အချိန်၁လလဲကုန်ပြန်ပါပီ။လကုန်သုံးသပ်ချက်လုပ်ဖို့ အချိန်ရောက်ပါပီ။
2018 ဒီဇင်ဘာလ ရဲ့ နောက်ဆုံးရက်မှာ Trading လုပ်ကြပုံ အကျဉ်းချုပ်၊သုံးသပ်ချက် နဲ့ လာမဲ့နှစ် 2019 ဇန်နဝါရီလ အတွက် ခန့်မှန်းချက် များကိုတင်ပြပါ့မယ်။
အကျိုးရှိကြပါစေလို့ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျား။
FMI ရဲ့ မနက်9:30am ဈေးကွက်ဖွင့်ဖွင့်ချင်းမှာ တွေ့ရတဲ့ အခြေအနေပါ။မနေ့က အစု ၂သောင်းကျော်ကို 9500ဈေးနဲ့ block trading ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၁လလုံး 10000 10500ဈေးပဲဖြစ်ခဲ့ပါတယ်။ Right Issue share ထုတ်ရောင်းမယ်လို့လဲ သတင်းထွက်လာပါတယ်။၁လ လုံး အရောင်းအဝယ်ဖြစ်တဲ့ ရှယ်ယာအရေအတွက်(volume) လဲများတာကိုတွေ့ရပါတယ်။
1:00pm ဈေးကွက်ပိတ်ချိန်မှာ တွေ့ရတဲ့ အနေအထားပါ။
10000ဈေးနဲ့ပဲ ပိတ်ပါတယ်။ထူးခြားတာက အရောင်း 313စုကျန်နေပါတယ်။အဝယ်ရှိသလောက် အရောင်းဖက်က တွန်းရောင်းသွားပီး အရောင်းကျန်ပါတယ်။
ဒီနေ့တနေကုန် အစု 7239စု 10000ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။
သုံးသပ်ချက်။ ။ ရှယ်ယာအသစ်ထုတ်ရောင်းမဲ့ သတင်းကြောင့် ထုတ်ရောင်းသူအရမ်းများလာတာကိုတွေ့ရပါတယ်။Co.က 10000နဲ့ ခံဝယ်ပေးနေတယ်လို့ သုံးသပ်ပါတယ်။10000အောက်ကို အကျမခံပါဘူး။ဆက်လက်ဝယ်ပေးနေဦးမယ်လို့ သုံးသပ်ပါတယ်။ရောင်းချင်သူများကလဲ 10000ဈေးက ရောင်းသင့်ပါတယ်။ဝယ်ချင်သူများက ရှယ်ယာအသစ်ထုတ်ရောင်းချိန်ကို
စောင့်သင့်ပါတယ်။
ခန့်မှန်းချက်။ ။ Co.က ရှယ်ယာအသစ်ကို ထုတ်ရောင်းချိန်အထိ 10000 အောက်မကျနိုင်ဘူးလို့
ခန့်မှန်းပါတယ်။ ရှယ်ယာအသစ်ဈေး ခန့်မှန်းရရင် 8000 လို့မှန်းပါတယ်။ရှယ်ယာအရေအတွက် သိန်းနဲ့ချီပီးရောင်းပါလိမ့်မယ်။ရှယ်ယာရှင်အဟောင်းကို ဦးစားပေးရောင်းပေးမယ်၊ပြီးမှ အပြင်လူ ရောင်းပေးမယ် ဆိုတာတွေ လာပါလိမ့်မယ်လို့ ခန့်မှန်းပါကြောင်း။
မနက်9:30sm မှာတွေ့ရတဲ့ အခြေအနေပါ။MTSH က ဈေးပြန်ကျလာတာတွေ့ရပါတယ်။3100အထိ တက်ပြီးမှ 2900ထိ ပြန်ကျလာပါတယ်။အဝယ် လျော့လာတော့ အရောင်းတွေ ချရောင်းတဲ့ အနေအထားကိုတွေ့ရပါတယ်။
နေ့လည် 1:00 pm ဈေးကွက်ပိတ်ချိန်မှာ 2950 နဲ့ ပိတ်ပါတယ်။အဝယ် 150စု ကျန်ပါတယ်။အရောင်းသမားက 3000လိုချင်ပီး အဝယ်က 2900နဲ့ ဈေးဆစ်နေပါတယ်။ 2950နဲ့ အရေအတွက် volume နဲနဲ ဖြစ်ပြီး 2950နဲ့ဈေးပိတ်ပါတယ်။
ဒီနေ့တစ်နေကုန် matching time 4ကြိမ်စလုံး 2950 ဈေးနဲ့ စုစုပေါင်း 7235စု အရောင်းဝယ်ဖြစ်တာတွေ့ရပါတယ်။
သုံးသပ်ချက်။ ။ဝယ်လိုအား အဝယ်တွေ အရှိန်လျော့လာတယ်။လောဘတစ်ကြီးလုမဝယ်တော့ဘူး။အရောင်းကလဲ 2950အောက်မရောင်းချင်ဘူး။2900နဲ့ များများချရောင်းရင် အဝယ်တွေက အကုန်ဝယ်နေတယ် လို့ သုံးသပ်ပါတယ်။
ခန့်မှန်းချက်။ ။ဝယ်လိုအားကပဲ ဈေးကို အဓိကဆုံးဖြတ်နေတာ ဖြစ်တယ်။ဝယ်လိုအားမရှိရင် ရောင်းသူက မမာနိုင်တော့ပဲ ချပေးရမှာပါ။2850 အောက်တော့ မကျနိုင်သေးဘူးလို့ ခန့်မှန်းပါတယ်။2900မှာ ရောင်းသူ ဝယ်သူ များနေပါဦးမယ်။
MCBက အရောင်းအဝယ် အနဲဆုံး၊ စိတ်ဝင်စားသူ အနဲဆုံးဖြစ်နေပါတယ်။9:30amမှာတွေ့ရတဲ့ အခြေအနေပါ။
နေ့လည် 1:00pm 7400ဈေးနဲ့ပိတ်ပါတယ်။
တစ်နေကုန် 7400ဈေးနဲ့ 6စုပဲ အရောင်းဝယ်ဖြစ်ပါတယ်။
သုံးသပ်ချက်။ ။Co.က ဈေးထိန်းဝယ်ပေးနေတယ်လို့သုံးသပ်ပါတယ်။အရောင်းသမားလဲနဲပါတယ်။7300 7400ကနေ ချမရောင်းပါဘူး။တခါတလေ အရောင်းသမားက market price နဲ့ရောင်းလို့ ဈေးခဏကျတာ ဖြစ်တတ်ပါတယ်။မကြာပါဘူး 7300 7400 ပြန်ဖြစ်တာပါပဲ။
ခန့်မှန်းချက်။ ။MCBက 7300 အောက်မကျနိုင်ဘူးလို့ ခန့်မှန်းပါတယ်။သူလဲ ရှယ်ယာအသစ်ထုတ်ရောင်းဖို့ အစီအစဉ် ရှိတယ်လို့ ခန့်မှန်းပါတယ်။ရောင်းချင်သူတွေ မြန်မြန်ရောင်း၊ဝယ်ချင်သူ စောင့်ပါလို့ အကြံပေးလိုပါတယ်။
မနက် 9:30amမှာတွေ့ရတာပါ။23000နဲ့ ဝယ်လိုသူ 344စုတွေ့ရပါတယ်။အရောင်းသမားကတော့ 23500နဲ့ 1410စု ရောင်းချင်ပါတယ်။
1:00pm မှာ 23000နဲ့ ဈေးပိတ်ပါတယ်။အဝယ် 44စုပဲကျန်ပြီး အရောင်း 23500နဲ့ 1410စုက ၁စုမှ မရောင်းရတာတွေ့ရပါတယ်။
တစ်နေကုန် 23000ဈေးနဲ့ 300စု အရောင်းအဝယ်ဖြစ်ပါတယ်။
သုံးသပ်ချက်။ ။ဝယ်လိုအားကပဲ ပေါက်ဈေးကို ဆုံးဖြတ်နေတာ တွေ့ရပါတယ်။23000နဲ့ ခံဝယ်အား လျော့လာတယ်လို့ သုံးသပ်ပါတယ်။အရောင်းဖက်က အဝယ်ပေးတဲ့ဈေးနဲ့ ရောင်းရတာပါပဲ။မမူနိုင်ကြပါဘူး။
ခန့်မှန်းချက်။ ။ လာမဲ့အပါတ်ထဲ 22500ဈေးဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းပါတယ်။ 22000အောက်တော့ မကျလောက်သေးဘူးလို့ ခန့်မှန်းပါတယ်။
မနက်9:30am မှာတွေ့ရတာပါ။2850နဲ့ရောင်းမှာ 1990စု ရှိနေပြီး အဝယ်က 2700ဈေးနဲ့ 40စု ပဲရှိတာတွေ့ရပါတယ်။
တစ်နေကုန် 2850ဈေးနဲ့ 2စုပဲ အလုပ်ဖြစ်ပါတယ်။
သုံးသပ်ချက်။ ။TMHလဲ Co.ကထိန်းဝယ်ပေးနေတယ်လို့သုံးသပ်ပါတယ်။နဲနဲဆို ဝယ်ပေးတယ်။အရေတွက်များရင် မဝယ်ပေးပါဘူး။အရောင်းမရှိရင် ဈေးဆွဲတင်တတ်ပါတယ်။
ခန့်မှန်းချက်။ ။2900ဈေး မဖြစ်နိုင်သေးလို့ ခန့်မှန်းပါတယ်။2850ဈေးနဲ့ ရောင်းသူများနေပါတယ်။ရောင်းသူများရင် 2800ဈေး လဲဖြစ်သွားမှာပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကို ခြုံပြီးသုံးသပ်ရရင် စတော့ဈေးကွက် က Down trend အကျဈေးကွက်ဖြစ်နေပါတယ်။ဝယ်လိုအားကပဲ ဈေးကို ဆုံးဖြတ်ပါတယ်။အဝယ်က စင်ပေါ်ကပါ။အဝယ်သမားတွေက အေးအေးဆေးဆေး လိုချင်တဲ့ဈေးကို စောင့်ဝယ်ရင်ရနေပါတယ်။လောစရာမလိုနေပါ။အခု ၆လပါတ် အစီအရင်ခံစာတွေ ထွက်နေပြီး ရှယ်ယာအသစ်တွေလဲထုတ်ရောင်းကြမှာမို့ ဈေးထပ်ကျဦးမယ်လို့ ခန့်မှန်းပါကြောင်း။
No comments:
Post a Comment