Popular Posts!

Wednesday, February 1, 2012

ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိလာသည့် စဥ့်ထည် Export ထုတ်လုပ်မှု

Updated : 25 May, 2011

ပြည်တွင်းမှာ စဥ့်ထည်ထုတ်လုပ်ပြီး နိုင်ငံခြားဈေးကွက်တင်ပို့နေရာမှာ အခုအခါ ပြည်ပ ကုမ်္ပဏီတွေက လာရောက်ပြီး ပြည်တွင်းမှာပဲ ရင်းနှီးမြှုပ်နှံတာတွေ ပြုလုပ်သွားဖို့ စိတ်ဝင်စားနေ တယ်လို့ စဥ့်ထည် Export ရောင်းချသူတွေထံက သိရပါတယ်။

ပြည်တွင်းက စဥ့်ထည်တွေကို အများဆုံးဝယ်ယူတာဟာ မလေးရှားနိုင်ငံကဖြစ်ပြီး စင်္ကာပူနိုင်ငံက ဒုတိယအများဆုံး ၀ယ်ယူတာဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်၊ စပိန်၊ တောင်အာဖရိကနဲ့ အာရှနိုင်ငံတွေကတော့ အနည်းအကျဉ်းဝယ်ယူကြတယ်လို့ သိရပါတယ်။ အခုလို ၀ယ်ယူကြရာမှာ အရင်ကအဆိုပါ နိုင်ငံတွေအတွင်းမှာပဲ အလှဆင်အသုံးပြုကြတာဖြစ်ပေမယ့် အခု နောက်ပိုင်းမှာတော့ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက တခြားနိုင်ငံတွေကို တဆင့်ပြန်ပြီး ရောင်းချကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Export ဈေးကွက်ပိုမိုကျယ်ပြန့်လာပြီး မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံက အဆိုပါ နိုင်ငံအတွင်းမှာပဲ စဥ့်ထည်အမြောက်အမြားထုတ်လုပ်သူတွေရှိပေမယ့် မြန်မာပြည်ကထွက်တဲ့ ဒီဇိုင်းပုံစံတွေကြောင့် မှာယူကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းရဲ့ Export တင်ပို့ရမှုတွေမှာလည်း အရင်နှစ်တွေက တစ်နှစ်ကို ပေ(၄၀)ကွန်တိန်နာ အစီးနှစ်ဆယ် ၀န်းကျင်တင်ပို့ခဲ့ရပေမယ့် ပြီးခဲ့တဲ့ နှစ်ကတော့ တစ်နှစ်လုံးကို ကွန်တိန်နာ(၅)စီး လောက်ပဲ ပို့ခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ယခုမေလအထိ ကွန်တိန်နာ(၅)စီးနီးပါး တင်ပို့ခဲ့ရ ပြီး တစ်နှစ်ပတ်လုံးအတွက် အရင်နှစ်တွေကပို့ခဲ့တဲ့ အစီးနှစ်ဆယ်ရဲ့ အထက်မှာ တင်ပို့နိုင် မယ်လို့ ခန့်မှန်းထားကြောင်း အောင်ဝင်းစိုး အင်တာနေရှင်နယ် ထရေးဒင်းကုမ်္ပဏီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Export နည်းခဲ့တာဟာ ဒီဇိုင်းနဲ့ အရောင်ရိုးသွားတဲ့အတွက်ဖြစ်ပြီး ဒီနှစ် မှာတော့ အရောင်အသစ်တွေနဲ့ ဒီဇိုင်းပုံစံတွေကိုပါ တိုးချဲ့ထုတ်လုပ်ပေးထားတာကြောင့် ဖြစ်တယ် လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာစဥ့်ထည်ကုန်သုံးစွဲမှုက အသုံးအဆောင်ပစ်္စည်းထက် Decorative (ဒီကိုရေးတစ်)အတွက် အလှဆင်သုံးစွဲလာကြတာများလို့ နောက်ပိုင်းမှာ ဒီဇိုင်းကော အရောင်ပါ အသစ်တွေစဉ်းစားထုတ်လုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အခုလက်ရှိ မလေးရှားကုမ်္ပဏီတစ်ခုက လည်း သူတို့ရဲ့ ဒီဇိုင်းသီးသန့်ပေးပြီး စမ်းသပ်ထုတ်လုပ်ဖို့ ကမ်းလှမ်း ထားပြီးအဆင်ပြေရင်တော့ နောက်ပိုင်းမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်ရှိတာဖြစ်ပါတယ်။ နောက်ထပ် ကုမ်္ပဏီတစ်ခုကတော့ ပြည်တွင်းက ကုမ်္ပဏီနဲ့ပူးပေါင်းပြီး စဥ့်ထည်အမြောက်အမြား ထုတ်လုပ်ကာ တခြားနိုင်ငံအတော်များများကို တင်ပို့ရောင်းချသွားဖို့အတွက် စုံစမ်းနေတာဖြစ်တယ် လို့ သိရပါတယ်။
လက်ရှိပြည်တွင်းရဲ့ စဥ့်ထည်ထုတ်လုပ်မှုတွေဟာ စက်မှုထက် လက်မှုထုတ်လုပ်နေတာပိုများ လို့ ထွက်ရှိမှုဟာ နည်းပါးနေသေးတာဖြစ်ပါတယ်။ အခုအခါမှာ မြေဖျော်ခြင်းနဲ့ ပုံသွင်းခြင်း တချို့ကိုတော့ စက်မှုနဲ့ မိုလောင်းထုတ်လုပ်လို့ရပေမယ့် တချို့အိုးကြီးတွေကတော့ စက်နဲ့ မိုလောင်း ထုတ်လုပ်ဖို့ အဆင်မပြေသေးတာတွေရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် (၅)ပေ၊ (၆)ပေအိုး ကြီးတွေ ၀ယ်ယူမှုမှာတော့ ထိုင်းနိုင်ငံက စက်လုပ်အိုးထက် မြန်မာပြည်က ထုတ်တဲ့ လက်လုပ်(၅)ပေ၊ (၆)ပေအိုးကြီးတွေကို ပြည်ပက မှာယူမှုပိုများတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Ref:MRTV4

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!