၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့တွင် ပြုလုပ်သည့် ရခိုင်အရေးနှင့်ပတ်သက်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမြင်ကွင်း (Photo: AFP)
Popular Posts!
-
Credit @ thanhan ပညာရှင်အဆင့် IT Engineer ဆိုတာ Technician and Professional အဆင့်ဆိုပြီးရှိပါတယ်၊ စစချင်းတော့ အလုပ်သင်လူငယ်လေး...
-
27 February 2013 |By Popular News ထားဝယ်စီ မံကိန်းကို စင်ကာပူ၊ မလေးရှားနိုင် ငံမှ ဖျက်လိုဖျက် ဆီးလုပ်နေ သည်ဟုစီမံ ကိန်းထောက်ခံ သူမျာ...
-
စီးပွားရေးမြို့တော် တစ်ခုဖြစ် သော အောင်ပန်းမြို့ ၏မြေဈေးမှာ ကျပ်သိန်း ထောင်ဂဏန်းမှ သောင်း ဂဏန်း ထိဈေးရှိ နေကြောင်း အောင် ပန်း အခြေစိုက် စီ...
-
ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည် ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွ...
-
အူကျခြင်းသည် ဝမ်းဗိုက်၏ ကြွက်သားများအားနည်းသည့်နေရာတွင် အူ၏အစိတ်အပိုင်းတစ်ခုခု ကျွံကျလာခြင်းဖြစ်သည်။ ကျွံကျလာသည့်အူကို ပေါင်ခြံတွင် အလုံးတစ်...
-
ဂျပန်၏ ဓာတ်ရောင်ခြည်သင့် အစားအစာများနှင့် ပတ်သက်သည့် စိုးရိမ်မှုများ အမေရိကန်နှင့် ဥရောပသို့ ပျံ့နှံ့ဂျပန်၏ ဓာတ်ရောင်ခြည်သင့် အစားအစာများ အပေါ် စိုးရိမ်မှုများမှာ မတ်လ ၂၃ ရက်နေ့က ကမ္ဘာတစ်ဝန်းသို့ ဂယက်ရိုက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည် ဂျပန်နို...
-
WEDNESDAY, 23 NOVEMBER 2011 10:30 နှစ်လိုဖွယ် မိန်းကလေးများ၏ ဝစ်လစ်စားလစ် ဓာတ်ပုံများကို ကြည့်ရှုခြင်းသည် ဦးနှောက်၏ စွမ...
-
တကယ်လို့များရွှေမြန်မာတွေMRT'ထဲ ကွမ်းယာ ဝါးးးရင်းးး ရထားးစီးးမိလို့ ဒီလို အဖြစ်မျိုး ကြုံခဲ့ရင့် စလုံးမှာ fri'တွေ ရှိရင် ...
Monday, December 31, 2018
ဘင်္ဂါလီအရေး၊ ICC တင်ရန် ကြိုးပမ်းမှုနှင့် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ မမျှမတ ဆောင်ရွက်မှုများ
၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့တွင် ပြုလုပ်သည့် ရခိုင်အရေးနှင့်ပတ်သက်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမြင်ကွင်း (Photo: AFP)
ရုရှားက ပိုဆိုင်ဒန် ကမ္ဘာဖျက်လက်နက်ကြီးကို ရေချစမ်းသပ်
ရုရှားနိုင်ငံက နောက်ဆုံးတီထွင်ထုတ်လုပ်လိုက်သော ပိုဆိုင်ဒန်အမည်ရှိ ကမ္ဘာဖျက်လက်နက်ကြီးကို စတင်ရေချစမ်းသပ်လိုက်သည် ဟု ဆိုသည်။
အဏုမြူထိပ်ဖူးသယ်ဆောင်နိုင်စွမ်းရှိသော မောင်းသူမဲ့ရေအောက်ယာဉ်ငယ် (UUV) အမျိုးအစားဖြစ်ပြီး ပိုဆိုင်ဒန်ဟု အမည်ပေးထားသည်။
ယမ်းတန်ချိန် ၂ သန်း ပေါက်ကွဲအားနှင့် ညီမျှသောစွမ်းအင်ရှိသည့် အဏုမြူထိပ်ဖူးသယ်ဆောင်ကာ ရန်သူ၏ ရေတပ်အခြေစိုက် စခန်းများ၊ လေယာဉ်တင်သင်္ဘောအုပ်စုများ၊ ပင်လယ်ကမ်းရိုးတန်းမြို့ကြီးများအားလုံးကို ရေဒီယိုသတ္တိကြွ ဆူနာမီလှိုင်းများ ဖန်တီးကာ ဖျက်ဆီးချေမှုန်းရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ပွိုင်ဆီဒန်တော်ပီဒို၏ ကိုယ်ထည်အတွင်းတွင် ကိုယ်ပိုင်အဏုမြူဓာတ်ပေါင်းဖိုငယ်တစ်ခု ထည့်သွင်းပေးထားသည်။
ယခုတော်ပီဒိုမှာ စမ်းသပ်သည့်အဆင့်သာဖြစ်ပြီး စွမ်းအားပြည့်မဟုတ်သေးဟု ဆိုသည်။
ယခုကဲ့သို့ ပင်လယ်ပြင်အတွင်း စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန (MoD) က ဇူလိုင်လအတွင်း ကြေညာခဲ့ပြီးဖြစ်ကာ UUV ၏ လမ်းညွှန်စနစ်နှင့် ရေအောက်စစ်ဆင်ရေးတို့ကို အလိုအလျောက်စနစ်ဖြင့် စမ်းသပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ UUV ကို အဏုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းဖြင့် သယ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ တင်ဆောင်သွားသည့် ရေငုပ်သင်္ဘောမှာ B-90 Sarov-class Project 20120 အမျိုးအစား ရေငုပ်သင်္ဘောဖြစ်တန်ရာချေရှိကြောင်း ရုရှားမီဒီယာတို့တွင် ဖော်ပြသည်။
အဆိုပါရေငုပ်သင်္ဘောသည် ရေတပ်၏ လက်နက်သစ်များ စမ်းသပ်ရာတွင် အသုံးပြုသည့် တစ်ခုတည်းသော အမျိုးအစားဖြစ်သည်။
ပိုဆိုင်ဒန်စီမံကိန်းကြီးရှိနေကြောင်း ပထမဆုံးစတင် ဖော်ထုတ်ချပြခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်သည်။
ထိုနှစ် နိုဝင်ဘာလအတွင်း ရုရှားအစိုးရပိုင် ရုပ်သံဌာနက ပိုဆိုင်ဒန်စီမံကိန်းကို ထုတ်လွှင့်ပြသခဲ့ဖူးသည်။
ပိုဆိုင်ဒန် တော်ပီဒိုသည် ကိုယ်တိုင်မောင်းနှင်စနစ် ရေအောက်မောင်းသူမဲ့ယာဉ်ငယ် အမျိုးအစားဖြစ်ပြီး ကီလိုမီတာပေါင်း ၁၀၀၀၀ (မိုင်ပေါင်း ၆၂၀၀) အထက်အထိ အကွာအဝေးတွင်ရှိသော ပစ်မှတ်သို့ တစ်နာရီလျှင် ရေမိုင် ၁၀၀ (၁၈၅ ကီလိုမီတာ၊ ၁၁၅ မိုင်) နှုန်းဖြင့် သွားလာနိုင်ကာ အသံလှိုင်းခြေရာခံကိရိယာများ၊ ထောင်ချောက်များကို ကျော်လွှားနိုင်စွမ်းရှိသည်။
အချင်း တစ်မီတာရှိသော တော်ပီဒိုကို Project 09852 အမျိုးအစား ရေငုပ်သင်္ဘော (သို့မဟုတ်) Project 09851 ရေငုပ်သင်္ဘောဖြင့် သယ်ဆောင်ပစ်လွှတ်နိုင်မည်ဟု ဆိုသည်။
Project 09852 အမျိုးအစား ရေငုပ်သင်္ဘောမှာ ပိုဆိုင်ဒန် တော်ပီဒို ၆ စင်းအထိ သယ်ဆောင်နိုင်ပြီး Project 09851 မှာ ၄ စင်းသယ်ဆောင်နိုင်စွမ်းရှိသည်။ ပိုဆိုင်ဒန်၏ ပထမဆုံးဗားရှင်းကို လာမည့် ၂၀၁၉ တွင် ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၁၉ မှ ၂၀၂၀ ကြားတွင် ပထမဆုံးပစ်ခတ် စမ်းသပ်ဖွယ်ရာရှိသည်ဟု ဆိုသည်။
တော်ပီဒိုများတွင် အဏုမြူစွမ်းအင်သုံးမောင်းနှင်စနစ် တပ်ဆင်ထားမည်ဖြစ်ကာ အဏုမြူထိပ်ဖူးလည်း တပ်ဆင်ထားမည်ဖြစ်သည်။
အဆိုပါ လက်နက်မျိုးကို ဆိုဗီယက်ခေတ်ကတည်းကပင် စိတ်ကူးခဲ့သော်လည်း တော်ပီဒိုတွင် ထည့်သွင်းမည့် ဓာတ်ပေါင်းဖိုငယ် ထုတ်လုပ်နိုင်စွမ်းမရှိခဲ့သေးချေ။
ယခုတော်ပီဒို ထုတ်လုပ်ခြင်းမှာ ရုရှား၏ ၂၀၁၈-၂၀၂၇ လက်နက်တပ်ဆင်ရေးစီမံကိန်းအရ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရုရှားစစ်ဘက်မှ အသုံးပြုခွင့်ရလာမည်ဟု မျှော်မှန်းထားသည်။
Yellow Champac (shweinnlay)
နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း
ကန္တာရထဲက စပျစ်ဝိုင်ဖန်တီးသူ
မကွေးမြို့တွင် စပျစ်စိုက်ပျိုးနိုင်သည်ကို မယုံကြည်သည့် ဒေသခံများအတွက် ကိုဇော်မင်းခိုင် လက်တွေ့အကောင်အထည် ဖော်ပြခဲ့ပြီဖြစ်သည်။
သို့သော် ပြီးခဲ့သည့်ဆယ်နှစ် အတွင်းမှာတော့ အညာမြေအပူ ပိုင်းဒေသသားတို့အတွက် ချိုမြိန် လတ်ဆတ်၍ အပင်မှသီးနေသည့် စပျစ်သီးကို တိုက်ရိုက်ခူးစားနိုင် ရေးဆောင်ရွက်ရန် ကိုဇော်မင်း ခိုင် စိတ်ကူးယဉ်ခဲ့သည်။
ကိုဇော်မင်းခိုင်က ရမည်း သင်းမြို့နယ် ရင်ဂါတ်ကုန်းကျေး ရွာဇာတိဖြစ်သည်။ ဘိုးဘွားမိဘ များ၏ အလုပ်ကိုင်မှာလည်း စိုက်ပျိုးရေး ဖြစ်ပြီး ပဲ၊ နှမ်း၊ ငရုတ်နှင့် ကြက်သွန်စိုက်ပျိုးသည်။ ကိုဇော် မင်းခိုင်သည် ကိုးတန်းကျောင်းသား ဘဝကို တစ်လကျော်သာဖြတ် သန်း၍ ကျောင်းထွက်ခဲ့ရပြီး ဖခင် လက်ငုတ်လက်ရင်း စိုက်ပျိုးရေး လုပ်ငန်းထဲဝင်ခဲ့ရာ သူ၏ဖခင် စပျစ် စတင်စမ်းသပ်စိုက်ပျိုးချိန် နှင့်အချိန်ကိုက်တွေ့ကြုံခဲ့ရသည်။
မိဘ လက်ငုတ်လက်ရင်း စိုက်ပျိုးရေးတွင် ကိုဇော်မင်းခိုင် အထူး စိတ်ဝင်စားခဲ့သည်က စပျစ်စိုက်ပျိုးရေးဖြစ်ပြီး သူ့စိတ် ကစပျစ် စိုက်ပျိုးမှုအောင်မြင်ဖြစ် မြောက် ရေးအပေါ်တွင်သာအာရုံ ထား လေ့လာခဲ့သည်။ဇာတိကျေး ရွာသူနှင့်အိမ်ထောင်ကျခဲ့ပြီး မ ကွေးမြို့သို့ ပြောင်းရွှေ့လာချိန် တွင် စပျစ်စိုက်ပျိုးမှုမရှိသည့် မ ကွေးမြို့၌ ကိုယ်ပိုင်အိပ်မက်ကို အကောင်အထည်ဖော်ခဲ့သည်။
စပျစ်ပင်၏ သဘောတရား၊ ကြိုက်တတ်သည့် မြေခံရေခံ၊ မြေ သြဇာ၊အာဟာရ၊ ရာသီဥတုကစ ၍အသေးစိတ် လေ့လာခဲ့သည်။ စပျစ်စိုက်ပျိုးရေးနှင့် ပတ်သက် သည့် စာအုပ်တွေဖတ်သည်။ အပူပိုင်းဒေသ၌ စပျစ်ခြံကြီးတစ် ခြံ စိုက်ပျိုးနိုင်ရေးကသာသူ၏ စိတ်အာရုံတွင်စိုးမိုးနေခဲ့သည်။
‘‘များသောအားဖြင့် လူတွေ က စပျစ်ပင်ဆိုတာ တောင်ပေါ် ဒေသတွေမှာပဲ ပေါက်တယ်လို့ ထင်ကြတယ်။ တကယ်တမ်းကျ စပျစ်ပင်က နွယ်မျိုးပါ။ ရာသီဥတု ပူတာ၊ အေးတာကို လုံးဝမ ကြောက်ပါဘူး။ တော်ရုံလေမုန် တိုင်းကိုတောင် မကြောက်ပါ ဘူး’’ ဟု အသက် (၃၉) နှစ်အရွယ် ကိုဇော်မင်းခိုင်ကဆိုသည်။
သို့သော် စပျစ်ပင်ကြိုက် သည့် မြေဆီမြေနှစ်၊ မြေသြဇာ၊ အာဟာရတို့ကို ဟန်ချက်ညီစွာ ပေးထားနိုင်ရန်လိုသည်။
အပင်၏ဖြစ်တည်နေမှုကြီး ထွားလာမှု အခြေအနေများကို အမြဲလိုလို စောင့်ကြည့်ဂရုစိုက် နေရန်လိုအပ်သည်ဟု ကိုဇော် မင်းခိုင်ကဆိုသည်။
စပျစ်ပင်က မိုးရေချိန်လက် မနည်းသည့် ဒေသကိုကြိုက် သည်။ အပူပိုင်းဒေသများတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းနှင့် မကွေးတိုင်းတွင် စိုက်ပျိုးသလို စိုက်ပျိုး၍လည်း ဖြစ်ထွန်းသည်ဟု စိုက်ပျိုးရေး ပညာရှင် ဦးဖြိုးဝေစိုးကဆိုသည်။
‘‘အပူပိုင်းဒေသမှာ စိုက်ပျိုး ရင်အားသာချက်က မိုးရေချိန် လက်မနည်းတာပဲ။ စပျစ်က မိုး များတာကို မကြိုက်ဘူး။ မိုးများ ရင် မှိုရောဂါစွဲတယ်။ အပူပိုင်း ဒေသမှာမို့ အဲဒီအန္တရာယ်ကျ ရောက်ဖို့နည်းတယ်။ ရမည်းသင်း က စပျစ်စိုက်ပျိုးတာအများဆုံးပဲ’’ ဟု ၎င်းကပြောသည်။
စပျစ်ပင်သည် မြေမာမြေသြ ဇာကောင်းသည့် မည်သည့်မြေ အမျိုးအစားတွင်မဆို စိုက်ပျိုးနိုင် သော်လည်းအပူပိုင်းဒေသ မကွေး တိုင်းရှိ ယာမြေ(သဲမြေ)များတွင် စိုက်ပျိုးရန်အတွက် အရိုင်းစိုက် ပျိုးနည်းကို သုံးမှရမည်ဖြစ်သည်။ အရိုင်းစိုက်ပျိုးနည်းဆိုသည်မှာ သဲမြေတွင်စပျစ်ပင် အရိုင်း (အ သီးမသီးသည့်စပျစ်မျိုး)ကို ဦးစွာ စိုက်ပျိုးရမည်ဖြစ်သည်။
ယင်းစပျစ်ရိုင်း ရှင်သန်ကြီး ထွားဖြစ်ထွန်းမှ အပင်ကိုဖြတ်၍ ၎င်းဖြတ်ထားသည့် အပေါ်တွင် ကိုယ်လိုချင်သည့် စပျစ်မျိုးကို ကိုင်းကူးအပင်ဆက်သည့် နည်း ဖြင့်စိုက်ပျိုးရမည်ဖြစ်သည်။ မ ကွေးတိုင်းတွင် စပျစ်စိုက်ပျိုးမှု နည်းပါးနေသေးသော်လည်း အ မှန်တကယ်စိုက်ပျိုးလျှင် ဖြစ်ထွန်း အောင်မြင်သည့် ဒေသတစ်ခုဖြစ် သည်ဟု ဦးဖြိုးဝေစိုးကသုံးသပ် ပြောဆိုသည်။
ကိုဇော်မင်းခိုင်ကမူ လွန်ခဲ့ သည့် ဆယ်နှစ်အတွင်းက စတင် စိုက်ပျိုးသည့် စပျစ်ခြံကို ပျိုးပင် ချသည်ကစ၍ အနုစိတ်ဂရုစိုက်ခဲ့ သည်။ အရွက်၊ အဖူး၊ နွယ်၊ အ ကိုင်းအခက်တို့ကအစ ပိုးမွှားကျ ခြင်း၊ ဝတ်မှုန်ကူးခြင်းတို့အဆုံး မျက်ခြည်မပြတ်ခဲ့။
စိုက်ပျိုးပြီး ရှစ်လကြာချိန် မှာတော့ စပျစ်သီးများသီးလာကြ သည်။ ကိုဇော်မင်းခိုင်သည် စပျစ်သီးများကိုကြည့်၍မဆုံး။ အပူ ပိုင်းဒေသကန္တာရထဲမှ သီးလာ သည့် စပျစ်သီးမှည့်တစ်လုံးကို စားကြည့်လိုက်ချိန်မှာတော့ အေး မြချိုမြိန်သည့် အရသာနှင့်အတူ ကိုဇော်မင်းခိုင်၏ စိတ်နှလုံးတွင် ပီတိတို့လွှမ်းခြုံခဲ့ရသည်။
ပေ ၁၀၀ ×ပေ ၄၀ အကျယ် အဝန်းရှိခြံတစ်ခြံတွင် စပျစ်ပင် ပေါင်း ၈၀ စိုက်ပျိုးနိုင်ပြီးအသီးသီး သည်အထိ အရင်းအနှီးကျပ်ခုနစ် သိန်းခွဲခန့်ရှိသည်။
ပထမဆုံး အသီးသီး၍ ရောင်းချချိန်တွင် ကျပ် ၁၄ သိန်း ကျော်အထိရရှိသဖြင့် အမြတ်က ထက်ဝက်ရှိသည်။
စပျစ်တစ်ပိဿာကို ကျပ် လေးထောင်နှင့် ကျပ်ငါးထောင် အတွင်း ရောင်းချရသဖြင့် ဈေး ကွက်အတွက် မပူရသလိုဈေးနှုန်း ကလည်းတည်ငြိမ်သည်။
ထို့အပြင် စပျစ်ပင်သည် နှစ် ရှည်ပင်ဖြစ်ပြီး သက်တမ်းမှာနှစ် ၆၀ ကျော်မှ ၁၀၀ အထိရှိသည်။ သို့သော် ဂရုစိုက်ရန်စောင့်ရှောက် ရန် လိုအပ်သည်ဟုဆိုသည်။ မကွေးတိုင်းတွင် စိုက်ပျိုးသည့် စပျစ်မျိုးစိတ် ကိုးမျိုးရှိပြီး မြေ နေရာ အကျယ်အဝန်းအလိုက်၊ (Y)ရှိတ်စိုက်ပျိုးနည်း၊ ကြိုးတန်း စနစ်စိုက်ပျိုးနည်း၊ စင်တင်စိုက် ပျိုးနည်း၊ ချုံပုတ်စနစ် စိုက်ပျိုး နည်းတို့ဖြင့် စိုက်ပျိုးသည်ဟု ကို ဇော်မင်းခိုင်က ဆိုသည်။
မကွေးတိုင်း၏ အဓိကဖြစ် ထွန်းသည့် သီးနှံများကပဲမျိုးစုံ၊ နှမ်း၊ ဟင်းသီးဟင်းရွက်၊ ငရုတ်၊ ကြက်သွန်၊ အာလူးစသည်တို့သာ ဖြစ်ရာ၎င်း၏စပျစ်ခြံသည် ကန္တာရ စပျစ်တို့ အောင်မြင်ခဲ့သည့်မကွေး မြို့၏ ပထမဦးဆုံးစပျစ်ခြံဖြစ်လာ သည်။
မကွေး၌ ပုံမှန်စိုက်ပျိုးနေကျ သီးနှံမဟုတ်သည့် စပျစ်ခြံရှိပြီဆို တော့ မယုံကြသူများက များ သည်။ လာရောက်ကြည့်ရှုသူများ လည်းရှိသည်။
‘‘ဈေးကွက်အတွက် ပူစရာ မရှိဘူး၊ မကွေးမြို့မှာ စပျစ်ခြံရှိ တယ်ဆိုတော့ လာကြည့်ကြ တယ်။ လာဝယ်ကြတယ်။ ခြံက ထွက်တာနဲ့ ရောင်းလို့တောင်မ လောက်ပါဘူး’’ ဟု ကိုဇော်မင်းခိုင် ကဆိုသည်။
ကိုဇော်မင်းခိုင်သည် မကွေး တိုင်းတွင်စပျစ်ခြံများစွာ ဖန်တီး လိုသဖြင့် ဘ၀တူစိုက်ပျိုးရေး သမားများကို စပျစ်စိုက်ပျိုးရန် တိုက်တွန်းအားပေးသည်။ စိုက် ပျိုးလိုသူများကို ပျိုးပင်များ၊ နည်း စနစ်များ ကူညီကာ သူကိုယ်တိုင် လည်း သွားရောက်ကြည့်ရှုသည်။
ယခု ၂၀၁၈မှာတော့ မကွေး တိုင်းအတွင်း မကွေး၊ မင်းလှ၊ မင်းဘူး၊ စကုနှင့် တောင်တွင်းကြီး မြို့တို့တွင် စပျစ်စိုက်ပျိုးသူ ၃၀ ကျော်နှင့် စပျစ်စိုက်ခင်းစုစုပေါင်း ဧက ၄၀ ကျော် ရှိနေပြီဖြစ်သည်။
မိရိုးဖလာ အညာဒေသထွက်သစ် သီးဝလံ၊ပန်းမန်တို့ကိုသာစိုက်ပျိုးလုပ်ကိုင်ခဲ့သည့် မကွေးမြို့ကကို မျိုးမင်းဇော် တစ်ယောက်လည်း စိုက်ပျိုးရေးကိုဝါသနာပါသူမို့ကို ဇော်မင်းခိုင်၏ စပျစ်စိုက်ပျိုးမှုကို စိတ်ဝင်စားခဲ့သည်။
‘‘ကျွန်တော် ကိုဇော်မင်းခိုင် ဆီမှာ (၂) နှစ်လောက်ဒီစပျစ်စိုက် ပျိုးတာကို လေ့လာခဲ့ပါတယ်။ နောက်ပြီးကိုယ်တိုင် စိုက်တယ်။ သူကလည်းလိုအပ်တဲ့အကူအညီအကြံဉာဏ်တွေပေးတယ်။ ခု ကျွန်တော့်စပျစ်ခြံလည်း အရမ်း အောင်မြင်ပါတယ်’’ ဟုကိုမျိုးမင်း ဇော်က၀မ်းသာအားရပြောသည်။
သို့သော် အပင်၏ကျန်းမာ ရေးကိုတော့ မျက်ခြည်ပြတ်၍ မရ ကြောင်း၊ နည်းစနစ်မှားယွင်းမှု ကြောင့်ပျက်စီးသွားသည့် စပျစ်ခြံ အချို့လည်းရှိခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။
မကွေးတိုင်း၌ စပျစ်စိုက်ပျိုး သူများလာသော်လည်း ကိုဇော် မင်းခိုင်၏ စပျစ်နှင့်ပတ်သက် သည့် အိပ်မက်ရှည်ကမပြီးဆုံးနိုင် သေး။ ၎င်း၏ဒုတိယ အိပ်မက်က တော့ အရည်အသွေးစံချိန်စံနှုန်း ပြည့်မီသည့် စပျစ်ဝိုင်ထုတ်လုပ် နိုင်ရေးဖြစ်သည်။
ထို့ကြောင့် ဝိုင်ဖောက်လုပ် နည်းစနစ်များကိုလေ့လာသည်။ ဝိုင်အကြောင်းရေးသားထားသည့်စာအုပ်မှန်သမျှကို ရသလောက် ရှာဖွေဖတ်ရှုသည်။ ကိုယ်တိုင် လည်းအမျိုးမျိုး စမ်းသပ်ဖောက် လုပ်သည်။ မိတ်ဆွေအပေါင်းအ သင်းများကို မြည်းခိုင်းကြည့် သည်။ ထိုသို့ကြိုးစားခဲ့ရာ ပြီးခဲ့ သည့် သုံးနှစ်အတွင်းမှာတော့ ဝိုင် ဖြစ်စပြုလာသည်။
သို့သော် သူစိတ်တိုင်းမကျ၊ အသေးစား၊ အလတ်စား စက်မှု လက်မှုဦးစီးဌာနက အရာရှိများ နှင့်တွေ့ဆုံကာ နည်းစနစ်ပိုင်းအ ကူအညီများရရှိနိုင်ရေး ကြိုးပမ်း ခဲ့သည်။
နောက်ဆုံးမှာတော့ တိကျ သည့်အချိုးအစားနှင့် ဖော်မြူလာ ကိုသူရရှိခဲ့သည်။ ဝိုင်၏အရည် အသွေးကို ထိန်းညှိထားနိုင်ခဲ့ သည်။ ရန်ကုန်နှင့်နေပြည်တော်သို့သွားရောက်၍ ၎င်း၏ဝိုင်ကို ဓာတ်ခွဲခန်းပို့ စစ်ဆေးမှုများပြု လုပ်ရာ ဓာတ်ခွဲမှုအောင်မြင်သည့် တရားဝင်လက်မှတ်ကို ရရှိခဲ့ သည်။
၂၀၁၇ ခုနှစ်တွင် မကွေးမြို့ မြို့တော်ခန်းမ၌ပြုလုပ်သည့် ကုန် စည်ပြပွဲတွင် သူ၏ဝိုင်ကိုယုံကြည် မှုအပြည့်နှင့် ပါဝင်ပြသခဲ့ရာ ၀ိုင်ပုလင်းများအားလုံး ရောင်းရခဲ့သ ဖြင့် ပီတိဖြစ်ခဲ့ရသည်ဟုဆိုသည်။
ဝိုင်ဖောက်လျှင် ဝိုင်ဖြစ်ရန် အတွက် တစ်လခန့်စောင့်ရသည်။ ဝိုင်စဖြစ်ပြီဆိုသော်လည်း အရည် အသွေး ပြည့်မီမည်မဟုတ်ပါ။ ထို့ကြောင့် တစ်လအတွင်း ဝိုင် ပျက်မသွားဘဲ ဝိုင်ဖြစ်ပြီဆိုလျှင် ဝိုင်အရည်အသွေး ပြည့်မီရန် တစ် နှစ်ထားသိုထားမှသာ အကောင်း ဆုံးဝိုင်ကိုရရှိမည်ဖြစ်သည်။
‘‘စပျစ်သီးတစ်ပိဿာကို ဝိုင် တစ်လီတာ ထွက်ပါတယ်။ ကျွန် တော်တို့ဆီမှာက စပျစ်ထုတ်လုပ် မှုနည်းနေသေးတော့ ကုန်ချောဝိုင် အများကြီး မထုတ်လုပ်နိုင်သေး ဘူး။ ဝယ်လိုအားရှိသလောက် ရောင်းမပေးနိုင်သေးဘူး။ ဒါကို ကျွန်တော် ဆက်ကြိုးစားနေပါ တယ်’’ဟု ကိုဇော်မင်းခိုင်က ပြော သည်။
စပျစ်ဝိုင်ပုလင်းနှင့် ထုပ်ပိုး ၍ ကုန်အမှတ်တံဆိပ်တပ်ရောင်းချခြင်းကိုမူ မကွေးမြို့တွင်ကိုဇော်မင်းခိုင်တစ်ဦးတည်း ထုတ်လုပ် နိုင်သေးသည်။ ၎င်းထုတ်လုပ် သည့် စပျစ်ဝိုင် 750 ml တစ်ပု လင်းကို ကျပ်ငါးထောင်ဖြင့် ရောင်းချရသည်။
မြန်မာနိုင်ငံတွင် ပြင်ဦးလွင် (မေမြို့)နှင့် တောင်ကြီးက စပျစ် ဝိုင်ထုတ်လုပ်မှု အများဆုံးဖြစ်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များ ကို ဖြန့်ချိထုတ်လုပ်နိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင် သည်ဟု ကိုဇော်မင်းခိုင်က ဆို သည်။
သို့သော် ပြည်တွင်းထုတ် လုပ်ရောင်းချမှုတွင် ဈေးကွက် ဝင်ဝိုင်များမှာ ထုတ်လုပ်နိုင်ခြင်း ထက် ရောင်းအားကပိုမိုလာသည့် အခါ အရက်ဆီကဲ့သို့ အရောအ နှောများ ထည့်လာခြင်းကြောင့် ဝိုင်အရည်အသွေး ကျဆင်းလာ ကြောင်း ဝိုင်သောက်သုံးသူ ဦး သူရိန်ကသုံးသပ်ပြောဆိုသည်။
ထို့ကြောင့် တစ်နိုင်တစ်ပိုင် ထုတ်လုပ်နေသည့် မကွေးမြို့က စပျစ်ဝိုင်သည် လောလောဆယ် တွင်အရောအနှောကင်းပြီး သတ် မှတ်ကာလသက်တမ်း ပြည့်မီစွာ ထားသဖြင့် ဝိုင်စစ်စစ်၏ အရသာ ကိုရရှိသည်ဟု ကိုသူရိန်က မှတ် ချက်ပြုသည်။
လက်ရှိတွင် မကွေးရှိ စပျစ် စိုက်ပျိုးသူများသည် ကုန်ချောဝိုင် ထုတ်လုပ်မှုအဆင့်ကို မလုပ်ကိုင် နိုင်ကြသေး။ ဝိုင်ထုတ်လုပ်ရန် လိုအပ်သည့်ပစ္စည်း နည်းစနစ် အ ဆင့်မီသည့် ထုပ်ပိုးမှုများအတွက် မရင်းနှီးနိုင်သေးပေ။
သို့သော် စပျစ်သီးရောင်းချ ခြင်းကပင် အကျိုးအမြတ်တွက် ခြေကိုက်ကြောင်း မကြီးကန်ကျေး ရွာမှ စပျစ်စိုက်ပျိုးသူ ကိုကိုဦးက ပြောသည်။
ဝယ်လိုအားများ ရှိနေသော် လည်း ဝယ်လိုအားပြည့်မီအောင် ရောင်းချနိုင်သည့် ထုတ်လုပ်မှုအ ထိမလုပ်နိုင်သေးပေ။ ထို့ကြောင့် ပြည်တွင်းဖြန့်ချိရေးကစ၍ ပြည်ပ ပို့ကုန်အထိ ရည်ရွယ်ချက်အိပ် မက်ရှည်ကို မျှော်မှန်းထားသည့် ကိုဇော်မင်းခိုင်တစ်ယောက် နည်း လမ်းတို့ကို ရှာဖွေရပြန်သည်။
စပျစ်ခြံ စိုက်ပျိုးသူများ ဆုံး ရှုံးမှုမရှိစေဘဲ ကုန်ချောထုတ်လုပ် မှုများကို ကျယ်ပြန့်စွာလုပ်ကိုင် နိုင်ရန်စပျစ် စိုက်ပျိုးသူများ စုပေါင်းအဖွဲ့အစည်းကို ယခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် စတင်ဖွဲ့စည်းသည်။
အဖွဲ့ဖွဲ့စည်းကာ စပျစ်ဝိုင် ထုတ်လုပ်မှုကစ၍ ယိုလုပ်ငန်း၊ စပျစ်သီးခြောက်လုပ်ငန်း၊ ဖျော် ရည်လုပ်ငန်း၊ စပျစ်ဆော့ခ်လုပ် ငန်း၊ စပျစ်ဗီနီကာလုပ်ငန်းစသည့် စပျစ်ကုန်ချော လုပ်ငန်းများကို အဖွဲ့အစည်းဖွဲ့၍ လုပ်ကိုင်ခြင်း ဖြင့် လုပ်ငန်းများကိုမြှင့်တင်မည် ဟုဆိုသည်။
‘‘ဒါတင်မကဘူး ဘွန်ဆိုင်း လို စပျစ်ပင်ငယ်လေးတွေစိုက် ပေးမယ်။ ဧည့်ခံပွဲကြီးတွေ၊ ဟို တယ်အခမ်းအနားတွေမှာ စပျစ် ဘွန်ဆိုင်းပင်ကို ချပေးထားရင်စား သုံးသူက စပျစ်ပင်ကတိုက်ရိုက် လတ်လတ်ဆတ်ဆတ် တစ်ခါ တည်းခူးစားလို့ရတဲ့ အရသာမျိုး ကိုပေးနိုင်အောင်လည်း လုပ် ဆောင်သွားမယ်’’ ဟု ကိုဇော် မင်းခိုင်ကပြောသည်။
ထို့ကြောင့်ပင် NGO၊ INGO တို့၏ စိုက်ပျိုးရေးဆိုင်ရာသင် တန်းများ၊ ဈေးကွက်ဆိုင်ရာ သင်တန်းများ၊GAPစနစ်စိုက်ပျိုးနည်း စသည့် သင်တန်းများကို မလွတ် တမ်းတက်ရောက်ကာ အဆက် အသွယ်များ ရယူခဲ့သည်။
ယင်းကဲ့သို့ သင်တန်းများ တက်ခဲ့ခြင်းကြောင့် ၎င်းတို့အဖွဲ့ ကို စပျစ်ကုန်ချောထုတ်လုပ်မှုများနှင့်ပတ်သက်၍ နည်းစနစ် များပေးရန် တိုင်းစိုက်ပျိုးရေးအ ရာရှိများက နယ်သာလန်မှအဖွဲ့ အစည်းတစ်ခုနှင့် ချိတ်ဆက်၍ နည်းပညာများပေးရန် စီစဉ်နေ သည်။
‘‘ကျွန်တော်တို့မှာ အများ ကြီး လိုအပ်နေသေးပါတယ်။ ခေတ်မီတဲ့ စက်ကိရိယာတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေလိုမျိုး တွေပေါ့။ ခုစပျစ်စိုက်ပြီး ပစ္စည်း ကိရိယာ အရင်းအနှီးမစိုက်ထုတ် နိုင်လို့ ဝိုင်မဖောက်နိုင်တဲ့သူတွေရှိ တယ်။ ဒါတွေကိုအဖွဲ့ကနေ ပေါင်းစုလုပ်ကိုင်ပြီးတော့ တွဲခေါ် သွားနိုင်အောင်လည်း စီစဉ်နေပါ တယ်’’ဟုကိုဇော်မင်းခိုင်က၎င်း၏ ရည်မှန်းချက်ကို ပြောပြသည်။
သူထုတ်လုပ်သော စပျစ်ဝိုင် ကို ပြည်တွင်းတွင်မကပြည်ပအ ထိ ပို့နိုင်အောင်ကြိုးစားဖို့က သူ ၏ရည်မှန်းချက်ဖြစ်သည်။
သို့သော် စပျစ်ကုန်ချော ထုတ်လုပ်မှုနှင့် ကိုဇော်မင်းခိုင်၏ ဝိုင်အိပ်မက်ရှည်ကြီး ဖြစ်မြောက် လာရေးကတော့ အခက်အခဲများ စွာ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကျော်ဖြတ်ရမည်ဖြစ်သည်။
Sunday, December 30, 2018
တရုတ်နိုင်ငံတွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေသေတ္တာကြီးထဲမှ အရိုးစုသည် ဗုဒ္ဓဓာတ်တော်မွေတော်များဖြစ်နိုင်သည်ဟု ဆို
Saturday, December 29, 2018
2018 ဒီဇင်ဘာလ ရဲ့ နောက်ဆုံးရက်မှာ Trading လုပ်ကြပုံ အကျဉ်းချုပ်၊သုံးသပ်ချက် နဲ့ လာမဲ့နှစ် 2019 ဇန်နဝါရီလ အတွက် ခန့်မှန်းချက် များကိုတင်ပြချက်
တရုတ်မြန်မာ နယ်စပ်က ကျင်ဆန်းကျော့ဂိတ်ပိတ်လိုက်လို့ ဖရဲ၊သခွားတောင်သူတွေ ကျပ်ငွေ ကုဋေနဲ့ချီဆုံးရှုံးမယ့် အရေးနဲ့ရင်ဆိုင်နေရ
- ဆန်နဲ့ ပြောင်း နယ်စပ်ကနေ တင်သွင်းခွင့် တရုတ်က တင်းကျပ် လာနေပြန်
- တရုတ်အာဏာပိုင်တွေ လိုက်ဖမ်းလို့ မြစ်ထဲခုန်ချထွက်ပြေးတဲ့ မြန်မာအလုပ်သမား ၃ ဦး ပျောက်ဆုံး
အပယ်ခံ မာယား
By ကျော်ခ 6 April 2017
လူသေရုပ်အလောင်းတွေ သင်္ဂြိုဟ်ထားတဲ့ ရွာအပြင်က သင်္ချိုင်းကုန်းကြီး တခုဟာ လူသူသွားလာမှု ကင်းမဲ့ပြီး ချောက်ချားစရာ ဖြစ်နေပေမယ့် မာယား လို့ခေါ်တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းမငယ်လေး တယောက် အတွက်တော့ ပုန်းခိုစရာ နေရာ ဒါမှမဟုတ် ခွဲခြားဆက်ဆံမှု ကင်းမဲ့ဇုန် တခု ဖြစ်လို့ နေပါတယ်။
အလင်းရောင် ရှိတဲ့ အချိန်တွေမှာ သာမကဘဲ အမှောင်ဖုံးတဲ့ အချိန်တွေအထိ ဒီနေရာလေးမှာပဲ ရက်ပေါင်း၊ လပေါင်းများစွာ ခိုလှုံ ခဲ့ရပါတယ်။ ဒီသင်္ချိုင်းကုန်းမှာ သူ့ကို မောင်းထုတ်မယ့်သူတွေ မရှိဘူး။ သူ့ကို မသတီတဲ့ အကြည့်မျိုးနဲ့ ကြည့်မယ့်သူတွေ မရှိဘူး။ အဲဒီလို ခွဲခြား ဆက်ဆံတတ်တဲ့ လူတွေက ရွာထဲမှာပဲ နေကြတယ်လေ။
ဒါဟာ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲက ရွာလေး တရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တခု ဆိုပေမယ့် အသက် ၆၀ ခန့် ရှိနေပြီဖြစ်တဲ့ ကာယကံရှင် မာယား အတွက်ကတော့ အဲဒီလို ကြုံတွေ့ခဲ့ရတဲ့ အတိတ်က ဒဏ်ရာတွေက အခုချိန်ထိ အသစ်တွေ ဖြစ်နေဆဲပါ။
မာယား အသက် ၁၃ နှစ်အရွယ်လောက်မှာ အနာကြီးရောဂါ လက္ခဏာတွေ ပြလာတယ်။ အဖေဖြစ်သူမှာလည်း ဒီရောဂါ ရှိတာကြောင့် ဖခင်ကို ပြုစုရင်း ကူးစက်ခံရတယ်လို့ သူမ ယုံကြည်ခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့ တခြား ညီအစ်ကို မောင်နှမတွေမှာတော့ ကူးစက်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကုသဖို့ အတွက် ဗဟုသုတကလည်း အားနည်းလေတော့ ဒီအတိုင်းပဲ နေလိုက်ရာက ရောဂါလက္ခဏာတွေ ပိုမို ထင်ရှားလာတဲ့ အခါမှာတော့ ရွာထဲက လူတွေ ရိပ်မိကုန်ပြီ။ သူငယ်ချင်းတွေကလည်း သူတို့နဲ့ ဝေးဝေးနေဖို့ ပြောဆို လာကြတယ်။ ဆွေမျိုး သားချင်းတွေကတောင် အိမ်ဝိုင်းထဲကို မဝင်လာဖို့အထိ ပိတ်ပင် မောင်းထုတ်တာတွေကို ဆက်တိုက် ကြုံလာရတယ်။
“သူငယ်ချင်းတွေ ကလည်း အကပ်မခံတော့ဘူး။ ကျမကို ရွံတယ်၊ မုန်းတယ် ပြောတယ်။ ရွာကလူတွေက ရွာမှာ ပေးမနေဘူး။ တောထဲမှာ သွားနေလို့ ပြောကြတယ်။ အဲဒီလို ပြောတဲ့ အခါကျတော့ စိတ်ထဲမကောင်းဘူး” လို့ ပြောရင်း တိမ်ဝင်သွားတဲ့ မာယား ရဲ့ အသံနဲ့ အတူ မျက်ဝန်းအစုံကနေ မျက်ရည်တွေ စီးကျလာပါတယ်။
အတိတ်က အကြောင်းတွေကို ပြန်ပြောရင်း ကြေကွဲ ဆို့နင့်နေတဲ့ မာယားတယောက် စကားမပြောနိုင်လောက်အောင် စိတ်ထိခိုက်ပြီး ငိုချလိုက်ပါတယ်။ ရောဂါပိုး တိုက်စားခံထားရလို့ မညီမညာ ဖြစ်နေတဲ့ သူမရဲ့ လက်အစုံနဲ့ တသွင်သွင် စီးကျနေတဲ့ မျက်ရည်တွေကို အကြိမ်ကြိမ်သုတ်ပြီး သုံးမိနစ်လောက် ငြိမ်သက်နေပြီးမှ ဆက်ရှင်းပြနိုင်ပါတယ်။
ရောဂါ စတင်ခံစားနေရတဲ့ အချိန် ရွာခံတွေကလည်း ဗဟုသုတ အသိပညာ နည်းပါးတာကြောင့် ဒီရောဂါဖြစ်ရင် တရွာလုံး ကူးစက်မယ် လို့ ယူဆကြတယ်။ ပတ်ဝန်းကျင်ကလည်း မာယား တင်မကဘဲ မိသားစုဝင်တွေကိုပါ ဖယ်ကြဉ်လာကြတယ်။ နောက်ဆုံး မာယား ကို ရွာထဲမှာ မထားဖို့ ဖိအားပေး ပြောဆိုလာမှုတွေဟာ တအိမ်လုံး ပြောင်းရွှေ့ရတော့မယ့် အခြေအနေအထိ ဖြစ်လာခဲ့ရတယ်။
အရွယ်နဲ့ မလိုက်အောင် ခါးစည်းခံနေရတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ခန္ဓာကိုယ်မှာ စွဲကပ်နေတဲ့ ရောဂါ ဝေဒနာတွေကြောင့် ဒီလို အဖြစ်ဆိုးကြီးကနေ အဆုံးသတ်ဖို့ တွေးမိတာက ကိုယ့်ကိုယ်ကို သတ်သေဖို့ပါပဲ။ အဆိပ် သောက်သေတယ် ဆိုတဲ့ ကြားဖူးနားဝ စကားအတိုင်း သူမ စားလိုက်တယ်။ အရသာ မကောင်းမွန်ပေမယ့် ကြိတ်မှိတ်ပြီး စားခဲ့တယ်။
စားပြီး ခဏအကြာမှာတော့ မူးဝေအော့အန်ပြီး လောကကြီးနဲ့ အဆက်ပြတ်သွားတယ်။ မျက်လုံးအစုံ ပြန်ပွင့်လာချိန်မှာ သေကြောင်းကြံဖို့ စိတ်ကူးနဲ့ စားလိုက်မိတာက ဆေးရွက်ကြီးတွေ ဖြစ်နေကြောင်း သူမအမေ ရှင်းပြလို့ သိလိုက်ရ တယ်။
နောက်ဆုံးတော့ အမေဖြစ်သူရဲ့ နားချမှုနဲ့ ရွာပြင်မှာ နေဖို့ ဆုံးဖြတ်လိုက်တယ်။ ရွာပြင်ဆိုပေမယ့် နေရာ တော်တော်များများက ရွာသူ၊ ရွာသားတွေ အသွားအလာ များတာကြောင့် ပုန်းခိုဖို့ နေရာက ကျဉ်းမြောင်းတဲ့ အတွက် နောက်ဆုံးတော့ ဘယ်သူမှ မလာနိုင်တဲ့ သင်္ချိုင်းကုန်းကို ရွေးချယ်လိုက်ပါတယ်။
“သင်္ချိုင်းထဲမှာ သွားသွားနေတာ။ မိုးကလည်း ရွာသေးတယ်။ တညလုံး ဒီအတိုင်းပဲ နေရတာပေါ့” ဆိုပြီး မညီမညာ ဖြစ်နေတဲ့ သူ့ရဲ့ လက်အစုံကို ဆုပ်ပြီး မိုးရွာထဲမှာ ခိုက်ခိုက်တုန်အောင် ချမ်းတုန်နေခဲ့ရပုံလေး လုပ်ပြပါတယ်။
ရွာထဲက လူတွေ ကြောက်လှပါတယ် ဆိုတဲ့ တစ္ဆေ၊ သရဲတွေကို လူမှန်းသိတတ်စ အရွယ်ကတည်းက ကြောက်တတ် ခဲ့သူ ဖြစ်ပေမယ့် ရွာထဲက လူတွေ သူ့ကို တွေ့သွားရင် ဒီနေရာကနေ နောက်တနေရာကို မောင်းထုတ်ခံရမှာ စိုးရိမ်နေတဲ့ စိတ်က တစ္ဆေ၊ သရဲတွေကို ကြောက်တာထက် ပိုလို႔ လွှမ်းမိုးနေခဲ့တယ် လို့ ဆိုပါတယ်။
ရွာပြင်ကို ထွက်သွားလိုက်ကတည်းက မိခင်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မျက်နှာကို အလင်းရောင် ရှိချိန်တွေမှာ တွေ့မြင်ခွင့် မရတော့ပါဘူး။ ဖခင် ဆုံးသွားပြီးတဲ့နောက် ဆင်းရဲချို့တဲ့ပြီး တအိမ်လုံးရဲ့ စားဝတ်နေရေးတွေကို တာဝန်ယူနေရတဲ့ မိခင်ဖြစ်သူ ကိုယ်တိုင်ကလည်း မာယား ပြန်လာတာကို ရွာသူရွာသားတွေ မြင်သွားရင် တမိသားစုလုံး ရွာပြင် မောင်းထုတ်ခံရမှာကို စိုးရိမ်နေရ ပြန်ပါတယ်။
“အမေတို့ ပြောတာတော့ မလာနဲ့တဲ့။ နင်လာရင် အမေတို့ ရွာမှာ မနေရဘူး။ မောင်းထုတ်ခံရမယ်တဲ့” လို့ ပြောရင်း ရစ်ဝဲလာတဲ့ မျက်ရည်တွေ ပြုတ်မကျလာအောင် မျက်နှာလွှဲပြီး ထိန်းလိုက်ပါတယ်။ သူ႔ ရင်ထဲမှာ အနာကျင်ဆုံး ဖြစ်ရတဲ့ ဒီစကားမျိုးကို အကြိမ်ကြိမ် ကြားရပေမယ့် ကြားတိုင်း၊ ကြားတိုင်းမှာ တဆတ်ဆတ်နာခဲ့ရတယ် လို့ ဆိုပါတယ်။
မာယား တယောက် သင်္ချိုင်းကုန်းမှာ အမှောင်ထု ကျရောက်မယ့် အချိန်တွေကိုပဲ နေ့စဉ် ထိုင်စောင့်နေခဲ့ရပါတယ်။ ညရောက်လို့ လူခြေတိတ်သွားချိန်ကျမှ တခြား လူတွေ မတွေ့အောင် ရွာထဲက အမေ့အိမ်ကို ခိုးပြန်ပြီး ထမင်းစား ရတယ်။ တခြားအိမ်တွေ ရိပ်မိမှာ စိုးတဲ့ အတွက် အမှောင်ထဲမှာပဲ စားပြီး ရွာက လူတွေ မနိုးခင်မှာပဲ သူ နေထိုင်ရာ သင်္ချိုင်းကုန်းကို ပြန်ခဲ့ရတယ်။
သင်္ချိုင်းကုန်းမှာ နေ့စဉ်နဲ႔ အမျှ စဉ်းစားမိတာက ခွဲခြား ဆက်ဆံသူတွေနဲ့ ကင်းဝေးရာကို ထွက်သွားဖို့ပါ။ နောက်ဆုံးတော့ သူပုန်းခိုနေတဲ့ ရွာပြင်သင်္ချိုင်းနဲ့ မိခင်နဲ့ ညီအစ်ကိုမောင်နှမတွေ ရှိတဲ့ ရွာလေးကို ကျောခိုင်းပြီး ရှမ်း-ကယား နယ်စပ်ကို ထွက်ခွာသွားခဲ့ပါတယ်။ သူ႔ကို ခွဲခြားမှု မရှိတဲ့ နေရာမှာ ဘဝကြင်ဖော်နဲ့ တွေ့ပြီး သားလေး တယောက် ထွန်းကားခဲ့ပါတယ်။
ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို သားကလေးကို ကိုယ်ဝန် လွယ်ထားရချိန် နေ့စေ့လစေ့ အချိန်မှာပဲ သူ႔ရဲ့ ရောဂါ အခြေ အနေကို ခင်ပွန်းဖြစ်သူက သိသွားပြန်တယ်။ ခင်ပွန်းဖြစ်သူရဲ့ တိုက်တွန်းချက်ကြောင့် သားကလေး မွေးပြီး ၂ လသား အရွယ်မှာတော့ သားနဲ့ ခင်ပွန်းကို ခွဲခွာသွားဖို့ မျက်စိမှိတ် ဆုံးဖြတ်လိုက်ပါတော့တယ်။
မွေးရပ်မြေမှာ ကြုံတွေ့ခဲ့ရတဲ့ နာကျင်စရာ အတွေ့အကြုံတွေကြောင့် မိသားစုနဲ့ ရွာလေးကို ပထမအကြိမ် ကျောခိုင်းခဲ့ရပြီး တဲ့နောက် သူ႔ဘဝ အတွက် သံယောဇဉ်တွေ တွယ်နေရပြီ ဖြစ်တဲ့ သားနဲ့ ခင်ပွန်းကိုလည်း နာနာကျင်ကျင်နဲ့ပဲ ဒုတိယအကြိမ် ကျောခိုင်းခဲ့ရပြန်ပါတယ်။ အထူးသဖြင့် မိခင်တယောက် အနေနဲ့ လူ့ဘဝထဲ ရောက်ခါစ ရင်သွေးလေးကို ခွဲခွာဖို့ အင်မတန် ခက်ခဲခဲ့ကြောင်း ဝမ်းနည်းစွာ ငိုကြွေးရင်း ပြောဆိုပါတယ်။
“ကျမယောက်ျားက ပြောတယ်…၊ နင့်ရောဂါ ကလေးကို ကူးမယ်တဲ့” ဆိုပြီး ခင်ပွန်းဖြစ်သူရဲ့ ပြောပြချက်ကို ပြန်ရှင်းပြပါတယ်။ မာယားရဲ့ မျက်နှာမှာတော့ လွမ်းဆွတ်၊ နာကျင်မှုတွေက အထင်းသားပါပဲ။
သားနဲ့ ခင်ပွန်းကို စွန့်လွှတ် ထွက်ခွာခဲ့ရပြီးတဲ့နောက် စိတ်ဓာတ်ကျနေတဲ့ မာယား တယောက် ဖြစ်သလို နေထိုင်ရင်း ရောဂါ အခြေအနေက ဆိုးသထက် ဆိုးလာပါတယ်။ အထူးသဖြင့် လက်ဖျား၊ ခြေဖျားတွေက ရောဂါပိုးတွေရဲ့ တိုက်စားမှုကြောင့် လူတောထဲ မသွားရဲလောက်အောင် ဖြစ်လာပါတယ်။
နောက်ဆုံး အဆက်အသွယ် ပြန်ရတဲ့ မိခင်ဖြစ်သူနဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကြောင့် လက်ရှိ သူမ ခိုလှုံနေတဲ့ “စိန့်ဂျိုးဇက် ကိုတိုလင်းဂို” အမည်ရ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ်ထဲက အနာကြီးရောဂါကု ဆေးရုံကို ရောက်ရှိခဲ့ပါတယ်။ ဒီနေရာကို ဟိုခိုက် လို့ လူသိများပြီး အနာကြီးရောဂါသည် အယောက် ၁၀၀ လောက်ကို ဆေးကု ပေးပြီး ဂေဟာ သဘောမျိုး ပြုလုပ်ပေးထားတာပါ။
တနေ့တော့ မျှော်လင့်မထားတဲ့ အသက် ၂၀ ကျော် အရွယ် ဧည့်သည် တယောက် ရောက်လာပါတယ်။ သူ႔ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသူကတော့ မွေးပြီး ၂ လသားအရွယ်နဲ့ ထားခဲ့တဲ့ သူ႔ရဲ့ သားလေးပါ။ မာယား တယောက် အပျော်ရွှင်ဆုံး မိခင်တယောက် ဖြစ်သွားစေခဲ့တဲ့ တွေ့ဆုံမှုပါ။ သားဖြစ်သူက မိခင်အဖြစ် အသိအမှတ် ပြုခဲ့တယ် လေ။
လာတွေ့တဲ့ သားဖြစ်သူက အိမ်ထောင်ကျပြီး ကလေး တယောက်တောင် ရနေပါပြီ။ သားဖြစ်သူဆီက မျှော်လင့် မထားတဲ့ အရာတခုကို ထပ်ရလိုက်ပြန်ပါတယ်။ အဲဒါကတော့ သားဖြစ်သူက သူတို့မိသားစုနဲ့ အတူလာနေဖို့ မာယားကို တောင်းဆိုတာပါ။ ဒီစကား ကြားတော့ ဝမ်းသာ ကြည်နူးမိပေမယ့် နာကျင်တဲ့ ဝေဒနာကိုပါ ရောပြီး ခံစားလိုက်ရတယ်လို့ ဆိုပါတယ်။
ဒီတခါတော့ အရင်တုန်းကလို သူများတွေက သူ့ကို ငြင်းဆန်ခဲ့တာမျိုး မဟုတ်ဘဲ သူကိုယ်တိုင်က အတူလိုက်နေဖို့ ငြင်းလိုက်ပါတော့တယ်။ သိသာထင်ရှားနေတဲ့ ရောဂါ အခြေအနေကြောင့် သားဖြစ်သူ၊ ချွေးမဖြစ်သူနဲ့ မြေးကလေးကို သူတို့နေတဲ့ အသိုင်းအဝိုင်းကြားမှာ မျက်နှာငယ်မှာကို စိုးရိမ်တဲ့ အတွက် စိတ်ထဲက ခံစားချက်တွေကို ဖုံးကွယ်ပြီး သားဖြစ်သူရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်တယ်လို့ ဆိုပါတယ်။
သားဖြစ်သူ ရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းပြခဲ့ပေမယ့် သားပြန်သွားတဲ့ အချိန်မှာတော့ ရင်ထဲမှာ နေမထိ ထိုင်မသာ ခံစားခဲ့ရတယ်။ တကယ်တမ်းမှာတော့ မာယား ဟာ တခြားမိသားစုတွေလို သား၊ ချွေးမ၊ မြေးကလေးတို့နဲ့ အတူ နေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရောဂါက အတူနေခွင့်ကို စည်းခြားထားသလို ဖြစ်နေခဲ့ပါတယ်။
စိုက်ပျိုးရေး ထွက်ကုန်တွေ မြို့ပေါ် တင်ပို့ ရောင်းချတဲ့ အခါမှာ ဗဟုသုတ နည်းသူ အချို့ရဲ့ နှာခေါင်းရှုံ့ ရှောင်ဖယ်တာ မျိုးတွေ ခံခဲ့ရသလို တချို့ဆိုရင် ဂေဟာဘေးကနေ ဖြတ်သန်း စီးဆင်းနေတဲ့ ချောင်းထဲက ငါးတွေကိုတောင် မသန့်ဘူး ဆိုပြီး မစား ကြတာ ရှိတယ် လို့ ဆိုတယ်။ ဒီလို သတင်းတွေဟာ သူတို့ နေထိုင်ရာ ဂေဟာလေးဆီကို တခါတရံ ရောက်ရှိလာတတ် ပါတယ်။ စိတ်မကောင်းရုံက လွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူးပေါ့။
ဂေဟာလေးကို ခိုကိုးနေထိုင်နေကြရတဲ့ သူတို့ တတွေဟာ နေ့စဉ် မနက် အရုဏ်တက်ချိန်ဆို ဘုရားဝတ်ပြုဖို့ ကက်သလစ် ဘုရားကျောင်းလေးဆီ အလျှိုအလျှို ရောက်လာကြပါတယ်။ ဘုရားဝတ်ပြုသူတွေထဲမှာ မာယား လည်း ပါပါတယ်။ မာယား ဘာဆုတွေများ တောင်းနေမလဲ။ ဆိုးဝါးလှတဲ့ သူ႔ရဲ့ ကံကြမ္မာ၊ ရိုက်ခတ်ချက်ကြမ်းတမ်းတဲ့ လောကဓံတရား၊ ဖြေဆည်ရာရဖို့ မာယား ဘာဆုတွေများ တောင်းနေလေမလဲ။
“အခုတော့ ကိုယ့်ကိုယ်ကို ဘုရားသခင်ဆီမှာ အပ်နှံလိုက်ပြီ။ အဖြစ်အပျက်တွေ အားလုံးက ဘုရားသခင် အလိုတော် အတိုင်းပါပဲ” လို့ သူပြောခဲ့တဲ့ အသံကို ပြန်ကြားမိရင်း မာယား တယောက် ဘုရားသခင်ရဲ့ မေတ္တာတော် အေးရိပ် အောက်မှာ ငြိမ်းချမ်းမှုတွေ ရရှိပါစေ၊ မာယား နဲ့ ဘဝတူ ဒုက္ခခံစားနေရသူတွေလည်း ငြိမ်းချမ်းမှုတွေ ရရှိကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။ ။
Ref:https://burma.irrawaddy.com/article/2017/04/06/133021.html