Popular Posts!

Thursday, May 9, 2019

အန္တရာယ်ကင်းဝေး အလှကုန်ဆေး

NCBI လို့ခေါ်တဲ့ US National Center of Biotechnology Information က မြန်မာပြည်က migrant ခလေးတွေ ရဲ့သွေးမှာ ခဲအဆိပ် ပါဝင်မူ့မြင့်မားနေတဲ့အတွက် ခလေးတွေလိမ်းတဲ့ သနပ်ခါးတွေကိုစမ်းသပ်တဲ့အခါ ခဲ ပါဝင်မူ့ မြင့်မားနေတာတွေ့ရှိခဲ့ပါတယ်। သနပ်ခါးမှာ ပါဝင်တဲ့ ခဲအဆိပ်တွေ အရည်ပြား pore တွေကနေစိမ့်ဝင်ပြီး ဖြစ်ပွားမူ့ပါ ဒါပေမဲ့ သနပ်ခါးအခေါက်ကနေ ခဲအဆိပ်ဖြစ်တာမဟုတ်နိုင်ပဲ ready made သနပ်ခါးလုပ်ရာမှာ သုံးတဲ့ kaolin powder, borax, ဒါတွေကနေ ခဲအဆိပ်ပါဝင်တာဖြစ်ဖို့များပါတယ်। ဒီအဆင့်ကိုတော့ မြန်မာပြည်က ပညာရှင်တွေ ရှာဖွေသက်သေပြသင့်ပါတယ်။  ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ဘယ်သနပ်ခါးလုပ်ငန်းရှင်မှ cosmetic grade ကုန်ကြမ်းမသုံးပါဘူး သနပ်ခါးအမှူန့်ခလေးတွေကို အလွယ်လိမ်းပေးကြတာ အန္တရာယ်ရှိပါတယ် beautiful poision ဆိုပြီး NCBI အောက်မှာရှိပါတယ်။


#မြန်မာဆေး

နိုင်ငံရေးဒုက္ခသည်တွေ မြန်မာပြည်ကနေကမ္ဘာတစ်လွားပြန့်သွားချိနိမှာ မြန်မာဆေးအစွမ်းကို ကမ္ဘာတစ်လွားကသိသွားကြတယ် ဒေါ်ကြင်တို့ ထက်လင်းတို့ ထိပ်ပြောင်ကြီးတို့ တံဆိပ်မျိုးစုံခင်ဗျ နာမည်ကောင်းနဲ့သိတာတော့မဟုတ်ဘူး နာမည်ဆိုးနဲ့သိတာပါ immigrants တွေရဲ့ ကျန်းမာရေးကို အထူးပြုလေ့လာတဲ့ Australia က သုတေသနအဖွဲ့တစ်ခုကဘ၂၀၁၂ ထဲက ထုတ်ပြန်ထားတာရှိသလို မီဒီယာတွေမှာလဲကြိုကြားကြိုကြားပေါ်လာတတ်တယ် အဓိက heavy metal တွေဖြစ်တဲ့ မာကြူရီ  ခဲ ပြဒါး ဒါတွေ ပါနေကြပါတယ် heavy metal ဆိုတာကလဲ သီချင်းသာ လေးလေးကြီးနဲ့ နားထောင်လို့ကောင်းတာ metal ကျ တော့ ခန္တာကိုယ်ထဲဝင်ပြီးပြန်မထွက်ပဲ bio accumulation ဖြစ်တော့အတော်ကိုကြောက်စရာကောင်းပါတယ် ဒီမှာလူအတော်များများ ပေါ့ပေါ့ဆဆ တွက်တဲ့ အချက်နှစ်ချက် stupid taboo ရှိတယ် နွယ်မြစ်သစ်ပင်ဆေးဖက်ဝင် ဆိုပြီး အတိုင်းအဆမသိစားတာရာယ် နောက်တစ်ခုက စားတာမဟုတ်ဘူး လိမ်းဆေးပဲဆိုပြီး ပေါ့ပေါ့တွေးကြတာရာယ် နွယ်မြစ်ပင်လဲ လိုတဲ့အဟာရကို မြေကြီးကနေစုတ်ယူရလို့ heavy metal ပါဝင်မူ့မြင့်တဲ့နေရာက ဆိုရင်သဘာဝအရ heavy metal ပါဝင်မူ့ ဟာ ဒီအပင်ရဲ့အစိတ်အပိုင်းတွေမှာစုနေတတ်တယ် heavy metal ဆိုပေမဲ့ သူ့ရဲ့ molecule size က လူ့အရေပြားရဲ့ pore size ထက်ငယ်လို့ ointment တွေမှာ lubricant action နဲ့ အရေပြားထဲကို အလွယ်တစ်ကူစိမ့်ဝင်သွားတယ် ဒါကြောင့် နွယ်မြစ်သစ်ပင်ဆိုပြီး လွယ်လွယ်စားသူတွေ လိမ်းဆေးပဲဆိုပြီး ပေါ့ပေါ့ သဘောထားသူတွေ သိထားသင့်ပါတယ် heavy metal poision ဖြစ်ရင် ဘာတွေဖြစ်တယ်ဆိုတာ လူအတော်များများသိထားကြပေမဲ့ နောက်အသိနည်းသေးတဲ့အချက်က အခုနောက်ပိုင်းခေတ်စားလာတဲ့ autoimmune ခင်ဗျ ဒီ ရောဂါဟာ heavy metal poisoning ကနေလဲ ဖြစ်လာနိုင်ပါတယ် ဒါ့ကြောင့် ဘကြီးဘုန်းကြီး ဆေးနည်းတွေဟာလဲ သတိကြီးကြီထားသင့်ပါတယ်ခင်ဗျ။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!