Popular Posts!

Friday, May 11, 2012

ကားပါမစ်ပါမစ်သတင်းနောက်ဆက်တွဲ(၁၀)

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံသားတိုင်း နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ကာ ၂၀၀၇ ခုနှစ် မော်ဒယ်အထက် အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့်အောက် မော်တော်ယာဉ် တစီးစီ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း မေလ ၇ ရက်နေ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံမှာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက လူတထောင်လျှင် ကား ခုနှစ်စီးနှုန်းခန့်သာ ရှိတဲ့အတွက် ကိုယ်ပိုင်ကား စီးနိုင်တဲ့သူ အရေအတွက် ပိုမိုများပြားလာအောင် နိုင်ငံသားတိုင်း နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်း ဖွင့်လှစ်ကာ တဦးလျှင် တစီးစီ သွင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်’’ ဟု ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေရာမှာ အဆမတန် မြင့်တက်လျက်ရှိသော ကားဈေးနှုန်းများကြောင့် ကိုယ်ပိုင်ကား စီးနိုင်သူ အရေအတွက် နည်းပါးရခြင်းပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ကားတင်သွင်းခွင့် ဥပဒေများကို ထပ်မံလျှော့ပေါ့ပေးခြင်း ဖြစ်ကြောင်း ဝန်ကြီးဦးဝင်းမြင့်က ဆိုသည်။

၂ဝဝ၇ ခုနှစ် မိုဒယ်နှင့်အထက် ကားတင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်း၊ ညာမောင်း နှစ်မျိုးစလုံး တင်သွင်းခွင့် ပြုမည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုသွားသည်။

နိုင်ငံခြားငွေ ဘဏ်စာရင်းဟုဆိုရာတွင် မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကူသန်း ရောင်းဝယ်ရေးဘဏ် Myanmar Investment and Commercial Bank နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် Myanmar Foreign Trade Bank သို့မဟုတ် နိုင်ငံခြား ဘဏ်တခုခုဖြင့် ချိတ်ဆက်ထားသည့် ပုဂ္ဂလိကဘဏ်တခုခုတွင် ငွေစာရင်းဖွင့် လှစ်ထားသည့် ငွေစာရင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး ငွေစာရင်းတွင် တင်သွင်းမည့် ကားတန်ဖိုး ပမာဏသာ ရှိဖို့လိုအပ်သည်ဟု ဝန်ကြီးက ပြောသည်။

ယခု ခွင့်ပြုလိုက်သည့် ကားတင်သွင်းခွင့်ပါမစ် လျှောက်ထားခြင်းကို မေလ ၉ ရက်မှ စတင်၍ စီးပွားကူးသန်း ဝန်ကြီးဋ္ဌာနမှ ဆောင်ရွက်ပေးသွားမည်ဟုလည်း ဝန်ကြီးက ပြောဆိုသွားသည်။

အဆိုပါ ခွင့်ပြုယာဉ်များကို ရန်ကုန် ဆိပ်ကမ်း အရောက်တန်ဖိုး (CIF) အမေရိကန်ဒေါ်လာ ၅,၀၀၀ သတ်မှတ်ကာ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ အရာရှိတဦးက ဆိုသည်။

ကားတင်သွင်းခွင့်များကို ၂၀၁၁ ခုနှစ် စက်တင်္ဘာလက စတင်ကာ နှစ်ပေါင်း ၄၀ ကျော်၊ ၃ဝ ကျော်နှင့် နှစ် ၂ဝ ကျော် ယာဉ်ဟောင်းပိုင်ရှင်များကို ယာဉ်ဟောင်း အပ်နှံကာ ကားတင်သွင်းခွင့်များကို ခွင့်ပြုလျက်ရှိရာ ၂ဝ၁၂ ဧပြီလအထိ မော်တော်ယာဉ် စုစုပေါင်း ၄၈,ဝဝဝ ကျော် တင်သွင်းခွင့် ပြုပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကားဟောင်းအပ်နှံရေး အစီအစဉ်အရ ‘စ’ အက္ခရာမှ ‘ပ’ အက္ခရာ အထိ ယာဉ်ဟောင်း ပိုင်ရှင်များကို ကားတင်သွင်းခွင့်
ပေးသည့် အစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ‘န’ နှင့် ‘ပ’ အက္ခရာ ယာဉ်များ အပ်နှံသည့် အစီအစဉ်ကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂ဝ၁၁ ခုနှစ် စက်တင်္ဘာလမှ စတင်ကာ ယဉ်ဟောင်းပိုင်ရှင်များကို ၁၉၉၅ ခုနှစ်မှ ၂ဝဝ၂ ခုနှစ် မော်ဒယ်အထိ ယာဉ်များကို တင်သွင်းခွင့် ပြုခဲ့ပြီး ၂ဝ၁၂ ဇန်နဝါရီလမှ စပြီး ၁၉၉၆ ခုနှစ် မှ၂ဝဝ၆ ခုနှစ်မော်ဒယ်အထိ တင်သွင်းခွင့် မှုဝါဒချမှတ်ခဲ့ပြီး ထပ်မံ ဖြေလျော့ပေးခဲ့သည်။

ယဉ်ဟောင်း အစားထိုးတင်သွင်းခွင့် အစီအစဉ်နှင့်အတူ နောက်ပိုင်းတွင် နိုင်ငံခြား ဘဏ်စာရင်း ရှိပြီး အခွန်ဆောင် ထားသော နိုင်ငံခြား သင်္ဘောသားများနှင့် ပင်လယ်ရပ်ခြားတွင် အလုပ်လုပ်ကိုင်ဖူးသော နိုင်ငံသားများကို ၂ဝဝ၇ ခုနှစ်မော်ဒယ်မှ ၂ဝ၁၁ ခုနှစ် မော်ဒယ်အထိ ကားများကို တင်သွင်းခွင့် ပြုခဲ့သည်။

ထိုကဲ့သို့ အဆင့်ဆင့် ကားတင်သွင်းခွင့်များကြောင့် ဈေးကွက်အတွင်းရှိ ကားဈေးနှုန်းများ နှစ်ဆမှ သုံးဆအထိ ကျဆင်းသွားခဲ့သည်။ သို့သော် ကားဟောင်း လဲလှယ်ရေး အစီအစဉ်အတွက် ကားတင်သွင်းခွင့် ပါမစ်များမှာ ကျပ် သိန်း ၁ဝဝ မှ ၁၅ဝ အထိ မြင့်တက်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်နှင့် အထက်မော်ဒယ် ကားတင်သွင်းခွင့်ပါမစ်များမှာ ကျပ် သိန်း ၇ဝ မှ ၈ဝ အထိ မြင့်တက်ခဲ့ရာ ကားဈေးနှုန်းများမှာ ဆက်လက်မြင့်မားဆဲဖြစ်ပြီး ဈေးကွက်အတွင်း ကားဟောင်း လဲလှယ်ရေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိသေးသော ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ် မော်ဒယ်နှင့် အထက် အိမ်စီးကားများမှာ ကျပ်သိန်း ၁ဝဝ ကျော် ဈေး ရှိခဲ့သည်။

“အခုလို ကားတင်သွင်းခွင့် ဥပဒေတွေကို ဖြေလျှော့ပေးလိုက်တာ ကားဈေးနှုန်းတွေ ပိုကျသွားပြီး ငွေကြေး သိပ်မတတ်နိုင်တဲ့ လူတွေလည်း ကားဝယ်စီးနိုင်တော့မှာပါ။ အရင်ကဆို ကျပ် သိန်း ၁၀၀ လောက်တောင် ကားကောင်းတစီး မရနိုင်ပါဘူး” ဟု ရန်ကုန်မြို့ ဒဂုံမြို့သစ် ရပ်ကွက်တခုတွင် နေထိုင်သော ဦးသက်နိုင်က ဆိုသည်။

မော်တော်ကားများမှာ ရန်ကုန်မြို့လည်အတွင်းတွင်သာ များပြီး ဒဂုန်မြို့သစ်ကဲ့သို့ နယ်မြို့များတွင် သိပ်မရှိလှကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ထို့ပြင် လမ်းများကို ကောင်းမွန်စွာ ပြုပြင်ပေးစေလိုကြောင်း ဦးသက်နိုင်က မဇ္ဈိမကို
ပြောဆိုသွားသည်။
Ref:mizizmaburmese

နောက်ဆက်တွဲသတင်း--

ပြည်ပရောက် မြန်မာလုပ်သားများ မော်ဒယ်မြင့်ကား တင်သွင်းခွင့် ရမည်
ရန်ကုန်၊ ဇန်နဝါရီ ၉
ဝင်ငွေခွန် ပေးဆောင်ထားပြီး ဘဏ်စာရင်းတွင်ကန်ဒေါ်လာ တစ်သောင်းနှင့် အထက်တွင်ရှိသော ပြည်ပထွက်ခွာ မြန်မာအလုပ် သမားများအနေဖြင့် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း ထုတ်လုပ် ထားသော မော်ဒယ်မြင့်မော်တော်ယာဉ်များ တင်သွင်းခွင့်ရရှိမည်ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ သတင်းတစ်ရပ် ထုတ်ပြန်ထားသည်။ ပြည်ပရောက် မြန်မာ အလုပ် သမားများကို အထက်ပါ သက် တမ်းကာလရှိ လူစီးကားများကို တင်သွင်းခွင့်ပြုမည် ဖြစ်ပြီး တင်သွင်း လိုသူများ အနေဖြင့် ယင်းဌာနသို့ လျှောက်ထားနိုင်ကြောင်း ယင်း သတင်းထုတ်ပြန်ချက်များအရ ဖော်ပြထားသည်။ ယင်းကြေညာချက်တွင် ပြည်ပရောက် မြန်မာ အလုပ်သမားကိုယ်တိုင် လက်ဗွေနှိပ် ၍ လျှောက်ထားရမည်ဖြစ်ပြီး ပြည်ပတွင် တရားဝင်အလုပ် လုပ် ကိုင်နေကြောင်း အထောက်အထား၊ မြန်မာနိုင်ငံဘဏ် နိုင်ငံခြား ငွေစာရင်း ဖွင့်ထားသော ဘဏ်စာအုပ်၊ မှတ် ပုံတင်ခြင်းအတွက် FEC 100 ပေးသွင်းပြီးသည့် ချလန် အထောက် အထား ပါရှိရမည်ဖြစ်ကြောင်း ပါ ရှိသည်။
မော်တော်ယာဉ် လျှောက် ထားလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသား များသည် ၂ဝ၁၂ ခု နှစ် ဇန်နဝါရီလ မတိုင်မီကပင် ပြည် ပတွင် အလုပ်လုပ်ကိုင်နေသူ တစ် ဦး ဖြစ်ရမည်ဟု ယင်းဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကားသွင်းနိုင်ရန် အခွင့်အရေး ပေးထားသော်လည်း လူနည်းစုသာ သွင်းနိုင်မည် ဖြစ်ကြောင်း၊ ပြည်ပ ရောက် မြန်မာလုပ်သား အများစု မှာ ဘဏ်စာရင်း ဖွင့်ထားခြင်း မရှိ သည့်အပြင် မိသားစုထံသို့ ပြန် လည်ပေးပို့နေရသည့် ငွေပမာဏလည်း ကျန်ရှိနေသေး သောကြောင့် အရင်းအနှီးရှိ၍ စီးပွားရေးအရ လုပ် ကိုင်နိုင်သော သူများအတွက်သာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ကို ရီးယားနိုင်ငံတွင် ခြောက်နှစ်ကြာ နေထိုင် အလုပ် လုပ်ကိုင်လာသည့် မြန်မာ အလုပ်သမားတစ်ဦးက ဆိုသည်။
နိုင်လင်း-popularmyanmar

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!