Popular Posts!

Wednesday, February 1, 2012

စဥ့်အိုးများဖြင့် အချဉ်၊အငန် အစားအစာများ ထည့်သွင်း အသုံးပြုပါက ခဲဆိပ်သင့် ရောဂါ ဖြစ်ပွားနိုင်

Updated : 16 Sep, 2011

စဥ့်အိုးတွေမှာ သုတ်လိမ်းထားတဲ့ စိမ်းဖန့်ဖန့် အရောင်ဟာ ခဲကိုသုတ်လိမ်း ထားခြင်း ဖြစ်တဲ့အတွက် အဆိုပါ စဥ့်အိုးအတွင်းသို့ အချဉ်၊ အငန် အစားအစာများ ထည့်သွင်း စားသုံးမိပါက လူတွေမှာ ခဲဆိပ်သင့် ရောဂါဖြစ်ပွား လာနိုင်တယ်လို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန FDA မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ယခင်က စဥ့်အိုးတွေမှာ အချဉ်ထည့်သွင်း အသုံးပြုပါက ခဲဆိပ်သင့်မှန်း သိထားပြီး ယခုအသစ် ထပ်မံတွေ့ရှိမှု များအရ အငန်ထည့်သွင်း အသုံးပြုပါ ကလည်း ခဲဆိပ်သင့် ရောဂါဖြစ်ပွား လာတယ်လို့ သိရပါတယ်။
စဥ့်အိုး အတွင်းမှာ သုတ်လိမ်း ထားတဲ့ ခဲဟာ ထည့်သွင်းထားတဲ့ အချဉ်၊ အငန်အစား အစာတွေထဲသို့ ပျော်ဝင် ရောက်ရှိသွားပြီး ခဲဆိပ်သင့် ရောဂါဖြစ်လာတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အဆိုပါ စဥ့်အိုး အတွင်းသို့ ချဉ်ဖတ် စိမ်ခြင်း၊ အချဉ် ထည့်စားခြင်း၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အစရှိတဲ့ အစားအစာများ ထည့်သွင်း အသုံးမပြု သင့်ဘူးလို့ သိရပါတယ်။

ခဲဆိပ်သင့် ရောဂါ ဖြစ်ပွားနေပါက စားသောက်ခြင် စိတ်မရှိခြင်း၊ ခံတွင်းပျက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ပြင်းထန်စွာ ဗိုက်နာခြင်း၊ အဆစ်နဲ့ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ သွေးအား နည်းခြင်း၊ မောပန်း လွယ်ခြင်း၊ ခြေ၊ လက်များ မလှုပ်ရှားနိုင်ခြင်း၊ သွေးတိုးခြင်း၊ အာရုံ စူးစိုက်မှု လျော့နည်းခြင်းတို့ အပြင် ဦးနှောက် ရောင်ခြင်းကြောင့် တက်ခြင်း၊ မေ့မြော သတိလစ်ခြင်းနဲ့ သေဆုံးခြင်းတို့ အထိ ဖြစ်ပွား နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ ခဲဆိပ်သင့် အန္တရာယ် ကာကွယ်နိုင်ဖို့ အတွက် အဆီဓါတ် နည်းပြီး ကယ်လ်စီယမ်ပါ ၀င်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ငါးကလေးများနဲ့ ဗန်ဒါစေ့ စားသုံးခြင်း၊ သံဓါတ် ပါဝင်တဲ့ ကြက်ဥ၊ အသား၊ ငါးမျိုးစုံ၊ ပဲမျိုးစုံ၊ ကန်းစွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ ပေါက်ပန်းဖြူရွက်များ စားသုံးပေးခြင်းနဲ့ ဇင့်ဓါတ်ပါဝင်တဲ့ ၀က်သား၊ အမဲသား၊ ကနုကမာနဲ့ ဂဏန်းတို့ကို စားသုံး ပေးရမယ်လို့ သိရပါတယ်။
Re

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!