Popular Posts!

Monday, May 6, 2019

စင်ကာပူမှာ WP ကို ဘယ်လို ခွင့်ပြုသလဲ?

စင်ကာပူမှာ WP ကို ဘယ်လို ခွင့်ပြုသလဲ?


အခုရက်ပိုင်းထဲမှာ စင်ကာပူက စက်ရုံမှာ မြန်မာတွေ ခန့်မယ်ဆိုတဲ့ အလုပ်ကြော်ငြာတစ်ခု ဖေ့စ်ဘွတ်ခ်မှာ ဖတ်လိုက်ရတာနဲ့ စိတ်ဝင်စားသူတွေ တွေးတတ်အောင်လို့ အခုပို့စ်ကို ရေးလိုက်ပါတယ်။ ကျွန်တော်ရေးသားမှုဟာ လက်ရှိ MOM  ရဲ့ ဥပဒေအရ ကိုးကားပြီးရေးထားသလို့ လက်ရှိ အချို့သူတွေကို ခြွင်းချက်အရ WP ဘယ်လိုရထားတယ်ဆိုတာတော့ ရှိကြပါတယ်။ ဒါတွေက အငြင်းပွားစရာ မလိုပါ။ ဥပမာ သန့်ရှင်းရေးလုပ်ငန်းတွေအတွက် စမ်းသပ်ကာလအနေနဲ့ အမျိုးသမီးတွေ ခန့်နေပါတယ်။
(၁) စင်ကာပူမှာ WP ကို မြန်မာတွေအတွက် စက်ရုံ (manufacturing) နဲ့ ဝန်ဆောင်မှု (service) အတွက် ချမပေးပါဘူး။ တင်ထားတဲ့ MOM က screen shot ကိုသာ ကြည့်ကြပါ။

(၂) ဒါပေမယ့် Special Case အနေမျိုးနဲ့ WP ကို မြန်မာတွေအတွက် စက်ရုံ (manufacturing) နဲ့ ဝန်ဆောင်မှု (service) မှာ ချပေးတာတော့ တွေ့ဖူးပါတယ်။ အင်မတန်ရှားပါတယ်။ အမ်အိုအမ်မှာ အလုပ်ရှင်နဲ့ အမှုရင်ဆိုင်နေရစဉ် အမှုကာလရှည်ကြာတဲ့အတွက် အလုပ်သမား စားဝတ်နေရေးအဆင်ပြေစေဖို့  စက်ရုံ (manufacturing) မှာ WP ကို (၆) လ သက်တမ်းမျိုးနဲ့ အမှုပြီးတဲ့အထိ ထုတ်ပေးထာ တွေဖူးသလို၊ ဝန်ဆောင်မှု (service) အောက်မှာ သတ်မှတ်ထားတဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ဘုန်ကြီးတွေကို WP ချပေးတာလည်း ရှိနေဆဲပါ။ ဒါပေမယ့် ဘာသာရေးအဖွဲ့အစည်းအတွက် သီးသန့်လို့သာ သိရပါတယ်။

(၃) မြန်မာတွေကို WP ထုတ်ပေးတဲ့ အလုပ်တွေက ဆောက်လုပ်ရေးနဲ့ သဘောင်္ကျင်းအပါအဝင် ရေနံ ဓာတု (process) လုပ်ငန်းတွေဖြစ်ပါတယ်။

(၄) စင်ကာပူက စီးပွားရေး အဓိကကဏ္ဍ (၅) ရပ်အတွက် (၃) ရပ်မှာသာ မြန်မာတွေအတွက် WP ချပေးတာပါ။ ဒီအထဲမှာ စက်ရုံနဲ့ ဝန်ဆောင်မှုမပါဝင်ပါ။

(၅) အကယ်၍ WP မဟုတ်ဘဲ S Pass နဲ့ ဒီစက်ရုံ အလုပ်ကို မြန်မာတွေ ရာဂဏာန်းနဲ့ ခန့်ဖို့ဆိုတာ အတော့ကို ကုန်ကျစရိတ်များပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကိုတာနဲ့ လဲးဗီးတွေကြောင့်ပါ။

(၆) အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို စက်ရုံမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး ၅၀၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။

(၆) အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို ဝန်ဆောင်မှု လုပ်ငန်းမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး  ၆၇၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။

(၇) ဒါတောင် ပထမအဆင့် ကိုတာနဲ့ ခန့်တာမို့ လဲးဗီးက ပုံမှန်နှုန်းနဲ့ ပေးရတာပါ။ အကယ်၍ ဒုတိယအဆင့်ဆိုရင် လဲးဗီးနှုန်းဟာ ပုံမှန်ထက် ၁ ဆ ခွဲ လောက် တက်သွားပါတယ်။ တတိယအဆင့်ဆိုရင် ၂ ဆ တက်ပါတယ်။

(၈) ဒါကြောင့် ဒီလောက် ဈေးကြီးတဲ့ S pass ကို ပုံမှန်အားဖြင့် မရှိမဖြစ်လိုအပ်တဲ့ နေရာတွေမှာသာ ခန့်ကြတာပါ။ အကယ်၍ စက်ရုံတွေမှာ ဒီလူ ၁၀၀ ကို S pass နဲ့ ခန့်မယ်ဆိုရင်လည်း ဥပဒေအရ သတ်မှတ်ထားတဲ့ လစာအတိုင်း အကျုံးဝင်အောင် မမှန်မကန် ဖြည့်စွက်ရမှာပေါ့။


ဒါကြောင့် စဉ်းစားကြပါ။ ရှယ်နေတဲ့သူတွေလည်း ကိုယ် ဘာတွေ ရှယ်နေတာ သဘောပေါက်ကြပါစေ။



စင်ကာပူမှာ WP ကို မြန်မာတွေအတွက် စက်ရုံ (manufacturing) နဲ့ ဝန်ဆောင်မှု (service) အတွက် ချမပေးပါဘူး။ တင်ထားတဲ့ MOM က screen shot ကိုသာ ကြည့်ကြပါ။



အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို စက်ရုံမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး ၅၀၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။


အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို ဝန်ဆောင်မှု လုပ်ငန်းမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး  ၆၇၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!