Ref:MRTV4
Popular Posts!
-
အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ... ဆရာခင်ဗျာ အမျိုးသမီးတွေမှာ လိင်အင်္ဂါ ကြွက်နို့ ရော ဂါ ဖြစ်နိုင်ပါသလား။ ဘယ်လို ပုံစံမျိုးနဲ့ ဖြ...
-
ကမ္ဘာကိုခြိမ်းခြောက်လာအုံးမယ့် တရုတ်ရဲ့ဆီလီကွန်လက်နက် December 26, 2018 ဟောင်ကောင်တွင် Asia Adult Expo (AAE) ဆိုသည့် ကုန်စည်ပြပွဲကို ယ...
-
Sunday, July 08, 2012 ဇော်အောင် (မုံရွာ) "---ပြည်ပရောက် မြန်မာအင်အားကို သုံးမယ်ပြောပြီး ပြန်လာမယ့် လူများကိုလည်း နေရာမပေးချင်၊ အထူး...
-
Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ်အရောင်းပြခန်းပေါင်း (၂၂၀)၊ မော်တော်ယာဉ်တင်သွင်းသူများ၊ ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ရောင်းဝ...
-
သည်းခြေကျောက်တည် ရောဂါသည် အမျိုသားများထက် အသက် ၄ဝ ကျော်အမျိုးသမီးများတွင် ပိုအဖြစ်များကြောင်း ဒေါက်တာခင်မောင်လွင်၏ သည်းခြေကျောက် တည်ရောဂါနှ...
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
မြန်မာ့ရုပ်ရှင် - မင်းသား သိန်း ၆၀၀၊ မင်းသမီး သိန်း ၃၀၀၊ မင်းသမီးတွေ ဘာကြောင့် အရနည်းသလဲ? နာမည်ကြီး မင်းသမီး ဝတ်မှုန်ရွေရည်က လက်ရှိ မင်းသမီးေ...
-
အဘယ်ကြောင့် မြစ်ဆုံ ( အပိုင်း ၁ မှ ၂၀ ထိ ) အစ္စရေးကတော့ ဧရာဝတီ မြစ်ကြီးကို ကြည့်ပြီး တအံ့တသြပြောလိုက်တာက “မင်းတို့ တော်တော်ချမ်းသာတာ...
Wednesday, February 1, 2012
စင်္ကာပူ အလုပ်အကိုင်အတွက် ဆေးပညာ ဘွဲ့ရများ ခေါ်ယူလာ
Updated : 9 Nov, 2011
ပြည်ပ အလုပ်အကိုင် ဈေးကွက်တွင် ယခင်က အထွေထွေ လုပ်သား တွေကိုသာ ခေါ်ယူ ခဲ့ရာမှ နောက်ပိုင်းမှာ လုပ်ခလစာ မြင့်တဲ့ ပညာတတ် လုပ်သားတွေကိုပါ ခေါ်ယူလာခဲ့ရာ ဆေးပညာ ဘွဲ့ရတွေကို စင်္ကာပူ ပြည်ပ အလုပ်အကိုင်တွေက ခေါ်ယူလာတာပဲ ဖြစ်ပါသည်။ ဒီလို ခေါ်ယူရာမှာ MBBS ဘွဲ့ရပြီး လုပ်သက် (၃)နှစ် ရှိတဲ့ ဆေးပညာဘွဲ့ရ ဆရာဝန်တွေကို စင်္ကာပူနိုင်ငံရှိ ဆေးရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ခေါ်ယူလာတာ ဖြစ်ပါသည်။
လုပ်ခလစာ အနေနဲ့ နေစရာစရိတ် အပါအ၀င် တစ်လလျှင် စင်္ကာပူဒေါ်လာ (လေးထောင်)ကျော် ရရှိနိုင်တဲ့ အဆိုပါအလုပ် အကိုင်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ လိုအပ်ပြီး အင်တာဗျူး ဖြေဆိုရမှာ ဖြစ်တယ်လို့ ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခုဖြစ်တဲ့ သုခစုစံက သိရပါသည်။ လက်ရှိမှာ စင်္ကာပူ အလုပ်အကိုင်တွေက အထွေထွေ လုပ်သားကို ခေါ်ယူခြင်းထက် ကျွမ်းကျင် လုပ်သားများ ၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ အပါအ၀င် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ များကိုပါ ခေါ်ယူလာခြင်း ဖြစ်ပါသည်။ ဒါ့အပြင် ခေါ်ယူလျက်ရှိတဲ့ စင်္ကာပူ အလုပ်အကိုင်တွေမှာ မူကြိုဆရာ ၊ ဆရာမ အလုပ်အကိုင် တွေလည်း ပါဝင်လျက် ရှိတယ်လို့ သတင်း ရရှိပါသည်။
Ref:MRTV4
Ref:MRTV4
Subscribe to:
Post Comments (Atom)
No comments:
Post a Comment