- နိုင်ငံခြားရောက်နေပြီး အဝေးရောက် မြန်မာ့ကွန်ပျူတာဒီပလိုမာ Diploma in Science D.sc(Computer Science) နှင့် မဟာဘွဲ့လွန် Master of Science M.Sc(Computer Science)တွေကိုသင်ယူလို့ရပါပြီ!
- မြန်မာ့ကွန်ပျူတာတက္ကသိုလ်သိပ္ပံကဖွင့်လစ်ထားတဲ့ အင်တာနက်ရှိတဲ့ ဘယ်နေရာမဆို လေ့လာ သင်ယူလို့ရတဲ့ ၀က်ဘေ့သင်တန်းလေးတခုပါဘဲ! အထူးသဖြင့် နိုင်ငံခြားရောက်ပြီး ဈေးသက်သက် တာတာနှင့် လေ့လာလို့ရတဲ့သင်တန်းတခုပါဘဲ၊ သင်တန်းကြေးက ကျပ် ၁သိန်း၂သောင်း(S$200)ထဲပါ၊ ဘယ်နေရာမှာဒီဈေးနှုံးနှင့် မရပါဘူး! နိုင်ငံတကာလက်မှတ်ဖြစ်သော CCNA,CCNP, ITIL,CompTIA,MCSE,MCITP,MCSA,MCTS,MCSM,MCM သင်တန်းတွေက ဈေးကြီးတယ်လေ!
- အဲ!ကွန်ပျူတာနှင့်ပတ်သက်ပြီးဘာလက်မှတ်မရှိသေးရင် ဒီသင်တန်းက အကောင်းလို့ထင်ပါတယ်၊ မြန်မာပြည်မှာဘာနေမှ သိပ်ပြီးအသုံးဝင်ကျမှာမဟုတ်ပေမဲ့ နိုင်ငံခြားထွက်ရင် ဘာချက်လာဘွဲ့ဆိုတဲ့ degree ဆိုတာက လူတယောက်ရဲ့အရေအချင်းနှင့်ဆိုင်တယ်လေ၊ အလုပ်မှာ အတွေ့ကြုံဘယ်လောက်ရှိရှိ အရာရှိနေရာအတွက် အရမ်းကိုလိုအပ်တဲ့ လက်မှတ်တွေပါ၊ (ဘာလိုဒီလိုပြောရလဲဆိုတော့ မြန်မာပြည်မှာ အထင်မှားနေတဲ့ နိုင်ငံခြားမှာကျောင်းတက်ရင် ကောင်းမယ်လို့ထင်နေကျတာဘဲ! အလုပ်ရှာရတာလွယ်တာနှင့် PR ဆိုတဲ့ Permanet Residence ရတာဘဲ(အခုတော့ ကျောင်းပြီးတာနှင့် PR မပေးတော့ပါဘူး)၊ နိုင်ငံခြားတက္ကသိုလ်ရောက်ဖို့ဆိုတာက ခလေးတွေ စာတော်ပြီး အစိုးရကျောင်းကောင်းတွေမှာဝင်ဖို့ဆိုတာကလဲခက်တယ်လေ၊ ငွေကြေးတတ်နိုင်တဲ့ Inrenational School ဆိုတဲ့နိုင်ငံတကာကျောင်းကောင်း တွေနှင့် ထားနိုင်တဲ့ မိဘတွေကတော့ ကိစ္စမရှိပေမဲ့ စာမတော်တဲ့ခလေးတွေအတွက်တော့ Polytechnic ဆိုတဲ့ Diploma အဆင့် နှင့် Institute in Technical Education(ITE College) အဆင့် နှင့်ဘဲ ခလေးတွေရဲ့အရည်အချင်းတွေကို အောက်ကိုချလိုက်တာဘဲ အဖတ်တင်ပါလိမ့်မယ်၊ မြန်မာပြည်မှာဘွဲ့ဆိုတဲ့ GCE O level နှင့် Degree ရဘို့လွယ်နေလို့ပါဘဲ! အဲ! နိုင်ငံခြားဘာသာစကားကောင်းကောင်းပြောနိုင်ဖို့တော့ လိုတယ်နော်!)
- ဒါပေမဲ့ အစဆုံးကိုယ်တိုင်လေ့လာသင်ကြားမှရမှာမို့ အသေချာရှင်းပြပေးမဲ့အနီးကပ်ဆရာမရှိတော့ သင်ကြားရတဲ့ အပိုင်းမှာ နဲနဲတော့ခက်ပါလိမ့်မယ်၊ အီးမေးနှင့်ဘဲ အမေးအဖြေလုပ်လို့ရအ့တယ်၊ဒါကလဲ နိုင်ငံခြားရောက်ရင် ဒီလိုဘဲလေ့လာပြီး ဘလော့ဂျက်(Project)တွေလုပ်ရဖို့အစပျိုး ပေးတာထင်တာဘဲလို့! တော်တော်လေ့လာပြီးသင်ယူရပါလိမ့်မယ်! ဟဲဟဲ!!!........
စိတ်ဝင်စားရင်အသေးစိတ်ကို-
- ရန်ကုန်ကွန်ပျူတာသိပ္ပံပညာဌာန၊ရန်ကုန်မြို့၊
- Phone:951536635
- email:wbts@myanmar.com
- Website:www.wbts.com/dcs/ မှာစုံစမ်းလို့ရပါတယ်၊
လိုအပ်ချက်ကတော့-
- တက္ကသိုလ်ဘွဲ့တခုရပြီးသူမည်သူမဆို တက်ရောက်နိုင်ပါတယ်၊
- သင်တန်းကာလ တနှစ်၊Module ၈ ခုသင်ယူရမည်၊
- www.wbts.com.mm/dcs ၀က်ဆိုဒ်မှ တဆင့်ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ပါတယ်၊
- အင်တာနက် internet connecton ရှိတဲ့ မည်သည့်နေရမဆိုသင်ယူလေ့လာနိုင်ပြီး မိမိအားလပ်တဲ့အချိန်တွေမှာ သင်ယူနိုင်ပါတယ်၊
- လျှောက်လွှာတင်ခြင်း Application From မှစတင်၍ စာမေးပွဲဖြေဆိုခြင်းထိ Paperless သင်ယူလို့ရပါတယ်၊
- အသံ၊ရုပ်ပုံ၊စာသားများကို Mutimedia စနစ်ဖြင့် ရှင်းလင်းသင်ယူနိုင်ပြီး အချိန်မရွှေးနေရာမရွှေး မေးမြန်း ဆွေးနွေးနိုင်ခြင်း တို့ပါရှိပါတယ်၊
- အိမ်စာတင်ခြင်း Assignment နှင့် အစမ်းစာမေးပွဲဖြေဆိုခြင်း Pre Examination တွေပြုလုပ်နိုင်ပါတယ်၊
ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာ
ပညာရေးဝန်ကြီးဌာန ရန်ကုန်တက္ကသိုလ် လူစွမ်းအားဖွံဖြိုးမှုဌာန၏အစီစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာ ပညာရေးဌာနတွင် ဘွဲ့လွန်ဒီပလိုမာ Diploma in Computer Science ကို Web Base Techinh System ကို ၂၀၀၅ ဇွန် မှာစတင်ခဲ့ခြင်းဖြစ်ပါတယ်၊
သင်ကြားပေးတဲ့ဘာသာတွေကတော့-
- COMP 511- ComputerSystem and Computer Programming
- COMP 512- Information System I
- COMP 513- Computer Mathetics Anf Models I
- COMP 514- Computer Applation I
- COMP 521- ComputerSystem and Computer Programming II
- COMP 522- Information System II
- COMP 523- Computer Mathetics Anf Models II
- COMP 524- Computer Applation II
ကဲ! သူငယ်ချင်းများထဲက ကွန်ပျူတာနှင့်ပတ်သက်တဲ့ လက်မှတ်တွေမရှိသေးရင် ဒီသင်တန်းကသင်ကို အထောက်ကူပြုပါလိမ့်မယ်၊ အဲ! ဆက်လက်ပြီး Master ဆိုတဲ့ M.Sc(Computer Science) ကိုလဲဆက်လက်သင်ယူနိုင်ပါတယ်.....
Web-Based Teaching System for M.Sc. (Computer Science) |
COURSE CATALOG
အသေးစိတ်ကို-
TEL:951536635
EMAIL:wbts@myanmar.com.mm မှာစုံစမ်းလို့ရပါတယ်!!!
No comments:
Post a Comment