Popular Posts!

Monday, May 6, 2019

HARI

တကယ်တော့ Singapore အောင်မြင်တာ အခြေခံနိယာမ ၃ ခုကြောင့်ပါ။ ဒီ နိယာမ ၃ ခုကို အတိုကောက် MPH လို့ မှတ်ထားလို့ ရပါတယ်။

1️⃣ M – Meritocracy 
(အရည်အသွေး အလျောက် မြှောက်စားသည့်စနစ်) merits system ( အရည်အသွေးကို အဓိကထားတဲ့စနစ်) ကို အခြေခံကျောင်းတွေထဲက လေ့ကျင့်ပေးထားတယ်။ အရည်အသွေး ထူးချွန်တဲ့သူက တော်ရင် တော်သလို ကျောင်းကောင်းတွေ တက်ခွင့်ရတယ်။ နိုင်ငံရပ်ခြားကို ပညာတော်သင်လွှတ်ခြင်းခံရတယ်။ 

တကယ်တော့ နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ဟာ ဘောလုံး အသင်းနဲ့တူတယ်။ 
ခု ယှဉ်ပြိုင်နေတဲ့ ASEAN sea games မှာယှဉ်ပြိုင်နေသလို အစိုးရအဖွဲ့ကလည်း နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နေရတဲ့ခေတ်။ 
အဲ့တော့ ကိုယ့်အသင်းကို ခြေစွမ်းထက်တဲ့၊ အရည်အသွေးပြည့်မှီတဲ့ လက်ရွေးစင်တွေနဲ့ စုဖွဲ့ပြီး ယှဉ်ပြိုင်မှ အောင်ပွဲဆင်နိုင်မှာပေါ့။ 

နိုင်ငံတကာက ပညာဆည်းပူးပြီး ပြန်လာတဲ့ ထူးချွန်လူငယ်တွေကို အစိုးရအဖွဲ့မှာ လစာကောင်းကောင်းနဲ့ နေရာပေးတယ်။
အစိုးရအဖွဲ့မှာ ဆွေမျိုးမကင်းရာမကင်းကြောင်းတွေကို စွဲခန့်တာမျိုးမရှိရဖူး။ 
အစိုးရအဖွဲ့မှာ နေရာရလာရင်လည်း အမြဲလေ့လာအားထုတ်နေရတယ်။ 
မဟုတ်ရင် ကိုယ့်ထက်အရည်အချင်း ထက်မြတ်သူနဲ့ ယှဉ်ပြိုင်လာရရင် နေရာဖယ်ပေးရပါလိမ့်မယ်။

စင်္ကာပူအစိုးရအဖွဲ့မှာ အချက် ၂ ချက်ကို အဓိကထားပြီးရွေးချယ်တယ်။ 
* Performance (စွမ်းဆောင်ရည်) နဲ့ 
* Potential ( အနာဂါတ်အလားအလာ) ပါ။ 

သူရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကလည်း ကျေနပ်စရာကောင်းပြီး သက်ဆိုင်ရာနယ်ပယ်မှာ တီထွင် ထိုးဖောက်နိုင်မှု အရည်အချင်းတွေကလည်း ပြည့်မီတယ်ဆိုရင် ရာထူးတွေတက်ဖို့လည်း မြန်ပါတယ်။
အသက်အရွယ်အရ၊ လုပ်သက်အရ ရာထူးတက်ဖို့ ဆိုရင်တော့ စင်္ကာပူမှာ မမျှော်လင့်ပါနဲ့။ 

ဥပမာပြောရရင် ကမ္ဘာ့ရေနံ company ကြီးဖြစ်တဲ့ Shell ဆိုရင် ဝန်ထမ်းတွေရွေးချယ်ရာမှာ HAIR နိယာမကိုကိုင်ဆွဲခဲ့တယ်။ 



  • H- Helicopter view ကိစ္စတိုင်းကိုအပေါ်စီးကနေ ခြုံငုံလေ့လာသုံးသပ်တတ်မှု ရှိ၊မရှိ။
  • A- Analytical view အရေးကိစ္စတွေကို စနစ်တကျ လေ့လာအကဲဖြတ်နိုင်မှု ရှိ၊မရှိ။
  • R – Reasoning အားနည်းချက် အားသာချက်တွေကို သိမြင်နိုင်မှု ရှိ၊မရှိ။
  • I – Imaging, Innovative  တီထွင်ဖန်တီးနိုင်မှု ရှိ၊မရှိ။ 

ဆိုပြီး ဝန်ထမ်းတွေကို ဆန်းစစ်ပြီး အလုပ်ခန့်တာပါ။

2️⃣ P – Pragmatism 
( လက်တွေ့ဆန်ဆန် ကျင့်သုံးသောစနစ်) 
  • စင်္ကာပူ စတင်တည်ဆောက်ခဲ့တဲ့ အချိန်တုန်းကဆို Japan ကို နည်းနမူနာယူခဲ့တယ်။ Japan လို ကျွန်းနိုင်ငံလေးက အာရှမှာထိပ်တန်း နိုင်ငံတစ်နိုင်ငံအနေနဲ့ ဘယ်လို ရပ်တည်နေလဲ အစရှိသဖြင့်ပေါ့။
  • ရေတပ်နဲ့ ပတ်သက်လာရင် ဗြိတိန်ရေတပ်ကို နမူနာယူခဲ့တယ်။
  • ဈေးကွက်စီးပွားရေးနဲ့ပတ်သက်လာရင် တရုတ်ကိုနမူနာယူခဲ့တယ်။ 
  • တရုတ်ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန်ပြောခဲ့သလို ကြောင်ဖြူပဲဖြစ်ဖြစ်၊ ကြောင်မဲပဲဖြစ်ဖြစ်၊ ကြွက်ခုတ်တတ်ရင်ရပြီ။ 

ပြောချင်တာက.....   “Just GO OUT and COPY”

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ နိုင်ငံထက် သာနေတဲ့ နိုင်ငံတွေအများကြီး။ 
သူတို့လို အောင်မြင်ချင်ရင် ဘာလုပ်ရမလဲ။ 
လွယ်လွယ်လေး။ နည်းနမူနာယူ။ 
ကို်ယ့်နိုင်ငံနဲ့ ကိုက်ညီအောင် ပြုပြင်ပြီး အသုံးချ။ 
စင်္ကာပူရဲ့ ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်တဲ့ 

Dr.Goh Keng Swee ရဲ့ ပြောစကားဆိုရင် 

“ no matter what problem Singapore encounters, somebody, somewhere, 
has solved it. Let’s us copy the solution 
and adapt it to Singapore.

” ဘာပြသနာပဲကြုံရ ကြံရ၊ ကမ္ဘာပေါ်မှာ ခုလို 
အခက်အခဲမျိုးကြုံတွေ့ရလို့ ဖြေရှင်းပြီးသား 
နိုင်ငံတွေရဲ့ ဥပမာတွေရှိတယ်။ 
နည်းယူပြီးကိုယ့်နိုင်ငံနဲ့ ကိုက်ညီအောင်လုပ်ပြီး ပြန်အသုံးချ”။ 

ခုဆို စင်္ကာပူဟာ ရေအရင်းအမြစ် စီမံခန့်ခွဲတဲ့ စနစ်မှာ ကမ္ဘာမှာ ထိပ်တန်းနိုင်ငံအနေနဲ့ ပါဝင်နေပြီ။ 
ရေလည်ပတ်စီးဆင်းမှုကို ဝယ်လိုအားနဲ့ ရောင်းလိုအားကို ထိန်းညှိပေးပြီး ဈေးကွက်ကိုထိန်းကျောင်းခဲ့တယ်။
ခုလို လက်တွေ့ဆန်တဲ့ နည်းစနစ်ကျင့်သုံးခဲ့တာလည်း စင်္ကာပူအောင်မြင်ရတဲ့ ဒုတိယအချက်ပါ။ 

3️⃣ H- Honesty ( ရိုးသားမှု အရင်းခံသောစနစ်)

  • စင်္ကာပူဟာ ဘာ သဘာဝအရင်းအမြစ်မှ မထွက်ဖူး။ 
  • ဒါပေမယ့် ဗဟိုဘဏ်က နိုင်ငံခြား အရန်ငွေအနေနဲ့ ဒေါ်လာ 300 billion ကျော်ရှိပါတယ်။ 
  • Nigeria လို နိုင်ငံဆို ရေနံထွက်ကုန်တွေကနေ ဝင်ငွေရတာ နှစ်စဉ် ဒေါ်လာသန်းရာချီပြီး ဝင်တယ်။ ဒါပေမယ့် နိုင်ငံခြားအရန်ငွေက 0 ( သုည ) ပါ။ 
  • ပြောချင်တာက အစိုးရမှာ အကျင့်ပျက် ချစားမှုကင်းဝေးပြီး ရိုးသားမှု အပြည့်ရှိတယ်ဆို အဲ့နိုင်ငံဟာ အောင်မြင်ဖို့ အခြေခံကောင်းတစ်ရပ်ကို ပိုင်ဆိုင်လိုက်တာပါပဲ။ 
  • ခုလို အခြေခံကောင်းမရှိပဲနဲ့ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ မူဝါဒတွေချ ချ၊ ဘယ်လိုမှ အဲ့နိုင်ငံဟာ မအောင်မြင်နိုင်ပါဖူး။ 
  • ဖွံ့ဖြိုးဆဲနိုင်ငံတွေမအောင်မြင်ရခြင်းရဲ့ အဓိကအချက်က အကျင့်ပျက်ချစားမှုကို သေသေချာချာ မကိုင်တွယ်နိုင်လို့ပါ။ 
  • စင်္ကာပူကို တည်ထောင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ ရိုးသားမှုကို အရင်းတည်ပြီး ပညာသားပါပါ ကျင့်ကြံခဲ့တာပါ။

ဒါကြောင့် “Incredibly Honest” 
“ မယုံနိုင်စရာကောင်းလောက်အောင် ရိုးသားပါ။ 

တကယ်တော့ ခု နိယာမ ၃ ခုမှာ Honesty က အခက်အခဲဆုံးပါ။ 

Credit # Nay Lin Tun

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!