Popular Posts!

Tuesday, February 28, 2012

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ စင်ကာပူနိုင်ငံမှ ငွေလွှဲခနှုန်းထားများကို သတ်မှတ်

Friday, 24 February 2012 00:00 | 
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ လုံခြုံစိတ်ချစွာဖြင့် အမိမြန်မာနိုင်ငံသို့ငွေပေးပို့ရန် စင်ကာပူနိုင်ငံရှိ ပင်နီစူလာပလာဇာတွင် ငွေလွှဲကောင်တာတစ်ခုကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဖွင့်လှစ်၍ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
စင်ကာပူနိုင်ငံအတွက်ငွေလွှဲခနှုန်းထားများကို သတ်မှတ်ရာတွင် စင်ကာပူဒေါ်လာ တစ်ဒေါ်လာမှ ဒေါ်လာ ၅၀၀အထိ ငွေလွှဲခ ၁၀ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး စင်ကာပူဒေါ်လာ ၅၀၁ မှ ၂၀၀၀ဒေါ်လာအထိကို ငွေလွှဲခ ၁၅ဒေါ်လာကျသင့်မည် ဖြစ်သည်။ ၂၀၀၁ဒေါ်လာမှ ၁၀၀၀၀ဒေါ်လာအထိ ငွေလွှဲခမှာ ဒေါ်လာ ၂၀ဖြစ်ပြီး စင်ကာပူ ဒေါ်လာ ၁၀၀၀၁ မှအထက်ကိုလွှဲပါက ဒေါ်လာ ၄၀ကျသင့်မည်ဖြစ်ကြောင်းသိရသည်။
ငွေလွှဲရာတွင် သတ်မှတ်ချက်များ ကန့်သတ်ချက်များမထားရှိဘဲ ပေးပို့နိုင်ကြောင်းသိရသည်။ သို့သော် စင်ကာပူဒေါ်လာ ၁၀၀၀၀ထက်ပိုပါက သက်ဆိုင်ရာ ဗဟိုဘဏ်သို့သတင်းပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။ လူတစ်ယောက်ကို တစ်ကြိမ်လျှင်ဟု သတ်မှတ်ထားသည့်အတွက် နေ့စဉ်ဒေါ်လာ ၉၉၉၉ဒေါ်လာ လွှဲပို့မည်ဆိုပါက သတင်းပေး ပို့ရန်မလိုကြောင်းကိုလည်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါငွေလွှဲခများကို စင်ကာပူနိုင်ငံတွင်ပင် သီးခြားပေးခေရမည်ဖြစ်ပြီး ရန်ကုန်ရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် ထုတ်ယူမည်ဆိုပါက ငွေလွှဲခ ထပ်မံပေးဆောင်ရန်မလိုကြောင်း သိရသည်။ နယ်မြို့များသို့ ငွေလွှဲရာတွင် အထူးဒေသများ မဟုတ်ပါက ငွေလွှဲခမှာ ကျပ် ၁၀၀လျှင် ၁၅ပြားနှုန်းကျသင့်မည်ဖြစ်ကြောင်းသိရသည်။
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်ပြီးပါက မလေးရှားနိုင်ငံတွင်လည်း ဖွင့်လှစ်၍ ငွေလွှဲလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Ref : Commerce

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!