Popular Posts!

Wednesday, May 2, 2012

သမဝါယမဘဏ် စင်ကာပူ ငွေလွှဲလုပ်ငန်း စတင်

Written by The Voice Weekly  Wednesday, 25 April 2012 18:35

  မြန်မာနိုင်ငံမှ ကော်လာဖြု လုပ်သားများ အဓိက သွားရောက် အလုပ်လုပ်ကိုင်ရာ စင်ကာပူ နိုင်ငံရှိ ALLBest ငွေလွှဲကုမ္မဏီ မှတဆင့် မြန်မာနိုင်ငံရှိ သမဝါယမဘဏ်သို့ ဧပြီလ ၂၃ ရက်နေ့မှ စတင်ကာ ငွေလွှဲပို့နိုင်ပြီ ဖြစ်ကြောင်း သမဝါယမဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။
စင်ကာပူ တစ်ဒေါ်လာမှ ဒေါ်လာ ငါးထောင် စတင် လွှဲနိုင်မည် ဖြစ်ပြီး စင်ကာပူ နိုင်ငံရှိ Jurong Point Shopping Center၊ Boon Lay Shopping Center၊ Admiralty MRTနှင့် City Plaza တို့တွင် ရှိသော ALLbest ကုမ္မဏီ၏ ငွေလွှဲဌာနများ မှတဆင့် စင်ကာပူရှိ မြန်မာနိုင်ငံသားများ သွားရောက် ငွေလွှဲနိုင်မည် ဖြစ်ပြီး ငွေလွှဲလျှင် ဝန်ဆောင်ခ အနေဖြင့် စင်ကာပူ ၁၂ ဒေါ်လာ ပေးရမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ယခုချိန်တွင် ကြော်ငြာများကို စင်ကာပူ နိုင်ငံတွင် ဖြန့်ကျက်နိုင်ရန် စီစဉ်နေပြီး လတ်တလော ငွေလွှဲပို့သူ မရှိသေးကြောင်း၊ ဈေးကွက် ထိုးဖောက်နိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
ဘဏ်အချင်းချင်း ချိတ်ဆက်ခြင်း မဟုတ်ဘဲ ငွေလွှဲကုမ0x081ပဏီ ဖြစ်သည့်အတွက် စင်ကာပူတွင် သုံးသော ဘဏ်စာရင်းမှ ငွေကို အွန်လိုင်း မှတဆင့် မြန်မာနိုင်ငံသို့ မပို့နိုင်သဖြင့် အဆင်မပြေကြောင်း၊ ဈေးနှုန်းမှာလည်း ပြင်ပတွင် ပမာဏ အကန့်အသတ် မရှိ ပို့နိုင်ပြီး ဝန်ဆောင်ခ ၅ကျပ်သာ ပေးရကာ မြန်မာ နိုင်ငံရှိ အိမ်သို့အရောက် လိုက်ပို့ပေးခြင်း စသည့် ဝန်ဆောင်မှုများ ရှိသဖြင့် ယခု အစီအစဉ်မှာ ဝန်ဆောင်မှု အားနည်းနေသဖြင့် ငွေလွှဲသူ နည်းလိမ့်မည်ဟု ထင်မြင်ကြောင်း စင်ကာပူတွင် အလုပ်လုပ်နေသူ ဦးတင်မောင်လှိုင်နှင့် ဦးကျော်ဇေယျာထွန်းတို့က ပြောကြားသည်။
စင်ကာပူ နိုင်ငံတွင် ငွေလွှဲလုပ်နိုင်ရန် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်က စင်ကာပူ နိုင်ငံရှိ ငွေကြေး ဆိုင်ရာများ အတွက် တာဝန်ရှိသည့် အဖွဲ့အစည်း ဖြစ်သော MAS (Monetry Authority of Singapore ) တွင် တရားဝင် လျှောက်ထားရာ ၄င်းတို့ နိုင်ငံအနေဖြင့် ငွေလွှဲလုပ်ငန်း လိုင်စင်သစ်များ ထပ်မံ ထုတ်ပေးခြင်း မရှိဘဲ ရပ်ဆိုင်းလိုက်ကြောင်း၊ ယင်းလုပ်ငန်း လုပ်ကိုင်လိုပါက လတ်တလော လုပ်ကိုင် နေသူများ ထံမှတဆင့် ဝယ်ယူခြင်း (သို့မဟုတ်) လုပ်ကိုင်ခွင့် ရှိသော အေးဂျင့်များနှင့် ပူးပေါင်းကာ လုပ်ကိုင်ရမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသဖြင့် မည်သို့ လုပ်မည်ကို မပြောနိုင်သေးကြောင်း ယင်းဘဏ်မှ အမှုဆောင် ဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောကြားသည်။
0x158င်းတို့အနေဖြင့် စင်ကာပူနှင့် မြန်မာရှိ ဘဏ်ချင်းချိတ်ပြီး လုပ်ဆောင်နိုင်ရန်လည်း ကြိုးပမ်းသွားမည် ဖြစ်ပြီး အသေးစိတ် မသိရသေးကြောင်း မလေးရှား နိုင်ငံတွင်မူ May Bank နှင့် သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘာဇဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တို့က မတ်လ ၂ဝ ရက်နေ့တွင် သဘောတူ လက်မှတ်ထိုးပြီး တရားဝင် ချိတ်ဆက် လုပ်ဆောင်နေကြပြီး ဖြစ်ကြောင်း ယင်းဘဏ်များမှ တာဝန်ရှိသူများက ပြောဆိုသည်။
နှစ်ပေါင်း ဆယ်ဂဏန်း ချီကာ ယုံကြည်မှုဖြင့် ငွေလွှဲပို့ နေကြသော ဟွန်ဒီ ဈေးကွက် တွင် ၂၀၁၁ ဒီဇင်ဘာလက စင်ကာပူ - ရန်ကုန် ငွေလွှဲပို့ နေသည့် ပင်နဆူလာ ပလာဇာတွင် ဖွင့်လှစ်ထားသော ရွှေရတနာ ဆိုင်ပိုင်ရှင်က စင်ကာပူ ဒေါ်လာ လေးသန်းကျော် ယူဆောင်ကာ အခြားနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်မှုများ ဖြစ်ပေါ်နေရာ ပြည်ပရောက် မြန်မာလုပ်သားများ အတွက် စိတ်ချရသော တရားဝင် ငွေလွှဲ နိုင်သည့် လုပ်ငန်းများ လိုအပ်လျက် ရှိနေသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!