ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈

အခုလိုဒီမိုကရေစီခေတ်ကိုဦးတည်ချီတက်နေချိန်မှာ ပိုပြီးနိုင်ငံတော် ရဲ့ဖွဲ့စည်းပုံဥပဒေတွေကို ပိုပြီးနားလည် သဘောပေါက်ထားသင့် ပါတယ်၊ ဒါတွေသိမှ နိုင်ငံတော်ကိုဦးဆောင်နေကျတဲ့ ခေါင်းဆောင်လူကြီးတွေ ရည်မှန်းချက်ပန်းတိုင် လုပ်ကိုင်မှု၊ အုပ်ချုပ်မှုတွေနှင့်လုပ်ဆောင်နေတာတွေ နိုင်ငံတော်အတွက် အကျိုးးရှိတယ်၊ ကောင်းတယ၊် မကောင်းဘူးဆိုတာကိုသိနိုင်မှာမို့ပါ၊ နိုင်ငံသားတွေ ဘာမှမသိရင် ဘာမှဖြစ်လာကျမှာ မဟုတ် ပါဘူး! ဘာတွေတောင်းဆိုမှန်းသိမှာ မဟုတ်ပါဘူး! နိုင်ငံသားတွေလိုအပ်ချက်တွေတောင်းဆိုလို့ရတာတွေနှင့် အခြားသောလိုအပ်ချက်တွေလဲပါပါတယ်၊ ဒါတွေက ဒီမိုကရေစီရဲ့အနှစ်သာရတွေပါဘဲ! ဒါကြောင့်
မိမိနိုင်ငံရဲ့အနာဂတ် နိုင်ငံသားတွေရဲ့ အနာ ဂတ်တွေ ဒီဖွဲ့စည်းပုံဥပဒေကြီးထဲမှာရှိနေကျဆိုတာ နိုင်ငံသားတော်တော်များများသိလိမ့်မယ်မထင်ပါဘူး၊ မိမိရဲ့နိုင်ငံဖွဲ့စည်းပုံဥပဒေကိုဘာမှန်းမသိသည့်
နိုင်ငံသားများဖြင့် တည်ဆောက်ပုံဖော်နေသော နိုင်ငံတခုသည် မည်သို့ဖြစ်မည်နည်းဆိုတာ စဉ်းစား တာကြည့်ပါတော့!!!
ဒါတွေကိုသိတဲ့ NLD အဖွဲ့စည်းတွေကဘဲ ဖွဲ့စည်းပုံဥပဒေမှာ လိုအပ်နေတဲ့ပြင်ဆင်မှုတွေကို တောက်လျှောက်တောင်းဆိုနေကျတာပါ၊ ခေတ်နောက်ကျနေတဲ့ အဓိက နိုင်ငံတော်အဖက်ဖက် ဖွံဖြိုးတိုးတက်ရေးတွေအတွက်ပါဘဲ၊
ဟဲဟဲ! မြင်ဖူးဖတ်ဖူးကျတဲ့လူတွေလဲတော်တော်ရှားပါလိမ့်မယ်ထင်တယ်(ကျွှန်တော်အပါအ၀င်ပါ အခုမှ မြင်ဖူးပါတယ်ဖတ်ဖူးတာပါ)
ကဲ! ဒါတွေကြောင့် မြန်မာနိုင်ငံသားတိုင်း သိထားသင့် ဖတ်သင့် လေ့လာထားသင့်ပါတယ်လို့ဘဲပြောပါရစေ....
အခြားဆက်စပ်သတင်း-မြန်မာဥပဒေမူကြမ်းများနှင့်နည်းဥပဒေများ

No comments:
Post a Comment