Sunday, 26 February 2012 15:51 |
ကြယ်စင်မြို့တော်အိမ်ရာ စီမံကိန်းမှာ သံလျင်တံတားအနီး ရန်ကုန်မြစ်ကမ်းပေါ်ရှိ မြေအကျယ်အ၀န်း ဧက ၄၂၀ ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်ပြီး ယင်းစီမံကိန်းတွင် စင်ကာပူ နိုင်ငံရှိ့  YOMA Strategic Holding Ltd. က ရင်းနှီးမြှပ်နှံမှု ၇၀ ရာခိုင်နှုန်းပြုလုပ်မည်ဖြစ်ပြီး FMI ကုမ္ပဏီ က ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ စီမံကိန်းအား ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၈၀၀၀ မှ ၉၀၀၀ အကြား ပါဝင်မည်ဖြစ်ကာ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအား လာ မည့် ၂၀၂၀ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်း တည်ဆောက်နေမှုအား တွေ့ရစဉ် “ FMI ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းမှာ စင်ကာပူနိုင်ငံက (SGX) Stock Exchange မှာ ဈေးကွက်ကစားနေတဲ့ YOMA Strategic Holding Ltd.က ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီခဲ့ပြီး စင်ကာပူဒေါ်လာ ၉၁ သန်း မြှုပ်နှံလိုက်ပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုဟာ အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု အတွက် ထူးခြားအရေးပါတဲ့ သတင်းကောင်း တစ်ခု ဖြစ်ပါတယ်။ ဈေးကွက်တစ်ခု စဖွင့်လိုက်သလိုပါပဲ။ နောက်ပိုင်း တိုးတက်ဖို့ အလားအလာတွေ အများကြီး ရှိလာပါပြီ။ ပြီးတော့ သန်လျင်လိုနေရာမျိုးက ရန်ကုန်မြိုနဲ့ တံတားကူးရင် ရောက်တဲ့ အနေအထားမို့လို့ ကျွန်တော်တို့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖြစ်ကြတာပါ”ဟု ကိုစိုးသီဟလှိုင် က ပြောပြခဲ့သည်။ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းရှိ အဆောက်အဦ အမှတ် ၁ နှင့် အမှတ် ၂တို့အား ဆောက်လုပ်လျက် ရှိပြီး အဆောက်အဦ ၁ တွင် အခန်းပေါင်း ၁၅၀ ပါဝင်ကာ ၁၅၀ စလုံး ရောင်းချပြီးပြီ ဖြစ်ကြောင်း၊ အဆောက် အဦ ၂ တွင် အခန်းပေါင်း ၁၅၀ မှ ၁၂၀ ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းက လူလတ်တန်းစားနဲ့ အပေါ်အဆင့်တွေကို ဦးတည်ထားတာ ဖြစ်ပါတယ်။ အခန်းဈေးနှုန်းတွေက ကျပ်သိန်း ၄၈၀ ကနေ ၁၄၀၀ ပတ်ဝန်းကျင်အထိ ရှိပြီး အဆင့်မြှင့်အိမ်ရာနဲ့ နေချင်သူတွေ အတွက် ရည်ရွယ်ပါတယ်။ ဒီမှာ နေထိုင်မယ့်လူတွေ အတွက် ရေ၊ မီး၊ လုံခြုံရေး ၀န်ဆောင်မှုအပြင် မြို့ထဲဧရိယာနဲ့ ဒီနေရာကို Boat Ferry သဘောမျိုး လုပ်ပေးဖို့အတွက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးနဲ့ ဆွေးနွေးနေပါတယ်”ဟု ကိုစိုးသီဟလှိုင်က ဆိုပါသည်။ |
Popular Posts!
-
27 February 2013 |By Popular News ထားဝယ်စီ မံကိန်းကို စင်ကာပူ၊ မလေးရှားနိုင် ငံမှ ဖျက်လိုဖျက် ဆီးလုပ်နေ သည်ဟုစီမံ ကိန်းထောက်ခံ သူမျာ...
-
နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန်ကုန်မြို့ပေါ်သို့...
-
အရင်းနှီးအများကြီးမရှိဘူးပြောပြောနေတဲ့သူတွေအတွက် တပိုင်တနိုင် အိမ်တွင်းလုပ်ငန်းလေး ? ငွေကျပ် တစ်သိန်းလောက်နဲ့ ဆပ်ပြာခဲ၊ ခေါင်းလျှော...
-
နွားကျောင်းသား (Friend Ever) ဧပြီ ၁၈၊ ၂၀၁၂ (ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားမ...
-
တရားဝင်တောင်းပန်မှ သရဖူပြန်ပေးမယ်ဟု မေမြတ်နိုး တုန့်ပြန် Miss Asia Pacific 2014 ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးဟာ အမေရိကန...
-
FSTV l King of the BBoys 6 l Under 12s l Semi Sheckz vs B-Girl Jalen vs Terra | Chelles Battle Pro 2013 | Baby Battle Final Leelou v...
-
by FNG on June 23, 2012 HKT လက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး ...
-
Updated : 16 Sep, 2011 စဥ့်အိုးတွေမှာ သုတ်လိမ်းထားတဲ့ စိမ်းဖန့်ဖန့် အရောင်ဟာ ခဲကိုသုတ်လိမ်း ထားခြင်း ဖြစ်တဲ့အတွက် အဆိုပါ စဥ့်အိုးအတွင်းသ...
Monday, February 27, 2012
သန်လျင်တံတား အနီးရှိ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းတွင် စင်ကာပူနိုင်ငံမှ YOMA ကုမ္ပဏီ က စင်ကာပူဒေါ်လာ ၉၁ သန်း မြုပ်နှံမည်
Subscribe to:
Post Comments (Atom)
1) Fresh drinkable water supply
2) Ventilation system for cooking
3) Underground pipe lines for dirty water from toilets, baths and other used
4) Underground pipe lines for flap water when in rain or snow
5) 24 hours electric running
6) Have emergency door exits in each building
7) Garbage collection system
8) Maintained system (cleaning, water supply, fixing, painting, mail system)
9) Enough parking space for residents
10) Emergency telephone number for some one can solve the problem for building (may be manager of building or official leader of individual building), for example: two neighbors are fighting for smoking or smelling or very late night loud music, etc. In this small case no need to call police; building manager will solve the problem.
Now government is saying what! We will do Yangon like Singapore.
Think about health, safety, environment, and green nature city. If government can not make a law starting from now for new buildings these lead to modern, healthy, and green environment city, just saying we will do Yangon like Singapore is a big month, a piece of joke.
တခုတော့ ရှိတယ် ရေနံချက်စက်ရုံနဲ.နီးတယ်နော် .. ခုနောက်ပိုင်း အဲ့ စက်ရုံ သတင်းတွေ က သိပ်ကောင်းတာမဟုတ်ဘူး ....
Don't use foundation design to save money only? Who will control quality?
ခြင်စင်မြို့တော် တည်ဆောက်ပေးပါလား?
Ref:new-eleven