Popular Posts!

Tuesday, May 12, 2015

အိုးလေးဒိန်ချဉ် လုပ်နည်း

အိုးလေးဒိန်ချဉ် လုပ်နည်း
---------------------------
ဒိန်ချဉ်လုပ်နည်းကိုအတော်များများသိပြီးသားဖြစ်မှာပါ။ များသော အားဖြင့်တော့နွားနို့ထဲ ဒိန်ချဉ်အနည်းငယ်ေ၇ာထည့်၇င် ဒိန်ချဉ်ဖြစ်ပြီပေါ့နော်။ ခုပြောပြချင်တာကထည့်စရာ ဒိန်ချဉ်မရှိ၇င် ဘယ်လိုစပြီးလုပ်ရတယ်ဆိုတာလေးပြောပြပေးပါမယ်။
(၁)အိုးသစ်တစ်လုံးကိုေ၇ဆေးသန့်စင်ပြီးခြောက်အောင်ထားပါ။
(၂)ခြောက်နေသောအိုးထည်းသို့နွားနို့အနည်းငယ်(ကျိုပြီးသားအအေးသို့နွေးနွေး)စားပွဲတင်၃ဇွန်းခန့်ကိုထည့်ပြီးအဖုံးဖုံးကာနေပူတွင်နေ့တပိုင်းခန့်ထားပါ။အတွင်းပိုင်းမှနို့လေးများခဲပြီးဒိန်ချဉ်နံ့ထွက်လာလျှင်ဒိန်ချဉ်ပြုလုပ်၇န်အဆင်သင့်ဖြစ်ပါပြီ။
(၃)အိုးသန့်သန့်တစ်ခုတွင်ဒိန်ချဉ်ပြုလုပ်မည့်နွားနို့ကိုထည့်ပြီးဆူပွက်အောင်ဆယ်မိနစ်ခန့်တည်ပေးပါ။
(၄)ဆူပွက်ပြီးသောနို့ကိုကြက်သီးနွေးအနေထားထိအအေးခံထားပါ။
(၅)လိုအပ်သောအနွေးအနေထားေ၇ာက်ပါကဒိန်ချဉ်အလျင်အသင့်ပြု လုပ်ထားပြီးသောအိုးထည်းသို့အနည်းငယ်ထည့်ကာအောက်ခြေမှဒိန်ချဉ်ခဲလေးများကိုကြေအောင်ခြေပေးပါ။
(၆)ပြီးလျှင်ဒိန်ချဉ်အိုးတည်ထားမည့်နေရာတွင်ထားပြီးကျန်နွားနို့ကိုလောင်းထည့်ကာသမအောင်တချက်မွေပေးပြီးအဖုံးလုံအောင်ပိတ်ထားပါ။ အိုးကိုေ၇ွ့ချင်းပြုချင်းမပြု၇။နို့ကွဲတတ်ပါတယ်။
(၇)အခန်း၏ပူနွေးသောနေ၇ာဖြစ်ပါက၆နာ၇ီခန့်တွင်ဒိန်ချဉ်ကိုစတင်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ အချိန်ပိုထားပါက အချဉ်အ၇သာပိုပြင်းလာမှာဖြစ်ပြီး လိုအပ်သောအနေထား၇ပါကေ၇ခဲသေတ္တာတွင်ပြောင်းပြီးသိမ်းဆည်းသုံးဆောင်နိုင်ပါပြီ။
**ကုန်ခါနည်းလျှင်ဒိန်ချဉ်လက်ကျန်ချန်ထားပြီးဆင့်ပွားပြုလုပ်သွားနိုင်ပါပြီ။မြေအိုးကိုအသုံးပြုခြင်းကပိုအဆင်ပြေပါတယ်။
Credit to Sofia Food Paradise
----------
ချက်နည်းပြုတ်နည်းမျိုးစုံနှင့် ရှောင်ရန်၊ ဆောင်ရန်၊ လိုက်နာရန်တို့ကို အမြဲတင်ပေးနေတဲ့ ( ကောင်းထက်ကျော်- မြန်မာဒံပေါက်) ဆိုတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!