Popular Posts!

Thursday, December 27, 2018

နိုင်ငံတကာမှ ဆန်ဝယ်လိုအားကျဆင်း၍ ဆန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် လျော့နည်း

နိုင်ငံတကာမှ ဆန်ဝယ်လိုအားကျဆင်း၍ ဆန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် လျော့နည်း



ရန်ကုန် ဒီဇင်ဘာ ၂၅

နိုင်ငံတကာမှ မြန်မာ့ဆန်ဝယ်လိုအားကျဆင်းလာခြင်းကြောင့် ပြည်ပသို့ဆန်တင်ပို့မှုကဏ္ဍမှ ၀င်ငွေရရှိမှုမှာ ယခုနှစ်အတွင်းအမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော်လျော့နည်းသွားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်တွင် မြန်မာ့ဆန်ကို ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့မှ ၀ယ်ယူမှုလျော့နည်းသွားသည့်အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မှုလျော့ကျသွားပြီး ယခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာကာလအတွင်း ပြည်ပဆန်တင်ပို့မှုကဏ္ဍတွင် တန်ချိန် ခုနစ်သိန်းကျော်လျော့နည်းသွားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူးဦးနေလင်းဇင်ကပြောသည်။

အဆိုပါရှစ်လတာကာလအတွင်း ပြည်ပဆန်တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာသန်း ၄၉၀ ကျော်ရရှိပြီး ၂၀၁၇ ခုနှစ် ဧပြီလမှ နိုဝင်ဘာလကုန်အထိ ပြည်ပသို့ဆန်တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာသန်း ၆၇၀ ခန့်ရရှိခဲ့သည်။

သို့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီလမှ၂၀၁၉ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံမှပြည်ပဆန်တင်ပို့မှုတန်ချိန် ၂ ဒသမ ၅သန်းရှိမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ခန့်မှန်းထားသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၂၀၁၇ ခုနှစ် ဧပြီလမှ၂၀၁၈ ခုနှစ် မတ်လအထိ ပြည်တွင်းမှပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၆ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး မြန်မာ့ဆန် ပြည်ပတင်ပို့မှု သမိုင်းတစ်လျှောက်တွင် စံချိန်တင်အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံ၏ ဆန်ဈေးကွက်တစ်ခုဖြစ်သော ဘုရင့်နောင်ကုန်စည်ဒိုင်၌ပြည်ပသို့တင်ပို့ရန် ၀ယ်လိုအားမြင့်တက်ခဲ့ခြင်းကြောင့် ဆန်ကြမ်းဈေးနှုန်းများဆက်တိုက်မြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်းဝယ်လိုအားထက် ရောင်းလိုအားပိုများခဲ့ဖူးသည်။

လက်ရှိတွင် ပြည်ပသို့တင်ပို့မည့် ဆန်ကြမ်းဈေးနှုန်းများ ကျဆင်းနေသော်လည်းစပါးဈေးမှာ တင်း ၁၀၀ လျှင် ငွေကျပ်ငါးသိန်းခြောက်သောင်းဝန်းကျင်၌ ရှိကြောင်းသိရသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!