ဒီစာကိုလည်း ဗဟုသုတအဖြစ် ဆုံးအောင်ဖတ်ကြည့်စေချင်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံတွေမှာ အပေါဆုံးဖြစ်နေတဲ့ (WY)အမှတ်တံဆိပ်(ယာမ)မူးယစ်ဆေးပြား အကြောင်းကို သိသလောက် ဖော်ပြပေးချင်ပါတယ်။
ဆေးပြားရဲ့ အပေါ်၌ (WY) တံဆိပ်ပါရှိတဲ့ စိတ်ကြွဆေးကို ယာဘ/ရာဘ(Ya ba)လို့ခေါ်ပါတယ်။
သူက အရောင်တစ်မျိုးတည်း၊အမှတ်တံဆိပ်တစ်မျိုးတည်းတော့ မဟုတ်ပါဘူး ( the most common are red, orange, or lime green in color and carry logos such as "R" or "WY". They are small and round, roughly 6 millimetres (0.24 in) in diameter)အနီရောင်ဆေးပြား၊လိမ္မော်ရောင်ဆေးပြားနှင့်အစိမ်းရောင်ဆေးပြားများအပြင် ဆေးပြားရဲ့အပေါ်မှာ (R)ဆိုတဲ့အမှတ်တံဆိပ်နဲ့(WY)ဆိုတဲ့အမှတ်တံဆိပ်ဖြင့် နှစ်မျိုးရိုက်နှိပ်ထားပါတယ်။ဆေးပြားရဲ့အရွယ်အစားက ပတ်လည်(၆)မီလီမီတာ ခန့်မျှသာရှိပါတယ်။
ယာဘ/ရာဘ အပြင် Ya ba (also yaba, yaa baa, ya baa or yah bah;ထိုင်းဘာသာဖြင့်: ยาบ้า, literally "mad drug"; မြန်မာအမည်:ယာမ လို့လည်း ခေါ်ဆိုကြပါတယ်။
ရှေးးယခင်က ထိုင်းနိုင်ငံမှာ လူသိများတာက မြင်းဆေး(formerly known as ya ma (Thai: ยาม้า; literally(မြင်းဆေး) horse drug ,
are tablets containing a mixture of methamphetamine and caffeine)ဒီဆေးပြားထဲမှာ အဓိကပါဝင်နေတာက မက်သာအဖက်တမင်(methamphetamine)နဲ့ ကော်ဖိန်း(caffeine)ဖြစ်ပါတယ်။
ဒီရာဘ ဆေးပြားထဲမှာ Most yaba pills or tablets contain 25 to 35 milligrams of methamphetamine combined with 45 to 65 milligrams of caffeine မက်သာအဖက်တမင်း (၂၅/၃၅) မီလီဂရမ် နှင့် ကော်ဖိန်း(၄၅/၆၅)မီလီဂရမ် ပါဝင်ပါတယ်။
မက်သာအဖက်တမင်(methamphetamine)အပြင်(Also known as meth, chalk, ice, and crystal)လို့လည်း သိထားကြပါသေးတယ်။
ကော်ဖိန်း(caffeine)ဆိုတာ လက်ဖက်နှင့် ကော်ဖီအစေ့များမှ ပါရှိသော လူတွေရဲ့စိတ်ကို နိုးကြွစေသည့် ဓာတ်တစ်မျိုးဖြစ်တယ်။ဒါ့ကြောင့် အချို့တွေ ကော်ဖီခါးခါးတစ်ခွက်လောက် သောက်ချလိုက်ရင် အိပ်မပျော်ထာတွေ ဖြစ်တတ်ပါတယ်။ရင်တုန်တာတွေ၊ရင်ခုန်တာတွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။
ဒီဆေးပြားထဲမှာ မက်သာအဖက်တမင်းနဲ့ကော်ဖိန်အပြင် အခြား Other ingredients included are ဟိုက်ဒရိုဂျင်နှင့်ကရိုရင်းဓာတ်ပါဝင်သော အက်ဆစ်(သို့)ဟိုက်ဒရိုကလိုရစ် အက်ဆစ်(hydrochloric acid )(extracted from pool chemicals)နောက်တစ်မျိုးက အက်ဆီတုန်းဓာတ်ငွေ (acetone)အက်ဆီတုန်းဓာတ်ငွေ့ဆိုတာက. လက်သည်းဆိုးဆေးဖျက်တဲ့အရည်ဆီ (nail polish remover)နောက်တစ်မျိုးက အနီရောင် ဖော့စဖရတ်(red phosphorous) ဆာလဖျူရစ် အက်ဆစ်( sulfuric acid)ဆာလဖျူ
ရစ်ဆိုတာက အိမ်သုံး ရေတွင်း၊ရေကန်၊ရေပိုက်နှင့်ကြွေးပြား ချေးချွတ်ဆေးရည် (extracted from drain cleaner)နောက်တစ်မျိုးက လီသီယံ(lithium) လီသီယံဆိုတာက ကင်မရာ ဓာတ်ခဲတွေထဲမှာပါတဲ့ဒြပ်စင်အမျိုးအစား (from camera batteries)
အထက်ပါဖော်ပြခဲ့တဲ့ If these chemicals scare you, they should; they’re all poisonous and can damage the liver and kidneys ဓာတုပစ္စည်းတွေဟာ လူတွေရဲ့စိတ်ကိုထိန့်စေတယ်၊ခြောက်လန့်စေတယ် ပြီးတော့ ဒီဟာတွေအားလုံးက လူသားတွေအတွက်တော့ အဆိပ်တွေပါ..ဆိုးကျိုးအနေနဲ့ကတော့ အသည်းနဲ့ကျောက်ကပ်ကို ပျက်စီးစေတယ်။အခြား ဆိုးကျိုးတွေအများကြီးရှိပါသေးတယ်။
Burma (Myanmar) is the largest producer of methamphetamine in the world, with the majority of ya ba found in Thailand being produced in Burma, particularly in the Golden Triangle and northeastern Shan State, which borders Thailand, Laos, and China.မက်သာအဖက်တမင်း အများဆုံးထွက်ရှိတာက မြန်မာနိုင်ငံဖြစ်ပြီး ယာဘ စိတ်ကြွဆေးအများဆုံး ရှိတာက ထိုင်းနိုင်ငံဖြစ်ပြီးတော့ ထုတ်လုပ်မှုအများဆုံနေရာက မြန်မာပြည်နယ်စပ် တြိဂံဒေသ၊ရှမ်းမြောက်နှင့်အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊လာအိုနဲ့တရုတ်နိုင်ငံများပင်ဖြစ်ပါတယ်။
ဘဝခါးခါး🖋
https://www.facebook.com/100008676912346/posts/1865810613718151/
ယာဘ Methamphetamine
ကလပ်တွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ နာမည်ခွဲတွေ ရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank လို့ ခေါ်တယ်။
ဆေးကုရာမှာလဲ Desoxyn 5-mg tablets ဆေးပြားအနေနဲ့ သုံးတယ်။ ADHD နဲ့ Exogenous obesity အဝလွန်ရောဂါတွေအတွက် ပေးတယ်။ Narcolepsy နဲ့ Depression တခြားဆေးတွေနဲ့ မရတဲ့ စိတ်ဓါတ်ကျ ရောဂါအတွက်လဲ သုံးတယ်။ (မက်သမ်ဖတမင်း)ဟာ အားကောင်းတဲ့ စိတ်ကြွဆေး တမျိုးဖြစ်တယ်။ Psychostimulant ခေါ်တယ်။ Amphetamine ကနေထုတ်တယ်။
ဆေးအဆ နည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမယ်။ အာရုံစိုက်မှုလဲ ပိုမယ်။ အားကုန်ရင်လဲ အားရစေတယ်။ ဆေးအဆများများပေးရင် Mania (မဲနီးယား) နဲ့ Euphoria (ယူဖိုးရီးယား) စိတ်အခြေအနေတွေ အထိ ပြောင်းလာမယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ အစပိုင်းလေးမှာ လိင်စိတ်များစေမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေမယ်။ လူထဲအတင်းလိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေပြား ဆိတ်နေမယ်။ သူများ မမြင်-မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေ ရှိနေတယ်လို့ ထင်နေမယ်။ အဲလိုလူတွေမှာ ဆေးမသုံးရရင် အားယုတ်မယ်၊ စိတ်ဓါတ်ကျမယ်၊ အစားတွေ သိပ်စားချင်မယ်၊ စိုးရိမ်စိတ်ကဲမယ်၊ စိတ်တိုမယ်၊ ခေါင်းကိုက်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အိပ်ချိန်များမယ်၊ အိပ်မက်အမျိုးမျိုး မက်မယ်။
ရေရှည်မှာ ဆိုးတာတွေ ဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျလွန်းလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။ နှလုံးရောဂါရမယ်။ စိတ်ရောဂါရမယ်။ စိုးရိမ်စိတ် များလွန်းလာမယ်။ စိတ်ကြမ်းတမ်းလာမယ်။ ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေ ရှိတယ်။ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံထွက်မယ်၊ ဖြူဖတ်ဖြူယော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်။ ဆေးတလွဲသုံးမှုနဲ့ ဆေးစွဲတာပါ ဆက်ဖြစ်လာမယ်။ Amphetamine/Stimulant psychosis စိတ်အခြေအနေတမျိုး ဖြစ်လာမယ်။
တာရှည်သုံးရာကနေ Post-withdrawal syndrome ဆေးဖြတ်ချိန်မှာ ခံစားရမှာတွေ ဖြစ်လာမယ်။ Neurotoxicity အာရုံကြောအဆိပ်သင့်တာလို့ ခေါ်တယ်။ တကယ် ဆေးဖြတ်ပြီးနောက် အချိန်အတော်ကြာအထိ ခံစားနေရမယ်။ (နှလုံးသွေးကြောရောဂါ) လဲ ရလာနိုင်တယ်။ Cocaine (ကိုကိန်း)၊ Amphetamine (အင်ဖက်တမင်း) တို့နဲ့မတူတာက Methamphetamine ဟာ Midbrain ဦးနှောက် အလယ်ပိုင်းမှာရှိတဲ့ Dopamine neurons အာရုံကြောကို ထိခိုက်စေတဲ့ Neurotoxic အာရုံကြောအဆိပ်မျိုး ဖြစ်တယ်။ Parkinson's disease ရောဂါရလမ်းလဲ များတယ်။ ဆေးခံနိုင်စွမ်းကို စမ်းသပ်တာမှာ တယောက်နဲ့တယောက် မတူကြဘူး။ သာယာမှုလမ်းကြောင်းကို သင့်တာထက်ပိုပြီး သက်ရောက်စေထားတဲ့အတွက် Anhedonia ဖြစ်လာမယ်။
ဆေးစွဲသုံးသူတွေမှာ သွားတွေ၊ သွားဖုံးက ပျက်စီးလွယ်တယ်။ အဲဒါကို Meth mouth လို့ ခေါ်တယ်။ ဆေးစွဲတာကို ကုရတာဟာ အတော်ကြီးခက်တယ်။ Bupropion, Aripiprazole, Baclofen ဆေးတွေပေးတာ များတယ်။ ဒါပေမဲ့ အောင်မြင်မှု နည်းတယ်။ L-tyrosine and L-5HTP/tryptophan ခေါ်တဲ့ အမိုင်နိုအက်စစ် အားဆေး နေ့တိုင်း ပေးနိုင်တယ်။ ဗီတာမင် (စီ) ပေးတာလဲ ကောင်းတယ်။ Modafinil ဆေးကိုလဲသုံးတယ်။ Ibogaine နဲ့ Mirtazapine ဆေးတွေကိုလဲ သုံးတယ်။ Behavioral activation therapy စိတ်ကုနည်းလဲသုံးရတယ်။
ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၄
No comments:
Post a Comment