Popular Posts!

Wednesday, June 22, 2011

ပြည်ပတွင် သုံးလအထက်နေထိုင်ခဲ့သူများ သက်ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာဆယ်ရာခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်

ကျော်မြတ်ဇံ
ရန်ကုန်၊ ဇွန် ၁၈- ပြည်ပတွင် သုံးလ အထက်နေထိုင်ခဲ့သူများအနေဖြင့် သက် ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာဆယ်ရာ ခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်မှ နိုင်ငံ ကူးလက်မှတ် သက်တမ်းတိုးပေးမည်ဖြစ် သည်ဟု နိုင်ငံကူးလက်မှတ်ရုံးမှဌာနခွဲမှူး ဦးစိုးထွန်းအောင်က ပြောသည်။
သုံးလအထက် နေထိုင်သော် လည်း ပညာသင်ကြားရေးသို့ ကျန်းမာရေး ကြောင့် ယင်းကဲ့သို့နေထိုင်ရကြောင်းကို သက်ဆိုင်ရာ မြန်မာသံရုံး၏ထောက်ခံချက် ရှိပါက အမြတ်ခွန်ပေးဆောင်ရန်မလိုဟု ယင်းက ထပ်မံပြောသည်။
''သုံးလအထက်ဆိုပေမယ့် ရက် ပိုင်းလောက်ကိုတော့ မဆိုလိုပါဘူး။ ကျွန် တော်တို့ မနလရုံးအနေနဲ့ နိုင်ငံသား တစ် ယောက်ဟာ ပြည်ပမှာ သုံးလအထက်နေ ရင် အလုပ်လုပ်နေတယ်လို့ ယူဆတယ်''ဟု ပြောသည်။
နိုင်ငံသားတစ်ဦးသည် ပြည်ပ တွင် သုံးလအထက်နေထိုင်ခဲ့ပါက သွား ရောက်ခဲ့သော ပြည်ပနိုင်ငံ၏ အနိမ့်ဆုံးလစာ ဆယ်ရာခိုင်နှုန်းကို သက်ဆိုင်ရာနိုင်ငံ၏ မြန်မာသံရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံ ရှိ သက်ဆိုင်ရာအမြတ်ခွန်ရုံးများတွင်လည်း ကောင်း ပေးဆောင်ရမည်ဖြစ်ကာ မနလ သက်တမ်းတိုးရာတွင် ပြည်ပရှိမြန်မာသံရုံး တွင် အခွန်ဆောင်ပြီး ဖြစ်ကြောင်း အခွန် ပြေစာပါရမည်ဖြစ်သည်။
''အခွန်မဆောင်ချင်လို့ အကြောင်း အမျိုးမျိုးပြတဲ့သူတွေရှိတယ်။အလုပ်လုပ် တာ မဟုတ်ဘူး။ သားသမီး နေမကောင်း လို့၊ ကျန်းမာရေးမကောင်းလို့ နေရတာပါ လို့ မနလသက်တမ်းတိုးတဲ့အခါ ပြောပေ မယ့် ကျွန်တော်တို့အနေနဲ့က မမြင်ရတဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်လေ။ အဲဒီ လိုဖြစ်လို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆို တဲ့အကြောင်းကို ပြည်ပနိုင်ငံရဲ့သက်ဆိုင် ရာ မြန်မာသံရုံးက ဟုတ်မှန်ပါတယ်ဆိုတဲ့ အကြောင်း ထောက်ခံစာပါမှအခွန်မဆောင် ရမှာလေ။ ထောက်ခံစာမပါရင်တော့ အခွန် ဆောင်ရမှာပဲ''ဟု ယင်းက ထပ်လောင်းပြော သည်။
''ကျွန်တော့်တုန်းက စင်ကာပူ မှာ ကျန်းမာရေးအခြေအနေကြောင့် လေးလ ကျော်နေခဲ့ရတယ်။ ဒီရောက်တော့ မနလ သက်တမ်းတိုးမယ်လုပ်တဲ့အချိန်မှာ မကျန်းမာ လို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆိုတဲ့ အကြောင်း စင်ကာပူနိုင်ငံက မြန်မာသံရုံးရဲ့ ထောက်ခံစာတောင်းတယ်။ မပြနိုင်ရင် အလုပ်လုပ်တယ်လို့ သတ်မှတ်တယ်။ မနလ သက်တမ်းတိုးဖို့ အမြတ်ခွန်ဆောင်ရမယ် ဆိုလို့ ဒီနိုင်ငံမှာပဲ ဆောင်လိုက်ရတယ်။ ဒီလိုဖြစ်ရင် သက်ဆိုင်ရာသံရုံးမှာ ထောက်ခံ စာတောင်းရမယ်မှန်း တကယ်မသိခဲ့ပါဘူး'' ဟု ပုဇွန်တောင်မြို့နယ်နေသူ ကိုကြည်ဝင်း က ပြောသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွင် နိုင်ငံကူးလက်မှတ်စတင်ပြုလုပ် ခြင်း၊ သက်တမ်းတိုးခြင်းနှင့်ဆိုင်သည့် ပြု လုပ်ရမည့်အချက်များကို အများပြည်သူ မြင်သာသောနေရာများတွင် ဖော်ပြပေး ထားသည်။
Ref:theyangontimes

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!