Popular Posts!
Monday, December 24, 2018
အပျိုပြန်ဖြစ်ဆေးဆိုတိုင်း မယုံပါနဲ့ အွန်လိုင်းမှာ ကြော်အောင်ညာရောင်းတဲ့ အမျိုးသမီး ဆေးဝါးအချို့ သတိပြု
သတင်းရန်ကုန်သတင်း 22 DEC 2018
အွန်လိုင်းရှော့ပင်းပေ့ခ်ျ   တွေမှာ    မိန်းကလေးတွေကို   ပစ်မှတ်ထားပြီး     အလှကုန်နဲ့ဆေးပစ္စည်းတွေထဲမှာ   သားအိမ်ကျဉ်းဆေး၊      မိန်းမကိုယ်ကျဉ်းဆေးဆိုတဲ့     ဆေးတောင့်လေးတွေ ပေါ်ပေါ်တင်တင်  ရောင်းချတာတွေ  ရှိတယ်။
ရန်ကုန်၊     ဒီဇင်ဘာ      ၁၉ - ကလေးနှစ်ဦး မိခင်   အသက်   ၂၈  နှစ်အရွယ်    မမေ မီ(အမည်လွှဲ)တစ်ယောက်  သူ   ခြောက်လကျော်ကြာအောင်    သုံး စွဲခဲ့ရတဲ့ပစ္စည်းတစ်ခုကြောင့်   သူ ခံစားနေရတဲ့ဝေဒနာတွေကို  အ ခြားသူတွေကို    ရင်ဖွင့်ဖို့  ခက်ခဲနေ ပါတယ်။
ခင်ပွန်း  ဖြစ်သူကိုလည်း   မ ပြောရဲ၊  တစ်အိမ်တည်းနေတဲ့  မိခင်နဲ့ ညီမတွေကို   ဖွင့်မပြောရဲသ လို   သူငယ်ချင်းဖြစ်သူကိုလည်း   ဖွင့်မပြောရဲပါဘူး။   အကြောင်းက တော့   သူအွန်လိုင်းကနေ   မှာယူ သုံးစွဲမိတဲ့ သားအိမ်ကျဉ်းဆေးဆို တာကြောင့်     ခံစားနေရတဲ့  ဝေဒနာ ဖြစ်လို့ပါပဲ။
သူက    “ကျွန်မဘယ်လိုမှမခံ စားနိုင်တော့လို့   ဆရာဝန်မကို   ပြ လိုက်တဲ့အချိန်မှာ    ကျွန်မ   တအား လန့်သွားတာ၊   သားအိမ်ခေါင်းဝ မှာ    အနာတွေဖြစ်နေတဲ့လက္ခဏာ တဲ့၊   လန်ထွက်နေအောင်ညာနေ ကြတဲ့   ဒီဆေးတွေကြောင့်   ကျွန်မ လို   ဒုကªမရောက်စေချင်ဘူး”လို့   သူက   လွန်ခဲ့တဲ့ခြောက်လက    ကြုံ ခဲ့ရတာကို    ပြန်ပြောပြတယ်။
လက်ရှိ   အွန်လိုင်းရှော့ပင်း ပေ့ခ်ျ   တော်တော်များများမှာ    မိန်း ကလေးတွေကို   ပစ်မှတ်ထားပြီး   အလှကုန်နဲ့ဆေးပစ္စည်းတွေထဲမှာ သားအိမ်ကျဉ်းဆေး၊   မိန်းမကိုယ် ကျဉ်းဆေးဆိုတဲ့   ဆေးတောင့်လေး တွေ   ပေါ်ပေါ်တင်တင်  ရောင်းချနေ ကြပါတယ်။
သည်ဆေးတောင့်ကို   စတင် ရောင်းချတုန်းက   ဈေးတွေ   ကြီးမြင့် ခဲ့ပြီး   လက်ရှိအချိန်မှာတော့    သည် ပစ္စည်းဈေးဟာ    ထောင်ဂဏန်းသာ သာဈေးနဲ့    အွန်လိုင်းရှော့ပင်းအချို့ က    အပြိုင်အဆိုင်ရောင်းချလာလို့ အခုဆိုရင်သူတို့ပေ့ခ်ျတွေမှာ   အ ရောင်းရဆုံးပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေတယ်လို့ ကြော်ငြာထားကြပါတယ်။
တကယ်တော့   သည်သားအိမ် ကျဉ်းဆေးဆိုတဲ့ဆေးတောင့်  အပါ အဝင်   သားအိမ်ကျဉ်းဆေး၊  အပျို ဖြစ်ဆေးအများစုဟာ     ဘယ်နိုင်ငံ ရဲ့ဆေးဝါးထောက်ခံချက်မှမရှိဘဲ   နယ်စပ်တွေကနေ   သွင်းနေတဲ့ ပစ္စည်းတွေ  ဖြစ်ပါတယ်။
သည်ဆေးတောင့်ကို   သား အိမ်ထဲထည့်တဲ့      stick         လို့   ခေါ်ကြ ပါတယ်။ အီတလီ    စတစ်သားအိမ် ကျဉ်းဆေး၊    ယိုးဒယားနိုင်ငံထုတ် ပစ္စည်းဆိုပြီး  ဈေးနှုန်း   ကျပ်    ၅ဝဝဝ    ကနေ    ၂၅ဝဝဝ    အထိ  ရှိပါတယ်။   သည်ဆေးအသုံးပြုတဲ့အတွက်     ကောင်းကျိုးတွေဆိုပြီး   အပြိုင်အ ဆိုင် ကြော်ငြာထားတာပါ။
သောက်ဆေးထိုးဆေးတွေကို   အသုံးပြုရမှာကြောက်တဲ့ပျိုမေတို့ အတွက်    အသုံးပြုရလွယ်ကူတဲ့   မိန်းမကိုယ်ကျဉ်းဆေးတောင့်လို့     ဆိုပါတယ်။
အိမ်ထောင်သက်ကြာသူများ၊ သားအိမ်မသန့်ရှင်းသူများ၊     သား အိမ်အနံ့အသက်ဆိုးခြင်း၊   အဖြူ ဆင်းခြင်းတို့မှ    ကာကွယ်ပေးပြီး အပျိုလေးအတိုင်း    ပြန်လည်အ သက်ဝင်လာစေမယ့်   သားအိမ် ကျဉ်းဆေးပါဆိုတဲ့  စာသားတွေနဲ့ စွဲဆောင်လာကြတာပါ။
အိမ်ထောင်မရှိသေးတဲ့   မိန်း ကလေးတွေအပြင်   ကလေးမွေးပြီး တဲ့အမျိုးသမီးတွေနဲ့   အိမ်ထောင် သက်တမ်းကြာမြင့်သူတွေအ တွက်   ရည်ရွယ်တယ်ဆိုတဲ့အ ကြောင်းအရာစာသားတွေက အရွယ်ရောက်ပြီးသူ မိန်းကလေး အချို့   ဝယ်ယူစမ်းသပ်ကြည့်ဖို့ စိတ်ဝင်စားမှု  ဖြစ်လာနိုင်ပါတယ်။
သည်လိုသားအိမ်ထဲထည့်တဲ့ ဆေးတွေကို   အသုံးပြုခြင်းဟာ    လွဲ မှားတဲ့အတွက်     သားအိမ်နံရံတွေ မှာရှိတဲ့ကြွက်သားတွေ   ပြောင်း လဲတာ၊   သားအိမ်ကျုံ့သွားတာ၊   သားအိမ်နံရံတွေ   တင်းလာတာ၊ ပုံမှန်မဟုတ်တဲ့ရာသီသွေးဆင်း လာတာအပြင်    ကင်ဆာရောဂါအ ထိ   ဖြစ်ပွားနိုင်တယ်လို့   သားဖွား မီးယပ်အထူးကုဆရာဝန်ကြီးတွေ နဲ့   သမားတော်ကြီးတွေက      ပြောပါ တယ်။
သတိပြုပါ
အထွေထွေရောဂါကု    သမား တော်ကြီး    ဒေါက်တာစိုးမင်းက   “သားအိမ်နံရံတွေ    တင်းလာမယ်၊ အရေပြားတွေပျက်စီးလာမယ့် သဘော၊  အဖြူဆင်းလာတာတို့   ကြာလာရင်    ကင်ဆာရောဂါအ ပြင်  သားအိမ်ထဲပိုးဝင်တာတွေ  မျိုးစုံဖြစ်လာတော့မှာ ၊  ဒါကို   မသုံး စွဲသင့်ဘူး”လို့   သတိပေးပြောကြား ပါတယ်။
သည်လိုဆရာဝန်ကြီးတွေက သတိပေးပေမဲ့လည်း      အွန်လိုင်း မှာတော့    သည်ဆေးတောင့်ကို   သားအိမ်ထဲ  ထည့်ခြင်းအားဖြင့်   သားအိမ်နံရံ  ကြွက်သားများ   လျော့ ရဲခြင်းတို့အတွက်    အသစ်တစ်ဖန်   သားအိမ်နံရံများ    ပြန်လည်သန်မာ ကျစ်လျစ်စေပါတယ်။    US  A       stick        က သားအိမ်ကျဉ်းဆေးကို   သုံးခြင်း အားဖြင့်     သားအိမ်ကိုလည်း   ရော ဂါပိုးမွှားများကင်းစင်ပြီး    သန့်ရှင်း စင်ကြယ်စေပါတယ်ဆိုပြီး    ကြော် ငြာထားပါတယ်။
ဆေးစာအသားတံဆိပ်ဖြင့် ပစ္စည်းစစ်မှန်လို့     လုံးဝဘေးထွက် ဆိုးကျိုးမရှိဘဲ    ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်ရှင်    ဆိုပြီး   သေ ချာရှင်းပြထားပေမဲ့    ဘယ်နိုင်ငံရဲ့ ဆေးဝါးထောက်ခံချက်ရထား တယ်ဆိုတာတော့     မတွေ့ရပါဘူး။
အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး    ဒေါက်တာ   စိုးမင်းက တော့   သည်ပစ္စည်းတွေကို   စီး ကရက်တွေလို   တင်စားပြီး   ကြော် ငြာအားကောင်းလာတာကြောင့်  အသုံးပြုသူများလာပြီး   နောက်ဆုံး မှာ    စီးကရက်သောက်ခြင်းအား ဖြင့်  အဆုတ်ကင်ဆာအထိဖြစ်ပွား ခဲ့တာကြောင့်   သတိထားရမယ့် အရာဖြစ်နေတယ်လို့ပြောပါတယ်။
သူက   “လုပ်ခါစကတော့    မသိ သာဘူးလေ၊   ကြာလာတော့  မိန်းမ တွေ သွေးဆုံးသွားပြီ၊    ၁၀   နှစ်၊    ၁၅   နှစ်ကြာလာတဲ့အခါမှာ    ကင်ဆာ ရောဂါတွေဖြစ်ပြီး   အသက်တို လာမှာပေါ့၊   ဒါလုံးဝမလုပ်သင့်တဲ့ အရာပဲ”လို့    ပြောပါတယ်။
သည်သားအိမ်ကျဉ်းဆေး တောင့်၊   အမျိုးသမီးကိုယ်ကျဉ်း ဆေးတောင့်ကို    တစ်ခါဝယ်ထား ရင်    ခြောက်လ   အသုံးပြုနိုင်ပြီး အသုံးမပြုဘဲ       ရပ်ထားရင်လည်း    သားအိမ်များ    ပြန်လည်လျော့ရဲ ခြင်း   မဖြစ်စေပါဘူးဆိုပြီး     ရောင်း တဲ့သူတွေကတော့    အာမခံကြပါ တယ်။
အမျိုးသမီးသုံးအလှကုန်နဲ့ ဆေးဝါးမျိုးစုံကို   အွန်လိုင်းပေ့ခ်ျ တွေကနေ   တစ်နိုင်ငံလုံးကို     ပစ္စည်း အရောက်ငွေရှင်းစနစ်နဲ့   ရောင်းချ နေတဲ့နာမည်ကြီးအွန်လိုင်းပေ့ခ်ျ မှာ    ပစ္စည်းရောင်းချပေးနေရတဲ့   ဝန်ထမ်းအမျိုးသမီးတစ်ယောက် ရဲ့ အဆိုအရ      သည်ပစ္စည်းတွေကို မြဝတီနယ်စပ်ကနေ   အဓိက   မှာယူ နေရတယ်လို့     ပြောပါတယ်။
သူက  “သားအိမ်ကျဉ်းဆေး တောင့်ကို   တစ်ခါမှာရင်   ၁ဝဝဝ   လောက်မှာရတာ၊   ပေ့ခ်ျတွေရဲ့ မက်ဆေ့ခ်ျဘောက်မှာ    နေ့တိုင်း မှာတဲ့သူရှိတယ်၊   ကျွန်မက   ပေ့ခ်ျပါ    တွဲကိုင်နေရတော့    ဘယ်လောက် အမှာများတယ်ဆိုတာသိတာပေါ့၊ မိန်းကလေးငယ်လေးတွေ   ပါပါနေ တာ   စိတ်မကောင်းဘူး၊  ကိုယ်တိုင် လဲ   မသုံးသလို    အားမပေးပါဘူး”လို့   ပြောပါတယ်။
အမျိုးသမီးများအတွက်    သား အိမ်ကျဉ်းဆေး   သည်ဆေးကို   အ သုံးပြုပေးခြင်းဖြင့်   အပျိုတစ် ယောက်လို    ပြန်ဖြစ်စေပါတယ်။ ကလေးမွေးပြီးလို့   မိမိကိုယ်ကို စိတ်တိုင်းမကျဖြစ်နေသူများ၊ အိမ်ထောင်သက်တမ်းကြာမြင့်ပြီး ချစ်ခြင်းမေတ္တာ    လျော့ပါးလာလို့   ပြန်လည်ပြည့်ဝလာစေချင်သူများ အတွက်     ဆေးကောင်းလေး  ဖြစ် တယ်လို့  ဆိုပါတယ်။
အပျိုတုန်းကလိုမျိုး    အပြည့် အဝ   ပေးစွမ်းနိုင်ပါတယ်။   သည်       USA    Medicate        Sticks       ဟာ အ မေရိကန်နိုင်ငံမှ    ထုတ်လုပ်ထား တဲ့နာမည်ကျော်     လူကြိုက်များတဲ့   မိန်းမကိုယ်ကျဉ်းဆေးလေးပါဆို တဲ့  စာသားတွေပါတဲ့စာကြောင်း ရှည်ကြီးတွေဝင်လာတဲ့   ကြော်ငြာ စာသားကို  မဝင်းဝင်းမေရဲ့မက် ဆင်ဂျာကနေ  ပို့လာတာ   ခံခဲ့ရဖူး တယ်။  သည်လိုဆေးကြော်ငြာ ပေ့ခ်ျတွေကို   ကိုင်နေတဲ့သူက   သူ ငယ်ချင်းအဖြစ်   ဖေ့စ်ဘုတ်ခ်ကနေ လာအပ်ဖူးတာကြောင့်   စိတ်ညစ် ရတယ်လို့  မဝင်းဝင်းမေက        ပြောပါ တယ်။
စိတ်ရှုပ်ရတယ်
သူက    “ဒီလိုပေ့ခ်ျကြော်ငြာ တွေ     ခဏခဏမြင်လို့    ဒလိလုပ် လိုက်တာ၊   ပေ့ခ်ျကို  ဘမ်းလိုက်တာ တွေ   ခဏခဏ   လုပ်နေရတယ်၊    တချို့သူတွေဆို   အမျိုးသမီးကာမ အားတိုးဆေးတွေ   ကြော်ငြာတာ ပါခံနေရတော့     စိတ်အနှောင့်အ ယှက်ဖြစ်နေရတယ်”လို့     ပြောပါ တယ်။
သည်လိုသားအိမ်ကျဉ်းဆေး တွေကို   အခြားအလှကုန်၊   လူသုံး ကုန်ပစ္စည်းရောင်းတဲ့ပေ့ခ်ျတွေမှာ အလွယ်တကူဝယ်ယူလို့ရတာ ကြောင့်   စမ်းသုံးချင်တဲ့မိန်းကလေး တွေက   အခြားပစ္စည်းတွေနဲ့အတူ အလွယ်တကူရောမှာလို့ရပါတယ်။
ပစ္စည်းရောက်မှ   ငွေရှင်းစနှစ်နဲ့   ပြုလုပ်ရောင်းချလာသလို   အချို့ တွေက     နေအိမ်တွေနဲ့ဆိုင်တွေမှာ  အလွယ်တကူဝယ်လို့ရအောင်    ခင်းကျင်းပြသထားပါတယ်။
သည်သားအိမ်ကျဉ်းဆေး၊ အမျိုးသမီးကိုယ်ကျဉ်းဆေး သောက်ရင်ပဲ   မိန်းမကိုယ်ကို   ပြန် ကျဉ်းစေပါတယ်၊  သားအိမ်ကို သန့်ရှင်းစေပါတယ်၊  သားအိမ် လုပ်ဆောင်ချက်များကို   အား ကောင်းစေပါတယ်၊   သားအိမ် နားတစ်ဝိုက်မှ   ကြွက်သားများကို သန်မာလာစေပြီး   အပျိုလေးတစ် ယောက်ကို   ညစ်အားကောင်းစေပါ တယ်၊   အိမ်ထောင်ဖက်၏  ချစ် ခင်စွဲလန်းမှုကို    နှစ်ဆလောက်    ပို တိုးစေပါတယ်  ၊    မိန်းမကိုယ်ကို သန့်ရှင်းစေပြီး   အနံ့ဆိုးများကို ပျောက်ကင်းစေပါတယ်။   ဘေး ထွက်ဆိုးကျိုးမရှိကြောင်း    အာမခံ ချက်ပေးထားတဲ့စာတွေနဲ့   ရောင်း အားကောင်းဖို့ ဆွဲဆောင်တဲ့   အဓိ ကအချက်ဖြစ်နေတယ်လို့     ဝယ်ယူ ပြီး   ပစ္စည်းစမ်းကြည့်ဖူးသူအချို့ က      ပြောပါတယ်။
အွန်လိုင်းပေ့ခ်ျတွေက    သည် သားအိမ်ကျဉ်းဆေးတောင့်တွေကို သားအိမ်ကျဉ်းသောက်ဆေးထက် လူပိုကြိုက်များကြပြီး   အွန်လိုင်း ပေ့ခ်ျအချို့ကတော့   သည်ဆေးကို အမေရိကန်နိုင်ငံမှ    ဆရာဝန်ကြီး များကိုယ်တိုင်    ထုတ်လုပ်ထားပြီး ကျန်းမာရေးအာမခံချက်   အပြည့် အဝရှိထားတာကြောင့်    တစ်ကမ္ဘာ လုံးမှာ   လူကြိုက်များပြီး   ရောင်း အားအကောင်းဆုံး   စာရင်းဝင်ပါ တယ်ဆိုပြီး     သူတို့ပေ့ခ်ျတွေမှာ ပစ္စည်းကို    အမွှန်းတင်နေကြပါ တယ်။
မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးအသင်း  အတွင်းရေးမှူး ဦးမောင်မောင်ကတော့      သည်လို အွန်လိုင်းပေါ်ကနေ    ထောက်ခံ ချက်မရှိတဲ့ဆေးဝါးတွေကို    ဘယ် သူကအရေးယူမှာလဲဆိုတာကို မေးခွန်းထုတ်ပါတယ်လို့ဆိုပြီး   သည်လိုပြဿနာတွေတက်နေ တာ   အများကြီးဖြစ်နေပြီး    ဘယ်က နေစပြီး   ဆွဲထုတ်ရမလဲဖြစ်နေပြီလို့    ပြောပါတယ်။
သူက    “ဒါတွေအတွက်   ဥပဒေ မရှိသေးသလို   ဘယ်သူက    အရေး ယူမှာလဲဆိုတာကရှိသေးတယ်၊  ခု က    အရေးယူမယ့်သူမရှိသေးသလို ရဲအရေးပိုင်တယ်ဆိုရင်   ရဲက   စွဲတင်လိုက်ရင်    အစိုးရက    အရေး ယူနိုင်ရမှာပေါ့၊   ဒါမျိုးတွေက    တိုင် တဲ့သူမရှိလဲ    အရေးယူပေးရမယ့် ကိစ္စဖြစ်နေတယ်၊   ဒီကိစ္စတွေကို မြန်မြန်လုပ်စေချင်တယ်”လို့    ပြော ပါတယ်။
ဈေးကွက်အတွင်းမှာ    ဖြန့်ချိ နေတဲ့အစားအသောက်နဲ့ဆေးဝါး တွေကိုတော့    အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက    အ ရေးယူနေပေမဲ့   အွန်လိုင်းကနေ ရောင်းချနေတဲ့ပစ္စည်းတွေကို တော့  ထိန်းချုပ်ဖို့အခက်အခဲရှိနေ ဆဲပဲလို့  ဆရာဝန်အချို့က     ထောက် ပြပါတယ်။
တချို့အွန်လိုင်းပေ့ခ်ျတွေက တော့   သည်ဆေးတွေကို   ဆရာဝန် ကိုယ်တိုင်ရောင်းချတဲ့ပေ့ခ်ျတွေလို ရောင်းအားကောင်းအောင်    ကြော် ငြာကြပါတယ်။    ဆရာဝန်အတု ကသာ   လိမ်ပြီးရောင်းတယ်။   အစစ် တွေက   မလုပ်ဘူးလို့    သားဖွားမီး ယပ်အထူးကုဆရာဝန်ဒေါက်တာ   တင်တင်နွယ်က     ပြောပါတယ်။
ပညာပေးပါ
သူက   “ဒီလို  ­ရောင်းနေတာ တွေကို  ကျယ်ကျယ်ပြန့်ပြန့်    ပညာ ပေးရမယ်၊   အမျိုးသမီးရေးလုပ်နေ သူတွေက   လုပ်ရမယ်၊  ရပ်ကွက် အထိ   ဆင်းပြီးကို   ပညာပေးရမယ်၊ ဘယ်အမျိုးသမီးကမှ   ကျွန်မ   ဒါသုံး လို့ဖြစ်ရတာလို့    မပြောရဲဘူးလေ၊ ရေဒီယိုတို့၊   ရုပ်မြင်သံကြားတို့ ကပါ    ကျယ်ကျယ်ပြန့်ပြန့်    လုပ်ရ မှာ”လို့       ပြောပါတယ်။
အစားအသောက်နဲ့ဆေးဝါး တွေကိုတော့     အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက တော့   အပတ်စဉ်ဈေးတွေနဲ့     ရှော့ ပင်းစင်တာတွေမှာ    လိုက်လံစစ် ဆေးပြီး   သုံးစွဲရန်မသင့်တဲ့ပစ္စည်း တွေနဲ့ဆေးဝါးတွေကို    စစ်ဆေးပြီး အရေးယူထားတာတွေရှိပေမဲ့   အွန် လိုင်းပေါ်ကပစ္စည်းတွေကိုတော့ အရေးယူတာမျိုးမတွေ့သေးဘူး လို့  ဒေါက်တာစိုးမင်းက          ထောက်ပြ ပါတယ်။
သူက   “ဒါတွေက    အောက် လမ်းကနေ        ပွင့်နေတော့   ဝင်ချင်သ လို  ဝင်နေတော့    အများက   မိုးခါးရေ မသောက်ဘူးဆိုပြီး    တိုင်ကီနဲ့ကို သောက်နေကြတော့တာ”လို့   ပြော ပါတယ်။
ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ    မြန်မာနိုင်ငံမှာသာမက    ကမıာပေါ် မှာပါ    ကင်ဆာရောဂါတွေ   အဖြစ် များနေတယ်လို့      ဆိုပါတယ်။
အမျိုးသမီးရေးကိစ္စတွေနဲ့   နွမ်းပါးသူတွေကို    အခမဲ့ကူညီပေး နေတဲ့တရားမျှတမှုစင်တာ     တည် ထောင်သူ  တရားလွှတ်တော်ရှေ့ နေ     ဒေါ်ခင်မိုးမိုးကတော့   သည် လိုရောင်းနေတာတွေကို   ကုမ္ဗဏီ ဥပဒေတွေ၊   ဆေးဝါးဥပဒေတွေနဲ့   လုပ်လို့ရတယ်လို့ဆိုပေမဲ့    ခက်ခဲ နေတယ်လို့     ပြောပါတယ်။
သူက   “ဆေးဝါးဥပဒေတွေနဲ့ တော့   တိုင်လို့  ရမယ်၊   ဒီအတိုင်း လွှတ်ထားရင်    အန္တရာယ်တွေ   အ များကြီး  ရှိလာမယ်”လို့   ပြောပါ တယ်။
သည်လိုသားအိမ်ကျဉ်းဆေး တောင့်တွေကို     သူတို့ရဲ့ပေ့ခ်ျတွေ က    အရောင်းရဆုံးပစ္စည်းတွေရဲ့ နေရာမှာ    ထည့်ကြော်ငြာထားတာ ကို  မမေမီတစ်ယောက်ဒေါသ ထွက်ရုံကလွဲပြီး     ဘာမှမတတ်နိုင် ဘဲ    သည်ပေ့ခ်ျတွေမြင်တိုင်း     ဘန်း နေရတယ်လို့ပြောပါတယ်။ခြောက် လလောက်သုံးခဲ့ပြီး   သူ့မွေးလမ်း ကြောင်းနေရာမှာ  အနာပုံစံမျိုး တွေဖြစ်လာတာကြောင့်   သားဖွား မီးယပ်အထူးကုနဲ့   ပြတာ  ငွေ   ၁၀   သိန်းနီးပါးကုန်ကျခဲ့ရလို့    သူ့လို   နောက်လူတွေကို   မဖြစ်စေချင်ဘူး လို့   ပြောပါတယ်။
သူက   “အွန်လိုင်းမှာ    အလွယ် ကူဆုံးပိုက်ဆံယူနည်းက    ကလေး နဲ့အမျိုးသမီးတွေအတွက်   ကြော် ငြာတဲ့ဆေးတွေနဲ့  အလှအပတွေပဲ၊   မယုံကြပါနဲ့”လို့      သူ့အတွေ့အကြုံ ကို        ပြောပါတယ်။
Author: 
အေးအေးအောင်
No comments:
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!