Popular Posts!

Wednesday, February 1, 2012

အနီရောင်စဥ့်ထည်များကို စမ်းသပ် ထုတ်လုပ်လျက်ရှိသည့် ပြည်တွင်းစဥ့် လုပ်ငန်းတစ်ချို့

Updated : 31 May, 2011

ပြည်တွင်းက စဥ့်ထည်ထုတ်လုပ်မှုတွေမှာ အခုအခါ အနီရောင်စဥ့်ထည်တွေကို စမ်းသပ် ထုတ်လုပ်အောင်မြင်နေပြီဖြစ်တယ်လို့ ပြည်တွင်းစဥ့်လုပ်ငန်းရှင်တစ်ချို့ထံက သိရပါတယ်။

ယခုအခါ အနီရောင်စဥ့်ထည်ထုတ်လုပ်မှုဟာ စမ်းသပ်ထုတ်လုပ်မှုအတွက် အောင်မြင်ပေမယ့် ဈေးကွက်ထဲကို ရောင်းချဖို့အတွက် ပစ်္စည်းအမြောက်အများထုတ်လုပ်နိုင်ဖို့ကိုတော့ ဆက်လက် စမ်းသပ်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအနီရောင်စဥ့်ထည်ထုတ်လုပ် ဖြစ်တာကလည်း ဈေးကွက်လိုအပ်ချက်အရ အသစ်အဆန်းကို တီထွင်တာပဲဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းရဲ့ စဥ့်ထည်ဈေးကွက်ဟာ အသုံးအဆောင်အတွက် သုံးစွဲမှုထက် အလှဆင်ဖို့ ၀ယ်ယူကြတာ ပိုများလို့အလှဆင်တာမှာ သုံးနိုင်ဖို့အတွက် ပုံစံမရိုးရအောင် ဒီဇိုင်းတွေ၊ အရောင်တွေကို ဆန်းသစ်နေရတာပဲဖြစ်ပါတယ်။
 အရင်က စဥ့်ထည်ထုတ်လုပ်ရာမှာ အညိုရင့်ရောင်နဲ့ အ၀ါရောင်ကိုပဲ ထုတ်လုပ်ကြတာဖြစ်ပြီး နောက်ပိုင်းမှာ အရောင်ဆန်းသစ်တဲ့အနေနဲ့ အစိမ်းရောင် ကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အပြာရောင်ကိုထုတ်လုပ်ပြီး အဆိုပါ အရောင်တွေရိုးသွားတဲ့အတွက် အဖြူရောင်ထုတ်လုပ်ပြီး နောက်ပိုင်းအ၀ါရောင်ကိုပြန်ပြီး ထုတ်လုပ် လာကြတာပဲဖြစ်ပါတယ်။ အခုနှစ်နောက်ပိုင်းမှ အနီရောင်ကိုစမ်းသပ်ထုတ်လုပ်တာဖြစ်ပြီး နောက်ပိုင်းမှာလည်း အရောင်ဆန်းတွေကို စမ်းသပ်ပြီး ထုတ်လုပ်သွားဖို့ ရှိတယ်လို့ ရွှေဘို၊ ကျောက်မြောင်းဘက်ကစဥ့်လုပ်ငန်းရှင်တစ်ဦးထံက သိရပါတယ်။
ဒီလို စဥ့်ထည်တွေကို အရောင်တွေနဲ့ ထုတ်လုပ်ရာမှာ မူလကထုတ်တဲ့ အညိုရင့်ရောင်က တခြား Chemical ရောစရာမလိုဘဲ စဥ့်ချော်ကနေတိုက်ရိုက်ထွက်ရှိတဲ့ အရောင်ဖြစ်ပါတယ်။ အ၀ါရောင်အတွက်ကိုတော့ Lab Oxide နဲ့ ရောနှောရပြီး အစိမ်းရောင် အတွက် Copper ရောရတာဖြစ်ပါတယ်။

အဆိုပါ Chemical တွေကို ပြည်တွင်းမှာပဲဝယ်ယူ ရရှိပေမယ့် အပြာရောင်ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ “ကိုဘော့အောက်ဆိုဒ်” ကိုတော့ ပြည်ပက မှာယူ တင်သွင်းရတဲ့အတွက် အပြာရောင်စဥ့်ထည်ဟာ တခြားစဥ့်တွေထက် သုံးပုံတစ်ပုံဈေးပိုတယ်လို့ သိရပါတယ်။ လက်ရှိစမ်းသပ်ထုတ်လုပ်ထားတဲ့ အနီရောင်စဥ့်ထည်တွေ အတွက်လည်း ပြည်ပက မှာယူရတဲ့ Catnium နဲ့ Selenium ကို ပေါင်းစပ်ပြီး ထုတ်လုပ်တာဖြစ်ကြောင်း သတင်းပေး တင်ဆက်လိုက်ရပါတယ်။
Ref:MRTV4

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!