Popular Posts!

Saturday, September 1, 2012

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့ကို ငါးနှစ်အတွင်း အာဆီယံအဆင့်မီရန် ရည်မှန်း

ယွန်းနှင်းဖြူ
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
 
ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့အား Centre of Excellence (COE) များ အနေဖြင့် ယခု ၂၀၁၂ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ကာ အင်ဂျင်နီယာဘွဲ့ တိုက်ရိုက်ရယူ နိုင်မည်ဖြစ်ပြီး ငါးနှစ် အတွင်း နိုင်ငံတကာအဆင့်မီရန် မဖြစ် နိုင်သေးသော်လည်း အာဆီယံအဆင့်မီ ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့၌ ခြောက်နှစ် တက်ရောက်ရမည်ဖြစ်ပြီး အင်ဂျင်နီယာဘွဲ့(B.E) အင်ဂျင်နီယာဘွဲ့ ချီးမြှင့်မည်ဖြစ်ရာ တက်ရောက်လိုသော ကျောင်းသားများသည် တက္ကသိုလ်ဝင် တန်းအမှတ် အနည်းဆုံး ၄၅၀ အထက် ရရှိရမည်ဖြစ်သည်။
" ဒီလမ်းကြောင်းက အင်ဂျင်နီယာဘွဲ့ ရရှိဖို့ တိုက်ရိုက်တက်ရောက်ရတဲ့ လမ်း ကြောင်းပါပဲ။ အရင်ကဆို ဘွဲ့ရဖို့အတွက် AGTI နဲ့ B.Tech အဆင့်တွေအောင်မှ တက်ရောက်ခွင့်ရှိတာ။ AGTI သင်ရိုးဆို တာကလည်း သုံးနှစ်အတွင်း လုပ်ငန်းခွင် ပြင်ပမှာ အလုပ် လုပ် ကိုင်နိုင်အောင် အဓိကထား သင်ကြားပေးတာပဲ။ ဒါ ကြောင့် B.E တက်ရောက်ရမယ့်လမ်း ကြောင်းနဲ့ AGTI လမ်းကြောင်းတွေကို ခွဲ လိုက်တာ အရမ်းကို ကောင်းပါတယ်" ဟု သတ္တုတွင်းဌာနမှ အငြိမ်းစားဌာနမှူး ဦးသိန်းလှိုင်က ပြောကြားသည်။
အစိုးရနည်းပညာကောလိပ် (GTC) တွင် သင်ကြားသော ဆရာမတစ်ဦးကမူ ဆရာဆရာမများဘက်မှလည်း အရည်အသွေး ဖြည့်တင်း ရန် လိုအပ်လာမည် ဖြစ်သည်ဟု ဆိုသည်။ "အခုလို တော်တဲ့ကျောင်းသားတွေကို အင်ဂျင်နီယာကျောင်းကို တက်ရောက်တာနဲ့ တစ်ပြိုင်နက် ဆရာမတွေဘက်ကလည်း အရည်အသွေးကိုဖြည့်ဖို့ လိုအပ်ပါတယ်။ ဒါဟာ အင်ဂျင်နီယာကျောင်းတွေအတွက် ကောင်းမွန်တဲ့ အလားအလာပါ။
အရင်ဆို ကျောင်းသားတွေက စာမေးပွဲကို အလွယ်အောင်သွားတော့ အပြင်လောကမှာ အလုပ်လုပ်ကိုင်ဖို့ဆို ရင် အရည်အချင်း မပြည့်တာတွေ ဖြစ်နေတယ်။ ဒါကြောင့် အရည်အချင်းရှိတဲ့ ဆရာတွေလိုပဲ အရည်အချင်းရှိတဲ့ ကျောင်းသားတွေရှိဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ပြောသည်။
AGTI အတွက်ကိုမူ တက္ကသိုလ်ဝင် တန်းအမှတ် ၃၆၀ သတ်မှတ်ထားပြီး အောင်လက်မှတ်ရရှိရန်အတွက် သုံးနှစ် တက်ရောက်ရ မည်ဖြစ်သည်။ AGTIမှ အောင်မြင်ကာ အင်ဂျင်နီယာဘွဲ့တက် ရောက်ရန်အတွက် အဆင့်မီသူများကိုမူ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည် နယ်များ၌ ဆက်လက်တက်ရောက်နိုင်ရန် နည်းပညာတက္ကသိုလ်တစ်ကျောင်း စီသာ ဖွင့်လှစ်ပေးမည်ဖြစ်သည်။
AGTI မှ အင်ဂျင်နီယာဘွဲ့သို့ ဆက်လက်တက်ရောက်ခွင့်ရသည့် ကျောင်းသားများသည် စတုတ္ထနှစ်မှ စတင်တက် ရောက်ရမည် ဖြစ်ပြီး၊ မတက်မီ အကြိုသင်တန်း (B.E Orientation)ကို တက် ရောက်ရမည်ဖြစ်သဖြင့် စုစုပေါင်း ခုနစ်နှစ် တက်ရောက် ရမည် ဖြစ်သည်။
၎င်းတို့အနက် ဂုဏ်ထူးတန်းတက် ရောက်ရန် အဆင့်မီသူများသည် ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့တွင် ဆက်လက် တက်ရောက်နိုင်သည်။ ထို့ပြင်AGTI မှ B.Tech တက်ရောက်ရန် အဆင့်မီသောကျောင်းသားများမှာမူ နှစ်နှစ် တက်ရောက်ပြီး B-Tech (Bachelor of Technology) ဘွဲ့ရရှိမည် ဖြစ်သည်။
B.Tech သင်တန်းတွင် လက်ရှိတက် ရောက်နေသော ကျောင်းသူ မငုငုက "အခုဆိုရင် AGTI အတွက် တက္ကသိုလ် ၀င်တန်း အမှတ် တွေက မြင့်ပြီသွားတယ်။ အရင်က ၃၂၀ ကနေအခု ၃၆၀ အထိ မြင့်သွားတော့ အမှတ်နိမ့်ပြီး ဒီဘာသာ ကို စိတ်ဝင်စားတဲ့ သူတွေ အတွက်ကတော့ နစ်နာတာပေါ့။ အခုလို စည်းကမ်း တွေကျပ်လာတော့ ပိုပြီးကြိုးစားရတော့မယ်" ဟု ပြောသည်။
Ref:myanmartime      

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!