Popular Posts!

Sunday, September 16, 2012

စားသုံးသူ အန္တရာယ် ဖြစ်စေနိုင်သည့် ဆိုးဆေးများပါဝင်သောအစားအသောက် ရောင်းချမှုကို စစ်ဆေး တွေ့ရှိပါက အရေးယူမည်ဟု ကြေညာ

အခုထိ Peninsula  Plaza ရွှေဗမာတွေဆိုင်တွေမှာ မြန်မာပြည်ထုတ်စားသောက်ကုန်တွေဖြစ်တဲ့ ငရုတ်သီးမှုန့်၊ ငရုတ်ဆီ၊ ပဲကြီးလှော်၊ လက်ဖက်၊ ငါးပိ၊ ပဲဝါလေး၊ ပုဇွန်ချဉ်၊ မျှစ်နှင့် အသင့်စားမုန့်ထုပ် (Snack) များရောင်းနေကျတာ   ကင်ဆာဖြစ်နိုင်သော ဓာတုဆိုး ဆေးများမှာ စားသောက်ကုန် များတွင် အသုံးမပြုရန် တားမြစ်ထား သော Rodamine B နှင့် Auramine O တို့ဖြစ်ပြီး အားလုံးဆိုးဆေးတွေ မပါရှိတော့ ကင်းစင်နေပြီလားတော့မသိပါဘူး! 

စကာင်္ပူ AVA ကစစ်ဆေးပြီးပြီလို့ ဆိုးဆေးမပါရှိ ကင်းစင်လို့ ရောင်းနေတာဘဲလို့ထင်ပါတယ်၊ ကဲ !အပေါင်းအသင်းများ ဘယ်လို ထင်မြင်ကျပါသလဲ? ပြောကျပါအုံး........

Peninsula Plaza မှာရွှေဆိုင်တွေလဲတဖြေးဖြေးပိုများလာတာကိုလဲသတိထားမိတယ်၊ အရင်လွန်ခဲ့တဲ့ ၅နှစ်က ရွှေဆိုင်တွေဆိုလို့ လက်ချိုးရည်လို့ရတယ်၊ အခုတော့ ၆၊၇ ထပ်ထိရောက်ကုန်ပြီ၊ ဆိုင်ဟောင်းတွေပြုတ်တဲ့လူပြုတ် ဆိုင်အသစ်ဖွင့်တဲ့သူဖွင့်နှင့်တော်တော်ကိုဈေးဆိုင်စီးပွားရေးတွေ အဆင် နေကျလို့ ဆိုင်တွေများ လာတာပေါ့နော်.....
ဒီကရွှေဗမာတွေများကတော့ ဗမာအစာတွေငတ်ပြတ်နေကျတော့ ၀ယ်ခြမ်းစားနေကျတာကိုတွေရတယ်၊  အခုထိလဲ အတူစုပေါင်းစားနေကျတဲ့အိမ်က သူငယ်ချင်းစားဖိုမှုးမလေးတွေ ၀ယ်ခြမ်းစားနေတုန်းပါဘဲလေ၊ ဟိုတလောကဘဲ ၀တ်သားမစားတဲ့ ကိုရွှေကလေးက ငပိရည်၊ ပုဇွန်ချဉ်တွေ ၀ယ်လာပါသေးတယ်! ဘယ်လိုအန္တရယ်ရှိမရှိ ဘာမှမသိကျဘူးလေ!  လက်ဖက်တွေလဲ တံဆိပ်(၁၀၀)ကျော် ဆိုတော့ ၇၀%နီးပါးဆိုတော့ကောင်းသေးရဲ့လား!

ကဲ! ဘယ်လိုပြောပြရမှန်း၊ ဘယ်လိုလုပ်ရမတုန်း? အကြံဥာဏ်လေးပေးကျပါအုံးလား!

ဒါပေမဲ့ စားသုံးသူတွေ နဲနဲတော့သတိထား ဂရုမိဖို့ နှင့် ဘယ်လိုအစားအသောက်တွေ ဘာလိုတံဆိပ် တွေကိုရွှေးချယ်စားသုံးသင့်သလဲ ဆိုတာတွေကို သတိထားမိစေဖို့ စုစည်းပြီးတင်ပေးလိုက်ပါတယ်...

ရွှေဗမာတွေက ငပိ၊လက်ဖက်သုပ်တွေအရမ်းကိုကြိုက်တယ် မဆင်မခြင်စားတတ်ကျတယ်လေ.(ဒီမှာက အပြင်မှာစားရတဲ့ စရိတ်ကကြီးနေကျတော့)


ရန်ကုန်မြို့ရှိ ဈေးများတွင် စားသုံးသူ အန္တရာယ် ဖြစ်စေနိုင်သည့် ဆိုးဆေးများ ပါဝင် သော အစားအသောက် ရောင်းချမှုကို စစ်ဆေး တွေ့ရှိပါက အရေးယူမည်ဟု ကြေညာ
ရန်ကုန်မြို့ရှိ ဈေးများတွင် စားသုံးသူအား အန္တရာယ် ဖြစ်စေနိုင်သည့် ဆိုးဆေးများ ပါဝင်သော အစားအသောက်များ ရောင်းချမှုကို စစ်ဆေး တွေ့ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ရောင်းချသူများကို ကြေညာ အသိပေးချက် အရ သိရှိရသည်။

ဆိုးဆေး ပါဝင်သော အစားအသောက်များသည် စားသုံးသူအား ဘေးအန္တရာယ် ဖြစ်စေနိုင်သည်ကို သိရှိပြီး ဖြစ်၍ ဈေးများတွင် ယင်းအစားအသောက် ရောင်းချသူများကို ဆိုင်ခန်း ပိတ်သိမ်းသည် အထိ အရေးယူ သွား မည်ဖြစ်ကြောင်း ကြေညာချက် အရ သိရှိရသည်၊
''ဆိုးဆေးပါတဲ့ အစားအသောက်တွေက စားသုံးသူကို အန္တရာယ် ဖြစ်စေနိုင်တယ် ဆိုတာ စားသုံးသူရော ရောင်းချသူတွေပါ သိရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဈေးတွေမှာ စားသုံးသူ အန္တရာယ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်တွေ ရောင်းချနေတာကို စစ်ဆေး တွေ့ရှိရင် ဆိုင်ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်သွားပါမယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ဈေးများတွင် ဆိုးဆေး ပါဝင်နိုင်သည့် အစားအသောက် ရောင်းချသူများ အနေဖြင့် ဗဟို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့(FDA) တွင် စစ်ဆေးခံသော နမူနာပစ္စည်း အတိုင်းသာ ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

''အခုနောက်ပိုင်း စားသောက်ကုန်တွေမှာ ဆိုးဆေးတွေ ပါနေတဲ့အတွက် အစားအသောက်တွေကို ရွေးချယ်ပြီး စားရမလို ဖြစ်နေပြီ။ အခု ပဲကြီးလှော် လို အသေးအမွှားလေးတွေမှာ တောင်မှ ဆိုးဆေးပါတယ် ဆိုတော့ တခြား အစားအသောက်တွေလည်း ဘယ်လို ရှိမလဲ။ ဆိုးဆေးကင်းတဲ့ အစားအသောက်တွေ ရဖို့အတွက်ကို ရောင်းချသူတွေတင် မကဘဲ ထုတ်လုပ် ဖြန့်ဖြူးသူကိုပါ ကြပ်ကြပ်မတ်မတ် လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်''ဟု စားသုံးသူ တစ်ဦးက ပြောပြခဲ့သည်။

သို့ရာတွင် ဆိုးဆေး ပါဝင်သည့် အစားအသောက်များ ဈေးကွက် အတွင်း ပျံ့နှံ့နေသည့် အတွက် စားသုံးသူများ အန္တရာယ် မဖြစ်စေရန် ဈေးကွက် အတွင်း ရောင်းချနေသော အစားအသောက် များတွင် ဆိုးဆေး ပါဝင်ခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာမှ ရှောင်တခင် စစ်ဆေးမှုများ မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု သိရှိရသည်။

ထိုသို့ စစ်ဆေးမှု အရ ပြီးခဲ့သည့် မေလဆန်းပိုင်းက ရန်ကုန်မြို့၏ လက်လီလက်ကားဈေးကြီး ဖြစ်သော ညောင်ပင်လေးဈေး အတွင်း ရောင်းချလျက် ရှိသော လက်ဖက်၊ ငါးပိထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီနှင့် ပဲကြီးလှော် တို့တွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေသော Auramine-O နှင့် Rhodamine-B အစ ရှိသည့် ဆိုးဆေးများ အသုံးပြုထားသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။ ဆိုးဆေး ပါဝင်မှုကို တွေ့ရှိခဲ့သည့် အစားအသောက်များကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဆိုးဆေး ပါဝင်သည့် အစားအသောက် များ ရောင်းချသည်ကို ထပ်မံ စစ်ဆေး တွေ့ရှိပါက ရောင်းချသူများကို အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဈေးများ အတွင်းရောင်းချလျက်ရှိ သော ပုစွန်ချဉ်များ ကိုအစားအသောက် နှင့်ဆေးဝါး ကွပ်ကဲရေးဌာနမှ နမူနာယူ ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ကင်ဆာ ရောဂါကို ဖြစ်ပွားစေသော ဓာတုဆိုးဆေးများအသုံး ပြုထား ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပုစွန်ချဉ်များ တွင်အသုံးပြုထားသော ဓာတုဆိုး ဆေးများမှာ စားသောက်ကုန် များတွင် အသုံးမပြုရန် တားမြစ်ထား သော Rodamine B နှင့် Auramine O တို့ဖြစ်ပြီး အဆိုပါ ဓာတုဆိုးဆေးများမှာ လူသုံးကုန် ပစ္စည်းများတွင် ထည့်သွင်း အသုံးပြုသည့် ဆိုးဆေးများဖြစ်ပြီး အစား အသောက်များ တွင် ထည့်သွင်း အသုံးပြု ပါက ကင်ဆာရောဂါဖြစ်ပွား စေကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
“ဌာနအနေနဲ့ ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီက ဈေးတွေမှာ ရောင်းချ နေတဲ့ စားသောက်ကုန် ပစ္စည်းကို နမူနာ ပို့ပေးပါတယ်။ နမူနာပို့တဲ့ စား သောက်ကုန် တွေမှာ စားသုံး ရန်မသင့်တဲ့ ပစ္စည်း ဆိုရင် တရားဝင် ထုတ်ပြန်ပေးပါ တယ်။ အခုပုစွန်ချဉ် ကိုစစ်ဆေးတဲ့ အခါ မှာ စားသုံးရန် မသင့်တဲ့ ဓာတု ဆိုးဆေး ကိုတွေ့ရတယ်” ဟု ၎င်းကပြောသည်။
ကျန်းမာရေး ၀န်ကြီးဌာနအစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန အနေဖြင့် စားသောက် ကုန်များ ထုတ်လုပ် ခြင်း၊ တင်သွင်းခြင်းများ အတွက် စား သုံးရန်သင့် မသင့်ကို ဓာတ်ခွဲစမ်း သပ်ပေး နေသလို ဈေးကွက် အတွင်းရောင်းချနေ သည့် ဆေးဝါး များကိုလည်း နမူနာယူကာ သုံးစွဲရန် သင့်မသင့်ကိုလည်း ဓာတ်ခွဲစမ်း သပ်ပေး လျက်ရှိသည်။ စားသောက်ကုန် များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းရောင်း ချခြင်း အတွက် ကျန်းမာရေး နှင့် ညီညွတ် စေရန် သတ်မှတ်ပေးထားပြီး သတ်မှတ် စည်းကမ်း အတိုင်း လိုက်နာခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈အရ အရေးယူ ခံရမည်ဖြစ်ပြီး မိုဘိုင်း ဓာတ်ခွဲခန်း ယာဉ်ဖြင့်လည်း ရှောင်တခင် ၀င်ရောက် စစ်ဆေး သွားမည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
Ref:theyangonpost

Saturday, November 5, 2011

အသင့် စားသုံးနိုင်သည့် မုန့်ထုပ် အချို့တွင် ဆိုးဆေး ပါဝင်ကြောင်း စစ်ဆေး တွေ့ရှိ

ရန်ကုန်မြို့ ဈေးအချို့တွင် ရောင်းချသော အသင့်စားသုံးနိုင်သော မုန့်ထုပ် (Snack) အချို့တွင် ဆိုးဆေးများပါဝင်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။
ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိရသော အသင့်စားမုန့်ထုပ် (Snack) များကို သိမ်းဆည်းထား၍ ဖျက်ဆီးမှုများပြုလုပ်ရန် စီစဉ်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ရန်ကုန်မြို့ရှိ ဈေးများတွင် ဆိုးဆေးများ ပါဝင်သော စားသောက်ကုန်များ ရောင်းချခြင်း ရှိ မရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အပါအ၀င် အဖွဲ့အစည်းများ ပူးပေါင်း၍ ဆက်တိုက် စစ်ဆေးလျှက်ရှိရာ ဆိုးဆေးများပါဝင်သည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
လက်ရှိ နောက်ဆုံးစစ်ဆေးထားပြီး သိမ်းဆည်းရမိသော ဆိုးဆေးပါဝင်သည့် စားသောက်ကုန်များတွင် လက်ဖက်၊ ငါးပိ၊ ပဲဝါလေး၊ ပုဇွန်ချဉ်၊ မျှစ်နှင့် အသင့်စားမုန့်ထုပ် (Snack)များ ပါဝင်ကြောင်းသိရပြီး ပစ္စည်းအားလုံး၏ စုစုပေါင်း အလေးချိန်မှာ ပိဿာ ၈၀ ခန့်ရှိသည်ဟု သိရသည်။
အခုနောက်ဆုံး စစ်ဆေးတဲ့အကြိမ် သိမ်းဆည်းရမိခဲ့တဲ့ စားသောက် ကုန်တွေထဲမှာ မျှစ်၊ ငါးပိ၊ လက်ဖက်၊ ပဲဝါလေးနဲ့ အသင့်စား မုန့်ထုပ်(Snack) တွေ ပါဝင်ပါတယ်။ အားလုံးပေါင်း ပိဿာချိန် ၈၀ လောက် ရှိမယ်ထင်တယ်။ အဲဒီပစ္စည်းတွေကို နိုဝင်ဘာလဆန်းပိုင်းလောက်မှာ ဖျက်ဆီးသွားဖို့ စီစဉ်နေပါတယ်။
''ဆိုးဆေးစစ်ဆေးတာကို ဈေးတွေမှာ ဆက်တိုက်လုပ်နေပါတယ်။ အရင်ဖမ်းဆီးရမိခဲ့တဲ့ ဆိုးဆေးပါဝင်တဲ့ ပစ္စည်းတွေကိုတော့ မီးရှို့ဖျက်ဆီး ပြီးသွားပြီ။ အခုနောက်ဆုံး စစ်ဆေးတဲ့အကြိမ် သိမ်းဆည်းရမိခဲ့တဲ့ စားသောက် ကုန်တွေထဲမှာ မျှစ်၊ ငါးပိ၊ လက်ဖက်၊ ပဲဝါလေးနဲ့ အသင့်စား မုန့်ထုပ် (Snack)တွေ ပါဝင်ပါတယ်။ အားလုံးပေါင်း ပိဿာချိန် ၈၀ လောက် ရှိမယ်ထင်တယ်။ အဲဒီ ပစ္စည်းတွေကို နိုဝင်ဘာလဆန်းပိုင်းလောက်မှာ ဖျက်ဆီး သွားဖို့ စီစဉ်နေပါတယ်'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့ရှိ ဈေးများအားလုံးတွင် ဆိုးဆေးများပါဝင်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းသိမ်းဆည်းခြင်းအပြင် လက်ရှိဖွင့်လှစ်ထားသော ဆိုင်ခန်းများပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။ ဆိုးဆေးပါဝင်သည့် စားသောက်ကုန်များသည် စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်းကြောင့် ရန်ကုန်မြို့တွင် ရောင်းချခြင်း မပြုလုပ်ရန် အသိပေး ကြေညာထားခြင်းဖြစ်ပြီး ရောင်းချခြင်းရှိ မရှိကိုလည်း ရှောင်တခင် ၀င်ရောက်စစ်ဆေးနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် တစ်လကျော်ခန့်က ဘုရင့်နောင်ပွဲရုံတွင် ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Ref:7daynews

ညောင်ပင်လေးဈေး အတွင်းရှိ လက်ဖက်၊ ငါးပိထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီနှင့် ပဲကြီးလှော် တို့တွင် စားသုံးသူ ကျန်းမာရေးကို ထိခိုက်စေသော ဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိ
မေ ၂၂ ၂၀၁၁


ရန်ကုန်တိုင်းဒေသကြီး၏ စားသောက်ကုန် လက်လီလက်ကား ရောင်းချသည့် ဈေးကြီးတစ်ခု ဖြစ် သော ညောင်ပင်လေးဈေးအတွင်းရှိ လက်ဖက်၊ ငါးပိထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီနှင့် ပဲကြီးလှော်တို့တွင် စားသုံးသူ ကျန်းမာရေးကို ထိခိုက်စေသော ဆိုးဆေးများ အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာ၊
လူဝင်မှုကြီးကြပ်ရေး ဌာနများ၏ ၀န်ကြီးဖြစ်သူ ဦးဥာဏ်ထွန်းဦးက မေလ ၁၇ ရက်နေ့ ညနေပိုင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ညောင်ပင်လေးဈေးအတွင်း ရောင်းချလျက်ရှိသော လက်ဖက်၊ ငါးပိထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီနှင့် ပဲကြီးလှော်တို့တွင် ဆိုးဆေးများ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် စားသုံးသူများ၏ ကျန်းမာရေး ကိုထိခိုက်စေသော Auramine-O နှင့် Rhodamine-B အစရှိသည့် ဆိုးဆေးများ အသုံးပြုထားသည်ကို စစ်ဆေး တွေ့ရှိခဲ့ရသည်။

ဈေးကွက်အတွင်း ဆိုးဆေးပါဝင်သည့် အစားအသောက်များ ရောင်းချနေကြောင်း ထပ်မံစစ်ဆေးတွေ့ရှိပါက ပစ္စည်းများသိမ်းဆည်း၍ ရောင်းချသူများအား အရေးယူသွားမည် ဖြစ်ကြောင်း

ယင်းကဲ့သို့ စစ်ဆေးမှုများကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာနအဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ညောင်ပင်လေးဈေးမှာ ရောင်းချနေတဲ့ စားသောက်ကုန်တွေမှာ ဆိုးဆေး ပါဝင်ခြင်းရှိ၊ မရှိ ၀င်ရောက် စစ်ဆေးခဲ့ပါတယ်။ အဓိကအနေနဲ့ လက်ဖက်၊ ငရုတ်သီးမှုန့်၊ ငါးပိထောင်း၊ ငရုတ်ဆီ၊ ပဲကြီးလှော်တို့ကို စစ်ဆေး ခဲ့တာပါ။ အဲဒီလိုစစ်ဆေးတဲ့အခါမှာ ဆိုးဆေးတွေ ပါဝင်နေတာကို တွေ့ရှိခဲ့ရ ပါတယ်။ ဆိုးဆေးပါတဲ့ စားသောက် ကုန်ပစ္စည်းတွေကို သိမ်းဆည်းပြီး ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်”ဟု
ဝန်ကြီးဦးဥာဏ်ထွန်းဦးက ပြောကြား ခဲ့သည်။
ဆိုးဆေးအရောင်ပါသော အစားအသောက်များသည် ဆိုးဆေးမပါသည့် အစားအသောက်များ ထက် အရောင်ပိုမိုလှပခြင်းကြောင့် လူကြိုက်များပြီး ဆိုးဆေး၊ အရောင်ပါသော အစားအသောက်များကို ၀ယ်ယူစား သုံးခြင်းမှ ရှောင်ကြဉ်ရန်၊ ဆိုးဆေး မပါဝင်သည့် အန္တရာယ်ကင်းသော အစားအသောက်များကိုသာ ရွေးချယ် စားသုံးရန်ကိုလည်း ၀န်ကြီးက အသိပေးပြောကြားခဲ့ပါသည်။
ဈေးကွက်အတွင်း ဆိုးဆေးပါဝင်သည့် အစားအသောက်များ ရောင်းချနေကြောင်း ထပ်မံစစ်ဆေး တွေ့ရှိပါက ပစ္စည်းများသိမ်းဆည်း၍ ရောင်းချသူများအား အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ဆိုးဆေးပါဝင်ပြီး အန္တရာယ် ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ပြည်သူဆီကို မရောက်ရှိအောင် တားဆီးဖျက်ဆီးဖို့ စီစဉ်ဆောင်ရွက်သွား မှာဖြစ်ပါတယ်”ဟု ၀န်ကြီးက ထပ်မံ ပြောကြားခဲ့သည်။
Ref:weeklyelevennews

မြန်မာ့လက်ဖက် ယုဇန ၊ အရီးတောင်း စသည့် နာမည်ကျော် လက်ဖက် အမျိုးအစား ၂၀ တွင် အ၀ါရောင်ဆိုးဆေးများ ပါဝင်
၂၀၀၉ မတ် ၃၀ရန်ကုန် ဈေးကွက်ထဲမှ ရောင်းချလျက်ရှိသော လက်ဖက် အမှတ်တံဆိပ်ပေါင်း ၁၈၀ကျော်ကိုဝယ်ယူ စစ်ဆေး ခဲ့ရာ ၁၀၀ ၀န်းကျင်မှာ ဆိုးဆေးပါဝင်သည်ကိုတွေ့ရသည့်အတွက် ၇၀ ရာနှုန်းမှာ ဆိုးဆေးများနှင့် မကင်းသည် ကိုတွေ့ရကြောင်း အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲ ရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
လက်ဖက်များတွင် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသည့် ဓာတုပစ္စည်း ( Auramine o ) ပါဝင်နေသည့် အတွက် စားသုံးသူများကို လတ်တလော အဆိပ် အတောက် မဖြစ်စေသော်လည်း ရေရှည်တွင် အသည်းနှင့် ကျောက်ကပ် ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းတို့ကြောင့် စားသုံးရန် မသင့်ကြောင်း မြန်မာ အာဏာပိုင်းများက မတ်လ ၁၂ ရက်နေ့က စတင်ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၀၉ မတ်လ ၃၀ရက်က စကာင်္ပူ AVAက ထုတ်ပြန်ခဲ့တဲ့ မြန်မာ့လက်ဖက်တွေမှဆိုးဆေးပါဝင်တဲ့တံဆိပ်၂၀ တွေပါ၊ ...

Microsoft Word Recall of Tea Leaves Products From Myanmar


Credir@ Ko Nge


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!