Popular Posts!

Monday, May 4, 2015

ဈေးကွက်အတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများ ယခင်နှစ်ထက် နှစ်ဆနီးပါး မြင့်တက်

နောက်ဆုံးတော့ လူနည်းစုအတွက်ပါဘဲ၊ ဒါတောင်(အောက်ဆိုဒ်မယးတာလဲ မဟုတ်ဘူး) ...
အများပြည်သူုဖြစ်တဲ့ ၈၀%လောက်ရှိတဲ့ တောင်သူလယ်သမားတွေ၊ ကုမ္မဏီဝန်တမ်းတွေဘဲ ဒုက္ခရောက်ရတယ်လေ....


ရန်ကုန်မြို့ရှိ ဈေးတစ်ခု မြင်ကွင်း
    အစိုးရ၀န်ထမ်းများ လစာတိုး ကြေညာ
ပြီးနောက် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ နှစ်ကြိမ်ဆက်တိုက် ဈေးမြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။


      သင်္ကြန်မတိုင်ခင်၌ ကုန်ဈေးနှုန်းများမှာ ဈေးမြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး သင်္ကြန်ကာလပြီးနောက် ကုန်အ၀င်နည်းမှုနှင့်လက်ကားရောင်းချသည့်ဈေးများ    မြင့်တက်မှုကြောင့် လက်လီအရောင်းဈေးများ မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် အစိုးရ၀န်ထမ်းလစာ ကျပ်နှစ်သောင်း တိုးမြှင့်ပေးခဲ့ပြီးနောက် တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ရာခိုင်နှုန်း ၁၀ မှ ရာခိုင်နှုန်း ၉၀ အထိ မြင့်တက်မှုရှိခဲ့သည်။



အစိုးရ၀န်ထမ်းများအား ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် လစာတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ကုန်စည်ဈေးနှုန်းများမှာ ၂၀၁၃ ဇွန်လမှစ၍ တဖြည်းဖြည်း တက်ရိပ်ပြလာပြီး ဒီဇင်ဘာလတွင် သိသာစွာ မြင့်တက်လာခြင်းဖြစ်သည်။ ကုန်ဈေးနှုန်းများ အနေဖြင့် ၂၀၁၄ ခုနှစ်တွင်လည်း သိသာစွာကျဆင်းခြင်း မရှိသည့်အပြင်တက်မြဲ၊တက်ဆဲ အနေအထားအတိုင်း ရှိနေသည်။



၂၀၁၅ ခုနှစ် ဧပြီ၊ သင်္ကြန်မတိုင်ခင်တွင် အခြေခံစားသောက်ကုန်စည်များ အနေဖြင့် ထပ်မံ၍ ဈေးနှုန်းများ မြင့်လာလျက်ရှိနေပြီး အစိုးရ၀န်ထမ်းများအား လစာ တရားဝင် တိုးမြှင့်လိုက်သည့် အချိန်မှ စတင်၍ ကုန်ဈေးနှုန်းများသည် ထပ်မံဈေးနှုန်းမြင့်တက်သည့် အနေအထားသို့ ရောက်ရှိသွားသည်။



ယခုအခါတွင် ကြက်သား တစ်ပိဿာ ယခင် ကျပ် ၅၀၀၀ မှ ၇၀၀၀ ရှိရာမှ ယခုအခါတွင် တစ်ပိဿာ ကျပ် ၇၀၀၀ မှ ၁၂၀၀၀ သို့လည်းကောင်း၊ ၀က်သားတစ်ပိဿာ ကျပ် ယခင်က ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿာ ကျပ် ၆၀၀၀ မှ ၁၂၀၀၀ သို့လည်းကောင်း၊ အမဲသားတစ်ပိဿာ  ယခင်က ကျပ် ၄၅၀၀ မှ ၈၀၀၀ ရှိရာမှ ယခုအခါတွင် ကျပ် ၅၀၀၀ မှ ၁၂၀၀၀ သို့လည်းကောင်း၊ ဆိတ်သားတစ် ပိဿာ ယခင်က ကျပ် ၁၀၀၀၀ မှ ၁၃၀၀၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ သို့လည်းကောင်း အသီးသီး မြင့်တက်ခဲ့ပြီး အသားဈေးနှုန်းများ အနေဖြင့် အနည်းဆုံး ကျပ် ၂၀၀၀ မှ ၅၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။



ငါး၊ ပုစွန် ဈေးနှုန်းများ အနေဖြင့်လည်း ငါးကြင်းတစ်ပိဿာ  ယခင်က တစ်ပိဿာလျှင် ကျပ် ၃၈၀၀ ရှိရာမှ ယခုအခါတွင် တစ်ပိဿာ ကျပ် ၇၀၀၀ သို့လည်းကောင်း၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ယခင်ကျပ် ၂၅၀၀ မှ ၃၆၀၀ ရှိရာမှ ယခုအခါတွင် တစ်ပိဿာကျပ် ၅၀၀၀ အထိသို့ လည်းကောင်း၊ ငါးရံ့တစ်ပိဿာ  ယခင် ကျပ် ၄၅၀၀ မှ ၆၅၀၀၊ ယခုအခါတွင် တစ်ပိဿာကျပ် ၈၀၀၀ မှ ၁၀၀၀၀ သို့လည်းကောင်း၊ ငါးကျီး၊ ငါးခူတစ်ပိဿာလျှင် ယခင်ဈေး ကျပ် ၆၀၀၀ မှ ၇၀၀၀ ယခုအခါတွင် ကျပ် ၁၀၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။



ပုစွန်ဈေးနှုန်းများ အနေဖြင့် ပုစွန်ထုပ်တစ်ပိဿာလျှင် ယခင် ကျပ် ၁၃၀၀၀ မှ ၁၄၀၀၀ ရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿာ ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀၊ ကျားပုစွန် တစ်ပိဿာလျှင် ယခင်ကျပ် ၆၀၀၀ မှ ၇၀၀၀ ယခုအခါတွင် တစ်ပိဿာ ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ထိ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး သားငါးဈေးနှုန်းများ အနေဖြင့် အနည်းဆုံး ကျပ် ၂၀၀၀ မှ ၆၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။



ဆန်၊ ဆီဈေးနှုန်းများ အနေဖြင့်လည်း ယခင်ဈေးနှုန်းထက် ဈေးမြင့်တက်နေခြင်းဖြစ်ပြီး ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ယခင် ကျပ် ၄၀၀၀၀ မှ ယခုအခါတွင် တစ်အိတ်လျှင် ကျပ် ၄၈၀၀၀၊ ဖျာပုံပေါ်ဆန်း ရှယ်တစ်အိတ်လျှင် ယခင် ကျပ် ၃၆၀၀၀ မှ ယခုအခါတွင် ၄၃၀၀၀ သို့လည်းကောင်း၊ တောင်ပျံတစ်အိတ်လျှင် ယခင်ကျပ် ၃၆၀၀၀ မှ ယခုအခါတွင် ၄၀၈၀၀ သို့လည်းကောင်း စသည်ဖြင့် ဆန်ဈေးနှုန်းများ အနေဖြင့်လည်း တစ်အိတ်လျှင် အနည်းဆုံး ကျပ် ၃၀၀၀ မှ ၈၀၀၀ အထိ မြင့်တက်သွားခြင်းဖြစ်ပြီး ဆန်တစ်ပြည်အနေဖြင့် ကျပ် ၁၀၀ မှ ၃၀၀ အထိ မြင့်တက်ခြင်းဖြစ်သည်။



“ဒီရာသီကတော့ ဆန်ဈေးတက်တဲ့ အချိန်ပါပဲ။ ဒါပေမဲ့ အခုဟာက နှစ်ခါတက်သွားသလို ဖြစ်သွားတယ်။ သင်္ကြန်မတိုင်ခင်က ပွဲတော်ရက်နီးလို့ ဈေးတက်တယ်။ သင်္ကြန်ပြီးတော့လည်း ၀န်ထမ်းတွေ လခတိုးလို့ ဈေးထပ်တက်တယ်” ဟု တာမွေမြို့နယ်အတွင်းရှိ ဆန်၊ ဆီ လက်လီ၊ လက်ကား ရောင်းချလျက်ရှိသော ဧရာသီရိဆန်ဆိုင်မှ သိရသည်။



ဆီဈေးနှုန်းများအနေဖြင့် ယခင်က ပဲဆီများမှာ ဈေးနှုန်းမြင့်တက်လေ့ မရှိသောလည်း ယခုအခါတွင် မြင်းခြံဆုံဆီတစ်ပိဿာအား ယခင် ကျပ် ၄၆၀၀ မှ ယခုတွင် ကျပ် ၅၀၀၀၊ ရှယ်ပဲဆီ တစ်ပိဿာလျှင်ကျပ် ၄၂၀၀ မှ ယခုအခါတွင် ကျပ် ၄၆၀၀၊ နယ်ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၈၀၀ မှ ၃၂၀၀ သို့ မြင့်တက်ခဲ့ပြီး နိုင်ငံခြားမှတင်သွင်းသည့် စားအုန်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ ပုဇွန်နှစ်ကောင်ဆီများမှာ ယခင်ဈေးထက် ကျပ် ၁၀၀ မှ ၂၀၀ ခန့်သာ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သည်။



ထို့အပြင် အခြေခံစားသောက်ကုန်များထဲတွင် ပါတွင်သည့် ကုန်စိမ်းများမှာ ဈေးကွက်တွင် ကြာရှည်စွာ သိုလှောင်ထား၍မရသည့် ကုန်စည်များဖြစ်သည့်အတွက် ပစ္စည်းဝင်ရောက်မှု အနည်းအများပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပြီး ပစ္စည်းအ၀င်များပါက ဈေးနှုန်းကျပြီး ပစ္စည်းအ၀င်နည်းပါက ဈေးနှုန်းတက်လေရှိပြီး ကုန်ခြောက်ဈေးများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။  


Writer: 
အေးမို့မို့အောင်သူ

Ref;elevennews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!