်ငြိမ် မှုနဲ့ ဒေသတွင်းဆိုင်ရာ ရည်မှန်းချက် တွေကို ဟန်ချက်ညီ ထိန်းဖို့ လေ့ လာနေဆဲပေါ့။ တစ်ခုသိထားရမှာ က အမေရိကန်ဟာ ကမ္ဘာ့ပုလိပ် ကြီးလို ဆက်လုပ်နေဦးမယ်။ အမေ ရိကန်က ကမ္ဘာ့ခေါင်းဆောင်မှုနေရာ မှာ ဆက်နေ ဦးမယ်။ နောက်ဆယ်စုနှစ် နှစ်ခုမှာ ကမ္ဘာဟာ ထူးခြားတဲ့ ဝိသေသနှစ်ခု ရှိနေမယ်။ (၁) ပြိုင်ဆိုင်မှုတွေ ရှိနေကြပေ မယ့် အာရှရဲ့အဓိက ပလေယာတွေ ဟာ ဂလိုဘယ် လိုက်ဇေးရှင်းရယ်၊ အာရှတိုက်ရဲ့ ငြိမ်းချမ်းစွာ တိုးတက်မှုရယ်ကို ကြိုးပမ်းလုပ်ဆောင်ရင်း ကမ္ဘာမြေရဲ့တခြားအစိတ်အပိုင်းတွေကို အာရှအသံထင်ဟပ် ပြောကြား ပေးလိမ့်မယ်။ (၂) သူတို့ဟာ ဘုံရည်မှန်းချက်နဲ့ ခွဲဝေသုံးစွဲမဟာဗျူဟာကို ရှာကြံလိမ့်မယ်။ အံ့သြစရာကောင်းတာက အဲဒီရည်ရွယ်ချက်တွေ ပေါက်မြောက်ဖို့ အမေရိ ကန်က ဝိုင်းကူလိမ့်မယ်။ ပြီးရင် အာရှရဲ့ ကြီး ထွား လာတဲ့ ပထဝီနိုင်ငံရေးကို ပိုပြီး အာရုံစိုက်မှု ပြောင်းလာလိမ့်မယ်။ တရုတ်နဲ့ အိန္ဒိယတို့က အမေရိက ထက်ပိုပြီး အလျင် အမြန် တိုးတက် နေဦးမယ်။ ၂ဝ၃ဝ ကမ္ဘာကြီးဟာ ‘ဗဟို ဝင်ရိုး’ ပုံစံမျိုးဖြစ်ပြီး သြဇာလွှမ်းမိုး တဲ့သူ မရှိတော့ဘူး။ ဘုံအမြင်ရှိပြီး ခွဲဝေသုံးစွဲမဟာဗျူဟာနဲ့ပဲ အာရှအစိုး ရတွေဟာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ အစည်းထဲမှာ ရှင်သန်ကြလိမ့်မယ်။ အမေရိကန်ကတော့ ဆက်ဦးဆောင် မှာပဲ။ ဒါပေမဲ့ သူ့ဘာသာသူ သြဇာ ထူထောင်လို့တော့ မရဘူး။ သူကတရုတ်ရော၊ အိန္ဒိယရောရဲ့အသံကို နားထောင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူနေရမယ်။ အာရှရဲ့စီးပွား ရေးသြဇာညောင်းမှုတွေ က ဆွဲငင်မှု၊ ရွှေ့ပြောင်း မှုတွေပါပဲ။ ၂ဝဝ၉ ခုနှစ် ‘ကမ္ဘာ့စီးပွားရေး ညီလာခံ’ကို တရုတ်ပြည် ဒါလီယံ မြို့မှာ ကျင်းပတော့ အဲဒီညီလာခံရဲ့ ဥက္ကဌ ‘ကလော့စ်ရှဝပ်’က ကမ္ဘာ့ စီးပွား ရေးကပ် ဆိုက်မှု ပြီးတဲ့နောက်မှ တရုတ်က ကမ္ဘာကို ဦးဆောင်သွား လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါက တကယ်တော့ အိမ်ရှင်နိုင်ငံအလိုကျ မြှောက်ပင့်ပြောဆိုတဲ့ လောကဝတ် စကား မဟုတ်ပါဘူး။ သူက ‘အမျိုး သားစာရင်းအင်းဗျူရိုက ထုတ်ပြန် ထားတဲ့ အချက်အလက်ကို ကိုးကား ပြီးပြောတာပါ။ ၂ဝဝ၉ ခုနှစ်ရဲ့ ပထမ ရှစ်လအတွင်း တရုတ်ပြည်ရဲ့ ဘဏ် တွေက ပြည်တွင်းချေးငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ ထရီလျံထိမြင့်တက်လာတာ တွေ့ရလို့ပါပဲ။ ဒီပမာဏဟာ ကြောက်ခမန်းလိလိပါပဲ။ အမေရိကန်ရော၊ အီးယူရောထက်များတယ်။ သူတို့ နှစ်ခုပေါင်း ထက်များတယ်။ အဲဒီချေး ငွေတွေထဲက ဆယ်ပုံကိုးပုံက ရင်းနှီး မြှုပ်နှံမှုထဲ ဝင်သွားတယ်။ အိန္ဒိယနိုင်ငံ ကလည်း ဒီလိုပဲ၊ စီးပွားရေးတိုးတက်မှုအရှိန်က တစ် ဟုန်ထိုးတိုးတက်လာတယ်။တရုတ် နဲ့ အိန္ဒိယက ဒီလိုနှုန်းအတိုင်းသာ တိုးတက်နေရင် သူတို့က မကြာခင်ကမ္ဘာကို စိုးမိုးမှာသေချာတယ်။ ကမ္ဘာ့စီးပွားရေး ကပ်ကြီးဟာ နှစ် ၈ဝ အတွင်း အဆိုးဆုံးအခြေ အနေရောက်ခဲ့တယ်။ အနောက် တိုင်းဟာ ဒီတစ်ချီတော့ နလန်မထူ နိုင်လောက်အောင် စီးပွားရေးဦးကျိုး သွားခဲ့တယ်။ ပထမဆုံးစီးပွားရေး ကပ်က ရေနံစိမ်းဈေး ၁၂ ဆတက် ခဲ့တာပဲ။ ၁၉၇၃ ခုနှစ်၊ စက်တင်ဘာ ကနေ၁၉၈ဝ ဇူလိုင်လအထိ ကာလ မှာပေါ့။ ဒီလိုဈေးတက်လာရတာက ဈေးကွက်အခြေအနေကြောင့်လည်း မဟုတ်ဘူး။ နိုင်ငံရေးအခြေအနေအရလည်း မဟုတ်ဘူး။ ၁၉၇၃ ခုနှစ် အောက်တိုဘာမှာ ယွန်းကပူးစစ်ပွဲ ဖြစ်တယ်။ အိုပက်ဆိုတဲ့ ရေနံတင်ပို့ ရောင်းချရေးနိုင်ငံများ အဖွဲ့က အာရပ် တွေဦးစီးထားတာဆိုတော့ သူတို့နဲ့ အစ္စရေး စစ်ဖြစ်ကြတဲ့အခါ နိုင်ငံ တကာရေနံဈေးကွက်ကို အနည်းနဲ့ အများဆိုသလို ထိခိုက်တာပေါ့။ ဒါပေမဲ့ ဒါက အဓိကအချက်မဟုတ်ဘူး။ အိုပက်အဖွဲ့က ရေနံဈေးထိန်းပေမယ့် တခြားရေနံထုတ်သူတွေက ဈေးကို မြှင့်လိုက်ကြလို့ ခုလိုဈေးတက်သွားတာပဲ။ ယွန်းကပူးစစ်ပွဲ နဲ့ ဘာမှမဆိုင်ဘူး။ ဒီလိုရေနံဈေး တက်တာကြောင့် အနောက်အုပ်စု ဝင် စီးပွားရေး နိုင်ငံတွေ အထိနာခဲ့ တယ်။ ဒါဟာ သူတို့ကို ပထမဆုံး စိန်ခေါ်မှုပဲ။ ဒုတိယကတော့ ၁၉၇၈ ခုနှစ် များ အလယ်ပိုင်းနဲ့ ၁၉၈ဝ ခုနှစ်များ စောစောပိုင်းကာလပဲ။ ၁၉၇၃ စက် တင်ဘာလနဲ့ ၁၉၇၄ မတ်လကြား မှာ ရေနံဈေးက လေးဆတက်ပါ တယ်။ ဒါက သိပ်မထိသေးဘူး။ ဒါပေမဲ့ ၁၉၈ဝ ဇူလိုင်လကျတော့ ရေနံတစ်စည်ကို ၃၅ ဒသမ ၆၃ ဒေါ်လာတိုးလာတာကတော့ အရင် နှုန်းထက် သုံးဆပိုလာတာပဲ။ စက်မှု နိုင်ငံတွေက သူတို့အခြား စီးပွားရေး တွေနဲ့ ကျားကန်ပြီး စီးပွားရေးထူ မတ်ဖို့ ကြိုးစားကြ ပေမယ့် မအောင် မြင်ပြန်ဘူး။ ဒါကြောင့် သူတို့ဟာ အသက်ရှူ ချောင်လိုချောင်ငြား စက်မှုနိုင်ငံသစ်တွေဆီက ဈေးပေါ ပေါရတဲ့ လူသုံးကုန်တွေမှာပြီး ဝယ် သုံးကြရတယ်။ အဲဒီမှာတင် ဘောဂ ဗေဒပညာရပ်မျာ ဝေါဟာရသစ် တစ်ခု ထပ်တိုးပါတယ်။ှအေါ်ူအေငသည ဆိုတဲ့ပေါချောင်အဆင့်တွေ ဝယ်ယူလို့ ငွေဖောင်းပွတဲ့ သဘောပေါ့။ စက်မှုနိုင်ငံသစ်တွေက အလုပ် သမားတွေရဲ့ လုပ်အားခက ဈေးပေါ တယ်။ လုပ်အားခသက်သာတဲ့ နိုင်ငံမှာ ပစ္စည်းတွေထုတ်ပြီး ဈေး ကွက်မှာ တခြားနိုင်ငံထုတ် ပစ္စည်း တွေထက် ဈေးသက်သက်သာသာ ရောင်းလို့ရတာပေါ့။ ဒီအတိုင်းဆက် သွားတော့ စက်မှုနိုင်ငံကြီးတွေမှာ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြရတယ်။ သတ်မှတ်ဈေးတွေ လည်း ကမောက်ကမဖြစ်ပြီး ပုံမှန် ဈေးကွက်တွေ ပျက်ကြရတော့တာ ပေါ့။ ဒုတိယကမ္ဘာစစ်ပြီးခါစမှာ အနောက်တိုင်းက စက်မှုလုပ်ငန်း တွေက မယိမ်းမယိုင်ရပ်တည်နိုင်ဆဲ ပဲ။ ဒါကြောင့် ၁၉၅၈ နဲ့ ၁၉၆ဝ ခုနှစ်ပိုင်းတွေမှာ အနောက်တိုင်းက ကမ္ဘာကို စိုးမိုးလွှမ်းခြုံနိုင်တာပေါ့။ အမေရိကန်စီးပွားရေးတစ်ခုတည်း က ကမ္ဘာ့ဂျီဒီပီရဲ့ တစ်ဝက်ရှိနေ တယ်။ ဥရောပကလည်း ပထမ ကယိမ်းကယိုင်ဖြစ်သွားပေမယ့် ‘မာရှယ်စီမံကိန်း’ကြောင့် ဆယ်စုနှစ်အတွင်း သူ့ခြေပေါ် သူရပ်တည်နိုင်ပါတယ်။ အဲဒီခေတ်က ‘အရင်းရှင်စနစ်ရဲ့ ရွှေခေတ်’ဆိုပြီး အင်္ဂလိပ် စာရေးဆရာတွေက အမွှန်းတင်ရေး ကြတယ်။ ပြင်သစ် ကလည်း အောင် ပွဲခံတဲ့ နှစ်သုံးဆယ်ဆိုပြီး ချီးကျူး ကြတယ်။ အဲဒီခေတ်က အမေရိက၊ ဥရောပနဲ့ ဂျပန်တို့ ခေါင်းမော်ချိန် ပေါ့။ စက်မှုနိုင်ငံတွေက စစ်ပြီးခေတ် မျိုးဆက် တွေအတွက် အဲဒီခေတ်က တကယ့်ကို ‘ရွှေထီးဆောင်းတဲ့ ကာလ’တွေပါပဲ။ လူမှုရေးဆိုင်ရာ လုံခြုံမှု၊ အကျိုးခံစားခွင့်တွေ၊ ပညာ ရေးအခွင့်အလမ်းတွေ အလျှံပယ်ခံ စားရတယ်။ အထက်တန်းကျောင်း ပြီးရင်ပဲ၊ ကောလိပ်ကဘွဲ့ရရင်ပဲ အလုပ်တွေက အသင့်စောင့်ကြိုနေ ကြတယ်။ ဘွဲ့ရပညာတတ်တွေက စီမံကိန်း အကွက်ချပြီး ရှင်သန်နေ ထိုင်ကြတယ်။ ဘယ်အချိန် ဘယ် ဘွဲ့ရပြီးရင် ဘယ်သူနဲ့ အိမ်ထောင် ပြုမယ်၊ အိမ်ထောင်ပြုပြီးရင် ဘယ်လို အိမ်လေးဆောက် နေလိုက်မဟဲ့။ ကလေးလည်း ဘယ်နှယောက်ယူ မယ်ပေါ့။ စီမံချက်ချသလို ချတဲ့အ တိုင်းဖြစ်ပါတယ်။ အူမတောင့်လို့ သီလစောင့်နိုင်ကြသလို တချို့ လည်း သူတောင်းစား ထမင်းဝတဲ့ အခါ နောက်ဆက်တွဲအပျော်အပါး တွေကများလာပြန်တယ်။ လူမှုအ ခွင့်အရေးတွေ ထပ်တောင်းကြ၊ နိုင်ငံ ရေးလွတ်လပ်မှုအတွက် တိုက်ပွဲဝင်ပို ကြနဲ့၊ ၁၉၆ဝ နဲ့ ၁၉၇ဝ ခုနှစ်များ အတွင်းမှာ ဟစ်ပီခေတ်ပေါ်လာ တယ်။ Flower Power ဆိုတာ တွေဖြစ်လာပြီး မူးယစ်ဆေးဝါးတို့၊ လွတ်လပ် တဲ့လိင်ကိစ္စတို့ ဖြစ်လာ တယ်။ဂီတမှာဘီး တဲလ်စ်တို့၊ ဝုဒ်စ တော့တို့၊ ရာဗီရှန် ကာတို့ အုပ်စုတွေ လွှမ်းလာပါတယ်။ အမေရိကန်မှာ အဏုမြူလက်နက် ဖျက်သိမ်းရေး၊ လူမှုအခွင့်အရေး လှုပ်ရှားမှုတွေ အားကောင်းပါတယ်။ ပြင်သစ်မှာတော့ ကျောင်းသားလှုပ်ရှားမှု တွေ၊ အီတလီ၊ ဂျာမနီနဲ့ ဂျပန်တို့ မှာကျတော့တပ်နီ လှုပ်ရှားမှုတွေ။ လူငယ်တွေကစိတ် ခံစားမှုကို ဦးစား ပိုပေးလာကြတယ်။ သူတို့ရဲ့ လူမှုအဖွဲ့အစည်းကြီးက သူတို့ကို အမှားတွေလုပ်ခွင့်ပေးမယ်။ အမှားလုပ်လည်း ခွင့်လွှတ်ကြမယ်။ ပြီးရင်တဖြည်းဖြည်း သူတို့ဘာသာ သူတို့ ပျိုးထောင်မွေးမြူမယ်လို့ ထင်နေကြတယ်။ အဲဒီခေတ်က ‘သည်းခံခြင်း’ နဲ့ ‘ရက်ရောမှု’ ခေတ်ပဲ။ ဒီရွှေခေတ်ကြီး သိပ်ကြာရှည် မခံ သက်တမ်းမရှည်နိုင်ဘူးဆိုတာ ဘယ်သူမှ မစဉ်းစားမိကြဘူး။ ဂလို ဘယ်လိုက်ဇေးရှင်း အရှိန်အဟုန်က တက်လာ၊ စက်မှုခေတ်လည်း ယို ယွင်းလာတဲ့အခါ အလုပ်တွေက ရှားလာတယ်။ ရတဲ့အလုပ်ကလည်း လစာနည်းလာတယ်။ ဘဝအာမခံ ချက်လည်း သိပ်မရှိတော့ဘူး။ အ လုပ်ရုံတွေကလည်း ‘နောက်လူလာ၊ အရင် လူထွက်’ (Last in, First out) ပုံစံမျိုးလုပ်လာလို့ လူတွေအ လုပ်လက်မဲ့ပိုဖြစ်ကြတယ်။ အမြဲ တမ်းအလုပ်ထက် ယာယီအလုပ်ပဲ ပိုလုပ်ကြရ တယ်။ သူတို့မိဘ တွေ ခေတ်ကရတဲ့ ခံစားမှုတွေ၊ ကျန်းမာ ရေးကုသစရိတ်တို့၊ ပင်စင်တို့တွေ မရတော့ဘူး။ ၁၉၉ဝ အစပိုင်းလောက်က စပြီး တရုတ်ကဈေးပေါပေါနဲ့ ထုတ် လုပ်ရောင်းချတဲ့ ပစ္စည်းတွေအနောက် တိုင်းမှာ ကျယ်ပြန့်လာတယ်။ ပစ္စည်း တွေက ဈေးတော့ပေါတယ်။ အရည်အသွေးကတော့ ခပ်ညံ့ညံ့ပဲ။ တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယား ထိုင်ဝမ်၊ မလေးရှား၊ ထိုင်း၊ အင်ဒို နီးရှား၊ မက္ကဆီကို၊ ဘရာဇီးတို့က လည်း အနောက်တိုင်းဈေးကွက်ထဲ ဝင်လာတယ်။ အဲဒါမဲ့ အဲဒီနိုင်ငံအား လုံးထက် တရုတ်က အရှိန်အဟုန် နဲ့ ဖြတ်ကျော်သွားပြီး ဆယ်နှစ် လောက်အတွင်းမှာ စီးပွားရေး တိုး တက်သွားတယ်။ ပစ္စည်းအရည်အ သွေးတွေလည်း တက်လာတယ်။ ၁၉၅ဝ ခုနှစ် လောက်မှာ အိန္ဒိ ယဝန်ကြီးချုပ် ဂျဝါဟလာနေရူးက ရင်းနှီးမြှုပ်နှံသူတွေကို လွတ်လွတ် လပ်လပ်ခွင့်ပြုပြီး စီးပွားရေးထူမတ် အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၆ဝ ခုနှစ်များမှာကျတော့ ‘အင်ဒီရာဂန္ဓီ’ အစိုးရက ပုဂ္ဂလိကလုပ်ငန်းတွေကို ချုပ်ခြယ်ကန့်သတ်တဲ့အမိန့်မျိုးကို ထုတ်ခဲ့လို့ စီးပွားရေးဦးကျိုးခဲ့တယ်။ တရုတ်က ကမ္ဘာ့ လူဦးရေရဲ့ ၁/၅။ အိန္ဒိယ ၁/၆။ လောလောဆယ် အိန္ဒိယဂျီဒီပီက တရုတ်ထက် တစ် ဝက်နည်းနေတယ်။ ဒါတောင်မှ အိန္ဒိယက ကမ္ဘာ့အကြီးဆုံးစီးပွားရေး မှာ သတ္တ မလိုက်နေတယ်။ ၂ဝဝ၃ ကစပြီး ၈ ဒသမ ၈ ရာခိုင်နှုန်းတိုး နေတယ်။ အိန္ဒိယက တစ်ခုကံကောင်း တာက သူ့မှာ အသက်တဲ့လူ များပြီး ပိုငယ်ပြီး လူဦးရေတိုး နှုန်းလည်း ပိုမြန်တာပါ။ ဒါကြောင့် ရေရှည်မှာ သူက တရုတ်ကို ကျော်သွားနိုင် တယ်။ အိန္ဒိယစီးပွားရေးက တိုးလာ တော့ အရှေ့တောင်အာရှက အစိုးရ (မလေးရှား၊ စင်ကာပူ၊ ထိုင်း)တွေ က အိန္ဒိယကို ပိုချဉ်းကပ် လာ ကြ တယ်။ တရုတ်ကို ချိန်ခွင်လျှာမျှတဲ့ ပထဝီနိုင်ငံရေး အင်အားတည် ဆောက်ဖို့အားပေးကြတယ်။ တစ် ချိန်တည်းမှာပဲ အိန္ဒိယဒေသတွင်းက တခြားနိုင်ငံတွေနဲ့ ဆက်ဆံမှု ပိုမို ခိုင်မာအောင် ကြိုးပမ်းခဲ့တယ်။ တရုတ်က သူ့ထွက်ကုန်ရဲ့ လေးပုံတစ်ပုံကို ပြည်ပကို ရောင်းချ တယ်။ အဲဒီ အထဲက ငါးပုံသုံးပုံကို ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား နဲ့ အာဆီယံနိုင်ငံတွေကို ပို့တယ်။ ဥရောပနဲ့ အမေရိကန်ကိုတော့ စက် ပစ္စည်းတွေတပ်ဆင်တာ၊ ထုပ်ပိုး တာတွေ လုပ်အားခသက်သာလို့ လုပ်ပေး တယ်။ ၂ဝဝ၉ ခုနှစ်၊ ဇွန်လ တစ်ရက် နေ့က သမ္မတအိုဘားမားရဲ့ ဘဏ္ဍာ ရေးဝန်ကြီး ‘တင်မသီဂိတ်သ်နာ’ တရုတ်ပြည် ကိုရောက်လာခဲ့တယ်။ အိုဘားမား သမ္မတ သက်တမ်း ရက် ၁ဝဝ အတွင်း အိုဘားမားကက်ဘိ နက်ဝန်ကြီးထဲက တရုတ်ပြည်ကို ဒုတိယမြောက်လာခဲ့သူပေါ့။ သူ့ အရင်လာသူက နိုင်ငံခြားရေးဝန် ကြီး ဟီလာရီလေ။ သူရာထူးရပြီး တစ်လမပြည့်ခင် ဖေဖော်ဝါရီ ၂၁ ရက်ကတရုတ်ပြည်ကိုရောက်ခဲ့တယ်။ ကလင်တန်လာတာက မြောက် ကိုရီးယားရဲ့အဏုမြူစီမံကိန်းကို တရုတ်ကကြားဝင်ပြီး စေ့စပ်ညှိနှိုင်း ပေးဖို့ပဲ။ တရုတ်က အမေရိကန်ရဲ့ အကြီးဆုံးကြွေးရှင်ပဲ။ ‘ဂိတ်သ်နာ’ ပေကျင်းကိုလာ တာက သူတို့ရဲ့ ငွေကြေးတွေ ဘေးကင်း ရန်ကင်း ရှိစေဖို့ တရုတ်ဆီက အာမခံချက် လာတောင်းတာပဲ။ ၂ဝဝ၇ ခုနှစ်မှာ ‘အိန္ဒိယ- တရုတ်ညီလာခံ’ကို ဒေလီမှာကျင်း ပတော့ အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး ရဲ့ အကြံပေးပုဂ္ဂိုလ် ‘မိုဟန်ဂုရုဆွာ မိ’က ၁၉၉ဝ ခုနှစ်တွေက တရုတ် စီးပွားရေးဟာ ၉ ဒသမ ၇ ရာခိုင် နှုန်းတိုးပါတယ်။ အဲဒီတုန်းက အိန္ဒိယက ၅ ဒသမ ၉ ရာခိုင်နှုန်းပဲ တိုးသေးတယ်။ တရုတ်ကိုမီဖို့ နေနေသာသာ နောက်မှာတောင် ကျန်ခဲ့တယ်လို့ ပြောတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက် က အိန္ဒိယနဲ့ တရုတ်ပြည်ကို ရောက်ဖူး သူတွေအနေနဲ့ အိန္ဒိယက တရုတ်ကို မီဖို့ဆိုတာ ဟာသပဲလို့ ထင်ကြလိမ့်မယ်။ ၁၉၈၅ တုန်းက ပေကျင်းက တရုတ်အမျိုးသား၊ အမျိုးသမီးတွေရဲ့တစ်ဝက် လောက် ဟာ ကော်လာထောင်ထောင်၊ ဘောင်းဘီပွပွ၊ မော်စီတုန်းခေတ်က ဝတ်စုံတွေ ဝတ်နေကြဆဲပဲ။ လေးပုံ သုံးပုံက စက်ဘီးနဲ့ အလုပ်လာကြ တယ်။ ဂျပန်ကား ခပ်နည်းနည်းပဲ၊ အငှားယာဉ်အနေနဲ့သုံးဖို့ အစိုးရက ဝယ်ခွင့်ပြုထားတယ်။ အငှားကား မောင်းသမားတွေက ဝင်ငွေကောင်း တယ်။ နိုင်ငံပိုင်လုပ်ငန်းတွေက ညွှန်ကြားရေးမှူးလစာထက် သူတို့ က ဝင်ငွေလေးဆပိုရတယ်။ အငှား ကားယာဉ်မောင်းတွေက သမီး ခပ်ချောချောဘန်းပြပြီး သားမက် ကောင်းဖမ်းချင်တဲ့ ယောက္ခမ တွေကြားမှာ တော်တော် မျက်နှာပွင့် ကြတယ်။ အဲဒီတုန်းက ပေကျင်းမှာ ခေတ်မီဟိုတယ်တွေ ဆောက်ပြီး တည်းခိုခကတော့ သိပ်ကို ဈေးကြီး တယ်။ လေအေးပေးစက်တောင် ညဘက်ကျမှပဲ ဖွင့်တတ်ကြတယ်။ ဟိုတယ်တွေမှာ စားပွဲတစ်လုံးကို စားပွဲထိုးနှစ်ယောက်က တာဝန်ယူ လေ့ရှိတယ်။ အဲဒီအချိန်မှာ အလုပ် မရှိတဲ့ လူတော်တော်များများက တစ်နေကုန်ဘေးမှာ ထိုင်စောင့်ပြီး လူလိုရင်ချက်ချင်းဝင်လုပ်ကြရတယ်။ ခရီးသည်တင်ဘတ်စ်ကားသိပ်နည်း တယ်။ မီးပွိုင့်လည်း မရှိသေး ဘူး။ ဒါပေမဲ့ လမ်းမှာ ကားတိုက်သေတဲ့ နှုန်းက သိပ်များတယ်။ လမ်း ဆုံလမ်းခွဆိုရင် မထိန်းသိမ်းနိုင်ဘဲ တိုက်ကြတာ များတယ်။ အလုပ် သမားကျင့်ဝတ်ဆိုတာ ဘာတစ်ခု မှ နားမလည် ကြဘူး။ ပေကျင်းက ‘မဟာတံတိုင်း ရှရီတန်ဟိုတယ်’ ဆိုတာ ပထမဆုံးနိုင်ငံခြားပိုင် ဟိုတယ်။ ပိုင်ရှင်တွေက နိုင်ငံပိုင် စက်ရုံက အလုပ်သမားဆိုရင် မငှား ဘူးလို့ ဗြောင်ကြေညာထားတယ်။ အခု တရုတ်ပြည်ရောက်တဲ့ သူကို ဒါတွေပြောပြရင် တကယ် ယုံတမ်းစကားပဲ။ ဥရောပနဲ့ အမေရိ ကန်ထက် ကောင်းတဲ့လမ်းတွေ၊ အဆောက်အအုံတွေ၊ ကားတွေက နိုင်ငံအနှံ့ပဲ။ စင်ကာပူ၊ ကွာလာလမ် ပူ၊ ဆစ်ဒနီ၊ မယ်လ်ဘုန်းက မိုး မျှော်တိုက်တွေထက် ပိုကြီးပိုမြင့်ပို လှတဲ့ အဆောက်အအုံတွေ တရုတ် ပြည်နေရာအနှံ့မှာ တွေ့ရမယ်။၁၉၉၅ ခုနှစ်တုန်းက ရှန်ဟဲရဲ့ အရှေ့နားက ‘ပုတုံး’ရပ်ကွက်ဆို ရင် လွင်တီးခေါင်သာသာပဲ။ နိုင်ငံ ခြားရင်းနှီး မြှုပ်နှံမှုကုမ္ပဏီ သုံးခုက ကုမ္ပဏီစဖွင့်တာ။ ခုတော့ စည်ကားသလား မမေးနဲ့တော့။ လေဆိပ်ကနေ မြို့ထဲကို ကမ္ဘာ့ တစ်ခုတည်းသောသံလိုက်ရထား နဲ့ ပြေးဆွဲပေးနေလေရဲ့။ ‘ပုတုံး’ရဲ့ ကွန်တိန်နာဆိပ်ကမ်းဟာ ‘ကွန် တိန်နာ’မြို့လို့တောင် တင်စား ခေါ်လို့ရမယ်။ ဧရာမကွန်တိန်နာ တွေက ခုနှစ်ထပ်၊ ရှစ်ထပ်တိုက် လောက်နီးပါးလောက်ထိ မြင့်လိမ့် မယ်။ ‘ပုတုံး’က ‘ရှန်ဟဲ’ကို ဆက် တဲ့ တံတားဆိုရင် ခေတ်သစ်အင် ဂျင်နီယာလက်ရာနဲ့ သိပ်ကိုကျက် သရေရှိလှတယ်။ ရှန်ဟဲက ခေတ်သစ်တရုတ် ပြည်ရဲ့ သင်္ကေတဆိုရင် ပေကျင်း၊ တီယန်ဂျင်၊ ကွမ်ကျိုးစတဲ့ မြို့တွေ ကလည်း ခေတ်မီတာ နောက်ကျ မကျန်ခဲ့ကြဘူး။ ဒီမြို့တွေမှာ သွား လာနေတဲ့ သူတွေဆိုရင် ကမ္ဘာပေါ် မှာ ဈေးအကြီးဆုံး ကောင်းပေ့ဆိုတဲ့ ဝတ်ကောင်းစားလှတွေ ဝတ်တဲ့သူ တွေချည်းပဲ။ လမ်းပေါ်မှာလည်း ဇိမ် ခံကားတွေ တန်းစီနေတယ်။ ‘တရုတ်အမျိုးသားစာရင်းဇယားဗျူရို’ ရဲ့ ခန့်မှန်းချက်အရဆိုရင် ဂျီဒီပီက ၁၉၇၈ ကစပြီး တစ်နှစ်ကို ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးနေလေရဲ့။ တစ် ဦးချင်းဝင်ငွေ ၂ဝဝ၆ ခုနှစ်မှာ ဒေါ် လာ ၁၅၁ ကနေ ဒေါ်လာ ၂ဝ၁ဝ အထိ ၁၄ ဆတိုးပါတယ်။ မြို့ပြ ကို လာနေတဲ့ လူဦးရေက ၁၈ ကနေ ၃၉ ရာခိုင်နှုန်းထိ တိုးလာ တယ်။ ချမ်းသာတဲ့ လူလတ်တန်း စားတွေ အများကြီးပေါ်ထွန်းလာ တယ်။ ၁၉၇၈ တုံးက လူ ၂ဝဝဝ မှာ ဖုန်းတစ်လုံးပဲရှိရာကနေ ၂ဝဝ၆ မှာ လူ ၁ဝဝ မှာ ၉၈ ဦးက ဖုန်း ကိုင်နိုင်ကြပြီ။ ၁၉၇၈ တုန်းက မိသားစု ၁ဝဝဝ မှာ ရုပ်သံစက်တစ် လုံး၊ ၂ဝဝ၆ ကျတော့ လူ ၁ဝဝဝ မှာ ၉၆ဝ က ရုပ်သံရှိနေကြပြီ။ ကမ္ဘာ့ဘဏ်ရဲ့ ကိုက်တံနဲ့တိုင်း ရင် ဒီရာစုအစမှာတင် တရုတ်က လူပေါင်း သန်း ၁ဝဝ ကို ဆင်းရဲ တွင်းက ဆွဲထုတ်နိုင်ခဲ့ပြီ။ ဒီလိုနဲ့ တရုတ်က ကမ္ဘာ့စီးပွားရေးမှာ စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်လာတယ်။ ဂျပန်လိုနိုင်ငံမျိုးတောင် ဒီလိုအဆင့် ဖြစ်ဖို့ အတော်ခက်သေးတယ်။ ၁၉၉၁ အထိ အိန္ဒိယစီးပွားရေး က ခပ်နှေးနှေးပဲ။ ၂ဝဝ၃ အထိ အိန္ဒိယစီးပွားရေးပြန်လည်ဆန်းသစ် လာမှုက သိပ်မဟုတ်သေးဘူး။ ၁၉၉၁ ဇွန်လမှာ အဲဒီတုန်းက ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ ‘မန်မို ဟန်ဆင်း’က သူ့ရဲ့ဘတ်ဂျက်မိန့် ခွန်းမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှု ကို ထည့်ပြောတယ်။ ဒါဟာ အိန္ဒိယ ရဲ့ ဆိုရှယ်လစ်အမိန့်ပေး စီးပွားရေး ကဏ္ဍကို တစ်ခန်းရပ်ပေးလိုက်တာ ပဲ။ ၁၉၉၁-၉၂နဲ့၊ ၂ဝဝ၂-ဝ၃ မှာ အိန္ဒိယစီးပွားရေးတိုးနှုန်းက ၆ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်။ ၁၉၉ဝ ခုနှစ် များ အလယ်ပိုင်း က ဂျပန်နဲ့ တောင် အာရှက ၇ ရာခိုင်နှုန်း တိုးခဲ့တယ်။ တရုတ်က ၁၉၇၈ နဲ့ ၁၉၉၅ မှာ ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးခဲ့တယ်။ စီးပွားရေးပေါ်လစီပြောင်းပြီး ၂ဝဝ၃ ခုနှစ် နောက်ပိုင်းမှာ အိန္ဒိယ စီးပွားရေး တိုးတက်နှုန်းက တစ်နှစ် ကို ၉ ရာခိုင်နှုန်းတိုးလာတယ်။ အဲဒီကစပြီး တရုတ်ကို အမီလိုက် လာတာ ခုထိပဲ။ ၂ဝဝ၆ မှာ တရုတ်ရဲ့ ဂျီဒီပီ တိုး တက်နှုန်းက ၁ဝ ဒသမ ၇ ရာခိုင် နှုန်းဖြစ်ပြီး အိန္ဒိယက ၉ ဒသမ ၂ ရာခိုင်နှုန်းဖြစ်တယ်။ တရုတ်က သူ့ ဂျီဒီပီရဲ့ ၄၂ ဒသမ ၅ ရာခိုင်နှုန်း ကို ရင်းနှီးမြှုပ်နှံပြီး အိန္ဒိယက ၃၂ ဒသမ ၇ ရာခိုင်နှုန်း မြှုပ်နှံတယ်။ ဒါပေမဲ့ အိန္ဒိယ ရင်းနှီး မြှုပ်နှံမှုက ပိုပြီး အကျိုးအမြတ်များ တယ်။

ဟိန်းလတ်-popularmyanmarnews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!