Popular Posts!

Sunday, May 20, 2012

SIN-YGN-SIN Jet Star Two to Go Promotion

Ko Sol May 7,12
Jet Star Asia မှ Special promotion အဖြစ် စင်္ကာပူ - ရန်ကုန် - စင်္ကာပူ ခရီးစဉ်ကို အောက်ပါ အသွား အပြန်ရက်များအတွက် ခရီးသည် (၂) ဦးအတွက် လေဆိပ်ခွန်အပြီးအစီး S$375  သာကျသင့် ပါသည်။ ခရီးသည် (၁) ဦးလျှင် ကီလို(၂၀)သယ်ယူခွင့်ရရှိပါမည်။ မေလ (၉) ရက် နေ့အထိသာ ရောင်းချမည် ဖြစ်ပါသည်။ အမြန်ဝယ်ထားနိုင်မှခုံအတွက် စိတ်ချရပါမည်။

စင်္ကာပူ မှ ရန်ကုန် သို့
စက်တင်ဘာ ၁၂၊ ၁၄၊ ၁၃၊ ၁၅၊ ၁၉၊ ၂၁၊ ၂၂၊ ၂၆၊ ၂၈၊ ၂၉
အောက်တိုဘာ ၃၊ ၅၊ ၆၊ ၁၂၊ ၁၇၊ ၁၉၊ ၂၄၊ ၂၆

ရန်ကုန် မှ စင်္ကာပူ သို
စက်တင်ဘာ ၂၁၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈၊ ၂၉၊
အောက်တိုဘာ ၁၊ ၃၊ ၅၊ ၆၊ ၈၊ ၁၀၊ ၁၂၊ ၁၃၊ ၁၅၊ ၁၇၊ ၁၉၊ ၂၀၊ ၂၂၊ ၂၄၊၂၆၊ ၃၁
နိုဝင်ဘာ ၂၊ ၃၊ ၅၊ ၇

Terms & Conditions
၁။ လေယာဉ်အချိန်နှင့် ရက်သည်လေကြောင်းလိုင်းပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။
၂။ ဝယ်ယူပြီး လက်မှတ်အတွက် လုံးဝ ငွေပြန်မအမ်းပါ။
၃။ Promotion အရောင်းအတွက် ထိုင်ခုံကြိုတင် ယူခွင့်မရှိပါ။
၎။ အသွားအပြန် (၂) ကြောင်းလုံး အတွက် ဝယ်ယူထားသော ခရီးသည် (၂) ဦး အတူခရီးသွားရမည်ဖြစ်သည်။
၅။ ဝယ်ယူပြီးလက်မှတ်အတွက် ခရီးစဉ် နှင့် ခရီးသည် အမည် အပြောင်းအလဲ လုံးဝ လုပ်ခွင့်မရှိပါ။
၆။ အခြားစည်းမျဉ်းစည်းကမ်း များ အကြုံးဝင်သည်။
      ဖော်ပြပါ Jetstar Pormotion အတွက် ခရီးသည်ကိုယ်တိုင် online မှ Credit/Debit Card များဖြင့်သော်လည်းကောင်း၊ (Jetstar သို့ ဝန်ဆောင်ခ ခရီးသည်တစ်ဦးလျှင်S$18 ပေးရသည်) offline payment ဖြစ်သည့် SAM Machine မှသော်လည်းကောင်း (ဝန်ဆောင်ခပေးရန်မလို) ကိုယ်တိုင် လက်မှတ်ဝယ်ယူနိုင်ပါသည်။
     ဖော်ပြပါ နည်းလမ်းများဖြင့် မဝယ်ယူလိုပါက မိမိခရီးသွားလိုသည့် ရက် SIN-YGN နှင့် YGN-SIN ရက်အတိအကျ၊ ခရီးသည်အမည်များ(inEnglish)၊ခရီးသည်၏ မွေးနေ့တို့ကိုပေးပို့ပြီးဘဏ်ငွေလွှဲစနစ်ဖြင့် ဝယ်ယူနိုင်ပါသည်။
      လက်မှတ်ကို e-mail မှ (သို့မဟုတ်) စာတိုက်မှ (သို့မဟုတ်) ကိုယ်တိုင်ယူစနစ် ဖြင့် ယူဆောင်နိုင်ပါသည်။ ၂ဦးစာအသွားအပြန်လက်မှတ်အတွက် S$375 သာကျသင့်ပါသည်။မေးမြန်းလိုပါက   modern_sol15@live.com.sg သို့ e-mail ပို့နိုင်ပါသည်။

နောက်ဆက်တွဲသတင်း-

Ko Sol-May10,12
Singapore - Yangon လေယာဉ်ပျံ လက်မှတ်များဈေးချ
            စင်္ကာပူ နဲ့ ရန်ကုန်မြို့ကြား အသွားအလာများနေတာနဲ့ အမျှ လေကြောင်းလိုင်းများအနေနဲ့ အပြိုင်အဆိုင်ဈေးချလေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာလေကြောင်းက အနိုမ့်ဆုံးဈေး S$230 လောက်နဲ့ SIN-YGN ကိုချပေးပေမယ့် ရန်ကုန်ကနေ စင်္ကာပူကိုလာတဲ့ဈေးကိုတော့ သိပ်ချလေ့မရှိပါဘူး။ Silk Air အနေနဲ့လောလောဆယ် အနိုမ့်ဆုံးဈေးဆိုလို့ S$345 မှာ online promotion ရောင်းပေးနေတာတွေ့ ရပါတယ်။
           အခုမြန်မာပြည်မိုးတွင်းဝင်လာပြီး ခရီးသွားရာသီအခေါ် low season အတွက် Jet Star Asia ကနေ ချလိုက်တော့ ဈေးကိုတော့ ပြိုင်ဖက်လေကြောင်း လိုင်းတွေဖြစ်တဲ့ MAI နဲ့ Silkair တို့ ဘယ်လိုမှလိုက်မချနိုင်လောက်တော့ဖူး လို့ ထင်တာပါပဲ။ JetStar က လွန်ခဲ့တဲ့ ၂ ရက်မှာ Take a Friend FREE promotion နဲ့ ဈေးချတဲ့အခါ ရန်ကုန်ကပဲ စင်္ကာပူလာလာ၊ စင်္ကာပူ က နေရန်ကုန်ပဲ သွားသွား အနိုမ့်ဆုံးဈေး (၂) ယောက်ကို S$344 နဲ့ဝယ်လို့ရပါတယ်။ တစ်ယောက်ကို အသွားအပြန် အပြီးအစီး ကီလို ၂၀၊ လက်ဆွဲ ၁၀ သယ်ခွင့်အပါ S$172 ပဲကျတော့တဲ့အတွက် အလွန်သက်သာတယ်လို့ပြောရမှာပါပဲ။ 
        (၂) ယောက်အတွက် S$344 လျော့လှပြီအောက်မေ့လို့ ဝယ်လိုက်ကြပြီးတဲ့အခါမှာတော့ JetStar က Travel Asia Sales Promotion ကို Launch လုပ်လိုက်တဲ့အခါ ခရီးသည် ဘယ်နှဦးပဲသွားသွား ရန်ကုန်- စင်္ကာပူ၊ စင်္ကာပူ-ရန်ကုန် လက်မှတ်ကို အနိုမ့်ဆုံးဈေး တစ်ယောက်ကို S$158 နဲ့ ထပ်ပြီး ဈေးချ လိုက်ပါတယ်။ အခုမြန်မာငွေပေါက်ဈေးနဲ့ဆို ၁ သိန်းစွန်းစွန်းလေးပဲ ကျလို့ ရန်ကုန် -မန်းလေး လေပျံ လက်မှတ်တွေ၊ ရန်ကုန် - ဘန်ကောက်လေပျံလက်မှတ်တွေ ထက်တောင်သက်သာ သွားပါတယ်။ သို့သော် promotion လက်မှတ်ဖြစ်သည်နှင့်အမျှ weekend တွေမပါပဲ weekday တွေထဲမှာပဲ ရမှာပါ။ သူငယ်ချင်း ညီအကို၊ မောင်နှမများ ရန်ကုန်ကို သက်သက်သာသာ လေးနဲ့ ပြန်ချင်တယ်ဆိုရင် သိရအောင် မျှဝေပေးလိုက်ပါတယ်။ ခရီးသွားရမယ့် ရက်ကတော့သြဂုတ်လ (၈) ရက်နေ့နဲ့ နိုဝင်ဘာလ (၇) ရက်ကြားဖြစ်ရမှာဖြစ်ပြီး Promotion ပြီးတဲ့ရက်ကတော့ မေလ ၁၄ ရက်နေ မနက် ၁၀ နာရီပါတဲ့။

         တစ်ခုလေး သတိထားရမှာက Online ပေါ်မှာ ထိုင်ခုံရွေးမလား မေးရင် မရွေးပို့နဲ့၊ တကယ်လို့များ credit/debit (Master/Visa/Diners) ကဒ်များနဲ့ပေးမယ်ဆိုရင် ခရီးသည်တစ်ဦးကို S$18 ထပ်ပေးရမှာပါ။ မပေးချင်ဘူးဆိုရင်တော့ Singpost ကပေးနိုင်မယ့် Function ကိုရွေးပြီး SAM Machine ကနေသွားပေးရင် ဝန်ဆောင်ခထပ်ပေးစရာမလိုပါဘူး။
Ref:Myanmarinsingapore

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!