အထူးသတင်း
ရန်ကုန်လေဆိပ် ဘီမန်လေယာဉ်ပျံအဆင်း Cargo Terminal နားမှာ လမ်းချော်လို့ လေယာဉ်သုံးပိုင်း ခေါက်သွာတယ်။
လေယာဉ်မှုး ခေါင်းပေါက်သွားပေမယ့် ခရီးသည်တွေအန္တရာယ် မဖြစ်ဘူးလို့ကြားရတယ်။
တီဂျီ ဘန်ကောက်အပြန် နဲ့ တခြားလေယာဉ်တွေပျံတက်ဖို့ လောလောဆယ် ပြေးလမ်းပိတ်နေတယ်။
ဆင်းလာမယ့်လေယာဉ်တွေ လမ်းခွဲပြီး တခြားလေဆိပ်ကိုဦးတည်နေကြပါတယ်။
ဒီညအဖို့ ပြည်တွင်းလေယာဉ်တွေက နေပြည်တော်ကို ပြန်လှည့်သွားကြပြီး ပြည်ပလေယာဉ်တွေက ချင်းမိုင်ကိုပြန်လှည့်ပြီး စောင့်နေကြပါတယ်။
ကိုဇော်
ဘန်ကောက်
ရန်ကုန်လေဆိပ်မှာ ဖြစ်တာလို့သိရ...
ဘီမန်းလေယာဉ်ပါ။ သုံးပိုင်းကျိုး။C/P ခေါင်းပေါက်။ ကျန်တဲ့ ခရီးသည်တွေ ဘာမှမဖြစ်ပါ။
Yangon International Airport လေယာဉ်ပြေးလမ်းချော် ဒဏ်ရာ ရရှိသူများအား အရေးပေါ် ကယ်တင်လျက်ရှိပါသည်။
လူအယောက် ၄၀ ကျော် ဒါဏ်ရာရ ဆေးရုံသို့ ပို့ဆောင်နေပါပြီ။
Credit-Than Zaw
#ZawMaubin
Biman ရန်ကုန်ကွင်းမှာ လေယာဉ် overruns ဖြစ်... ခရီးသည် ၂၈ လေယာဉ်တောင်ပံကျိုး... ခရီးသည်အထိအခိုက်အနည်းငယ်... လေယာဉ်မှူးများ အထိအခိုက်ရှိ..
Credit .ကို Aung Po
မိုးသက်လေပြင်းကျချိန်တွေမှာ ရန်ကုန်ကွင်းဟာ သတိထားရတဲ့ကွင်းထဲမှာပါပါတယ် .,.
ပြေးလမ်းချော်တာတွေဖြစ်တတ်တယ်.,
India Airline ၊ SQ Airline ၊ ပြည်တွင်းအဲလိုင်းထဲမှာလဲဖြစ်ဖူးတယ် .,,
အခုဒီညဖြစ်သွားတာက ဘင်္ဂလားဒက်ရှ်အဲလိုင်းပါ ..
ခရီးသည်အသေအပျောက်တော့မရှိဘူးကြားပါတယ် .,
ဖြစ်သွားတာက Dash - 8 အမျိုးအစား Q400 ပါ ..
ကျွန်တော်သဘောကျတဲ့လေယာဉ်အမျိုးအစားထဲမှာပါပါတယ် .,
လေယဉ်က ATR တွေထက်အင်ဂျင်ပါဝါကောင်းသလို လူပိုဆန့်တယ်., ပိုမြန်တယ် .,
ပန်ကာလေယာဉ်ဆိုပေမဲ့ လေယဉ်အတွင်းဆူညံမှု့လျှော့ချထားတယ် ..
ဒီညဖြစ်စဉ်မှာခရီးသည်အသေအပျောက်မရှိပေမဲ့ လေယာဉ်ကသုံးပိုင်းလောက်ကျိုးသွားတယ်ဆိုတော့ သုံးလို့မရနိုင်တော့ပါ ..
လောလောဆယ်တော့ ပြေးလမ်းရှင်းဖို့ရန်ကုန်ကွင်းပိတ်ထားတဲ့အတွက် ရန်ကုန်ဆင်းမဲ့လေယာဉ်တွေ Divert လုပ်တာတို့ ၊ အခြားမြို့ကမထွက်ရသေးတဲ့လေယဉ်တွေ ပြေးလမ်းဖွင့်ထိစောင့်တာတို့လုပ်နေကြပါတယ် ..,
8.5.2019
#Tun Tun Win
No comments:
Post a Comment