Popular Posts!

Friday, May 11, 2012

မြန်မာ့အနာဂတ်အတွက် မျှော်လင့်ချက်နှင့် သောကများ

Written by မောင်ကောင်းခန့်  Sunday, 06 May 2012 13:53

၂၀၁၀ ပြည့်နှစ် မြန်မာ့ ဒီမိုကရေစီ ရွေးကောက် တင်မြှောက်ပွဲအပြီး ရွေးကောက်ခံ သမ္မတကြီးဦးသိန်းစိန်က ၃၁.၃.၂၀၁၀ ရက်နေ့တွင် အစိုးရသစ်၏ မူဝါဒ သဘောထား ကြေညာချက်ကို ထုတ်ဖော် ကြေညာခဲ့သည်။ အသစ် တည်ဆောက်မည့် ဒီမိုကရေစီ နိုင်ငံတော်အတွက် အသွင် ကူးပြောင်းရေး ကာလတွင် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေး ကဏ0x081ဍအသီးသီး ကို မည်သို့မည်ပုံ မူဝါဒ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း နိုင်ငံတကာသို့ အသိပေးခဲ့သည်။ ကြေညာသည့် အတိုင်းလည်း မြန်မာနှင့် ကမ္ဘာက အံ့ဩ တုန်လှုပ်သွား ရ လောက် အောင် ဒီမိုကရေစီရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့လေရာ ပြည်သူတို့ရင်ဝယ် နိုင်ငံ၏ အနာဂတ် ကံကြမ္မာအတွက် မျှော်လင့်ချက် မီးအိမ် လင်းထိန် စပြုခဲ့သည်။

မြန်မာ့အသွင် ကူးပြောင်းရေးကာလ ပြုပြင်ပြောင်းလဲမှုများ တစ်နှစ်တာ ကာလအတွင်း လွှတ်တော်သုံးရပ် အပြန်အလှန် ထိန်းညှိပြီး ပြည်သူ့အကျိုး အတွက် လိုအပ်သည့် ဥပဒေသစ်များ ပြဌာန်းခြင်း၊ ခေတ်နှင့် မလျော်ညီတော့သော ဥပဒေဟောင်းများအား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း၊ အပြန်အလှန်ထိန်းကျောင်း ရန် ရေးရာကော်မတီများက စောင့်ကြည့်ခြင်း၊ လေ့လြာားနာခြင်း၊ ရသုံးခန့်မှန်းခြေ ငွေစာရင်းအား အဆုံးအဖြတ် ပေးခြင်းများပြုခဲ့သည်။ ချမှတ်ခဲ့သည့် အဆုံးအဖြတ်များ၊ မူဝါဒအပြောင်းအလဲများ၊ လက်တွေ့ လုပ်ဆောင်ချက်ကို လေ့လာလျှင် သမ္မတနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ တို့၏ နိုင်ငံအပေါ် ထားရှိသော စေတနာကို တွေ့မြင်ရသည်။
အုပ်ချုပ်ရေးပိုင်းတွင် စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုအချို့လုပ်ပေးခဲ့ပြီး မလိုလားအပ်သော ဝန်ဆောင်မှု စရိတ်များ လျော့နည်းအောင် အထိုက်အလျောက် လုပ်ပေးနိုင်ခဲ့သည်။ ပြည်ပမှ ဝင်လာသော မြန်မာ့ လုပ်သားတို့၏ ဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းကို လျှော့ပေါ့ပေးမှု၊ ပို့ကုန်ခွန်များ လျှော့ချမှု ပြုလုပ်ပေးခဲ့ပြီး အများပြည်သူ တို့အား မော်တော်ယာဉ် တင်သွင်းနိုင်ရန် မူချမှတ် ခွင့်ပြုပေးခဲ့သည်။ ပုဂ္ဂလိက ဘဏ်များသို့ အငှားဝယ်စနစ်ဖြင့် ဆောင်ရွက် လုပ်ကိုင်ခွင့်ပြု သည့်အပြင် အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို သက်သာသော အတိုးနှုန်းဖြင့် ငွေချေးအသင်းများမှ တစ်ဆင့် ငွေထုတ် ချေးခြင်းများ ပြုနိုင်ခဲ့သည်။ ထို့ပြင် လုပ်ငန်းလိုင်စင်များ မြန်မြန်ကျရန် နှင့် တည်ငြိမ်သော နိုင်ငံခြားငွေလဲနှုန်း တစ်ရပ် ဖြစ်လာစေရန်၊ ဗဟိုဘဏ်ကို သီးခြား လွတ်လပ်ခွင့်ပေးရန်၊ နိုင်ငံခြား ငွေကြေးဈေးကွက် ဖွံ့ဖြိုးရန်၊ စက်မှုဇုန်များ အသစ်ထူထောင်ရန်၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံ မှုများ တိုးပွားလာရန်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရန်၊ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာ တိုးမြှင့် ခံစားခွင့်ရရန် စသည့်လုပ်ငန်း အသီးသီးကို မူချမှတ် ဆောင်ရွက်ခဲ့သည်။
တရားစီရင်ရေးစနစ် ဖြောင့်မတ်ရန် အဂတိလိုက်စားသော တရားသူကြီးများအပေါ် အရေးယူသည့်ဥပဒေ၊ အဂတိလိုက်စားမှု ပပျောက်ရေးဥပဒေများ ပြဋ0x081ဌာန်းရန်လည်း ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း ငြိမ်းချမ်းမှုရှိမှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးနိုင်မည်ဖြစ်၍ အမျိုးသား ပြန်လည် သင့်မြတ်ရေးအခြေခံဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ '၀'တပ်ဖွဲ့၊ ရှမ်း လက်နက်ကိုင်တပ်များ၊ ဒီကေဘီအေ၊ ကေအင်ယူတို့နှင့် အပစ်ရပ်ရန် ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ရခိုင်၊ မွန်၊ ကရင်နီ၊ ပအိုဝ့်၊ ကချင်တိုင်းရင်း သား လက်နက်ကိုင်များနှင့်လည်း အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ဆွေးနွေးဆဲဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံရေးအကျဉ်းသား အများအပြားကိုလည်း လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ဖူးငုံစ မျှော်လင့်ချက်အသစ်များ
ဤအတောအတွင်း ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် အစိုးရသစ် အာဏာလွှဲပြောင်းရယူသည့် တစ်နှစ်ပြည့်ကာလ သမ0x081မတကြီးဦးသိန်းစိန် ၏နှစ်ပတ်လည် မိန့်ခွန်းတွင် အနာဂတ် မြန်မာ့ဒီမိုကရေစီရေး ပိုမိုပီပြင် ရန်နှင့် ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်မလှည့်တမ်း ဆောင်ရွက် နေမှုများကို ကြားလိုက်ရသည့်အခါ သူ့အား ပိုမို ယုံကြည် အားကိုး လာသကဲ့သို့ နိုင်ငံသားအားလုံး၏ မျှော်လင့်ခြင်းမီးအိမ် ပိုမိုလင်းထိန် လာခဲ့သည်။
သမ္မတကြီး၏ မိန့်ခွန်းအရ ပြည်သူတို့အကြား စာပေလွတ်လပ်ခွင့်၊ အလုပ်သမား၊ လယ်သမားများနှင့် အခြား လူမှုအဖွဲ့အစည်းများ တရားဝင် ဖွဲ့စည်းဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ဖော်ပြပါရှိသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံခွင့်ကို အာမခံချက်ပေးပြီး နိုင်ငံတကာကုမ္မပဏီများ၊ ဝန်ဆောင်မှု၊ ထုတ်လုပ်မှု လုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်းများ၊ စက်မှုဇုန်များ လာရောက် ဖွင့်လှစ် ကြတော့မည်။ ၂၀၁၂/၁၃ ခုနှစ်ဘတ်ဂျက်တွင် ပညာရေးစရိတ်၊ ကျန်းမာရေး စရိတ်တို့ကို တိုးမြှင့် လျာထား ပေးခဲ့သည်သာမက နိုင်ငံတကာ အဆင့်မီ ပညာရေးကို မြှင့်တင် ပေးတော့မည်ဖြစ်သည်။ မျှော်လင့်ချက်က အများအပြား၊ ဝမ်းသာစရာကလည်း တစ်ပုံတပင်။
မျှော်လင့်ခြင်းမီးအိမ်မှေးမှိန်လေမည်လား
ယနေ့ကာလသည် လွှတ်တော်နှစ်ရပ်အတွင်း ကိုယ်စားလှယ် လောင်းလစ်လပ်နေရာ ၄၅ခု အတွက် နိုင်ငံရေးပါတီများ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အကြိတ်အနယ် ကြိုးပမ်းနေဆဲ ကာလဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ စသည်ဖြင့် ပါတီ ၁ရ ခု ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၄င်းတွင် ရှမ်း၊ လားဟူ၊ ကိုးကန့်၊ ပအိုဝ့်နှင့် မွန်ဟူသော တိုင်းရင်းသား ငါးပါတီလည်း ပါဝင်သည်။
အားလုံးက မိမိတို့ပါတီ အနိုင်ရရေးအတွက် မဲဆွယ်စည်းရုံး ရေးဆင်းနေကြသည်။ ပါတီအသီးသီး၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကိုအသီးသီးချပြစည်းရုံးရေးပြုကြသည်။ ပါတီတို့ အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက0x081ကဋ0x081ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ အဖွဲ့ချုပ်၏အဓိက ရည်မှန်းချက်သုံးရပ်ကို ချပြစည်းရုံး သည်။ (၁) တရားဥပဒေစိုးမိုးရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေးနှင့် (၃) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ဖြစ်သည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟုဆိုရာတွင် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော ပြည်သူ့ ရွေးကောက်ခံမဟုတ်သည့် လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနေရာတွင် ရွေး ကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များဖြင့်သာ အစားထိုးပြီး လွှတ်တော် ဖွဲ့စည်းရန်လည်းပါရှိသည်။ ထို့အပြင် အခိျု့မြို့နယ်များတွင် စည်းရုံး ရေးဆင်းရာ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် တပ်မတော်က လည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
၂၇-၃-၂၀၁၂ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ တပ်မတော်နေ့မိန့်ခွန်း၌ လွှတ်တော် တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာ အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်နေသူများဖြစ်ကြောင်းနှင့် တပ်မတော် အနေဖြင့် ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေကို တာဝန်ယူစောင့်ရှောက် ကာကွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ၄င်းကပင် ထိုင်း တပ်မတော် အကြီးအကဲများနှင့် ထိုင်းနိုင်ငံတွင် အလည်အပတ်ရောက်ရှိ ဆွေးနွေးခဲ့စဉ် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို နောက်ကြောင်း ပြန်မလှည့်ဘဲ အောင်မြင်သည်အထိ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပါသည်။
ခေါင်းဆောင်နှစ်ဦး၏ပြောကြားချက်များကို နားထောင်ပြီး ကျွန်တော်တို့ပြည်သူများ အကြား ဇဝေဇဝါဖြစ်လာသည်။ ဒီမိုကရေစီ လမ်းကြောင်း တိမ်းစောင်းမည့်အရေး သို့လော သို့လောတွေးထင်ကာ စိတ်ပူစရာဖြစ်ပေါ်လာပါသည်။ မျှော်လင့်ခြင်း မီးအိမ်မှေးမှိန်တော့မည် လားဟုလည်း သောကရောက်ကြရသည်။
ဒီမိုကရေစီ သမိုင်းကြောင်း တစေ့တစောင်း
ဤနေရာတွင် ဒီမိုကရေစီရေး လမ်းကြောင်းမှ နောက်ပြန်မလှည့် ဘဲ ခရီးတွင်နိုင်ရန် ကမ0x081ဘာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွေ့ အကြုံများကို သင်ခန်းစာယူတတ်ဖို့ အရေးကြီးလာသည်။
နိုင်ငံတကာ ဒီမိုကရေစီရေး အပြောင်းအလဲကို လေ့လာလျှင် ၁၉၅၅ ခုနှစ်မှစတင်ပြီး ကမ0x081ဘာတစ်ဝန်း ၈၆ နိုင်ငံတွင် ဒီမိုကရေစီ အပြောင်းအလဲ ၁၁၅ ကြိမ်ပေါ်ပေါက်ခဲ့ကြောင်း တွေ့ရသည်။ ၄င်း တို့အနက် ၂၆ နိုင်ငံတွင် တစ်ပါတီအာဏာရှင်နှင့် စစ်အာဏာရှင်အစိုးရ များက ၄င်းတို့ပိတ်ပင်ထားခဲ့သော ဒီမိုကရေစီရေးလမ်းကြောင်းကို ဖွင့်ဟဖယ်ရှားပေးပြီး ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရန် ကြိုးပမ်းခဲ့ သည်။ နိုင်ငံအခိျု့တွင် ဒီမိုကရေစီခရီးမပေါက်ဘဲ ဒီမိုကရေစီအစိုးရ တစ်လှည့်၊ အာဏာရှင်အစိုးရတစ်လှည့် ရှေ့တိုးနောက်ဆုတ်သွားနေ ခဲ့ကြသည်။ အောင်မြင်သည့်နိုင်ငံအနည်းငယ်သာရှိသည်။ ၂၆ နိုင်ငံ အနက် ပီရူး၊ ထိုင်း၊ ဘရာဇီး၊ ချီလီ၊ ဂွာတီမာလာ စသည့် ၁၃ နိုင်ငံ တွင် စစ်တပ်ကဦးဆောင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး နှစ် အနည်းငယ်ကြာအောင် ထိန်းကျောင်းပေးကာ ဒီမိုကရေစီလမ်းကြောင်း ကို လျှောက်လှမ်းခဲ့ကြသည်။ အတွေ့အကြုံအရ စစ်အာဏာရှင်စနစ် ကတစ်ဆင့် ပြောင်းလဲလာသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ပို၍ခက်ခဲ ကြန့်ကြာတတ်သည်။
လက်တင် အမေရိကနိုင်ငံဖြစ်သော ချီလီနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ပုံမှာ မြန်မာနိုင်ငံနှင့် အလွန်ဆင်တူပြီး စစ်ဘက်အုပ်ချုပ်ရေးမှ ဒီမို ကရေစီအသွင်ကူးပြောင်းစနိုင်ငံများအဖို့ အတုယူဖွယ်ကောင်းလောက် အောင် အလွန်အောင်မြင်သည်။ ချီလီ၌ ၁၉၈၉ ခုနှစ်တွင် အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုချေးက အရပ်သားအစိုးရလက်သို့ အာဏာမလွှဲမီ နှစ်ဖက်ဆွေးနွေးရာ အာဏာလွှဲပြီးလျှင် တက်လာမည့်အစိုးရအဖွဲ့ သစ်တွင် စစ်တပ် ကိုယ်စားလှယ်များကို ပါဝင်ခွင့်ပြုခဲ့သည်။ သဘော တူညီချက်အရ စစ်တပ်မှ ဝန်ကြီးရာထူးအခိျု့နှင့် အထက်လွှတ်တော် တွင် တပ်မှကိုယ်စားလှယ်နေရာအခိျု့ကို ခွင့်ပြုပေးခဲ့သည်။ ထို့ပြင် ယခင်အစိုးရလက်ထက်က လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်ပြစ် မှုများကိုလည်း အရေးမယူရန် သဘောတူခဲ့သည်။ စစ်တပ်၏ထောက် ခံမှုမရလျှင် အချိန်မရွေး အာဏာသိမ်းခံရနိုင်သောကြောင့် စစ်တပ် ထောက်ခံမှုအပြည့်ရအောင် ကြိုးပမ်းခဲ့သည်။
ချီလီနိုင်ငံ အစိုးရသည် စစ်တပ်ကရေးဆွဲသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုအခြေခံ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းဆောင် ရွက်ရင်း ကူးပြောင်းရေးကာလတွင် စစ်တပ်နှင့် အရပ်သားအကြား နားလည်မှုတိုးမြင့်လာစေရန် အပြန်အလှန် ယုံကြည်မှုတည်ဆောက် ကြသည်။ အပြန်အလှန် နားလည်မှုရှိလာသည်နှင့်အမျှ နှစ်ဖက်ယုံကြည်မှု၊ ဆက်ဆံမှုခိုင်မာလာသည်။ ၁ရ နှစ်ကြာမျှ စစ်တပ်၏သဘောထား၊ အယူအဆ၊ ခံယူချက်တို့ကို အရပ်ဘက်မှ ကိုယ်တိုင်သိရှိ သဘောပေါက် အောင်လေ့လာပြီး စစ်တပ်နှင့် အရပ်သားနှစ်ဖက်အကြား ယုံကြည်မှု၊ နားလည်မှုခိုင်မာအောင်တည်ဆောက် နိုင်ခဲ့သောကြောင့်လည်း ချီလီ တွင် ဒီမိုကရေစီခရီး ချောမွေ့လာခဲ့သည်။ နောက်ပြန်မလှည့်တမ်း ဒီမိုကရေစီခရီးလမ်း ရင့်ကျက်ခိုင်မာခဲ့သည်။
နောက်ပြန်မလှည့်ကြေး မဟာဗျုဟာနှင့် ချမှတ်ကျင့်သုံးသင့်သည့် နည်းဗျုဟာများ
အာဏာရှင်စနစ်မှ ဒီမိုကရေစီအသွင် ကူးပြောင်းပြီး ခိုင်မာရင့် ကျက်သော ဒီမိုကရေစီနိုင်ငံတစ်ရပ် ဖြစ်လာရေးအတွက် မရှိမဖြစ်လို အပ်သည်မှာ နောက်ပြန်လှိုင်း ရိုက်ခတ်ခြင်းမခံရဖို့ (တစ်နည်း) စစ် အာဏာသိမ်းခြင်း ထပ်မံမခံရဖို့ဘဲဖြစ်သည်။ ၄င်းသည် ကျွန်တော်တို့ နိုင်ငံအတွက် အရေးကြီးသော မဟာဗျူဟာ ရည်မှန်းချက်တစ်ခုလည်း ဖြစ်သင့်သည်။ ယနေ့ ကျွန်တော်တို့ထံတွင် 'နောက်ကြောင်း ပြန်မလှည့်စတမ်း' ဟု အကြိမ်ကြိမ် ကြွေးကြော်ခဲ့ကြသည့် အားကိုး စရာသမ0x081မတကြီးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ တို့ရှိနေကြပြီ။ သူတို့ နှစ်ဦး၏ အမြော်အမြင်ကြီးမှု၊ သဘောထားကြီးမှု၊ စိတ်စေတနာ ကောင်းမှုတို့ကို ပြည်သူတိုင်း အသိအမှတ်ပြုကြသည်။ ကြားဖြတ် ရွေးကောက်ပွဲအပြီး မကြာမီကာလတွင် ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော် တွင်းသို့ ရောက်လာနိုင်ဖွယ်ရှိသည်။ ဝန်ကြီးတစ်နေရာဖြင့် အစိုးရ အဖွဲ့တွင်လည်း ပါဝင်လာနိုင်သည်။ သူသည် ထက်မြက်သူ၊ ရဲဝံ့သူ၊ နိုင်ငံအတွက် အားလုံးကိုစွန့်လွှတ် အနစ်နာခံနိုင်သူ၊ နိုင်ငံတကာတွင် ဝင်ဆံ့ပြီး အောက်စ်ဖို့ဒ်တက0x081ကသိုလ်ကျောင်းထွက်။ နိုင်ငံရေးကျွမ်းကျင်မှုနှင့် ဒီမိုကရေစီရေး အတွေ့အကြုံတို့မှာ နိုင်ငံအတွက် အားတက်စရာ။ သူတို့သုံးယောက်ပေါင်းမိလျှင် ပြည်သူတို့ မျှော်မှန်းသော ဒီမိုကရေစီရေး ခရီးလမ်းပို၍ ပို၍ ချောမွေ့လာနိုင်သည်။
တစ်ခုတော့ရှိသည်။ အဲဒါက အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေးပေပဲ။ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန် ခိုင်မာရန်လည်း အဓိကလိုအပ်သည်။ သံသယကို ဖျောက်ပြီး နားလည်မှုနှင့် ယုံကြည်မှုကို ထဲထဲဝင်ဝင် တည်ဆောက်ရန် ကာလပဲ ဖြစ်သည်။ ဤတွင် ရွေးကောက်ပွဲ ကြွေးကြော်သံသုံးရပ်အနက် တရားဥပဒေ စိုးမိုးရေးသည်လည်းကောင်း၊ ငြိမ်းချမ်းရေးသည်လည်း ကောင်း အချိန်အခါ နေရာဒေသနှင့် ကိုက်ညီ၍ လိုလားထောက်ခံကြရ ပါမည်။ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကိုမူ အလေးအနက် စဉ်းစား သင့်သည်။ လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်သည်။ ခေတ်စနစ်နှင့် မဆီလျော်တော့သော အခြား ဥပဒေများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းပြုရန် အဆိုတင် ကြသည့်အခါ သူတို့က နိုင်ငံ့အကျိုးဟူသော အခြေခံဖြင့် ဝိုင်းဝန်း ထောက်ခံခြင်း၊ ငြင်းပယ် ကန့်ကွက်ခြင်းပြုသည်။ ယနေ့အထိ နိုင်ငံ အတွက် နစ်နာစရာ တစ်စုံတစ်ရာမကြားမမြင်ရသေး။ ၂၅ ရာခိုင်နှုန်း ပါဝင်မှုကို ယခုပြင်ဆင်မည်ဆိုလျှင် နှစ်ဖက်နားလည်မှု၊ ယုံကြည်မှု အတွက် အလားအလာမကောင်းပါ။ နောက်ပြန်လှိုင်း မရိုက်ခတ်ဟု လည်း အာမခံနိုင်ပြီလား။ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဟုဆိုနိုင် သော်လည်း အချိန်အခါနှင့် နေရာဒေသကိုလည်း အလေးအနက်ထား စဉ်းစားရန်လိုပါသည်။ ဤကိစ္စ ယခုအချိန်တွင် မစဉ်းစားသင့်သေး ဟုမြင်သည်။
ဤတွင် နောက်ပြန်လှိုင်း ရိုက်ခတ်မခံရရေးနှင့် အဆင်ပြေ ချောမွေ့စွာ ဒီမိုကရေစီရင့်ကျက်ခိုင်မာလာရန် အောက်ပါနည်းဗျူဟာ များ ချမှတ်ကျင့်သုံးဖို့ လိုအပ်ပါသည်။
(၁) နိုင်ငံတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးမတည်ငြိမ်မှုများ မပေါ်ပေါက်စေရန် အရင်းခံ အကြောင်းတရားများကို ရှာဖွေဖော်ထုတ် ၍ အသိတရားဖြင့် ကြိုတင်ကာကွယ်တားဆီးရန်၊
(၂) ပြည်တွင်း မတည်ငြိမ်မှု၊ ဆူပူမှုတို့အပြင် ပြည်တွင်းစစ်ကို အကြောင်းပြု၍ စစ်ဘက်က အာဏာသိမ်းခဲ့သော နိုင်ငံတကာအတွေ့ အကြုံများကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခိုင်အမာ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကြိုးပမ်းရန်၊
(၃) နိုင်ငံ့ စီးပွားရေးတောင့်တင်း ခိုင်မာလျှင် ဆင်းရဲနွမ်းပါးမှု၊ လူမှုရေး မကျေနပ်မှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆူပူမှုအထွေထွေ ကို တားဆီးနိုင်မည်ဖြစ်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ပြီး ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်ရန်၊ ဆင်းရဲမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး၊ နည်းပညာ အဆင့်မြင့်မားရေး ကြိုးပမ်းရန်။
(၄) တစ်ပြိုင်နက်တည်းမှာပင် တရားဥပဒေစိုးမိုးရေး၊ အကျင့် ပျက်ခြစားမှု တိုက်ဖျက်ရေးတို့ကိုလည်း ဦးစားပေးလုပ်ဆောင်ရန်။
(၅) နိုင်ငံရေး အင်အားစု အားလုံးက ပါတီအတွင်းအပြင်၊ လွှတ်တော်အတွင်းအပြင်၌ ပုဂ္ဂိုလ်စွဲ ပါတီစွဲဆန်သော ညီညွတ်မှုကို ပျက်ပြားစေမည်ဖြစ်သော အပြောအဆို၊ အယူအဆ၊ လုပ်နည်း လုပ်ဟန်တို့ကို ပြုပြင်ရှောင်ရှားပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဦးတည်ရန် (အထူးသဖြင့် - ပါတီချင်းမတူ၊ အဖွဲ့အစည်းချင်း ကွဲပြားစေကာမူ နိုင်ငံနှင့် ပြည်သူ အမှန်တကယ် အကျိုးရှိမည်ဆိုပါက တစ်ဖက်ပုဂ္ဂိုလ်၏ ဆွေးနွေးတင်ပြချက်ကို အားလုံးထောက်ခံရန် ဝန်မလေးသင့်သလို၊ အကျိုးးပျက်စီးမှု ဖြစ်စေလျှင်လည်း အားလုံးက ကန့်ကွက်ရန် ဝန်မလေးသင့်ပါ။ ဤသို့သော သဘောထားကြီးမှုမျိုး ကို ပိုးထောင်ယူရပါမည်။ နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားအတွက် ဟူသော ရည်ရွယ်ချက်တွင်တော့ အားလုံးတူညီကြဖို့လိုအပ်ပါသည်။
(၆) အရေးကြီးသော အချက်တစ်ရပ်မှာ ပုဂ္ဂိုလိကရေးဆည်းကပ်မှု၊ ခေါင်းဆောင်တစ်ဦးတည်းအပေါ် ယုံကြည် ကိုးစားလွန်းမှုသည် ထို ခေါင်းဆောင်အား သွယ်ဝိုက်သောနည်းဖြင့် အာဏာရှင်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာအောင် တွန်းပို့နေသော သဘော သက်ရောက် သည်။ သို့ဖြစ်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဌာ အသီးသီးတွင် ကျွမ်းကျင်ပညာရှင်များနှင့် အတွေ့အကြုံရင့်ကျက်သူ များက ခေါင်းဆောင်ကိုဝန်းရံကာ လမ်းမတိမ်းအောင် ထိန်းကျောင်း ကြဖို့လည်း လိုပါမည်။
(၇) ဒီမိုကရေစီ ရင့်ကျက်လာရေးအတွက် ဥပဒေပြုဏ္ကိုင်၊ အုပ်ချုပ်ရေးမဏ္ကိုင်နှင့် တရားစီရင်ရေးမဏ္ကိုင်သုံးရပ် အပြန်အလှန် ထိန်းကျောင်းရန်၊
(၈) လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းနှင့် အခြေခံဥပဒေပါ ကိစ္စအချို့မှာ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော်လည်း ယနေ့အကူးအပြောင်း ကာလတွင် ယင်းထက်ပိုမိုအရေးကြီးသော တပ်မတော်၏ ထောက်ခံမှု အပြည့်အဝ ရရှိရေးအတွက် နှစ်ဖက် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေးကိုသာ အဓိကဦးစားပေးရန်၊ အခြေအနေပေးသော ကာလတစ်ခုထိ စောင့်ဆိုင်းပြီးမှ ပြုပြင်ရန်။
ဤသို့ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားအတွက် ဒီမို ကရေစီရေး မျှော်လင့်ချက်မီးအိမ် ပို၍ပို၍ ဝင်းထိန် တောက်ပလာမည် ဖြစ်ပါကြောင်း။
Ref:the voiceweekly

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!