Published on Saturday, 05 May 2012 11:26 -Written by ၀င့်ထန်း
မကြာတော့မည့်တစ်နေ့တွင် ပြည့်တန်ဆာများရဲ့ မြေအောက် အမှောင်လုပ်ငန်းများကို ရိုဘော့များက သိမ်းပိုက်သွားနိုင်ဖွယ် ရှိသည်ဟု သုတေသနပြုသူများက ယုံကြည်လာကြသည်။
ဩစတြေးလျ စီမံခန့်ခွဲမှု သုတေသန ပါမောက္ခ Ian Yeoman နှင့် လိင်မှုဗေဒပညာရှင် (sexologist) Michelle Mars တို့ နှစ်ဦးရဲ့ လေ့လာချက်အရ၊ ၂၀၅၀ ခုနှစ်တွင် မိန်းမပျက်ကဲ့သို့ ၀တ်စားပြုမူသော ရိုဘော့များသည် အမြတ်အစွန်းရမည့် လိင်လုပ်ငန်းတွေမှာ နေရာယူလာပြီး၊ ပုရိသအပေါင်းရဲ့ မျက်လုံးတွေ ကျွတ်ထွက်လုလု စွဲဆောင်နိုင်စွမ်းရှိမည်ဟု ခန့်မှန်းထားသည်။
Futures ဂျာနယ်မှာ ၄င်းတို့နှစ်ဦး ရေးသားချက်အရ အနာဂတ် ပြည့်တန်ဆာရုံများနှင့် လိင်ဖျော်ဖြေသည့် ကလပ်များတွင် ရိုဘော့ အမျိုးသမီးများနှင့် ပြည့်နှက်နေမည်ဟု ဆိုသည်။ ရိုဘော့များကို လူမျိုးပုံစံအမျိုးမျိုး၊ ခန္ဓာကိုယ်အချိုးအစားမျိုးစုံ၊ အသက်အရွယ်နှင့် ဘာသာစကား အမျိုးမျိုး၊ လိင်ပိုင်းဆိုင်ရာ အသွင်သဏ္ဍန်မျိုးစုံဖြင့် ဖောက်သည်များ စိတ်ချမ်းသာဖို့ ဖန်တီးထားနိုင်လိမ့်မည်ဟု ခန့်မှန်းသည်။
Yeoman နှင့် Mars တို့နှစ်ဦး ပူးတွဲရေးသားသည့် အနာဂတ် ပြည့်တန်စာလုပ်ငန်း စာတမ်းအရ ၂၀၄၀ ပြည့်လွန်နှစ်များအထိ လိင်လုပ်ငန်းများကြောင့် လူကုန်ကူးမှုများနှင့် လိင်ကြောင့်ဖြစ်သော ကူးစက်ရောဂါများ ပိုမိုများပြားလာမည်။ ၄င်းဖြစ်ရပ်များကို ကာကွယ် ဖြေရှင်းဖို့အတွက် ၂၀၅၀ ခုနှစ်ပိုင်းတွင် ရိုဘော့ ပြည့်တန်ဆာ အများအပြားကို အစားထိုး အသုံးပြုလာကြလိမ့်မည်ဟု ခန့်မှန်းထားသည်။
Source: The Futures & CNNRef:maukkha
Popular Posts!
-
Credit @ thanhan ပညာရှင်အဆင့် IT Engineer ဆိုတာ Technician and Professional အဆင့်ဆိုပြီးရှိပါတယ်၊ စစချင်းတော့ အလုပ်သင်လူငယ်လေး...
-
ဂျပန်၏ ဓာတ်ရောင်ခြည်သင့် အစားအစာများနှင့် ပတ်သက်သည့် စိုးရိမ်မှုများ အမေရိကန်နှင့် ဥရောပသို့ ပျံ့နှံ့ဂျပန်၏ ဓာတ်ရောင်ခြည်သင့် အစားအစာများ အပေါ် စိုးရိမ်မှုများမှာ မတ်လ ၂၃ ရက်နေ့က ကမ္ဘာတစ်ဝန်းသို့ ဂယက်ရိုက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည် ဂျပန်နို...
-
ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည် ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွ...
-
အူကျခြင်းသည် ဝမ်းဗိုက်၏ ကြွက်သားများအားနည်းသည့်နေရာတွင် အူ၏အစိတ်အပိုင်းတစ်ခုခု ကျွံကျလာခြင်းဖြစ်သည်။ ကျွံကျလာသည့်အူကို ပေါင်ခြံတွင် အလုံးတစ်...
-
27 February 2013 |By Popular News ထားဝယ်စီ မံကိန်းကို စင်ကာပူ၊ မလေးရှားနိုင် ငံမှ ဖျက်လိုဖျက် ဆီးလုပ်နေ သည်ဟုစီမံ ကိန်းထောက်ခံ သူမျာ...
-
စီးပွားရေးမြို့တော် တစ်ခုဖြစ် သော အောင်ပန်းမြို့ ၏မြေဈေးမှာ ကျပ်သိန်း ထောင်ဂဏန်းမှ သောင်း ဂဏန်း ထိဈေးရှိ နေကြောင်း အောင် ပန်း အခြေစိုက် စီ...
-
ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။ 1. Hernia အူကျတာ၊ 2. Hydrocele မုတ္တရောဂါ၊ 3. Epididymiti...
-
Credit @ Ko Nge ကျွှန်တော်လဲ အခုစာဖတ်ပြီးမှ ဒီသွေးလွန်တုန်ကွေးအကြောင်း အသေအချာသိရတာပါ၊ အရမ်းကို ပေါ့သိပေါဆနိုင်ပါတယ်၊ ပုံမှန်ဖျားတာဘဲသ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment