စစ်သားမလုပ်သင့်တော့တဲ့ တိုင်းပြည်
••••••••••••••••••••••••••••••
စာရေးသူ- မျိုးချစ်
၁။
အဖြူကောင်တွေပဲ လာလာ
အမဲကောင်တွေပဲ ရောက်ရောက်
ချောက်ထဲပဲ ကျ ကျ
ရေထဲပဲ မြုပ် မြုပ် ။
ကယ်တင်တာတို့
ဘာတို့ ညာတို့
မလုပ်ကြနဲ့တော့။
လက်ပိုက်ပြီးသာ ပြုံးပြုံးလေး ကြည့်
ကိုယ် တစ်ယောက်တည်း ခံရမှာ မှ မဟုတ်တာ ။
အကုန်လုံး ခံကြရမှာကို။
လုပ်ချင်သလိုသာ လုပ်ကြပါစေတော့။
၂။
နိုင်ငံနဲ့ ချီပြီး သစ္စာဖောက်လည်း
အချိန်တန်ရင် ထောင် က လွတ်တယ်။
နိုင်ငံနဲ့ဆိုင်တဲ့ အချက်အလက်တွေ ရောင်းစားလည်း
အချိန်တန်ရင် ထောင် က လွတ်တယ်။
အဖြူကောင်တွေ အသံပေးရင် ပျာယာတွေခတ်တယ်။
အမည်းကောင်တွေ ကြေငြာချက်ထုတ်ရင် ဒူးတွေတုန်တယ်။
တရုတ်ကို ကြောက်ရပါတယ် .. တဲ့။
အရင်ခေတ် ပြောခဲ့တုန်း က
ဟာသတွေလုပ်ခဲ့ကြ ။
ဆဲခဲ့ကြ ဆိုခဲ့ကြ။
အခုတော့ ..
အဖြူကောင် ဖြစ်ဖြစ်
အမည်းကောင် ဖြစ်ဖြစ်
အားလုံးကို ကြောက်ကြရတဲ့ ဘ၀။
အခုတော့ ..
ဝေဖန်မယ့်သူတွေလည်း မရှိကြတော့။
လက်ခုပ်သံ ယူမယ့်သူတွေလည်း မရှိကြတော့။
ဆဲမယ့် ဆိုမယ့် သူတွေလည်း မရှိကြတော့။
ဒေါ်လာစက္ကူတွေ အောက်မှာ
လောက်ကောင်တွေ က ကျေနပ်ပျော်ရွှင်ကြလို့။
ဆုတွေ ဘာတွေ ရလို့။
တိုက်တွေ ဘာတွေ ဆောက်လို့။
ကားတွေ ဘာတွေ စီးလို့။
တိုင်းပြည်ကို ခုတုံးလုပ်ပြီး
ငွေရှာကြတဲ့ ကောင်တွေ များတဲ့ ခေတ်မှာ
တိုင်းပြည်ကလည်း အစိတ်စိတ် အပိုင်းပိုင်းဖြစ်လို့။
လူတွေကလည်း အပိုင်းပိုင်းကွဲလို့။
စိတ်ဆန္ဒတွေကလည်း တစ်စစီ ကွဲလို့။
၃။
သူပုန် ကို တိုက်လို့
ပေါက်လွှတ်ပဲစားကောင်တွေ ၀ိုင်းအော်ကြတဲ့အခါ
စစ်သားတွေ က ..
လူတကာ တံတွေးခွက်မှာ
ပက်လက်မျောလို့။
နှစ်ပြားမတန်အောင် အဆဲခံကြရ။
ရှိသမျှ အမျိုးအဆွေပါမကျန် အဆဲခံကြရ။
ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြတာ
အသက်စွန့်ခဲ့ကြတာ
မိသားစုကို စွန့်ခဲ့ကြတာ ။
သဲထဲ ရေသွန်သလို ဖြစ်ခဲ့ရ။
၎။
အာဆာ ကို တိုက်လည်း အဆဲခံရ။
အေအေ ကို တိုက်လည်း အဆဲခံရ။
အာဆာ ကို တိုက်တုန်းကလည်း
စစ်သားတွေ ထောင်ကျခဲ့ကြ။
အေအေ ကို တိုက်တုန်းကလည်း
စစ်သားတွေ ထောင်ကျခဲ့ကြ။
ကျည်ဆံတစ်ချက်ကြောင့်
စစ်ပွဲ အတွင်းမှာ အသက်ပျောက်သွားကြတဲ့အခါ
စစ်သားတွေကို လက်ညှိုးထိုးကြ။
စစ်သားတွေကို စွပ်စွဲကြ။
စစ်သားတွေ ကို အပြစ်တင်ကြ။
သူပုန် သူကန်တွေကို တရိုတသေ ဆက်ဆံကြ။
၅။
စစ်သား ကျည်ဆံ တစ်ချက် က
လူတစ်ယောက်ပဲ သေတယ် ဆိုကြပါစို့။
ကလောင်တံ တစ်ချက် အောက်မှာ
စစ်သားတွေ အကြိမ်ကြိမ် သေခဲ့ရ။
စစ်သား မိသားစုတွေ အကြိမ်ကြိမ် နာကျင်ခဲ့ရ။
သူပုန်သူကန် ကို သတ်တယ်လို့ ဆိုဆို
သတင်းပေးကို သတ်တယ်လို့ ပြောပြော
စစ်သားတွေ ထောင်ကျတဲ့အခါ ..
တစ်ချို့တွေ ၀မ်းသာ အားရဖြစ်လို့။
တစ်ချို့တွေ ပျော်လို့ ရွှင်လို့။
တစ်ချို့ တွေ မီဒီယာစာမျက်နှာထက်မှာ ဖော်ပြကြလို့။
သေချာတာတော့ ..
ဘယ် စစ်သားမိသားစုဝင် မှ
ချက်ချင်းလွှတ် တို့
လူ့ အခွင့်အရေး တို့
ဘာအရေး တို့ ညာ အရေး တို့ မအော်ခဲ့ကြ။
ဘာကိုမှ မတောင်းဆိုခဲ့ကြ။
သမ္မတကြီး ဘာညာ ဆိုပြီး
စကားကြီး စကားကျယ်တွေ မပြောခဲ့ကြ။
၆။
တိုက်တော့လည်း အဆဲခံရ
မတိုက်တော့လည်း အဆံခံရ။
အဲဒီလို တိုင်းပြည်မှာ
စစ်သားဖြစ်ခဲ့တာကိုက
ဝဋ်ကြွေး အတော်ကြီးကြတဲ့ ကောင်တွေ။
အာဏာရှင် စနစ်
စစ်သား ဘဝ
ကွဲကွဲပြားပြား မမြင်နိုင်သေးတဲ့ တိုင်းပြည်မှာ
စစ်သားဖြစ်ခဲ့တာကို က
အကုသိုလ် အတော်ကြီးကြတဲ့ ကောင်တွေ။
စစ်တပ်ကို ဆဲရဲ ဆိုရဲ
စစ်တပ် မကောင်းပြောရဲရင်
သူရဲကောင်းလို ချီူကျူးဂုဏ်ပြုကြတဲ့ တိုင်းပြည်မှာ
စစ်သားဖြစ်ခဲ့တာကို က
လူဖြစ်ရှုံးခဲ့တဲ့ ကောင်တွေ။
စစ်တပ် ကို စော်ကားမှ
ထမင်းစားလက်မှတ်ရမယ့်ကောင်တွေ ရှိတဲ့ တိုင်းပြည်မှာ
စစ်သားဖြစ်ခဲ့တာကို က
ဝဋ်နာ ကံနာ အတော်ကြီးကြတဲ့ ကောင်တွေ။
၇။
စစ်သားသေလို့
ဝီ စတန်း ၀ှစ်ခ်ျ မရှိ ပေမယ့်
သူပုန် သေရင်
ဝီ စတန်း ၀ှစ်ခ်ျ ရှိတဲ့ တိုင်းပြည်။
စစ်သား မိသားစုတွေအတွက်
ဝီ စတန်း ၀ှစ်ခ်ျ မရှိပေမယ့်
သစ္စာဖောက် မိသားစုတွေ အတွက်
ဝီ စတန်း ၀ှစ်ခ်ျ ရှိတဲ့ တိုင်းပြည်။
စစ်သား အတွက်
ဟူးမန်း ရိုက်တ် မရှိပေမယ့်
သူပုန် သူကန် နဲ့ သစ္စာဖောက်တွေ အတွက်
ဟူးမန်း ရိုက်တ် ရှိတဲ့ တိုင်းပြည်။
စစ်သားတွေ အတွက်
အဖြူကောင် အမည်းကောင်တွေ က
ကြေငြာချက် ထုတ်တာ မရှိပေမယ့်
သူပုန် သူကန် နဲ့ သစ္စာဖောက်တွေ အတွက်
အဖြူကောင် အမည်းကောင်တွေ က
ကြေငြာချက် ခဏ ခဏ ထုတ်ကြတဲ့ တိုင်းပြည်။
အမျိုသားရင်ကြားစေ့ရေး စကားလုံးအောက်မှာ
သူပုန် သူကန် နဲ့ သစ္စာဖောက်တွေပါ
လွတ်ငြိမ်းချမ်းသာခွင့် ရှိတဲ့ တိုင်းပြည်။
၈။
ရေကြီးလည်း မသွားကြနဲ့တော့။
မြေပြိုလည်း မသွားကြနဲ့တော့။
ငလျင်လှုပ်လည်း မသွားကြနဲ့တော့။
ဘာပဲဖြစ်ဖြစ် မသွားကြနဲ့တော့။
ကိုယ့်သေနတ်ကို တိုက်ရင်း
ကိုယ့် ကျောပိုးအိတ်ကိုပြင်ရင်း
ကိုယ့် မိသားစုအိမ်မှာ နေရင်း
ကိုယ့် ကို အသက်အန္တရာယ် မပြုမချင်း
အေးအေးလူလူသာ နေကြတော့။
အဆဲခံရတာများတဲ့ တိုင်းပြည်မှာ
အဆဲမခံရဖို့ ငြိမ်ငြိမ်လေးသာ နေကြတော့။
အပြစ်ပြောတာများတဲ့ တိုင်းပြည်မှာ
အပြစ်ပြောမခံရဖို့ တိုးတိုးသက်သာ နေကြတော့။
စစ်သားတွေ အတွက်
ဝီ စတန်း ၀ှစ်ခ်ျ မရှိတဲ့ တိုင်းပြည်မှာ
ကိုယ့် အသက်ကို မထိပါးသေးသမျှ
မသိသလိုသာ နေကြတော့။
စစ်သားတွေ အတွက်
ဟူးမန်း ရိုက်ခ်ျ မရှိတဲ့ တိုင်းပြည်မှာ
ကိုယ့် မိသားစု ကို မစော်ကားသေးသမျှ
မဆိုင်သလိုသာနေကြတော့။
၉။
သေနတ်သံကြားတာနဲ့
ဒေါ်လာစားတွေ အော်ကြမယ်။
အဖြူကောင်တွေ ပြောကြမယ်။
အမည်းကောင်တွေ ကြေငြာချက်ထုတ်ကြမယ်။
စစ်တပ်မုန်းတီးရေးသမားတွေ ဆန္ဒပြကြမယ်။
စစ်တပ် ဆဲချင်တဲ့ကောင်တွေ ဆဲကြမယ်။
စစ်တပ်ကြောင့် အပြစ်ပုံချမယ့်ကောင်တွေ ၀င်ယောင်ကြမယ်။
ကီးဘုတ်ကိုင်ပြီး စစ်တိုက်မယ့်ကောင်တွေ စစ်တိုက်ကြမယ်။
၁၀။
သစ္စာဖောက်ကောင်တွေလိုမျိုး
လူရာအသွင်းမခံရတော့တဲ့
အဲဒီလို တိုင်းပြည်မှာ ။
ကျနော်တို့တစ်တွေ
စစ်သား မလုပ်သင့်ကြတော့။
မျိုးချစ်
၇၊မေ၊၂၀၁၉။
၂၂၀၀ နာရီ။
မူရင်းလင့်
https://m.facebook.com/story.php?story_fbid=582412005613437&id=100015339271581