Popular Posts!

Tuesday, May 7, 2019

မြန်မာတွေ အမြက်ကျယ်ကျယ်ဖွင့် တိုးတက်နေတဲ့နိုင်ငံတွေကိုလေ့လာသင့်နေပါပြီ

ကျနော်မြန်မာလူငယ်တဦးအနေနဲ့အစိုးရကိုအားနာမိတယ်!

မြန်မာနိုင်ငံကဘယ်လောက်နောက်ကျကျန်နေပီလဲဆိုရင်အခု နိုင်ငံပေါင်းစုံကသူတို့နိုင်ငံတွေအတွက်ဖြေရှင်းနေကြတဲ ၂၁ရာစု စိန်ခေါ်မှုတွေ ဖြစ်တဲ့ climate changeတို့ nuclear energy တို့ artificial intelligenceတို့ကို မြန်မာနိုင်ငံကခေါင်းဆောင်တွေခမျာ ဖြေရှင်းနိုင်ဖို့နေနေသာသာလှည့်တောင်မကြည့်နိုင်အားပဲ ၂၀ရာစု စိန်ခေါ်မှု တွေဖြစ်တဲ့ အမျိုးသားရေးဆိုတဲ့ နိုင်တီး ဂွင်တီး အတွေးအခေါ်တွေကို ဖြေရှင်းနိုင်ဖို့ အလုပ်ရှုပ်နေတုန်းပဲရှိသေးတယ်။

တရုတ်နိုင်ငံ ရဲ့ အဆင်းရဲ ဆုံးပြည်နယ်ဖြစ်တဲ့ မြန်မာနဲ့ ကပ်ရက် ယူနန် ပြည်နယ်ဟာ အခု ငါးနှစ်အတွင်းမှာ ဆင်းရဲသူဦးရေ 11သန်းထဲက ၆သန်းကို လျော့ချ ပလိုက်နိုင်ပီး ဆက်လျော့ချနိုင်ဖို့ကြိုးစားနေတုန်းပဲ ကျနော်အခုလိုပြောလိုက်တော့ ဒီစာကိုဖတ်နေတဲ့သူက စတွေးတော့မယ် တရုတ်က ချမ်းသာတာကို အစိုးရ ကတော်တာကို ဒါပဲ တွေးတော့မယ်ဆိုတာကျနော်သိတယ် မှားတယ် ပညာတတ်တွေပေါလာတာ တရုတ်ရဲ့ ခေါင်းဆောင်တွေကိုကြည့်ပီ အဖိုးကြီးတွေဦးဆောင်နေတဲ့နိုင်ငံလို့သွားမထင်နဲ့ Policy makersတွေ အစိုးရ ရဲ့ ယနွရားကြီးကို လည်ပတ်နေကြသူတွေက လူငယ်ပညာတတ်တွေဖြစ်ပြီး သူတို့ဟာ world top universityတွေက ဘွဲ့ရထားကြတဲ့သူတွေဖြစ်တယ် world No 1 universityဖြစ်တဲ့ Harvard universityရဲ့ အဆိုအရ သူတို့ universityတခုထဲကိုပင် ဝင်ခွင့်ရဖို့လျှောက်တဲ့တရုတ် ကျောင်းသားဦးရေဟာတနှစ်ကို ထောင်နဲ့ချီရှိတယ်လို့ဆိုတယ်ဖျ။ ဒါကြောင့်  တရူတ်နိုင်ငံအစိုးရ ခေါင်းဆောင်တွေရဲ့ နောက်ကွယ် က ယနွရားကြီးကို လည်ပတ်အောင်လုပ်နေတဲ့တရုတ် လူငယ်တွေရဲ့ အတွေးအခေါ် ဟာ မီးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ ကြိုးစားနေရတဲ့ကျနော်တို့ အစိုးရ ကို ဘာမှအကူအညီမပေးနိုင်ဘဲ ထိုင်ဟာသလုပ်နေတဲ့ကျနော်တို့လို မြန်မာလူငယ်တွေရဲ့အတွေးအခေါ် ထက်အဆပေါင်းများစွာသာမယ်ဆို
တာငြင်းမရပါဘူး။

တရုတ်နိုင်ငံရဲ့လူငယ်တွေရဲ့ English ဘာသာစကားကျွမ်းကျင်လာမှုအရေအတွက်ဟာ ၂၀၁၉ခုနှစ်စစ်တမ်းအရ 63%ရှိပီး မြန်မာလူငယ်တွေရဲ့ Englishဘာသာစကားကျွမ်းကျင်မှုအရေအတွက်ဟာ 11%ပဲရှိပါတယ်। ဒါဟာအပေါ်ယံကြည့်ရင် ဘာသာစကားတတ်မြောက်မှု ပဲလို့ယူဆလို့ရပင်မယ့် English စကားကို အခြေပြုပီး နိုင်ငံတကာကို လွမ်းခြုံကြည့်နိုင်မယ့် လူငယ် တယောက်ရဲ့အမြင် အတွေးအခေါ် တွေ နိုင်ငံတကာစာပေတွေကို ထိတွေ့နိုင်မှု နှုန်း တွေကနေပီး အတွေးအခေါ်တွေဟာ မြန်မာလူငယ်တွေနဲ့ တရုတ်လူငယ်တွေကြားအများကြီး ကွာခြားသွားကြတယ်ဆိုတာငြင်းမရပါဘူး!

တရုတ်နိုင်ငံ ပဲလားဆိုရင် စင်ကာပူနိုင်ငံက လူငယ်တွေလဲထို့အတူပါပဲ Harvard universityမှာတက်ရောက်ခဲ့တဲအမလှလှဝင်းပြောစကားအရ စင်ကာပူ နိုင်ငံကလူငယ်တွေဟာ UK US universityတွေမှာ ဘွဲ့လာယူကြတာ တအုပ်တမကြီးဖြစ်ပီးworld ထိပ်တန်း universityတွေကနေ မြန်မာလူငယ်တွေက ဘွဲ့ယူနိုင်တာ ရှားတယ်လို့ပြောထားပါတယ်။ ဒါကိုကြည့်ရင် အာဆီယံနိုင်ငံအချင်းချင်းကြားထဲက လူငယ်အချင်းချင်း တောင်ကျနော်တို့ မြန်မာလူငယ်တွေလိုက်မမီဘူးဆိုတာပြသနေတာပဲ ကျနော်ဒီလိုပြောတော့ပြောကြ ပါလိမ့်မယ်။ စင်ကာပူအစိုးရက ကောင်းတာကို လို့ ပြောကြပါလိမ့်မယ်။ ဘာလို့ကောင်းတာလဲလို့ ဆက်မတွေးကြတာများပါတယ် စင်ကာပူနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနကို runနေကြတဲ့ အရာရှိတွေ အကုန်လုံးနီးပါးဟာ world ထိပ်တန်း universityတွေက ဘွဲ့ရတွေဖြစ်ပါတယ်ဒါကြောင့်လဲ နိုင်ငံတကာပညာရေးကို စင်ကာပူ ရဲ့ပညာရေးနဲ့နှိုင်းယှဉ်ပီး ကောင်းမွန်အောင် လုပ်ကာ စင်ကာပူပညာရေးကိုအာရှထိပ်တန်း အခုဆို world top ပညာရေးထဲမှာတောင်ပါနေပါပီ။

ဒါကြောင့်အမေစု မကြာခတပြောပါတယ် human resource is more precious than natural resourceတဲ့လူ့အရင်းအမြစ် ဟာ သဘာဝအရင်းအမြစ်ထက် ပိုတန်ဖိုးရှိပါတယ် ဟုတ်ပါတယ် ကျနော် တို့လူငယ်တွေ အရင်းအမြစ်တွေဟာ လက်တွေ့မှာအခြားနိုင်ငံကလူငယ်တွေလို အသုံးချလို့မရလို့ တခြားနိုင်ငံက အရင်းအမြစ်တွေဖြစ်တဲ့ပညာရှင်တွေဌားသုံးကတယ်။ ဒါကိုလဲ ကျနော်တို့ ပညာဥာဏ်နည်းပါးနေပီဖြစ်တဲ့မြန်မာ တွေဟာ ပြည်ပအားကိုးဆိုပီး ၂၁ရာစုမှာ အင်မတန် နောက်ကျနေတဲ့အတွေးအခေါ်တွေနဲ့ဝေဖန်ပြန်တယ် ဘယ်မိဘကမှ ကို့သားသမီးက အားကိုးရရင် တခြားသူကို အားကိုးစရာမလိုပါဘူး သားသမီးတွေဖြစ်တဲ့ ကျနော်တို့မြန်မာလူငယ်တွေက အားကိုးလို့မရလို့ တခြားသူကို အစိုးရက အားက်ုးနေရတာပါ။ ဒါကို ကျနော်တို့နားလည်ဖို့လိုပါတယ်။

အာဆီယံနိုင်ငံချင်း တူ တာတောင်ကျနော်တို့မိဘတွေအန်တီတွေဦးလေးတွေ ချမ်းသာမှုဆိုတာ ဘာမှန်းမသိဘဲသေဆုံးခဲ့ရပီး တခြားနိုင်ငံက လူတွေဟာ ပျော်ရွင်ပီး အဆင့်တန်းမြင့်မြင့်နေထိုင်နေပီး ကို့နိုင်ငံသားတွေကို အိမ်ဖော်အဖြစ်ခိုင်းစေနေတာကို လက်ပိုက်ကြည့်နေရတဲ့ ကျနော်တို့ ကို ကျနော်တို့မရှက်ကြတာအံ့သြမိတယ်

ဒါကြောင့် ကျနော်တို့ မြန်မာလူငယ်တွေ ကို့နိုင်ငံတိုးတက်ဖို့ ကို့အစိုးရကိုကူညီ နိုင်ဖို့ တခြားနိုင်ငံကလူငယ်တွေထက်သာဖို့လိုတယ် ရင်ဘောင်တန်းနိုင်ဖို့လိုတယ် ဒီလိုဖြစ်ဖို့ ကျနော်တို့မြန်မာလူငယ်တွေ ပညာတတ်ဖို့လိုတယ် အတွေးအခေါ်မြင့်မားဖ်ု့လိုတယ်ပီးတော့ နိုင်ငံခြင်း ပြိုင်ဆိုင်ချင်တဲ့စိတ်ရှိဖို့လိုတယ် လို့ကျနော်အမြင်ကိုပြောပါရစေ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!