Popular Posts!

Tuesday, December 25, 2018

နိုင်ငံခြားဘဏ်၊ ကျောက်ဖြူ၊ ရင်းနှီးမှု ဝန်ကြီးဌာနအသစ် တပြိုင်တည်းပေါ်လာတာ အကောင်းမြင်ဆောင်းပါးကို သုံးသပ်ချက်!




၁။ နိုင်ငံခြားဘဏ်. :https://www.cbm.gov.mm/content/representative-offices-foreign-banks

ပထမအဆင့်..နိုင်ငံခြားဘဏ်က ပြည်သူတဦးချင်း အပ်ငွေ လက်မခံခွင့် မပေးပါ...စီးပွားလုပ်ငန်း ချေးငွေ ပေးဖို့ အဓိက လို့ ကျနော် နားလည်တယ် ခင်ဗျ။ Ease Business အလွန်ဆိုးနေတာ ဖြေရှော့ တော့မဲ့ လက္ခဏာပါ။ 

.

* SME တွေ အများကြီးပဲ။ နှစ်စဉ် အခွန်ဆောင်မှု. နဲ့ (ဆေးခွင့်၊ လုပ်သက်ခွင့် နဲ့ ဝန်ထမ်းအရေအတွက်) ရှိရင် နိုင်ငံခြားဘဏ်တွေက ငွေချေးပေးပါမယ်။ မြန်မာဘဏ်က ပိုင်ဆိုင်မှု မြေဂရမ် ပြရင်တောင် ချေးငွေရဖို့ လုံးဝ(လုံးဝ) မလွယ်ပါ။ ဆွေမျိုးသားချင်းပဲ လှည့်ချေးနေတဲ့ လက်ဝါးအုပ် ဘဏ်စနစ်ပါ။ နိုင်ငံခြားဘဏ် က ပြည်သူတွေ အလုပ်ကိုင်ကောင်း ပေါများလာစေမှာပါ။ 

.

* စင်ကာပူမှာ အိမ်ဝယ်ဖို့ ဆို ဘဏ်တွေက ၇၀% အထိ ချေးတယ်။ ဝင်ငွေ Tax လက်မှတ်ပြရတယ်။ နိုင်ငံခြားဘဏ် တန်ဖိုးနည်း သိန်း၁၀၀ တိုက်ခန်း သိန်း၇၀(၁၅နှစ် အရစ်ကျ) ချေးပေးရင်.. မြန်မာ့ မြို့ပြ လူနေမှု စနစ် တိုးတက်လာပါမယ်။ 

.

ဟုတ်ပါတယ်.. ပြည်တွင်းဘဏ်တွေ အခက်ခဲရှိမယ်။ ပေါင်းပြီး လုပ်တန် လုပ်ရပါမယ်။ 

.

 ဗဟိုဘဏ်က လွှတ်တော်မှာ ဖြေသွားစဉ် ပြည်တွင်းအပ်ငွေ ကျပ် ဘီလျံ ၂၅၀၀၀(US$19.8 billion, 1usd=1300kyats) , 2018 နှစ်ဆန်းတုန်းက ရှိပါတယ်။ အလွန်များပြား လှတဲ့ ငွေမဲတွေ ဖြစ်ပုံရပါတယ်။ စီမံဘဏ္ဍာ ဝန်ကြီးက ပြည်သူတွေ အပ်ငွေ လို့ ပြောပါတယ်။ တကယ်တော့ ငွေရှင် (ခရိုနီ) တွေ အပ်ငွေ ဖြစ်တယ်။ 

.

..ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် က အတိုးနှုန်း ရှော့ချဖို့ တင်ပြပေမဲ့ ဗဟိုဘဏ်က.ငြင်းပါတယ်။ . root cause က အ အတိုးနဲ့ထိုင်စား ကြတာပါ။ အရင်က ပြည်ပဘဏ်တွေမှာ ဒေါ်လာအပ်ထားပေမဲ့ နောက်ပိုင်း ပြည်တွင်းဘဏ်အပ်ငွေ က စိတ်ချရလို့ ပုဂလိကဘဏ်တွေ အများကြီး ကိုယ့်ဆွေမျိုးမိတ်ဆွေ ငွေတွေ သိုမြည်းထာဲး့ နေရာ ဖြစ်နေတယ်။ ဆွေမျိုး မိတ်ဆွေပဲ ချေးငှါး ကွန်ဒိုဆောက် မြို့သစ်ဖော် မြေသိမ်း.. စသဖြင့် GDP အကျိုးမပြု.. ပြည်သူ အလုပ်ကိုင်မရ စေတဲ့ အိမ်ခြံမြေ ပဲ လုပ်ကြပါတယ်။

.

အခု NLD ပေါ်လစီ ကြောင့် မြေဈေးတွေ ဈေးကျလာပြီး. တန်ဖိုးနဲ တိုက်ခန်းတခု သိန်း၁ရာ ဖြစ်လာတယ်။ ..

.

  • တရုပ်.အမေရိကန် ကုန်သွယ်စစ်ပွဲ ရုတ်တရက် ဒေါ်လာ US$1=1600 ထိ တက်သွားတော့ သူတို့ ကျပ်ငွေ ဘီလျံ ၂၅၀၀၀ ကနေ ၂၅% ဈေးကျသွားတယ်၊U$15.6b(19.8b) ပဲတန်တော့တယ်။ နေရင်း ထိုင်ရင်း US$3.2 billion လောက် ရှုံး သွားတဲ့ သဘောပါ။ လယ်ဝယ်တဲ့ ခရိုနီတွေက ဘဏ်ထဲက ကျပ်ငွေတွေ ပြန်ထုတ်ပြီး ဒေါ်လာ ပြောင်းကြတာလဲ.. 25% ကျပ်ငွေ တန်ဖိုး ရော့ခြင်း အကြောင်း တခုပါပဲ။ 

.

ပုဂလိက ဘဏ်ထဲက သိန်း၁ထောင် အထက် ထုတ်ရင် ဗဟိုဘဏ် သတင်းပို့ရမယ် အမိန့် လုပ်ပြီး..ငွေတွေ နင်းကန် မထုတ်အောင် တားထားတယ်။ တားလဲ နည်းမျိုးစုံနဲ့ ထုတ်နေမှာပါ။ ဒီနှစ်ဆန်းက ပြည်တွင်းဘဏ်တွေမှာ အပ်ငွေ ကျပ်ဘီလျံ ၂၅၀၀၀ ဆိုတာလဲ တဝက်ကျန်သေး ရဲ့လား မသိပါ။ အစိုးရ ကတော့ သိပါတယ်။ 

.

ဒါကြောင့် ပြည်တွင်းမှာ Cash Flow နည်းပါးခြင်း ဖြစ်နေတယ်။ ဒီလို ပုဂ္ဂလိကဘဏ် တွေ လုပ်နေတော့ နိုင်ငံခြား ဘဏ် ခေါ်ပြီး SME ကုန်ထုတ်လုပ်ငန်းတွေကို ချေးပေး ဖို့ အရေးပေါ် လုပ်ရပုံပဲ။

.

  • အလားတူ လောင်စာဆီ တွေ ကိုင်ထားတာလဲ လက်ဝါးအုပ် စီပွားသမား တွေပဲ။ ပြည်ပ ဖိတ်ခေါ်လဲ အိမ်ခြံမြေဈေး မတရား ဈေးကြီးနေတယ်။ မလာဘူး။ တကယ်တော့ ဌာနဆိုင်ရာ ပိုင်တဲ့မြေတွေ ရန်ကုန်မြို့လည်မှာ တပုံကြီး (30% of Ygn lands) ဖြစ်ပါတယ်။ဌာ န ညွန်မှုး ညွန်ချုပ်တွေလဲ မြေပိုင်ရှင်တွေပဲ။.
  • ဒီအကြောင်း လွှတ်တော် စီးပွါးပညာရှင် သန်းစိုး(ဘောဂဗေဒ) က ကျနော့ထက် အဆ ၁ထောင် ပိုသိတယ်။ ဗဟိုဘဏ် ဒုဥက္ကဌ ၂ယောက် နဲ့ စီမံဘဏ္ဍာ ဝန်ကြီး. ဒုဝန်ကြီးတွေ က ပိုလို့တောင် သိတယ်။ ထွက်သွားတဲ့ ဘဏ္ဍာရေး ဝန်ကြီးကတော့ သူဌေးဖြစ် ကြံစည် ခဲ့ တယ်။ 

.

ကျနော် စီးပွား ပညာရှင်မဟုတ်တော့  အဒမ်စမစ် Demand Supply, Market တွေ လဲ သိပ် နားမလည်ဘူး. ဒါပေမဲ့ လူတော်လူကောင်းတွေ လုပ်ပိုင်ခွင့် ရလာတာ တွေ့တော့ ဤခရီးမဝေးတော့ပါ..မြငိပါတယ်ဗျာ။

.

လက်ဝါးအုပ် ဘဏ်စနစ်ကို ဖျက်သိမ်းဖို့ နိုင်ငံခြားဘဏ် အများကြီး လိုပါတယ်။ သို့မဟုတ် ရင်.ပြည်တွင်းက ဘဏ်တွေနဲ့ ပေါင်းစား သွားရင် ပိုဆိုးနိုင်မှာ..ဖြစ်လို့ပါ။ 

.

.

၂။ ကျောက်ဖြူ စီမံကိန်း

မြန်မာပြည်ကို ထက်ပိုင်းဖြတ်သွားတဲ့ ရေနံဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ပြည်သူတွေ စိုးရိမ်ကြပါတယ်။ မြန်မာအစိုးရ က ဥာဏ်ပညာ ကြီးမား သြဇာကြီးမားလာရင် တရုပ်အစိုးရ မျက်စိမှိတ် မနေပါဘူး။ ခပ်ရိုင်းရိုင်း ရေးရရင်  DASSA အစိုးရ ခေါင်းဆောင်တွေ နဲ့ ဖွတ်ဦးနှောက် + လာပ်ယူဖို့ လောက်ပဲ စဉ်းစား လုပ်ကိုင် ခဲ့တဲ့ ဗိုလ်ချုပ်ကြီး တွေ တွေဟာ နံ့သာဆီ နဲ့ အီး လို ကွာပါတယ်။ 

.

လက်ရှိ မြန်မာစီးပွား ကြပ်တည်း ခက်ခဲနေတာ .....

  • မူရစ်ရာဇာ ရင်းနှီးမှုများ
  • ကျာက်စိမ်း.+ သယံဇာတ ရင်းနှီးမှုများ
  • အိမ်ခြံမြေ ရင်းနှီးမှုများ


ပြည်ပငွေတွေ ပြန်ထုတ် သွားတာ အဓိကပါ။ ခရိုနီ နဲ့ ဗိုလ်ချုပ်ကြီး(ငြိမ်း) တွေ ရဲ့ ပြည်တွင်း ပြည်ပ ဘီလျံပေါင်းများစွာ လဲ ငွေအိပ်နေကြလို့ပါ။ ကုန်ထုတ် လုပ်ငန်း တွေလဲ ကြားပွဲစား + ငွေတိုးချေးစားသူတွေ ကြောင့် တောင်သူလယ်သမား က လဲ တိုးထုတ်နိုင်ပေမဲ့ မချောင်လည်ပါ။ ပိုလို့ ကြပ်နေသလိုပါပဲ။ 

.

တရုပ်နဲ့ မြန်မာ အစိုးရ နားလည်မှု ရသွားပြီး.. မြန်မာကို တရုပ်ရဲ့ ပြည်နယ်တခု လို ဘုတ်နဲ့ကျီး အပြန်လှန် ရိုသေ လေးစား လာကြတာ DASSK ကြောင့် ဆိုတာ ငြင်းမရ ပါဘူး။ 

.

  • ကျောက်ဖြူ စီမံကိန်းကို မတရားစာချုပ်. မြန်မာ 15% , U$7.5 billion ကို ပြန်ပြင်လိုက်ပါပြီ။ မျှတ စာချုပ်.. မြန်မာ 30%, US 1.5 billion အရင် ပြောင်းလဲ ချုပ်ဆို လိုက်ပါ တယ်။ စီးပွားရေး ပညာရှင် ရှောင်တန်နယ် တို့လို. တပြားမှမရပဲ မိမိစရိတ်နဲ့ ကူညီကြတဲ့ နိုင်ငံခြားပညာရှင် အမြောက်အများ ရှိနေပါတယ်။ Their Love, Mercy to DASSK governance လို့ပဲ ရေးချင်ပါတယ်။ 

.

ပြီးနဲ့တဲ့ ၂၀၁၈ နိုဝင်ဘာ အာစီယံဆွေးနွေးပွဲ မှာ အမေရိကန် ဒုသမ္မတ နဲ့ DASSK သီးခြား တွေ့ဆုံတယ်။ အမေရိကန်က DASSK ကို ဂရုဏာ သနား ဒေါသ နဲ့ ဘင်္ဂလီ ရခိုင်အရေးကို အပြစ်တင်ခဲ့တယ်။ 

.

ဘင်္ဂလီ အရေးက မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ အကြပ်တည်းကြီး ဖြစ်ပါတယ်။ မြန်မာ့ တပ်မတော် လည်း အရမ်းကြပ်နေပါတယ်။ ကြပ်တည်း အခက်ခဲကြီး ဖြစ်မှ ပြည်တွင်း ညီညွတ်ကြမယ် ဖြစ်ပါတယ်။ 

.

တရုပ်ကတော့ ဘင်္ဂလီလဲ ဂရုမစိုက်ပါ။  ကျောက်ဖြူ ဆိပ်ကမ်းကို ပထမအဆင့် သင်္ဘော ၅စီး လောက် ဆိပ်ကမ်း အဖြစ် အမြန်ဆောက်ပြီး အိန္နိယ သမုဒ္ဒယာ ထွက်ပေါက်ကနေ ကမ္ဘာ့ ကုန်သွယ်ရေး လမ်း OBOR ခါးပတ်လမ်း အရှိန် မြှင့် လုပ်တော့ မှာပါ။ ယူနန်ပြည်နယ် ကနေ ကျောက်ဖြူ အထိ ရထား. ကား လမ်းတွေ စည်ကားလာမယ်။ အဲဒီ ရခိုင် ဒေသ ဖွံဖြိုးရင် ဒေသခံ တွေ အလုပ်ပေါ. လူနေမှု မြင့်လာမယ်။ နောက်ဆုံး ဘင်္ဂလီဒုက္ခသည်တွေ တောင် အလုပ်ပေးပြီး ပြသနာ ပြေလည်သွား နိုင်ပါတယ်။

.

အိန္နိယ ဘင်္ဂလားဒေ့ခ်ျ အထိ ကားလမ်း စီမံကိန်းလဲ ရှိပါတယ်။ ကျောက်ဖြူ ဆိပ်ကမ်း က မြန်မာပြည် ရခိုင်. ချင်း ပြည်နယ်များ နဲ့ အိန္နိယ ကသည်း မဏိပူရ၊ နာဂ၊ တွေလည်း ပင်လယ်ထွက်ပေါက် ဖြစ်ပါတယ်။ 

.

ကမ္ဘာ့ လူဦးရေ ၇၀% က ပင်လည်ကမ်း. မြစ်ကမ်း ဆိပ်ကမ်းကြီးတွေမှာ ပဲ နေထိုင်ကြပါတယ်။ စီးပွား အကြီးကျယ် တိုးတက် တဲ့ မြို့ကြီးတွေက ပင်လယ်ဆိပ်ကမ်း မြို့ တွေ ဖြစ်ပါတယ်။ မြန်မာပြည် စီးပွားတိုးတက်ဖို့ ဆိပ်ကမ်း ကြီး SEZ ၃ခု ကို ရွေးချယ်ခဲ့ ပေမဲ့ မြေရောင်းစားတဲ့ ဝိသမလောဘ စီးပွားသမား တွေကြောင့် မအောင်မြင်ပါ။

  • ယခု သီလဝါ SEZ မှာလဲ လက်ဝါးအုပ်စီးပွား သမားတွေကြောင့် 49% ဂျပန် ရင်းနှီးမြှတ် နှံသူတွေ စိတ်ပျက်စရာပါ။ DASSK အစိုးရ က ဖြေရှင်း ပေးမှာပါ။ 

.

လက်ရှိ ကျောက်ဖြူ ရောက်ဖူးသူတွေ အဲဒီမှာ ရွှေ ဓါတ်ငွေ့ အသုံးပြု ပြီး လျှပ်စစ်မီး လင်းထိန်နေ ပါပြီ။  မြို့ပေါ် သာမက ကျွန်းတွေ ရွာတွေ အထိပါပဲ။ SEZ စက်မှု ဇုံ အတွက် သတ်မှတ် ထားတဲ့ လယ်မြေ တောင်သူတွေက ဈေးကောင်းနဲ့ ရောင်းချဖို့.. အရမ်းစိတ်ဝင် စားနေပါတယ်။ လျှပ်စစ် ကား ရထားလမ်း ရပြီးရင် အလုပ်ကိုင် ပေါလာတော့မှာပါ။

.

.

၃။ နိုင်ငံစီးပွားရေး ဝန်ကြီးဌာန အသစ်: 

လက်ရှိ မြန်မာ ပြည်သူတွေ စားဝတ်နေရေး ငွေ တဝက်လောက်က နိုင်ငံခြား ရင်းနှီး မှု တွေကြောင့်ပါ။ စစ် အစိုးရ လက်ထက် နိုင်ငံခြား အလုပ်သွား လုပ်တဲ့ မိသားစု တွေပဲ အဆင်ပြေ၊ သုံးစွဲ နိုင်တယ်။ အခုတော့ ပြည်ပ ရင်းနှီးမှု တွေကို ဈေးကွက် ရှာနိုင်သူများ လဲ အဆင်ပြေ လာကြပါတယ်။ 

.

ဒီဝန်ကြီးဌာန အသစ်ကို DICA ဆိုတဲ့ ကုမဏီ ရင်းနှီးမြှတ်နှံ ဦးစီးဌာန ပါဝင်မယ်။ ဝန်ကြီး ဘယ်သူလဲ..DICA နဲ့ နာမည်ရ နေတဲ့ ညွန်ချုပ် ဦးအောင်နိုင်ဦး (သိုမဟုတ်) DASSK အားထားနေတဲ့ လက်ရှိ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း ပဲ ကိုင်တွယ်မလား..စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက် ပြောပြောနေတဲ. သူအားကျတဲ့ တောင်ကိုးရီးယား KDI အဖွဲ့ ကြီးလို လူငယ် မျိုးဆက်သစ် နဲ့ မြန်မာ့ ရင်း နှီး မြှတ်နှံမှု FDI များများ ရှာဖွေ ကြဖို့ ရည်ရွယ်ပါတယ်။ 

.

Ease Business

နိုင်ငံခြား ရင်းနှီးမှု FDI.များများ ရတဲ့ နိုင်ငံတွေ က Ease Business ကောင်းပါတယ်။ အဂတိလည်း နည်းပါတယ်။ စင်ကာပူ က Ease Business နဲ့ Corruption တွေမှာ ကမ္ဘာ့ အကောင်းဆုံး (top 1 to three) နိုင်ငံတခု ဖြစ်ပြီး.နိုင်ငံခြား ရင်းနှီးမှု FDI. လဲ နိုင်ငံငယ်ပေမဲ့ အများကြီး ရ တဲ့ ၁ဝ နိုင်ငံ ထဲ ပါ နေတယ်။ Ease Business ကို စီးပွားကူသန်း. ကုမဏီရင်းနှီးမှု. ပြည်တွင်းအခွန် တွေက ဦးဆောင်ပြီး ဌာနပေါင်း ၁၆ခုက အလွန် လေးလံစွာ လုပ်နေကြတယ်။ အစည်းအဝေး ခေါ်လိုက်ရင် အရင်လူ မလာပဲ နောက်တယောက် လာကြတယ်။ ဒါကြောင့် အလွန် ညံ့ဖျင်း ကမ္ဘာ့ အဆင့် ၁၇၁ ဖြစ်နေတယ်။ Ease Business အဖွဲ့ အကြီးအကဲ ကလဲ စစ်ဗိုလ်ချုပ်ဟောင်း ဒုသမ္မတ ဖြစ်နေတယ်။ ဒီဌာန လည်း ဝန်ကြီးဌာန အသစ်မှာ ထည့်သွင်းရပါမယ်။ 

.

SEZ အထူးစီးပွားဇုံ (၃) ခုကျောက်ဖြူ. . ထားဝယ်..သီလဝါ တွေနဲ့ .မြန်မာပြည် စီးပွားရေး တိုးတက်ဖို့ လုပ်ပေမဲ့ Ease Business အညွှန်း က ပိုပြီး ဆိုးဝါး လာပါတယ်။ 

.

အခု အသစ်ဖွဲ့ မဲ့ ဝန်ကြီးဌာန မှာ လူငယ် သွေးသစ်များနဲ့ မြန်မာ့စီးပွားရေး မြှင့်တင်ဖို့ ကိုးရီးယား KDI, စင်ကာပူ EDB အဖွဲ့တွေ နမူနာယူရ ပါမယ်။  ကြိုးစား ပြီး ISO9000 လို ပြောတာ ရေးတာ မှတ်တမ်းရှိ... QS9000 လို ၃လတခါ တိုးတက်မှု စာရင်းစစ် အစီရင်ခံစာ အကျိုးအမြတ် ရှိအောင် ထိမ်းကြောင်းမယ် လို့ အလွန် မျှော်လင့် ပါတယ်။ 

.

လူငယ် ပညာတတ် အမြောက်အများ အလုပ်ကိုင်ကောင်း တွေ လိုအပ်နေပါတယ်။ ဒီဝန်ကြီး ဌာန အသစ်မှာ အလုပ်ကောင်း များစွာ မျှော်လင့်ပါတယ်။  ပြည်ပ လဲ သွား မလုပ်လိုကြတော့ပါ။ 

.

.

နိဂုံး (သုံးသပ်ချက်)

နှစ်ပေါင်းများစွာ ဖျက်ဆီး ခံခဲ့တဲ့ . လူတွေနဲ့ စနစ်ကြီးကို NLD အစိုးရ DASSK နဲ့ မိတ်ဆွေကောင်းများက ၃နှစ်အတွင်းမှာ ရင်ကြားစေ့စပ် မှု အတိုင်းတာ တစ်ခု ရရှိ ခဲ့တယ်။ ဒီ နှစ်မှာ မြောက်ပိုင်းတိုင်း တိုင်းမှုး စစ်ဗိုလ်ချုပ်ကို ကျောက်စိမ်း.ရွှေချောင်း လာပ်ယူ မှု ကြီး နဲ့ ဖမ်းဆီးပြီး. တပ်မတော်က ထုတ်ပယ်ခဲ့တာ အလွန်ကြီးမား တဲ့ ပြောင်းလဲ ခြင်းပါ။ 

.

စည်းကမ်းရှိတဲ့ တပ်မတော် ဖြစ်ဖို့.တပ်မတော် ခေါင်းဆောင်တွေ အသာတကြည်တော့ ပြောင်းလဲမှာ မဟုတ်ပါ။  အကြပ်တည်း အခက်ခဲ ကြီး တွေ ဖြစ်ပေါ် လာပြီး အမျိုးသား ရေးအတွက် အခြေ ခံ ဥပဒေကို ပြန်ရေးဆွဲ ရပါမယ်။ တပ်မတော် ခေါင်းဆောင်များ ပိုပြီး ကြပ်ကြပ် လာဖို့ များပါတယ်။ တပ်က နိုင်ငံရေး က ထွက်သွား တောင် စီးပွားရေးက ထွက်လို့ မဖြစ်ပါ။ ဒီမို ဘိုးအေကြီး အမေရိကန် စစ်တပ်လဲ. ဘတ်ဂျတ်အများကြီးသုံး.  စီးပွားရေး အများကြီး လုပ် နေ တယ်။ တပ် က နိုင်ငံရေး ဝင်မပါ ဖို့ . ၂၀၂၀ မတိုင်မီ အပြောင်း လဲ ဖြစ်စေချင်တယ်။ 

.

ငြိမ်းချမ်း တိုးတက်ချင် လွန်းတဲ့ ပြည်သူတွေ အများစုက  တပ်ချုပ် ကို အပြစ်မြင်ကြတယ်။ လုံးဝ ကြည့်မရ သူအချို့ ရှိတယ်။  တပ်ကို အစိုးရအောက် မြန်မြန် နေစေချင်တယ်။  ၂၅% တပ်မတော်သားတွေ နိုင်ငံရေးက မြန်မြန် ထွက်စေချင်ကြတယ်။ တချို့ လည်း DASSK ကို အပြစ်တင် ဝေဖန်ကြတယ်။ လုံးဝ ကြည့်မရ သူအချို့ ရှိနေတယ်။  ဘာကြောင့် တပ်မတော် လုပ်ရပ်တွေကို DASSK  ကာကွယ် ခေါင်းခံနေရသလဲ ၊ DASSK နဲ့ NLD အစိုးရ ခေါင်းဆောင်တွေ စီးပွား မလုပ်တတ်ဘူး၊ အုပ်ချုပ်ရေး မကြွမ်းကျင်ဘူး စသဖြင့် ဝေဖန်ကြတယ်။

.

ဒါ ပေမဲ့ NLD အစိုးရ. ၃နှစ် အကြာမှာ DASSK က မြန်မာ " ခေါင်းဆောင်ပျိုးထောင် ခြင်း"  စနစ်တခုကို ဖော်ဆောင်နေတာ မြင်နေရပါတယ်။ .. စစ်တပ် နဲ့ ဘဏ္ဍာရေး ဌာန. အခွန်ဌာန. ရင်းနှီးမြှတ်နှံဌာန. ဗဟိုဘဏ်.. ခေါင်းဆောင်ကောင်းတွေ လုပ်ပိုင်ခွင့် ရလာကြတာ၊ မဟုတ်တာ မလုပ်ရဲကြတာ တွေ့ လာ ရပါတယ်။ 

.

ဒီတော့ တပ် နဲ့ အစိုးရ အဆင်ပြေ လာရင် စီးပွားရေး တိုးတက် အောင် လုပ်ရပါတော့မယ်။ လူတော် လူကောင်း တွေ မြန်မာ့ ဘဏ္ဍာရေး လောကမှာ နေရာ ရလာပြီ ပြောရပါမယ်။ နိုင်ငံခြား ဘဏ်တွေ၊ ရင်းနှီး မြှတ်နှံ မှု တွေ ကို ထိန်းကြောင်းမဲ့ လူတော်.လူကောင်း .စနစ်ကောင်း..များများ ဆက်လက် ပျိုးထောင် ရွေးချယ် နိုင်တော့ မယ် လို့ အကောင်းမြင် သုံးသပ်လိုက် ပါ တယ်။ 

.

Ref:MZA Facebook-https://m.facebook.com/myanmarjobstudent/posts/10155626851133472

  • ရင်းနှီးမြှတ်နှံမှု. Japan (JICA), Korea(KDI). Singapore(EDB), and FDI Foreign Direct Investment :https://goo.gl/cQ19Ff


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!