| Sunday, 19 June 2011 13:26 |
ရန်ကုန်မြို့မြေနီကုန်းလမ်းဆုံ အနီးတစ်နေရာကို တွေ့ရစဉ် ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသော အဆိုပါလျှော့ချထားသည့် အခွန်နှုန်းဖြင့် ပေးဆောင်ရန် သတ်မှတ်ထားမှုမှာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် သက်တမ်းတစ်ကြိမ် ကုန်ဆုံးခဲ့ပြီးနောက် တစ်နှစ်ထပ်မံ သက်တမ်းတိုးထားခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ တွင် ထပ်မံသက်တမ်းတိုးထားသည့် ကာလကုန်ဆုံးမည်ဖြစ်ကြောင်း သိ ရသည်။ “အိမ်ခြံမြေ ရောင်းဝယ်တဲ့အခါ ၀င်ငွေရလမ်းမပြနိုင်ရင် ကျပ်သန်း ၅၀၀၀ အထက်ဆို ၁၂ ရာခိုင်နှုန်း၊ ကျပ်သန်း ၅၀၀၀ အောက်ဆို ၁၅ ရာခိုင်နှုန်းနဲ့ပေးဆောင်ရတယ်။ အဲဒီ အထဲမှာ အခွန်တံဆိပ် ခေါင်းတန်ဖိုး ခုနစ်ရာခိုင်နှုန်းပါ ပါဝင်တဲ့အတွက် ၁၅ ရာခိုင်နှုန်း ကျသင့်တဲ့သူဆိုရင် တကယ်ပေးဆောင်ရတာက တံဆိပ် ခေါင်းတန်ဖိုး ခုနစ်ရာခိုင်နှုန်းနှုတ်ပြီး ရှစ်ရာခိုင်နှုန်းပဲ ပေးဆောင်ရတာပါ။ လာမယ့် သြဂုတ်လ ၁၂ ရက်နေ့ ဆိုရင် လျှော့ချပေးထားတဲ့နှုန်းနဲ့အခွန် ဆောင်ရတဲ့ သက်တမ်းက ပြည့်ပြီ”ဟု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခု မှတာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။ သို့သော် ထိုသို့လျှော့ချပေးထားမှုကြောင့် အိမ်ခြံမြေဈေးကွက်ကို ကစားသည့် လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး မလိုအပ်ဘဲ အိမ်ခြံမြေ ဈေးများ ထိုးတက်လာခဲ့ရာ အခြားကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ် လုပ်ငန်းများအပြင် ငွေကြေးစီးဆင်းမှု အပေါ်တွင်ပါ သက်ရောက်မှုရှိလာခဲ့ကြောင်း သိရသည်။ “အိမ်ခြံမြေဈေးကွက် တစ်ခုတည်းပဲ လုပ်စရာရှိတဲ့အလုပ်လို့ သတ်မှတ်ပြီး ၀ိုင်းလုပ်လာကြတာ တကယ်တော့ တခြားကဏ္ဍတွေကို ထိခိုက်စေတယ်။ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေမှာ လုပ်ငန်းထပ်ချဲ့တဲ့ အခါမလိုအပ်ဘဲ မတန်တဆဈေးပေးပြီး လုပ်ကိုင်နေရတာမျိုးက ထိခိုက်တာပဲလေ။ ဒီထက်ဆိုးတာက ဒီဈေးကွက်ထဲမှာပဲ ငွေတွေသွားပြီးမြှုပ်နှံထားတဲ့အတွက် ငွေက ငွေသေတွေ ဖြစ်ကုန်တယ်။ အဲဒီအတွက်ငွေကြေး လည်ပတ်စီးဆင်းမှုကိုလည်း သက်ရောက်စေတယ်။ ကုန်ထုတ်လုပ်မှု ပိုင်းမှာမမြှုပ်နှံတဲ့အတွက် ကုန်ထုတ်လုပ်မှုပိုင်းလည်း သေနေတာပဲ။ ဘယ်လောက်ထိ အိမ်ခြံမြေဈေးကွက် ကြီးထွားလာသလဲဆိုရင် ကုန်ထုတ်လုပ်ငန်းထက် ပိုကိုက်တယ်ဆိုပြီး လုပ်ငန်းရှင်တော်တော်များများက ကုန်ထုတ်တာထက် အဲဒီဘက်ကို သွားမြှုပ်နှံလာတဲ့အထိ ဖြစ်နေတာလေ။ အဲဒီအတွက် အိမ်ခြံမြေရောင်းဝယ်ခွန် ဆိုင်ရာ အခွန်လျှော့ချပေးထားမှုကို သက်တမ်းထပ်မတိုးဘဲ အခွန်စနစ်နဲ့ ပြန်ထိန်းချုပ်ထားတဲ့ သဘောလုပ်သင့်တယ်”ဟု ကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။ “Real Estate Sector ကို သေသွားအောင်လုပ်ဖို့ ပြောတာမဟုတ်ပါဘူး။ ဖြစ်သင့်တာပဲ ဖြစ်ဖို့လိုတယ် လို့ပြောတာပါ။ တစ်ဖက်နိုင်ငံလုပ်ငန်းရှင်တွေ နောက်ကွယ်က ပိုင်ဆိုင်လာတာတွေကိုလည်း အတိုင်းအတာ တစ်ခုထိ ထိန်းသိမ်းပြီးဖြစ်သွားအောင် ဒီအခွန်သက်တမ်းကို ထပ်မတိုးသင့်ဘူး။ ကျွန်တော်တို့သိနေ တာပဲ ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ပရောဂျက်ကြီးတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေဆိုရင် ပြည်ပနိုင်ငံ က ဘဏ်တွေမှာ အတိုး သုံးရာခိုင်နှုန်းနဲ့ယူပြီး အလုပ်ထဲမှာလည်းထည့်ပြီး ကျန်တာကို အိမ်ခြံမြေမှာ အလုံး အရင်းနဲ့ဝင်ကစားတာ။ တရုတ်တိုင်ပေ ကနေလည်း အတိုးနှုန်း သုံး၊ လေး ရာခိုင်နှုန်းလောက်နဲ့ယူပြီး ၀င်ကစားတဲ့ သူရှိတာပဲ။ တချို့ဆို တစ်ဖက် နိုင်ငံကလုပ်ငန်းရှင်က သူ့နိုင်ငံဘဏ် ကချေးလို့ရတဲ့ငွေနဲ့ ပြည်တွင်းကလုပ်ငန်းရှင်ကို ချေးတယ်။ လုပ်ငန်းရှင်က ရန်ကုန်နဲ့မန္တလေး အိမ်ခြံမြေဈေးကွက်မှာ ၀င်မြှုပ်နှံလုပ်ကိုင်လာတာကို လည်း လုပ်ငန်းရှင်တွေကြားမှာ သိထားပြီးသားပါ။ ဒီတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က မြေဈေးနဲ့ အခုဈေး ဘယ်နေရာပဲကြည့်ကြည့် သုံးဆကနေ ခုနစ်ဆအထိ ထပ်ပြီးမြင့်လာတာ ပေါ့။ ဒီတော့ တခြားကဏ္ဍတွေကိုပါ ထိခိုက်လာတယ်လေ”ဟု လေ့လာသူလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။ “၀င်ငွေရလမ်း မပြနိုင်ရင်လို့ ဆိုတဲ့အတွက် ရလမ်းမပြနိုင်တဲ့ ငွေကြေးခ၀ါချချင်တဲ့သူတွေ အတွက် လည်း ဒါက အခွင့်ကောင်းကြီးလို ဖြစ်နေတာပေါ့။ တံဆိပ်ခေါင်းခွန် နှုတ်ပြီး ခုနစ်ရာခိုင်နှုန်း၊ ရှစ်ရာခိုင်နှုန်းပဲ ပေးဆောင်ရတော့ ၀င်ငွေ ရလမ်းမပြနိုင်တဲ့ ငွေကြေး အများအပြား ပိုင်ဆိုင်သူတွေပါ ပါဝင် ပတ်သက်ကုန်တာပေါ့။ ကျန်တဲ့ကဏ္ဍတွေကိုပါ ထိခိုက်လာတာမျိုး ကျတော့ ထိန်းချုပ် ထားသင့်ပါတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ် ပြောကြားခဲ့ပါသည်။ ကုန်ထုတ်လုပ်ငန်း ကုန်သွယ်လုပ်ငန်းများတွင် အရင်းအနှီးများ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အိမ်ခြံမြေ ရောင်းဝယ်ခွန်ဆိုင်ရာ အခွန်နှုန်း လျှော့ချပေးထားမှုအား ထပ်မံသက် တမ်းတိုးခြင်းမပြုသင့်ကြောင်း ကုန်ထုတ်လုပ်ငန်းရှင်များက သုံးသပ် ခဲ့ကြပါသည်။ “Production ဘက်မှာ အရင်းအနှီးလုပ်မလား အိမ်ခြံမြေထဲ ၀င်မလားမေးရင် လုပ်ငန်းရှင် တော်တော်များက အိမ်ခြံမြေထဲ သွားထည့်ထားကြတယ်။ ဒီတော့ Production ဘက် မှာ အရင်းအနှီး နည်းကုန်တယ်။ ဒီလို အိမ်ခြံမြေ၊ ကားဈေးတွေမလိုအပ်ဘဲ မြင့်နေတဲ့အတွက် လုပ်ငန်းချဲ့ထွင် နိုင်စွမ်းအားကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့်လျှော့ချပေးတဲ့ သက်တမ်းကို မတိုးတော့ဘူးဆိုရင် ကြိုဆိုပါတယ်”ဟု ကုန်ထုတ်လုပ်ငန်း ရှင်ကြီးတစ်ဦးက ဆိုသည်။ “အခုလို အခွန်ဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်းဖို့ လုပ်နေချိန်မှာ ဒီလို အိမ်ခြံမြေဆိုင်ရာ ရောင်းဝယ်ခွန်လျှော့ချ ပေးထားမှုမျိုးကို သက်တမ်းထပ် မတိုးသင့်တော့ဘူး။ အခွန်နဲ့ထိန်းဖို့ လိုသလို ရာဖြတ်အဖွဲ့တွေကလည်း အိမ်တန်ဖိုးကို တိတိကျကျတွက်ချက်ပြီး ဖြတ်သင့်ပါတယ်”ဟု လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။ Ref;weeklyelevennews |
Popular Posts!
-
မောင်ကျေးရေ ကယ်လီဖိုးနီယား ဇန္န၀ါရ်ီလ ၅၊၂၀၁၃။ စကားဦး သတ္တုတွင်းမျာ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင်အများစုကို နှစ်က...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
မြင့်လှိုင်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၂ အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of America ၊ JPMorgan Chase ၊ Wells Fargo ၊ US Bank နဲ့ PNC ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
Hakka people https://en.wikipedia.org/wiki/Hakka_people တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသ...
-
(၁) ဆရာသမီးကကျီးဘောင်ဖြစ်နေတာပါသမီးဂုတ်မှာဖြစ်နေတာပါ။ သမီးဆေးကုနေတာစုံနေပါပြီ။ သမီးက အရမ်း အကြောတတ်တာပဲ။ အမြဲနှိပ်နေရတယ်ဆရာ။ နည်လမ်းလေးသမ...
-
How Much Do You Need To Earn To Survive In Singapore? Do you earn enough to survive in Singapore? I did some calculations to try to fi...
Wednesday, June 22, 2011
အိမ်ခြံမြေ ရောင်း ၀ယ်ခွန်လျှော့ချပေးထားမှု သက်တမ်း ကုန်ဆုံးတော့မည်၊ ငွေကြေးစီးဆင်းမှု ကုန်ထုတ်လုပ်မှုတို့ကို ထိခိုက်သည်အထိ အိမ်ခြံမြေဈေးကွက် မလိုအပ်ဘဲ ကြီးထွားလာနေမှုကြောင့် အခွန်လျှော့ချပေးခြင်းကို သက်တမ်းမတိုးသင့်တော့ဟု လုပ်ငန်းရှင်များ သုံးသပ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment