Popular Posts!

Monday, May 4, 2015

Allergy testing (အလာဂျီ) စစ်ဆေးခြင်း


Dr. Tint Swe's photo.
ကျွန်တော့်နာမည်က့ ပါ။ အသက်က ၂ဝ။ နေတာက သင်္ဃန်းကျွန်းမှာပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ခန္ဓာကိုယ်မှာ အကြောင်းအရင်းရှာလို့မရပဲ ယားလာပါတယ်။ ယားလို့ ကုတ်လိုက်ရင် အဖုအပိန့်တွေထွက်လာပါတယ်။ ကျွန်တော့် အမေက အင်ပြင်ဖြစ်တာနေမယ်ဆိုပြီး အင်ရွက်နဲ့ရေချိုးခိုင်းပါတယ်။ မသက်သာပါဘူး။ ဘာမီတွန် သွေးလိမ်းပါတယ်။ မသက်သာပြန်ပါဘူး။ ဆေးဆန်းသွားပြတော့လဲ အဆင်မပြေပြန်ဘူး။ ဆရာဝန်က cetzy 10 ဆိုတဲ့ဆေးသောက်ဖို့ အကြံပေးပါတယ်။ အဲ့ဒီဆေးသောက်တော့မှ အဆင်ပြေသွားခဲ့တယ်။ cetzy 10 ကို ၂ ရက်တစ်ခါလောက်သောက်နေရတယ်။ မသောက်ပဲနေရင် ပြန်ပြန်ပြီး ယားလာလို့ပါ။ အဲ့ဒီလို ယားနေတာက အရှင်းပျောက်ကင်းနိုင်ပါသလား။ ကုသရင်ကုန်ကျမဲ့စရိတ်နဲ့ အချိန်ကာလ။
(အလာဂျီ) ခေါ်တဲ့ မတည့်တာဖြစ်တာပါ။ မတည့်တာ ဘာလည်းသိလို့ ရှောင်ရင်ပျောက်မယ်။ မသိလို့ထပ်တွေ့ရင် ထပ်ဖြစ်မယ်။ ကိုယ့်ဖါသာဆိုရင် အဲလိုဟာ ဘာလည်းလို့ ရှာမတွေ့သူကများတယ်။ ဓါတ်ခွဲခန်းအကြီးစားတွေမှာတော့ မတည့်တာရှာတာမျိုးစစ်လို့ရတယ်။ အဲလိုဓါတ်ခွဲခန်း မြန်မာပြည်မှာ မရှိလောက်ပါ။ တော်တော်တိုင်းပြည်တွေမှာလည်း မရှိလောက်ပါ။ အရေးသိပ်မကြီးပါ။ အဲတာက မတည့်တာလိုက်ရှာဘို့သာဖြစ်တယ်။ ဖြစ်လာရင်ကုသဘို့လည်း မခက်ပါ။ ပြောပြတဲ့နည်းတွေမှာ Cetrizine စားဆေးကလွဲရင် မှားတယ်။ Hives အင်ပြင်ထွက်ခြင်းစာပို့လိုက်ပါတယ်။
ကလေးရောလူကြီးတွေပါ စမ်းလို့ရတယ်။ (၁) အရေပြားစမ်းနည်းနဲ့ (၂) သွေးစမ်းနည်းလို့နှစ်မျိုးရှိတယ်။ အရေပြားနည်းမှာလည်း (၂) နည်းရှိတယ်။
ပထမနည်းမှာ သံသယရှိတဲ့ (အလာဂျီ) ခေါ်တဲ့ မတည့်တာဖြစ်စေတာကို အရေပြားပေါ်မှာ အစက်လေးချတယ်။ ကုပ်ခြစ်ရာလေးသေးသေးလုပ်ပးရတယ်။ လက်ဖျံမှာလုပ်တာများတယ်။ သံသယရှိတာတွေကို တပြိုင်တည်းမှာလုပ်တယ်။ တကယ်မတည့်တာတာဆိုရင် နီရဲပြီးအပိန့်ထွက်လာမယ်။ ဒုတိယနည်းမှာ သံသယရှိတာကို လက်ကအရေပြားထဲကို ဆေးထိုးပေးရတယ်။ မိနစ် (၂ဝ) လောက်ကြာမယ်။ တချို့ကြ ဒိထက်ကြာမှ ပြတယ်။
မစမ်းမီမှာ သောက်နေတဲ့ဆေးတချို့ကိုနားထားသင့်တယ်။ ဥပမာ နာတာရှည် နှင်းကူ၊ (ဆိုရီယေးဆစ်) ဆေးတွေ။
1. Hives အင်ပြင် ထွက်ခြင်းhttp://doctortintswe.blogspot.com/2014/11/hives.html
2. Allergy သို့မဟုတ် မတည့်အတူနေhttp://doctortintswe.blogspot.com/2014/10/allergy.html
3. Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင်http://doctortintswe.blogspot.com/…/10/allergy-and-worm.html
4. Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါးhttp://doctortintswe.blogspot.com/…/10/allergy-triggers.html
5. Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲhttp://doctortintswe.blogspot.com/…/allergy-medications.html
6. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ်http://doctortintswe.blogspot.com/…/10/allergy-relief-kit.h…

ဒေါက်တာတင့်ဆွေ
၃-၅-၂ဝ၁၅
Allergy testing (အလာဂျီ) စစ်ဆေးခြင်း

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!