Popular Posts!

Sunday, February 19, 2012

မတည်ငွေကျပ်သိန်း ၁၅၀ ရှိလျှင် အသေးစားငွေရေး ကြေးရေးလုပ်ငန်းလိုင်စင်လျှောက်ထားနိုင်

  • အေးမြတ်သူ

ရန်ကုန်၊ ဖေဖော်ဝါရီ- ၎

အတွဲ (၁၀)၊ အမှတ်(၄၇)



အသေးစားငွေရေး ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်လျှောက်ရာတွင် အနည်းဆုံး မတည်ငွေရင်း ကျပ်သိန်း ၁၅၀ သတ်မှတ်ထားကြောင်း ဇန်န၀ါရီ ၁၆ ရက် နိုင်ငံပိုင်သတင်းစာ၌ဖော်ပြထားခဲ့သည်။

မတည်ငွေရင်း ကျပ်သိန်း ၁၅၀ ကို ချေးငွေပေးမည့် အဖွဲ့အစည်းအတွက်ဖြစ်ပြီး အပ်ငွေလက်ခံသည့် ၀န်ဆောင်မှု ဆောင်ရွက်မည့် အဖွဲ့အစည်းအတွက် မတည် ငွေကျပ် သိန်း ၃၀၀ သတ်မှတ်သည်။အသေးစားချေးငွေအပေါ် အတိုးနှုန်းသတ်မှတ်ချက်သည်ကျပ် ၁၀၀ ကိုတစ်လလျှင် ၂ ဒသမ ၅ ကျပ်၊ တစ်နှစ်လျှင် ၃၀ ကျပ်နှုန်းထက် မများရန်နှင့် အပ်ငွေ ပေါ်အတိုးနှုန်းသည် ကျပ် ၁၀၀ တစ်လျှင် ၁ ဒသမ ၂၅ ကျပ်၊ တစ်နှစ်လျှင် ၁၅ ကျပ်နှုန်းထက်မနည်းရန် သတ်မှတ်ထားခြင်းဖြစ်သည်။

အသေးစား ချေးငွေသည် အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် လူမှုစီးပွားရေးဘ၀ တိုးတက်မြင့်မားရန် အာမခံပစ္စည်း(အပေါင်ပစ္စည်း) တင်သွင်းရန်မလိုဘဲ ထုတ်ချေးသည့်ငွေဖြစ်ကြောင်း ဆောင်းပါးရှင် မောင် ဘဏ္ဍာအခွန်
ရေးသော “အသေးစားငွေရေးကြေးရေးလုပ်ငန်းအကြောင်း သိကောင်းစရာများ” တွင်ဖော်ပြထားသည်။

အဆိုပါ အသေးစားငွေရေး ကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ၊ သမ၀ါယမအသင်းဥပဒေ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်း တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်ရမည်ဖြစ် ပြီး လုပ်ကိုင်ခွင့်လိုင်စင်ကို သက် ဆိုင်ရာ လုပ်ငန်းကော်မတီမှ တစ်ဆင့် ကြီးကြပ်မှုကော်မတီသို့ သတ်မှတ်ထားသည့် လျှောက်လွှာ ပုံစံအမ်အက်ဖ်အိုင်-၀၁ နှင့်အတူ ဖြစ်နိုင်ခြေ လေ့လာချက်အား ပူးတွဲတင်ပြ၍ လျှောက်ထားရမည် ဖြစ်သည်။

သို့သော် ထိုလုပ်ငန်းများ ခွင့်ပြုမည်ကို စီးပွားရေးလုပ်ငန်းရှင် အများစု မသိရှိကြပေ။အသေးစားငွေရေးကြေးရေး လုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားပြီး တစ်လအတွင်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးမည် ဖြစ်ပြီး ခြောက်လအတွင်း လုပ်ငန်းစတင်ရမည်ဟု ဆိုသည်။ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကြေးအားလိုင်စင်ထုတ်ပေးသည့်နေ့မှ ၁၅ ရက် အတွင်းပေးသွင်းရမည်ဖြစ်ပြီး နှစ်စဉ်လိုင်စင်ကြေးကို ဧပြီတွင် ပေးသွင်းရမည်ဖြစ်သည်။

အသေးစားငွေရေး ကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်း၍ သင်းဖွဲ့မှတ်တမ်းသင်းဖွဲ့စည်းမျဉ်းများနှင့်အညီ စီမံခန့်ခွဲရမည်ဖြစ်ပြီး ကြီးကြပ်မှုကော်မတီက သတ်မှတ်
ထားသည့် စီမံခန့်ခွဲမှုအဖွဲ့၏အ ဖွဲ့ဝင်ဖြစ်ရန် လိုအပ်သည့်အရည်အချင်းနှင့် ပြည့်စုံရမည်ဟုဆိုသည်။
လက်ရှိဆောင်ရွက်နေသော အသေးစားငွေရေး ကြေးရေးအဖွဲ့ အစည်းသည် ဆက်လက်လုပ်ကိုင် လိုပါက ဥပဒေပြဋ္ဌာန်းသည့်နေ့မှ သုံးလအတွင်း လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ရရှိရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီအသေးစားငွေရေး ကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီမှ တစ်ဆင့် ကြီးကြပ်မှုကော်မတီသို့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားရမည်ဖြစ်သည်။

Ref:7daynesjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!