ခေတ်စနစ်နဲ့ အညီ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ အာမခံစနစ် ကြီးထွားလာ ဖို့အတွက် နိုင်ငံပိုင် မြန်မာ့ အာမခံ လုပ်ငန်းအပြင် ပုဂ္ဂလိကပိုင် အာမခံ လုပ်ငန်းတွေကိုပါ မကြာခင် ဖွင့်လှစ် ဆော င်ရွက်ခွင့် ပေးသွားမှာ ဖြစ်ပါသည်။ အာမခံ လုပ်ငန်းဟာ အ ကျိုးအမြတ် ရရှိတဲ့ လုပ်ငန်း ဆိုပေမယ့် တာဝန်ခံရမှု အရမ်းများ တဲ့အတွက် အာမခံနဲ့ ပတ်သက်တဲ့ အသိပညာကို သိရှိ နားလည်တဲ့ ပညာရှင် တွေရှိဖို့ လိုအပ်တယ်လို့ သိရပါသည်။
ဒါ့ကြောင့် ပုဂ္ဂလိက ကဏ္ဍက အာမခံ လုပ်ငန်း ပြုလုပ်မယ် ဆိုပါက တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ လိုအပ်ပါသည်။ ဒါ့အပြင် အာမခံ လုပ်ငန်းကို ကျွမ်းကျင်စွာ ဆောင်ရွက်ေ ပးနိုင်တဲ့ အလုပ်သမားတွေ ရှိဖို့လည်း လိုအပ်တယ်လို့ သိရပါသည်။ ပုဂ္ဂလိက အာမခံ လုပ်ငန်းများ အများအပြား ဖွင့်လှစ်လာပါက အာမခံ ဈေးကွက်လည်း ပိုမိုကျယ်ပြန့် လာနိုင်မှာ ဖြစ်ပါသည်။ အာမခံ ဈေးကွက် ကျယ်ပြန့်လာ မှုနဲ့အတူ အာမခံ လုပ်ငန်း အသီးသီးကလည်း ကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်လို့ သိရပါသည်။
Updated : 20 Dec, 2011-MRTV4
No comments:
Post a Comment